တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ် အဖမ်းခံရပြီးနောက် နိုင်ငံသားတွေဟာ တိုင်းပြည်အနာဂတ်အကြောင်း စိုးရိမ်ရတာရော၊ ဥပဒေရှေ့မှောက် အားလုံးတန်းတူညီမျှဖြစ်နေတဲ့ နိုင်ငံရေးအကြောင်းကို သိရှိလာတာရော ခံစားမှုရောထွေးလာကြပါတယ်။
#Asia_Politics
Published 20 January 2025
#ယွန်ဆော့ယောလ် #သမ္မတအဖမ်းခံရခြင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 January 2025
၁။ စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ ၁၀၆ ကြိမ်အတွင်းသာသနာ့အာဇာနည်(၁၃၀၀)ကျော်ရှိလာ
၂။ Myanmar National Building Code ကို မတ်လတွင် ထုတ်ပြန်နိုင်ရန်ဆောင်ရွက်နေ
၃။ မသန်စွမ်းသူများအတွက် အခမဲ့အသက်မွေးဝမ်းကြောင်း သင်တန်းများဖွင့်မည်
၄။ သမ္မတအဖမ်းခံရခြင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားပြည်သူများအကြား ထင်မြင်ချက်နှစ်ခွရှိနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လေးပတ်ဆက်တိုက်ဈေးငြိမ်နေတဲ့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းဟာ အနည်းငယ်ကျဆင်းလာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 20 January 2025
#စားအုန်းဆီရည်ညွန်းဈေး #စားအုန်းဆီဈေးကျ
#YMG/NN #Yangon_Times
#Local_News
Published 20 January 2025
▪️ စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းခဲ့သည့် ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့ ယမန်နေ့ကလွှဲပြောင်းလှူဒါန်းခဲ့ကြောင်းရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
▪️ ထေရဝါဒဗုဒ္ဓမြတ်စွာ၏ သာသနာတော်သုံးရပ်အနက် ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွား ထွန်းကားရေးအတွက် သာသနာ့အာဇာနည်ပုဂ္ဂိုလ်အကျော်အမော်များ ပေါ်ပေါက်လာစေရန် ရည်သန်၍ (၁၈၉၄)ခုနှစ်တွင် စေတိယင်္ဂဏအသင်းကို တည်ထောင်ခဲ့ပြီး သီးခြားစာသင်တန်း၊ စာချတန်း စာမေးပွဲများကို (၁၉၁၈)ခုနှစ်တွင် စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။
▪️ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏစာလျှောက်မေးပွဲကြီးကို ၁၉၈၄ ခုနှစ် (၆၇)ကြိမ်မြောက်ကာလမှစ၍ တာဝန်ယူကျင်းပခဲ့ရာ ၂၀၁၈ ခုနှစ်တွင် နှစ်(၁၀၀) ပြည့် အခမ်းအနားကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ရာ စေတိယင်္ဂဏစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် "မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ အောင်ရွှေနန်းဟိန်း ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးဇော်ဌေး+ဒေါ်နွဲ့နွဲ့ဝင်း မိသားစုတို့က ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် အချင်း ၃၀ လက်မ၊ ထု ၃လက်မခွဲ အရွယ်ရှိ "စေတိယင်္ဂဏ စာလျှောက်မေးပွဲတံဆိပ်တော်"ကို သဒ္ဓါစေတနာထက်သန်စွာဖြင့် လှူဒါန်းကုသိုလ်ယူခဲ့ ကြောင်း ၊ ထို့အပြင် ကျောက်စိမ်းအနက်ဖြင့် ထုတ်လုပ်ထားသော အချင်း ၂၇ လက်မ၊ ထု ၈ လက်မခွဲ "အောင်မောင်းကြီး" တစ်လုံးနှင့် အချင်း ၂၇ လက်မ၊ အမြင့် ၂၃ လက်မ၊ ထု ၂ လက်မခွဲ "ဒေါင်းရုပ်နှင့်ယုန်ရုပ်ပါ ကျောက်စိမ်းကြေးစည်" တစ်ခုကိုလည်း ပေးပို့လှူဒါန်းခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ ကျောက်စိမ်းတံဆိပ်တော်၊ အောင်မောင်းနှင့် ကြေးစည်များအား အလှူရှင်များက သဟတ္ထိကဒါနမြောက် လှူဒါန်းခြင်းနှင့် ရေစက်ချအနုမောဒနာ အခမ်းအနားကို ဇန်နဝါရီ၁၉ ရက် နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက် ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
▪️ စေတိယင်္ဂဏစာလျှောက်မေးပွဲနှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကျောက်စိမ်းတံဆိပ် တော်များကို ဘုရားဖူးအများပြည်သူတို့ လေ့လာကြည့်ရှုနိုင်စေရန်အတွက် ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်တွင် ခင်းကျင်းပြသပေးထားမည်ဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မသန်စွမ်းသူတွေအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းတွေကို အခကြေးငွေမယူပဲ ၂ လလျှင်တစ်ကြိမ်ဖွင့်လှစ်သွားဖို့ စီစဉ်လျှက်ရှိတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းမှ သိရပါတယ်။
#Local_News
Published 20 January 2025
#မသန်စွမ်းသူ #ရွှေမင်းသားဖောင်ဒေးရှင်း
#YMG/SW #Yangon_Times
#Local_News
Published 20 January 2025
▪️ မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပရန် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းပေါင်း ၁၀၀ကျော်အထိ ဆောက်လုပ်ပြီးစီးရာ ကျန် ရှိသည်များကိုဆက်လက်ဆောက်လုပ်နေကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
▪️ အဆိုပါ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း ၇၅ ရက်ကြာ ကျင်းပမည်ဖြစ်သည်။
▪️ ထို့ကြောင့် ဘုရားဖူးများ ညအိပ်တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်အခန်းပေါင်း ၆၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ၁၄၀ကျော်အထိဆောက်လုပ်ပြီးစီးပြီဖြစ်ကာ ရက်ပိုင်းအတွင်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန်အတွက် သောင်ပြင်အတွင်း၌ ယာယီဘေလီသံပေါင်တံတား (အထူး တံတား) တစ်စင်းကိုလည်း ဆောက်လုပ်ပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code) ကို ပြင်ဆင်ရေးဆွဲလျှက်ရှိရာ ယခုနှစ် မတ်လမှာတော့ ထုတ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 20 January 2025
#Myanmar_National_Building_Code #စံချိန်စံညွှန်းလမ်းညွှန်ချက်
#YMG/SW #Yangon_Times
စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ၁၀၆ ကြိမ်အတွင်း သာသနာ့အာဇာနည်အရှင်သူမြတ်ပေါင်း အပါး (၁၃၀၀)ကျော်အထိဖြေဆိုအောင်မြင်တော်မူခဲ့ပြီးဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 20 January 2025
#စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ #စာလျှောက်မေးပွဲ
#YMG/NN #Yangon_Times
#World_Science
Published 20 January 2025
▪️ လွန်ခဲ့တဲ့နှစ် ၄.၅ ဘီလီယံခန့်က ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာဂြိုဟ်လည်ပတ်ခြင်းဟာ တဖြည်းဖြည်းနဲ့ နှေးလာပြီး နေ့တာတွေ ကြာရှည်လာပါတယ်။
▪️ လူသားတွေရဲ့ အချိန်သက်တမ်းနဲ့ယှဉ်ရင် မသိသာဘဲ သိသာတာတစ်ခုက နေ့ရက်ကြာရှည်လာခြင်းဟာ ကမ္ဘာ့လေထုမှာ အောက်ဆီဂျင်ဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်။
▪️ နေ့ရက်ရှည်လာတာကြောင့် လွန်ခဲ့တဲ့နှစ် ၂.၄ ဘီလီယံလောက်က ထွက်ပေါ်လာတဲ့ စိမ်းပြာရောင်ရေညှိတွေဟာ အောက်ဆီဂျင် ပိုမိုထုတ်လုပ်လာနိုင်ပါတယ်။
▪️ ကမ္ဘာဂြိုဟ်ပေါ်က နေ့ရက်ကြာချိန်က အောက်ဆီဂျင်ဖြစ်ပေါ်မှုပုံစံအပေါ် သက်ရောက်နေနိုင်ကြောင်း သုတေသနမှာ တွေ့ရပါတယ်။
▪️ ကမ္ဘာဂြိုဟ်လည်ပတ်ခြင်းကို ဖြစ်စေတဲ့ လရဲ့ဆွဲအားက ဝေးကွာလာတာကြောင့် လည်ပတ်နှုန်းနှေးလာတာ ဖြစ်နိုင်ပါတယ်။
▪️ ရုပ်ကြွင်းမှတ်တမ်းများအရ လွန်ခဲ့တဲ့နှစ် ၁.၄ ဘီလီယံက နေ့ရက်တွေဟာ ၁၈ နာရီကြာမြင့်ပြီး နှစ်သန်း ၇၀ နဲ့ယှဉ်ရင် နာရီဝက်လောက် တိုတောင်းကာ ရာစုနှစ်တစ်ခုကြာတိုင်း ၁.၈ မီလီစက္ကန့် ပိုကြာလာပါတယ်။
▪️ နောက်တစ်ချက်က စိမ်းပြာရောင်ရေညှိ ဆိုင်ယာနိုဘက်တီးရီးယားတွေ အလွန်များလာပြီး လေထုထဲ အောက်ဆီဂျင်များလာရပါတယ်။
▪️ ဆိုင်ယာနိုဘက်တီးရီးယားက ထုတ်လွှတ်တဲ့ အောက်ဆီဂျင်က ကန့်သတ်ချက်နဲ့ရှိပြီး မီချီဂန်တက္ကသိုလ်မှ သမုဒ္ဒရာပညာရှင် ဘရိုင်ယန်အာဘစ်က ပြောသွားပါတယ်။
▪️ သုတေသနအဖွဲ့က အဏုဇီဝပိုးမွှားတွေကို သဘာဝပတ်ဝန်းကျင်မှာရော ဓာတ်ခွဲခန်းမှာပါ စမ်းသပ်ခဲ့ကြပါတယ်။
▪️ နေရောင်ထွက်ချိန်နဲ့ ဝင်ချိန်ကို နှစ်ဆမြန်အောင် လုပ်ထာပြီး အောက်ဆီဂျင်ထုတ်လုပ်မှု လုပ်ခဲ့ပေမယ့် မော်လီကျူးစိမ့်ဝင်နှုန်းကတော့ အကန့်အသတ်ရှိနေပါတယ်။
▪️ ကမ္ဘာ့အောက်ဆီဂျင်ပုံစံတွေနဲ့ ပေါင်းစပ်ကြည့်တဲ့အခါ နေ့ရက်ကြာရှည်လာတာက ကမ္ဘာ့အောက်ဆီဂျင် များပြားခြင်းနဲ့ ဆက်စပ်နေခဲ့ပါတယ်။
▪️ အခြေခံအားဖြင့် နေ့ရက်ရှည်ခြင်းနဲ့ အဏုဇီဝသက်ရှိတွေကနေ အောက်ဆီဂျင်ထုတ်လွှတ်မှု ဘယ်လောက်ရှိလဲဆိုတာ ဆက်စပ်နေတယ်လို့ ဂျာမနီမှ အဏ္ဏဝါသိပ္ပံပညာရှင် အာဂျန်ချန်နူက ပြောသွားပါတယ်။
#Source: ScienceAlert
#Local_News
Published 20 January 2025
▪️ ပဲခူးတိုင်းဒေသကြီးအတွင်း ဆွာ၊ ရေတာရှည်နှင့် တောင်ငူတွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၁၆၅)ဦးကို ပြုပြင်ပေးခဲ့ကြောင်းမြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။
▪️ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့် ကွင်းဆင်းဆောင်ရွက်သည့်အစီအစဥ်ကို ဇန်နဝါရီလ (၁၄)ရက်နေ့မှ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး ဆွာမြို့၊ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
▪️ ထိုသို့ ဆောင်ရွက်ရာတွင် ဆွာမြို့တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၃၅)ဦး၊ ရေတာရှည်မြို့နယ်တွင် အသေးစားခြေတု၊ လက်တုပြုပြင်ရန်လိုအပ်သူ(၄၄)ဦး၊ တောင်ငူမြို့နယ်တွင် အသေးစား ခြေတု၊ လက်တုပြုပြင်ရန် လိုအပ်သူ(၈၆)ဦး၊ စုစုပေါင်း အသေးစား ခြေတု၊ လက်တုပြုပြင်ရန်လိုအပ်သူ (၁၆၅)ဦး တို့ကို ပြုပြင်ပေးခြင်း၊ အသစ် ပြုလုပ်ရန် လိုအပ်သူ(၁၂)ဦး ကို ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနသို့ ညွှန်းပို့ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 20 January 2025
▪️ အမေရိကန်မှာ TikTok ၁၄ နာရီလောက် ပြတ်တောက်သွားပြီးနောက် ပြန်ပွင့်လာခဲ့ပါပြီ။
▪️ တရုတ်အခြေစိုက် မူရင်းကုမ္ပဏီ ByteDance ကနေ မခွဲထွက်ပါက နိုင်ငံတဝှမ်းမှာ TikTokအက်ပ်ကို ပိတ်ပင်သွားမယ်ဆိုတဲ့ ဥပဒေနဲ့အညီ စနေနေ့ညမှာ အော့ဖ်လိုင်းဖြစ်ခဲ့ပါတယ်။
▪️ ဒီဥပဒေကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးချုပ်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
▪️ ပိတ်ပင်တားမြစ်ချက်အတိုင်း စနေနေ့မှာ Google နဲ့ Apple တို့က ယင်းတို့စတိုးနေရာတွေကနေ TikTokကို ဖယ်ရှားခဲ့သလို web-hostingကုမ္ပဏီများအနေဖြင့်လည်း TikTokကို back-end ဝန်ဆောင်မှုပေးခြင်းမှ တားမြစ်ထားပါတယ်။
ဥပဒေအရ ချိုးဖောက်တဲ့ကုမ္ပဏီတွေဟာ ဒေါ်လာဘီလီယံနဲ့ချီ ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
▪️ တနင်္ဂနွေနံနက်က ဒေါ်နယ်ထရမ့်ဟာ TikTok ပြတ်တောက်သွားခြင်းကို Truth Social မှာ ပို့စ်တင်ပြီး ပြန်ပြောင်းပေးခဲ့ပါတယ်။
▪️ အသစ်ပြောင်းလာမယ့် အစိုးရအဖွဲ့က TikTokအနာဂတ်ကို လုပ်ဆောင်နေပြီး TikTokကို ဝန်ဆောင်ပေးနေတဲ့ နည်းပညာကုမ္ပဏီများကို တာဝန်ယူကာကွယ်မှု သက်တမ်းတိုးချဲ့သွားမှာဖြစ်ကာ ဥပဒေကို ရပ်ဆိုင်းသွားဖို့ ကတိပြုကြောင်း ဖော်ပြထားပါတယ်။
▪️ အဲဒီနောက်မှာပဲ Oracle နဲ့ Akamai အပါအဝင် web support ပေးနေတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်က သန်းနဲ့ချီရှိနေတဲ့ TikTok အသုံးပြုသူတွေထံ ပြန်ဖွင့်ပေးခဲ့ပါတယ်။
▪️ မိုဘိုင်းလောကမှာ အင်အားကြီးအက်ပ်စတိုးတွေ ဆောင်ရွက်ပေးနေတဲ့ Apple နဲ့ Google တို့ကတော့ TikTok ကို ပြန်လည်ခွင့်ပြုဖို့ လက်မခံသေးပါဘူး။
▪️ ထိုကုမ္ပဏီနှစ်ခုမှ ဆောင်ရွက်ခွင့်မပေးပါက သုံးစွဲသူအသစ်တွေ TikTokကို ဒေါင်းလုဒ်မဆွဲနိုင်သလို ဆော့ဖ်ဝဲပြဿနာကို ဖြေရှင်းဖို့ အပ်ဒိတ်များ မရနိုင်ဘဲ အက်ပ်အတွင်းဝယ်ယူမှုတွေ ရပ်တန့်သွားနိုင်ပါတယ်။
▪️ ပိတ်ပင်ခြင်းဥပဒေအရ TikTok ရောင်းချခြင်းမပြုမီ ဝန်ဆောင်မှုပေးခြင်းဟာ အသုံးပြုသူတစ်ဦးရှိလျှင် ဒဏ်ကြေးဒေါ်လာ ၅ ထောင်ကျနိုင်တာကြောင့် ဘီလီယံနဲ့ချီ ပေးဆောင်ရနိုင်ပါတယ်။
▪️ စတင်သက်ရောက်နေပြီဖြစ်တဲ့ ဥပဒေတစ်ခုရဲ့ ရက်စွဲကို ထရမ့်အနေနဲ့ ရွှေ့ဆိုင်းခွင့်မရှိဘူးလို့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဌ တွမ်ကော့တန်က ပြောလိုက်ပါတယ်။
▪️ ByteDanceထံကနေ TikTok မခွဲထွက်ရသေးခင် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာလည်း နောက်ဆက်တွဲတွေ ရင်ဆိုင်ရနိုင်တယ်လို့ မှတ်ချက်ပြုသွားပါတယ်။
#Source: NPR
#Local_News
Published_ 20 January 2025
▪️ မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့၌ ဇန်နဝါရီ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
▪️ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့တယ်။
▪️ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မည့်အစီအစဉ်များ ဆွေးနွေးပြောကြားခဲ့ပြီး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး၊ အာဆီယံ၏ ပြင်ပ ဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများနှင့် အာဆီယံ၏ တူညီဆန္ဒ(၅) ချက် အကောင်ထည်ဖော်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
▪️ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း ဆွေးနွေးခဲ့ပါတယ်။
▪️ ဇန်နဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့တဲ့ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်-၂၀၄၅ ရေးဆွဲမှုအခြေအနေ၊ အာဆီယံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအခြေအနေနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံမှ အာဆီယံ-ရုရှား ဆက်ဆံရေး ညှိနှိုင်းမှုတာဝန်များ ဆောင်ရွက်ကာ နှစ်ဖက်ဆက်ဆံရေး မြှင့်တင်နိုင်မည့် နည်းလမ်းများရှာဖွေသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
#Ymg_mnn
#Yangon_Media_Group
Page 412 of 1936