#World_Health
Published 25 July 2025

▪️ တောင်ပိုင်းကယ်ရိုလိုင်းနား ကလေးဆေးရုံမှ လူနာတစ်ဦးဟာ ဦးနှောက်စားသုံးတဲ့ အမီးဘားပိုးကြောင့် အသက်ဆုံးပါးသွားပါတယ်။

▪️ လူနာဟာ အမီးဘားဦးနှောက်အမြှေးရောင်ရောဂါ (PAM)ကြောင့် ဆုံးပါးရတာဖြစ်ပြီး Naegleria fowleri ပိုးကြောင့် ဦးနှောက်ကို ကူးစက်ခဲ့တာဖြစ်တယ်လို့ Prisma Health ကလေးဆေးရုံမစ်ဒ်လန်းက အတည်ပြုခဲ့ပါတယ်။

▪️ လူနာဟာ မာရေးရေကန်မှာ ရောဂါပိုးကူးစက်ခဲ့ဟန်ရှိတယ်လို့ ကျန်းမာရေးဌာနက ပြောထားပေမယ့် သိပ်ပြီးမသေချာသေးပါဘူး။

▪️ ကလေးကူးစက်ရောဂါဆရာဝန် အန်နာကက်သရင်းဘာ့ချ်က အမေရိကန်မှာ ဒီလိုကူးစက်ခြင်းမျိုးက အသက်သေဆုံးသည်အထိ ဖြစ်နေတာကို စိတ်ပျက်နေပါတယ်။

▪️ ၁၉၆၀ နောက်ပိုင်း ရောဂါဖြစ်ပွားသူ ၉၇ ရာခိုင်နှုန်းကျော်က အသက်သေဆုံးထားရပါတယ်။

▪️ ရေရိုက်ချက်က နှာခေါင်းထဲရောက်ပြီး ဦးနှောက်ထဲအထိ ဖြတ်သန်းသွားတဲ့အခါ ရောဂါကူးစက်ကြောင်း ရှင်းပြပါတယ်။

▪️ ရောဂါမကူးစက်စေဖို့အတွက် ရေထဲဒိုက်ပစ်တဲ့အခါ နှာခေါင်းပိတ်ထားသင့်တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက အကြံပြုထားပါတယ်။

▪️ ရောဂါကူးစက်ထားတဲ့သူ ဒါမှမဟုတ် ရောဂါပိုးရှိတဲ့ရေကို မျိုချမိခြင်းမှ မကူးစက်နိုင်ပါဘူး။

▪️ ယခုသေဆုံးမှုက ဒီနှစ်အတွင်း အမေရိကန်မှာ ပထမဆုံးမဟုတ်ဘဲ မေလကလည်း တက္ကဆပ်အမျိုးသမီးတစ်ဦး ဦးနှောက်စားသုံးအမီးဘားကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

#Source: CBS News