အီရန်စစ်တပ်က ပြည်တွင်းထုတ် ဗျူဟာမြောက်ဒရုန်း ၁ ထောင်ကိုလက်နက်တိုက်မှာ အင်အားဖြည့်တင်းလိုက်ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
#World_Military
Published 16 January 2025
#ဗျူဟာမြောက်ဒရုန်းတစ်ထောင် #အီရန်စစ်လက်နက်အင်အား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 January 2025
၁။ သံမဏိစက်ရုံ(ပင်းပက်)မှ စက်ရုံသုံးရုံကို ရုရှားနည်းပညာဖြင့် လည်ပတ်မည်
၂။ ကုမ္ပဏီပေါင်း ၁၇ဝ ကျော်ကို အသေးစားငွေရေး၊ ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထား
၃။ ရေထွက်ကုန်တန်ချိန်လေးသိန်းကျော်အား နိုင်ငံပေါင်း ၃၀ ကျော်သို့တင်ပို့ထား
၄။ ပြည်တွင်းထုတ် ဗျူဟာမြောက်ဒရုန်းတစ်ထောင်ဖြင့် အီရန်စစ်လက်နက်အင်အားဖြည့်တင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၆ ဇန်နဝါရီ ၂၀၂၅
အိန္ဒိယနိုင်ငံ မီဇိုရမ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် အခြေပြုသည့် သူပုန်အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ၏အဓိကခေါင်းဆောင် အပါအဝင် အနည်းဆုံးလူငါးဦးကို လက်နက်မှောင်ခိုမှုဖြင့် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
သူတို့ကို မီဇိုရမ်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မာမစ်ခရိုင်အတွငး်မှာ လက်နက်ခဲယမ်း မီးကျောက်တွေနှင့်အတူ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာများကရေးသားဖော်ပြကြပါတယ်။
ချင်း CNF ၏ အဓိကခေါင်းဆောင်လို့သာ သတင်းမှာဖော်ပြထားပြီး ထိုသူမည်သူမည်ဝါနှင့် မည်သည့် အဆင့်ဖြစ်ကြောင်းကိုမူ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။
သူတို့ထံမှ AK-47 တိုက်ခိုက်ရေးရိုင်ဖယ် (၆)လက်၊ ကျည်ဆန် ၁၀,၀၅၀ တောင့်၊ ကျည်ကပ် ၁၃ခုတို့ကို သိမ်းဆည်းရမိတယ်လို့ သတင်းများကရေးသားပါတယ်။
မီဇိုရမ်ပြည်နယ်ရဲနှင့် ယင်းရဲ့မိတ်ဖက်ထောက်လှမ်းရေးအဖွဲ့အစည်းတို့ပူးတွဲပြီး အနောက်ပိုင်း ဖိုင်လင်းရဲစခန်း နယ်မြေအတွင်းက ဆိုင်းသာရွာအပြင်ဘက်ဘက်မှာ စစ်ဆင်ရေးပြုလုပ်ပြီး သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ယခုဖမ်းဆီးနိုင်မှုဟာ ပြည်နယ်အတွင်း အကြီးမားဆုံးလက်နက်သိမ်းဆည်းရရှိမှုတွေထဲက တစ်ခုဖြစ်ပြီး ဒါတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခုကို နှိမ်နှင်းနိုင်ခဲ့တာ လို့ ပြည်နယ်ရဲက သတင်းထုတ်ပြန်ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို CNF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်စွယ် (CHT) မှာရှိတဲ့ United People’s Democratic Front (UPDFP) သူပုန်အုပ်စုများအကြား အရောင်းအဝယ်ပြုလုပ်ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းဖော်ထုတ်မှုများအရသိရပါတယ်။
CNF ရဲ့ အဓိကခေါင်းဆောင်ကို ဖမ်းဆီးမိလိုက်တာဟာ မီဇိုရမ်ရဲ့ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမှုကို အနောက်ပိုင်း ဖိုင်လင်းရဲစခန်းမှာဖွင့်ထားပြီး လက်နက်မှောင်ခိုမှုကွန်ယက်ကြိးကို ဖြိုခွင့်ဖို့ အတွက် ဆက်လက်စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
#Local_News
Published 16 January 2025
▪️ EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)စာမေးပွဲများ ဖေဖော်ဝါရီလတွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်အရ ဖြေဆိုမည့်ဦးရေ ၃၇၉၅၇ ဦးရှိပြီး စာမေးပွဲများကို ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦးရေ ၄၈၀၀၀ တွင် စာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။
▪️ ထိုစာတွေ့အောင်မြင်သူဦးရေ ၅၅၄၀အနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test)ကို ဖြေဆိုခဲ့ပြီး ၅၃၇၇ ဦး အောင်မြင်ကာ ၁၆၃ ဦး ကျရှုံးခဲ့ကြောင်း သိရသည်။
▪️ EPS-TOPIK နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာများစတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) ကြီးမှူးကျင်းပမယ့် ထိုင်းကုန်သွယ်မှုပြပွဲကို တက်ရောက်မယ့် မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ ပြခန်းအခမဲ့ရရှိမှာဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
#Local_News
Published 16 January 2025
#ထိုင်းကုန်သွယ်မှုပြပွဲ #ပြခန်းအခမဲ့ရရှိ
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ကိုးလတာအတွင်း မြန်မာ့ရေထွက်ကုန်တန်ချိန်လေးသိန်းကျော်ကို နိုင်ငံပေါင်း၃၀ကျော်သို့တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 16 January 2025
#မြန်မာ့ရေထွက်ကုန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း ၁၇၀ ကျော်ကို အသေးစားငွေရေး၊ ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားပြီး ၎င်းကုမ္ပဏီတွေကနေ အသင်းဝင်သုံးသန်းကျော်ကိုငွေကျပ်သန်း၂၀၀၀ ကျော်အထိ ထုတ်ချေးပေးထားတယ်လို့ သိရပါတယ်။
#Local_News
Published 16 January 2025
#ပြည်တွင်း၊ပြည်ပကုမ္ပဏီ #အသေးစားငွေရေး၊ကြေးရေးလုပ်ငန်း
#YMG/NN #Yangon_Times
အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ရဲ့ လည်ပတ်ဖို့ ကျန်ရှိနေတဲ့ အဓိကစက်ရုံအလုပ်ရုံသုံးရုံကို ရုရှားနိုင်ငံက နည်းပညာအကူအညီနဲ့ လည်ပတ်သွားဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 16 January 2025
#အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) #ရုရှားနည်းပညာ
#YMG/SW #Yangon_Times
#World_Health
Published 17 January 2025
▪️ မိမိရဲ့နေထိုင်စားသောက်မှုပုံစံ၊ စားသောက်ချိန်၊ ပမာဏ၊ ဇီဝကမ္မဖြစ်စဉ်နဲ့ အခြားသော အကြောင်းအရာတို့ကြောင့် ကိုယ်အလေးချိန် လျှော့ချချင်တဲ့အခြေအနေကို သက်ရောက်လာနိုင်ပါတယ်။
▪️ ကိုယ်အလေးချိန် လျှော့ချရာမှာ ထိခိုက်စေတဲ့ သောက်သုံးစရာများအကြောင်း ဖော်ပြလိုက်ပါတယ်။
▪️ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ သောက်စရာတွေကတော့..
▪️ (၁) သစ်သီးဖျော်ရည်များ
အများယုံကြည်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး ဖျော်ရည်တွေက ကိုယ်အလေးချိန်လျှော့ဖို့ အကောင်းဆုံးမဟုတ်ဘဲ အမျှင်ဓာတ်များ မပါသလို ကယ်လိုရီနဲ့ သကြားဓာတ်တွေ ပြည့်နေပါတယ်။
▪️ (၂) ကာဗွန်ပါဝင်သောအချိုရည်များ
အာဟာရတန်ဖိုးမရှိဘဲ သကြားဓာတ်များပြားသလို ဆိုဒါအများအပြား သောက်သုံးရင်လည်း ကျန်းမာရေးပြဿနာ အမျိုးမျိုးဖြစ်နိုင်ခြေ များပါတယ်။
▪️ (၃) အယ်လ်ကိုဟော
တကယ်တမ်းတော့ အယ်လ်ကိုဟောရည်တွေမှာ ကယ်လိုရီတွေပါဝင်ပြီး အာဟာရတန်ဖိုး မပါသလောက်ဖြစ်ပါတယ်။
▪️ (၄) အားဖြည့်အချိုရည်များ
ကဖင်းဓာတ်နဲ့ အခြားလှုံ့ဆော်ပစ္စည်းများ မြင့်မားစွာပါဝင်သဖြင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တို့ တိုးစေပါတယ်။
▪️ (၅) သကြားပါသောကော်ဖီ
အချိုတွေ ခရင်မ်တွေ အရသာတွေပါတဲ့ ကော်ဖီမှာ ကယ်လိုရီတွေများစွာ ပါဝင်တာကြောင့် ဘလက်ကော်ဖီ ပလိန်းကော်ဖီတို့က ကိုယ်အလေးချိန်ချဖို့ သင့်လျော်ပါတယ်။
#Source: DoctorNDTV
#World_News
Published 16 January 2025
▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့အတွက် ရာစုနှစ်ဝက်လောက် သက်တမ်းကြာခဲ့တဲ့ နိုင်ငံရေးလောကကို ဗုဒ္ဓဟူးနေ့က ဘဲဥပုံရုံးခန်းမှာ နောက်ဆုံးမိန့်ခွန်းပြောပြီး အဆုံးသတ်ခဲ့ပါတယ်။
▪️ ဒေါ်နယ်ထရမ့် သမ္မတပြန်မဖြစ်လာအောင် ဒီမိုကရက်တွေ တားဆီးနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အုပ်ချုပ်ရေးအရိုက်အရာကို ထိန်းသိမ်းသွားနိုင်ရန် မျှော်လင့်နေပါတယ်။
▪️ ဘိုင်ဒင်က အမေရိကန်နိုင်ငံသားများ အတူတကွ ပူးပေါင်းပါဝင်ကြရန် တောင်းဆိုကာ မိန့်ခွန်းစတင်ပြောကြားခဲ့ပြီး အမေရိကန်မှာ ချမ်းသာကြွယ်ဝမှု အန္တရာယ်ရှိနေတာကို သတိပေးလိုက်ပါတယ်။
▪️ "ကျွန်ုပ်တို့ရဲ့ ဓနအင်အားတွေ ဟန်ချက်တွေက ပြည့်စုံနေတာ မဟုတ်နိုင်ပေမယ့် ဒီမိုကရေစီကို နှစ် ၂၅၀ နီးပါး ထိန်းသိမ်းနိုင်ခဲ့ပြီး ဒါဟာ တခြားဘယ်နိုင်ငံထက်မဆို ကြာရှည်ပါတယ်" လို့ ပြောပါတယ်။
▪️ ဘိုင်ဒင်ဟာ တနင်္လာနေ့ မွန်းလွဲ ၁၇၀၀ GMTအချိန်မှာ ထရမ့်ကို အာဏာလွှဲပြောင်းပေးမှာဖြစ်ပါတယ်။
▪️ ထရမ့်ရွေးကောက်ပွဲ စည်းရုံးရေးတွေမှာ ကူညီပေးခဲ့တဲ့ ဘီလီယံနာ အီလွန်မက်စ်ကို ဖက်ဒရယ်အစိုးရ စရိတ်ဖြတ်တောက်ရေးတာဝန် ထမ်းဆောင်ရမယ့် အထူးအကြံပေးခန့်အပ်ဖို့ စာရင်းလျာထားပါတယ်။
▪️ ဘိုင်ဒင်က ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ နိုင်ငံရေး အကူးအပြောင်းပုဂ္ဂိုလ်အဖြစ် ယှဉ်ပြိုင်ခဲ့ပြီး ထရမ့်ကို အနိုင်ယူနိုင်မယ့် တစ်ဦးတည်းသော ဒီမိုကရက်ဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် ထပ်မံယှဉ်ပြိုင်ရချိန်မှာ အသက် ၈၀ အရွယ်ရှိနေပါပြီ။
▪️ ဘိုင်ဒင်နဲ့အဖွဲ့ဟာ ကိုဗစ်-၁၉ကပ်ဘေးမှ ပြန်လည်ထူထောင်လာခြင်း၊ အခြေခံအဆောက်အအုံ ပြန်လည်အသက်သွင်းရေးအတွက် ထောက်ပံ့ခြင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုအသစ်များ ထွက်ပေါ်လာခြင်း၊ ရာသီဥတုဖောက်ပြန်မှု ဖြေရှင်းခြင်းတို့မှာ ကြီးကြပ်နိုင်ခဲ့ပြီး အနာဂတ်မှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ မညီမျှမှုများကို ပြန်လည်ထိန်းညှိဖို့ ကြိုးစားခဲ့ကြကာ အမေရိကန်စီးပွားရေးနဲ့ လုပ်ငန်းအခွင့်အလမ်းများ သာလွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
▪️ ဒါပေမဲ့ တိုင်းပြည်အတွင်း ကွဲပြားမှုများကို မျှော်လင့်တဲ့အတိုင်း မကုစားနိုင်ခဲ့သလို ကမ္ဘာတဝှမ်းမှာ ဒီမိုကရေစီ ဆုတ်ယုတ်လာတာကို မဟန့်တားနိုင်ခဲ့ပါဘူး။
ဂျိုးဘိုင်ဒင်က ဒီတိုင်းပြည်အတွက် သူလုပ်ပေးခဲ့သမျှ အရာတွေအတွက် မှတ်မိနေစေချင်တာပဲရှိတယ်လို့ သမ္မတဘာရက်အိုဘားမားရဲ့ အကြံပေးအရာရှိဟောင်း ဒေးဗစ်အိတ်ဆဲလ်ရော့ဒ်က ပြောပြပါတယ်။
▪️ ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့အစောပိုင်းက စာတစ်စောင်ရေးသားရာမှာ အမေရိကအနေနဲ့ အန္တရာယ်ရှိနေတယ်လို့ ယူဆတာကြောင့် သမ္မတရွေးကောက်ခံခဲ့တာ ဖြစ်ပြီး တိုင်းသူပြည်သားများအနေနဲ့ တန်းတူညီမျှရေး၊ အသက်အိုးအိမ်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုတို့အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းလိုက်ပါတယ်။
▪️ တိုင်းပြည်က အကြပ်အတည်းတွေ ကျနေချိန်မှာ ကပ်ရောဂါဘေးကနေ ပြန်လည်ထူထောင်လာခြင်းက သူ့ရဲ့အကြီးမားဆုံး တစ်ခုတည်းသော အောင်မြင်မှုဖြစ်တယ်လို့ ဘိုင်ဒင်ရဲ့မိတ်ဆွေ လွှတ်တော်အမတ် ခရစ္စကွန်းစ်က ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 16 January 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်အမေရိကန် ဒေါ်လာ၂၅သန်းကျော်နှင့် တရုတ်ယွမ်သုံးသိန်းကျော်ကို ယမန်နေ့က ထပ်မံထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ငွေလဲနှုန်း ၃၅၉၂ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၂၅.၃ သန်းကျော်ကို ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် တရုတ်ယွမ် ၃၆၉၂၂၁.၆ ကိုလည်း ငွေလဲနှုန်း ၅၃၉.၆ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ ထို့အတူ ၎င်းရက်တစ်ရက်တည်းတွင်ပင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ဒေါ်လာသန်း ၄၄.၃ သန်းကျော်၊ တရုတ်ယွမ် ၁၆.၅ သန်းကျော်နှင့် ထိုင်းဘတ် ၃၇.၂ သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 January 2025
▪️ ကိုရီးယားသမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Woo Won-shik မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက်အာဆီယံအဖွဲ့ဝင်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီးဦးသန့်စင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Wooက၂၀၂၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယားဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးကိုတည်ထောင်ခဲ့ပြီးဖြစ်သဖြင့် အစိုးရများအကြားတွင်သာမက လွှတ်တော်များအကြားတွင်လည်းပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်လုပ်ဆောင်သွားလိုပါကြောင်း၊ အာဆီယံနှင့်ဆွေးနွေးဘက်ဆက်ဆံရေးကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိကုန်သွယ်မှုသည် (၂၃) ဆနှင့် လူအချင်းချင်းထိတွေ့ဆက်ဆံမှုသည် (၃၇) ဆ မြင့်တက်လာခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအတွက် ဆိုးလ်မြို့အခြစိုက်သံရုံးများအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ခိုင်မာကြံ့ခိုင်သောဒီမိုကရေစီကိုယုံကြည်ပေးပါရန်နှင့် စိုးရိမ်ကြောင့်ကြမှုများမဖြစ်ပေါ်စေရန် ပြောကြားလိုပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏လေယာဉ်ပျက်ကျခဲ့မှုအပေါ် သက်ဆိုင်ရာနိုင်ငံများမှ ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် အာဆီယံ၏ သံခင်းတမန်ခင်းကိုအခြေတည်သောရပ်တည်ချက်များကိုထိန်းသိမ်းလျက် အာဆီယံမှ ဖော်ဆောင်ထားသည့် လုပ်ငန်းစဉ်များတွင် ဆက်လက်တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
▪️ ထို့နောက် သံအမတ်ကြီးဦးသန့်စင်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြားအနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောထားအမြင်များဖလှယ်နိုင်ရန် ယခုကဲ့သို့ နှစ်စဉ်တွေ့ဆုံခွင့်ရရှိနိုင်ရေးစီစဉ်ဆောင်ရွက်ပေးမှုသည် ကောင်းမွန်သည့်အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော်များသည် လွှတ်တော်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုအာဆီယံလွှတ်တော်များညီလာခံ(AIPA)အောက်တွင် တက်ကြွစွာဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်နှင့်လည်းတရားဝင်ဆွေးနွေးမှုများကို ၁၉၇၉ ခုနှစ်မှစတင်ခဲ့ပြီးအပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ပါ ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားသံတမန်ဆက်ဆံရေးတည်ထောင်ခဲ့ သည်မှာယခုနှစ်တွင် နှစ် (၅၀) ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်နှစ် (၅၀) အတွင်းနှစ်နိုင်ငံအကြားစီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်သာမကယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင်ပါ ခိုင်မာသောဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့များကိုမြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန်တိုက်တွန်းလိုပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကိုကြံ့ကြံ့ခိုင်နိုင်မှုနှင့် ကောင်းမွန်သောဒီမိုကရေစီတန်ဖိုးများဖြင့် အောင်မြင်စွာကျော်လွှားသွားနိုင်မည်ဟုယုံကြည်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 415 of 1936