#Local_News
Published 25 July 2025
▪️ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနှစ်ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ(၂၄.၇.၂၀၂၅.ရက်နေ့၊ (၀၉၂၀)အချိန်၊ရန်ကုန်-မန္တလေအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၅၉/၃-၄)ဖာလုံကြားတွင် ယာဉ်မတော်ဆမှုဖြစ်ပွားကြောင်း သတင်းရ၍၊ ဘောနီအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၁+၄)ဦး၊ဘောနီအမြန်လမ်းရဲစခန်းမှ စခမ အ ပါတပ်ဖွဲ့ဝင်(၂+၅)ဦးနှင့်အတူကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော၊ SUZUKI Carry အမျိုးစား(အဖြူရောင်)ယာဉ်အား၊ လာရာတူနောက်မှ မောင်းနှင်လာသော၊ HINOအမျိုးစား(၆)ဘီး အပြာရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး လမ်းယာဘက်မြေသားလမ်းပေါ်တွင်တန့်သွားခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုကြောင့်၊ HINO ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၂)ဦးတို့မှာ ထိခိုက်မှုမရှိဘဲ SUZUKI Carry ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၃)ဦး၊ မ(၄)ဦး ပေါင်း(၇)ဦးအနက် မ(၂)ဦးမှာအခင်းဖြစ်နေတွင်(သေ)ဆုံးသွားခဲ့ပြီး မ(၂)ဦး၊ ကျား(၂)ဦးတို့မှာထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပိုဆောင်ကူညီပေးခဲ့ေကြာင်း သိရသည်။
#YMG/SW #Yangon_Times