#Local_News
Published_ 23 April 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ယနေ့တွင် Online Trading Platform မှ ထိုင်းဘတ် ၁၄ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဧပြီ ၂၃ ရက်နေ့၊ ယနေ့၌ နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၁၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရပါသည်။
▪️ ထို့အပြင် မတ်လ၁၅ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို Online Trading Platform မှ အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အဆင်ပြေစေရန် အမေရိကန်ဒေါ်လာနှင့်ထိုင်းဘတ်များအား ဆက်တိုက်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published_ 23 April 2024
▪️ စာကြည့်တိုက်များကိုလှူဒါန်းမည့် စာအုပ်များကို မြန်မာ့စာတိုက်လုပ်ငန်းမှ အခမဲ့ပေးပို့လှူဒါန်းနိုင်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနမှဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန(စာကြည့်တိုက်)များအတွက် စာအုပ်များပေးပို့လှူဒါန်းခြင်းကို မြန်မာ့စာတိုက်လုပ်ငန်းများတွင် အခမဲ့ပေးပို့လှူဒါန်းနိုင်အောင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများစာဖတ်နှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ တစ်ဘက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန(စာကြည့် တိုက်)များအတွက် စာအုပ်များ ပေးပို့လှူဒါန်းခြင်းကို မြန်မာ့စာတိုက်လုပ်ငန်းများတွင် အခမဲ့ပေးပို့ လှူဒါန်းနိုင်ကြောင်း ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 23 April 2024
▪️ ၂၀၂၃ ခုနှစ်နှင့် ယင်းမတိုင်မီနှစ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲ/အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဧပြီလ(၂၃)ရက်၌ထုတ်ပြန်လိုက်ကြောင်းသိရသည်။
▪️ နေပြည်တော်နှင့် ရန်ကုန်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးများတွင် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း လျှောက်လွှာလက်ခံ၍ တိုက်ရိုက်ထုတ်ပေးလျက်ရှိပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ရုံးပိတ်ထားမည်ဖြစ်သည်။
▪️ အောင်လက်မှတ် ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ အမည်၊ ခုံအမှတ်၊အောင်မြင်သည့်ခုနှစ် ၊မွေးသက္ကရာဇ်၊ စာစစ်ဌာန၊ ဖြေဆိုဘာသာတွဲ၊အဖအမည်၊ အမိအမည်တို့ပါဝင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍လျှောက်ထားရမည်ဖြစ်သည်။
▪️ လျှောက်လွှာပုံစံတွင် အပြာနောက်ခံ (၁.၅" x ၂") ဆိုဒ်ဓါတ်ပုံ ၃ ပုံနှင့်နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တို့ဖြင့် ပူးတွဲ တင်ပေးရန်လိုအပ်သည်ဟုဆိုသည်။
▪️ ဓာတ်ပုံများကိုလည်း သတ်မှတ်အရွယ်အစား ဖြစ်ပြီး မျက်နှာ၊ နားရွက် ထင်ရှားပြတ်သားရမည်။ ဓါတ်ပုံ အရည်အသွေး ကောင်းမွန်ရမည်။ မူလမျက်နှာသွင်ပြင်ပျောက်ကွယ်စေနိုင်သည့် မိတ်ကပ်၊ သနပ်ခါး လိမ်းခြယ်ထားမှုမဖြစ်စေရပါ။ အမြင်သင့်လျော်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုဖြစ်ရပါမည်။ ဓါတ်ပုံ နမူနာ ဖော်ပြပေးထားလည်းကြောင်းသိရသည်။
▪️ အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဓါတ်ပုံများဖြင့် လျှောက်လွှာတင်သွင်းပါက လက်ခံ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းလည်းဖော်ပြထားသည်။
▪️ အထူးသတိပြုရန် အချက်များလည်းရှိပြီး ပထမအကြိမ်ထုတ်သည့် အောင်လက်မှတ်(မူရင်း)များကို ကိုယ်တိုင်/ကိုယ်စား ထုတ်ယူနိုင်ကြောင်း၊ အောင်လက်မှတ်ကို ကိုယ်စားလျှောက်ထားထုတ်ယူခြင်းဖြစ်ပါက ကျောင်းသား/သူ၏ မှတ်ပုံတင်မိတ္တူနှင့် ထုတ်ယူသူ မှတ်ပုံတင်မိတ္တူ ပူးတွဲ တင်ရမည်ဖြစ်ကြောင်း၊
▪️ အောင်လက်မှတ်/အမှတ်စာရင်း ထုတ်ယူမှုအထောက်အထားစိစစ်ရန် မှတ်ပုံတင်မူရင်း ပြသရမည်ဖြစ်ကြောင်း အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို အတတ်နိုင်ဆုံး နေ့ချင်းပြီးရအောင် ဆောင်ရွက်ပေးကြောင်း၊ သို့သော်တစ်ရက်တာအတွင်း လျှောက်ထားသည့် စောင်ရေသည် နေ့ချင်းပြီးမရနိုင်ပါက ရနိုင်သည့် ရက်ကို ပြန်လည် ချိန်းဆိုပေးကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
▪️ လျှောက်ထားရန်နေရာများကတော့မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်https://goo.gl/maps/Kp9WZ73ghzRqni6p6နှင့် မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန(ရုံးခွဲ)အမှတ်(၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ https://goo.gl/ maps/ 5opUAFGGPequyw1J7တို့၌ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Publicshed 23 April 2024
▪️ ပြည်တွင်း၌ တစ်နှစ်လျှင်ဘိလပ်မြေတန်ချိန်ရှစ်သန်းကျော်ထုတ်လုပ်နေကြောင်း အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းမှ သိရသည်။
▪️ ထိုသို့ထုတ်လုပ်ရာတွင် လက်ရှိတွင် ဘိလပ်မြေစက်ရုံ(၁၁)ရုံလည်ပတ်ဆောင်ရွက်နေပြီး ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဘိလပ်မြေတန်ချိန် (၈ ဒသမ ၄၈၅)သန်း ထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်း၌ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၉ ရုံတည်ဆောက်ထားရာ စက်ရုံ ၁၉ ရုံလုံးသာ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ခဲ့ပါက တစ်နှစ်လျှင် တန်ချိန် ၁၆ ဒသမ ၂၃ သန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊၂၀၁၉ နှင့် ၂၀၂၀ နှစ်များ၏ ဘိလပ်မြေလိုအပ်ချက်ကိုအခြေခံ၍ စက်မှုဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေလိုအပ်ချက်မှာ တန်ချိန်ပေါင်း ၉ ဒသမ ၉ သန်းခန့် နှစ်စဉ်လိုအပ်လျက်ရှိနေရာ လတ်တလောတွင်ထုတ်လုပ်နေသည့် ပမာဏမှာလည်း ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။
#YMG/ NN #Yangon-Times
မေလ ၁ရက်ကစပြီး UID ကတ်ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် TBP နဲ့ BP လက်မှတ်ထုတ်ပေးတော့မှာဆိုတော့ ၂၁ရက်နေ့တစ်ရက်ထဲကို မူဆယ်မှာ UID ကတ်လျှောက်ဖို့ စာရင်းပေးသူ ၇၀၀၀ ရှိတယ်။ လူအရမ်းများတော့ မူးလဲတာတွေ ထိခိုက်ဒဏ်ရာရတာတွေပါဖြစ်တယ်။ မူဆယ်မှာက အခုစာရင်းအရဆိုရင် ၇လပိုင်းလောက်အထိ စာရင်းပြည့်နေပြီ ဒါကြောင့်အခြားမြို့နယ်တွေက သူတွေအနေနဲ့ တရုတ်နယ်စပ်ကို ဝင်မယ်ဆိုရင် မိမိဒေသကလဝကရုံးမှာ UID ကတ် တစ်ခါတည်းလုပ်ပြီးမှ လာရင်ပိုအဆင်ပြေပါမယ်။
#Local_News
Published_ 23 April 2024
#စမတ်ကတ်လျှောက်ထား #ယာယီနယ်စပ်ဖြတ်သန်းခွင့်
#YMG/LW #Yangon_Times
မေလ ၁ရက်ကစပြီး UID ကတ်ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် TBP နဲ့ BP လက်မှတ်ထုတ်ပေးတော့မှာဆိုတော့ ၂၁ရက်နေ့တစ်ရက်ထဲကို မူဆယ်မှာ UID ကတ်လျှောက်ဖို့ စာရင်းပေးသူ ၇၀၀၀ ရှိတယ်။ လူအရမ်းများတော့ မူးလဲတာတွေ ထိခိုက်ဒဏ်ရာရတာတွေပါဖြစ်တယ်။ မူဆယ်မှာက အခုစာရင်းအရဆိုရင် ၇လပိုင်းလောက်အထိ စာရင်းပြည့်နေပြီ ဒါကြောင့်အခြားမြို့နယ်တွေက သူတွေအနေနဲ့ တရုတ်နယ်စပ်ကို ဝင်မယ်ဆိုရင် မိမိဒေသကလဝကရုံးမှာ UID ကတ် တစ်ခါတည်းလုပ်ပြီးမှ လာရင်ပိုအဆင်ပြေပါမယ်။
#Local_News
Published_ 23 April 2024
#စမတ်ကတ်လျှောက်ထား #ယာယီနယ်စပ်ဖြတ်သန်းခွင့်
#YMG/LW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းပေါင်း တစ်ရာကျော်ကိုလာမယ့် မေလအတွင်းမှာ အိမ်ရာချေးငွေစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published_ 23 April 2024
#အောင်မြင့်မိုရ်အိမ်ရာ #အိမ်ရာချေးငွေစနစ်ဖြင့်ရောင်းချ
#YMG/ NN #Yangon_Times
အယ်နီညိုရှိနေပေမယ့်လည်း အခုနှစ်မှာလည်း မေလ(၁၈)ရက်လောက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကနေစပြီးတော့ မုတ်သုန်လေစဝင်ဖို့ရှိတယ်။ (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း)
#Local_News
Published 23 April 2024
#အယ်နီညို #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#tthl #Yangon_Times
#Local_News
Published 23 April 2024
▪️ လှိုင်သာယာမြို့နယ် ဘုရင့်နောင်အမှတ်၂ တံတားအလယ်တွင် ကုန်တင်ယာဉ်နှင့်အငှားယာဉ်(Taxi) တို့တိုက်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းထံက သိရသည်။
▪️ ဧပြီ ၂၂ရက် ည ၉နာရီ ခွဲ ခန့် က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးကား အတွင်းညှပ်နေသဖြင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ထုတ်ပေးရကြောင်း သိရသည်။
▪️ အဆိုပါ ကားအတွင်း ညှပ်နေသော လူနာသည် ဦးခေါင်းနှင့်ခြေထောက်တွင် အနီရောင်အဆင့်ဒဏ်ရာများရရှိထားသဖြင့် မြတ်ကုသိုလ်လူနာတင်ယာဥ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 23 April 2024
▪️ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘုရားဝန်းအတွင်း "တိလောက သီတလ မဟာဗောဓိစေတီတော်မြတ် တည်ထားပူဇော်မည့်နေရာတွင် အနန္တရာယိက မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ၂ဝ၂၄ - ခုနှစ်၊ ဧပြီလ (၂၃)ရက် နံနက် (၀၆:၃၆) နာရီ ၌ပြုလုပ်ကျင်းပခဲ့ကြောင်း
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
▪️ အဆိုပါ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ပါဠိပါရဂူ ၊ မင်္ဂလာရာမပါဠိတက္ကသိုလ်၊ ဆရာတော်
ဘဒ္ဒန္တ ပညာသာရာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ၊ ဆရာတော်သံဃာတော်များအား ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်း မှ ပရိတ်ရေ, ပရိတ်ပန်း, ပရိတ်ချည်, ပရိတ်သဲ, ပရိတ်ကျောက်တို့ကို ဆက်ကပ်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြောင်းသိရသည်။
▪️ ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အလှည့်ကျသဘာပတိ ဦးစိန်သန်းမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊ သ.စ.အ ဓမ္မာစရိယ၊ ပါဠိပါရဂူ ၊ မင်္ဂလာရာမကျောင်း၊ ဆရာတော် ဘဒ္ဒန္တ ပညာသာရာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ အလှူဒါနအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေ၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ကမ္မဝါစာဖတ်ကာ မြေသန့်မင်္ဂလာ ပြုတော်မူ၍ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍
ပန္နက်တော်တင်၊တွင်းတော်ဝန်မင်္ဂလာအခမ်းအနားကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဆက်လက်ကျင်းပ၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published_ 23 April 2024
▪️ ရေလမ်းကြောင်းပြောင်းလဲလာသဖြင့် သင်္ဘော၊ ရေယာဉ်များသွားလာနိုင်မည့် ဗိုလ်မြတ်ထွန်းတံတားရေလမ်းနှင့် ဧရာဝတီတံတား(ညောင်တုန်း)ရေလမ်းများကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
▪️ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကို မူလက အစုန်လမ်းရေလယ်တိုင်အမှတ်(၁၄)မှ(၁၅)အကြားမှလည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါ ဧပြီ(၂၅)ရက်မှစပြီး အစုန်လမ်းကို ရေလယ်တိုင်(၁၁)မှ(၁၂)အကြားမှ သွားလာရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်သည်။
▪️ အဆိုပါ ဗိုလ်မြတ်ထွန်းတံတားရေလမ်းမှာပဲ မူလက အဆန်လမ်းရေလယ်တိုင်အမှတ်(၁၃)မှ (၁၄)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါဧပြီ(၂၅)ရက်မှစပြီး အဆန်လမ်းကို ရေလယ်တိုင်(၁၀)မှ (၁၁)အကြားမှ သွားလာရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်သည်။
▪️ ဧရာဝတီတံတား(ညောင်တုန်း)ရေလမ်းကို မူလက အစုန်လမ်းရေလယ်တိုင်အမှတ် (၁၅)မှ(၁၆)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါ ဧပြီ(၂၅)ရက်မှစပြီး အစုန်လမ်းကိုရေလယ်တိုင်( ၁၆)မှ (၁၇)အကြားမှ သွားလာရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။
▪️ ယင်းဧရာဝတီတံတား(ညောင်တုန်း)ရေလမ်းကိုပဲ မူလကအဆန်လမ်းရေလယ်တိုင်အမှတ် (၁၄)မှ(၁၅)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီးယခုအခါ ဧပြီ(၂၅)ရက်မှစပြီး အဆန်လမ်းကိုရေလယ်တိုင်( ၁၅)မှ (၁၆)အကြားမှ သွားလာရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။
▪️ ရေလယ်တိုင်နှစ်ခုကြား ရေယာဉ်များယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုရန် သတိပေးထားသလို တွဲဆိုင်းယာဉ်များ တစ်တွဲခြင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်နှင့် အစုန်ကိုဦးစားပေး၍ လမ်းကြောင်းမှန်ဖြင့်ထိန်းသိမ်းမောင်းကြရန်လည်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်းသိရသည်။
#tthl #Yangon_Times
#Local_News
Published_23 April 2024
လာမည့်ပညာသင်နှစ်အတွင်းအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အတွင်း ပြောကြားလိုက်သည်။
ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်း သာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး နှင့် ပရိဘောဂများပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေး ထားရန်၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသအချို့တွင် လည်းအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန် လုပ်ဆောင်ထားကြရန် အ စည်းအဝေးသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ အား ယင်းက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ပညာရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဖွင့်လှစ်လျက် ရှိသည့် သင်တန်းများ ကို ပညာရည်အဆင့်များအလိုက် ထိုက်သင့်သည့်ဘွဲ့များပေးအပ် နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ပြောသည်။
အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့်ကျောင်းများ ပြန်လည်ကောင်းမွန်စေရေးနှင့် လာမည့် ပညာသင်နှစ် တွင် ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ကျောင်း နေအရွယ်ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင် ရွက်ပေးရန် တာဝန်ရှိကြောင်း နစက ဥက္ကဌက ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ စာကြည့်တိုက်များနှင့် ပတ်သက်၍လည်း စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်မှုရှိစေရေး၊ စာကြည့်တိုက်များတွင် ရှိသင့်ရှိထိုက်သည့် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိက အထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများထားရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အများပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်အောင် စာပေကုသိုလ်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကောက်ရိုးမီးကဲ့သို့ မဟုတ်ဘဲ ရေရှည်အတွက်ကြည့်၍ စီမံဆောင်ရွက်ကြစေလိုကြောင်း ယင်းကပြောကြားခဲ့သည်။
#Yangon_Times/PP
Page 411 of 1649