#Local_News
Published 25 July 2025
▪️ ကိုရီးယားဘာသာအရည်အချင်းစစ် (EPS) စာမေးပွဲအောင်မြင်သူများအား အလုပ်လျှောက်လွှာထုတ်ပေးခြင်းနှင့် လက်ခံခြင်းကို ဩဂုတ် ၁ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ကိုရီးယား သမ္မတနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်စနစ် (Employ- ment Permit System - EPS) ဖြင့် လုပ်သားများစေလွှတ်နိုင်ရေးအတွက် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် (EPS - TOPIK) စာမေးပွဲအောင်မြင်သူ ၄၂၄၉ ဦးကို အလုပ်လျှောက်လွှာထုတ်ပေးခြင်း၊ လက်ခံခြင်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီရုံး၌ဆောင်ရွက်ပေးလျှက်ရှိရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ချိန်တွင် ကြိုးကြိုးစားစားလုပ်ကိုင်ကြရန်၊ သွားရောက်မည့်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကို ကြိုတင်လေ့လာထားကြရန်နှင့် မိသားစုလွှဲပို့ငွေများ တရားဝင်လွှဲပို့ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင်ကိုရီးယား သမ္မတနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်စနစ် (Employ- ment Permit System - EPS) ဖြင့် လုပ်သားများစေလွှတ်နိုင်ရေးအတွက် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် (EPS - TOPIK) စာမေးပွဲအောင်မြင်သူ ၄၂၄၉ ဦးကို အလုပ်လျှောက်လွှာထုတ်ပေးခြင်း၊ လက်ခံခြင်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံး၌ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times