#World_Health
Published 16 January 2025
▪️ အသုံးပြုရ လွယ်ကူပြီး ကြာရှည်ခံတဲ့ နို့မှုန့်ကို အိမ်တွေမှာ အသုံးပြုကြလေ့ရှိပါတယ်။
▪️ ပိုးသန့်စင်ပြီးသားနို့ကနေ အငွေ့ပျံခြင်းနည်းလမ်းဖြင့် နို့မှုန့်ပြုလုပ်ပြီး အာဟာရဓာတ်အများစု ထိန်းသိမ်းထားနိုင်ကာ ကြာရှည်အထားခံပါတယ်။
▪️ ဒါပေမဲ့ မိဘတွေက သူတို့ကလေးတွေအတွက် နို့မှုန့်တွေက ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်စေသလားဆိုတာ သိချင်နေကြပါတယ်။
▪️ နို့မှုန့်တွေက အသေအချာ ပိုးသတ်ထားတာကြောင့် စိတ်ချရပေမယ့် အသက် ၁၂ လအောက် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်တွေနဲ့ မိခင်နို့အတွက်တော့ အစားထိုး မဖြစ်သင့်ပါဘူး။
▪️ ကလေးဘေးကင်းစိတ်ချရဖို့အတွက် နို့မှုန့်ပြင်ဆင်တဲ့နေရာမှာ ထုတ်လုပ်သူမှ ညွှန်ကြားထားတဲ့အတိုင်း ပြင်ဆင်သင့်သလို မိမိကလေးတွေအတွက် ဓာတ်မတည့်ခြင်းရှိမရှိ စစ်ဆေးရပါမယ်။
▪️ သိမ်းတဲ့အခါမှာ အေးမြခြောက်သွေ့တဲ့ လေအလုံပိတ်နေရာမှာ သိမ်းထားသင့်ပါတယ်။
▪️ နို့မှုန့်တွေမှာ နို့မှာပါတဲ့ အာဟာရဓာတ်အများစု ထိန်းသိမ်းထားနိုင်ပြီး ကယ်လ်စီယံ၊ ပရိုတိန်း၊ ဗိုက်တာမင်-ဘီ၁၂၊ ဗိုက်တာမင်-ဒီတို့ ပါဝင်ကာ ကလေးဖွံ့ဖြိုးမှု၊ အရိုးကြီးထွားမှု၊ ကျန်းမာရေးတို့အတွက် အရေးကြီးပါတယ်။
▪️ ဒါပေမဲ့ မြင့်မားတဲ့အပူချိန် ထိတွေ့တဲ့အခါမျိုးနဲ့ အချိန်ကြာရှည်လာတဲ့ အခါမျိုးမှာ ဗိုက်တာမင်ပါဝင်မှု လျော့နည်းလာတတ်ပါတယ်။
▪️ ဘေးကင်းစိတ်ချရမှုနဲ့ ပတ်သက်ပြီး အရေးကြီးဆုံးအချက်တစ်ခုက နို့မှုန့်ထုတ်လုပ်သိမ်းဆည်းစဉ်မှာ ရောဂါပိုးဝင်ရောက်တာပါပဲ။
▪️ ဒီအတွက် နို့မှုန့်ကိုင်တွယ်စဉ်မှာ သတိထားရမယ့်အပြင် အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်စင်အောင်ထားရပါမယ်။
▪️ နို့မှုန့်တွေကို သောက်စရာ၊ စားစရာ၊ ချက်ပြုတ်တဲ့နေရာတို့မှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
▪️ နို့မှုန့်မှာ အကျိုးအာနိသင်များစွာ ရနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ အပူချိန်မခံနိုင်တဲ့ ဗိုက်တာမင်များ လျော့နည်းနိုင်ခြင်း၊ သကြားဓာတ်ပါဝင်နိုင်ခြင်း၊ အရသာကွဲပြားတတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ အသက် ၁၂ လအောက်ကလေးငယ်တွေ၊ လက်တို့စ်မတည့်တဲ့ ကလေးတွေ၊ နို့နဲ့ဓာတ်မတည့်တဲ့ ကလေးတွေကတော့ နို့မှုန့်ရှောင်ရှားသင့်ပါတယ်။
#Source: DoctorNDTV
လော့စ်အိန်ဂျလိစ် တောမီးလောင်ကျွမ်းမှုဒဏ် ခံခဲ့ရတဲ့ ပစိဖိတ်ပယ်လီဆိတ်စ်မှ အရပ်သားရာဂဏန်းခန့်ဟာ တနင်္ဂနွေနံနက်ပိုင်းက လမ်းတွေမှာတန်းစီပြီး ယင်းတို့နေအိမ်တွေ ဘယ်လိုဖြစ်သွားလဲဆိုတာကို ကြည့်ရှုခွင့်ရဖို့ စောင့်ဆိုင်းနေကြပါတယ်။
#World_Crisis
Published 15 January 2025
#လော့စ်အိန်ဂျလိစ် #မီးဘေးဒဏ်သင့်ခဲ့ကြသူများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 15 January 2025
၁။ ဂျပန်သို့ မသန်စွမ်းလုပ်သားများလည်း သွားရောက်အလုပ်လုပ်ကိုင်နိုင်မည်
၂။ ကိုရီးယားသို့ မြန်မာလုပ်သားသစ် ၁၅၀ခန့် စေလွှတ်
၃။ ထိုင်းသို့ပြောင်းတင်ပို့ ရာသီချိန်နီးကပ်လာ၍ စုဆောင်းသူများရှိလာ
၄။ လော့စ်အိန်ဂျလိစ် မီးဘေးဒဏ်သင့်ခဲ့ကြသူများ မိမိနေရပ်အခြေအနေပြန်လည်ကြည့်ရှုခွင့်ရရန်စောင့်ဆိုင်းနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၅ ဇန်နဝါရီ၊ ၂၀၂၅
အမေရိကန်နိုင်ငံတွင် နာမည်ကျော် ဆိုရှယ်မီဒီယာအက်ပ် TikTok ကို ပိတ်ပစ်ဖို့ နောက်ဆုံးရက် နီးလာတာနှင့်အမျှ တစ်တော့ခ်သုံးတဲ့ အမေရိကန်က အမေရိကန်တွေနှင့် တရုတ်လူမျိုးတွေဟာ တရုတ်ရဲ့ လူသိနည်းသေးတဲ့ တရုတ်ရဲ့နောက်ထပ် ဆိုရှယ်မီဒီယာအက်ပလေီကေးဖရှင်း RedNote ဆီသို့ ကူးပြောင်းအသုံးပြုလာလို့ အခုဆို တနင်္လာနေ့တစ်ရက်တည်းမှာ လူပေါင်းငါးသိန်းကျော် RedNote သို့ ရောက်ရှိလာကြပါတယ်။
အဲဒါကြောင့် တရုတ်လို Xiaohongshu လို့ သိကြတဲ့ အဲဒီ RedNote ဟာ ယခုတစ်ပတ်အတွင်း အမေရိကန်နိုင်ငံမှာ အများဆုံးဒေါင်းလုပ်လုပ်ကြတဲ့ အက်ပလီကေးရှင်းအဖြစ်ရောက်ရှိသွားပါတယ်။ အမေရိကန်က အသုံးပြုသူတွေရဲ့ တစ်တော့အစားထိုးအသုံးပြုကြဖို့ဆိုတဲ့ အခမဲ့ကြေညာပေးတာတွေ ကြောင့် အဲဒီ ရက်ခ်နုတ် အက်ပလီကေးရှင်းရဲ့ လူသိများမှု တဟုန်ထိုးမြင့်တက်လာနေပါတယ်။
နှစ်ရက်အတွင်းမှာပဲ ရက်ဒ်နုတ်ထံသို့ အသုံးပြုသစ်အသစ် စုစုပေါင်း ခုနှစ်သိန်းကျော် ဝင်ရောက်လာ တယ်လို့ အဆိုပါကုမ္ပဏီနှင့်နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပြပါတယ်။
လောလောဆယ်မှာ အဲဒီ RedNote ဟာ တရုတ်ပြည်တွင်းသုံးအဖြစ်သာ ရှိနေသေးပေမယ့် လူသိများ ထင်ရှားလာတဲ့အတွက် တစ်ခ်တော့လိုပဲ ကမ္ဘာသုံးလူကြိုက်များ အက်ပလီကေးရှင်း တစ်ခုဖြစ်လာလိမ့်မယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိကြီးများက မျှော်လင့်ထားကြပါတယ်။
RedNote ဟာ လက်ရှိမှာ ဒေါ်လာ ၁၇ ဘီလျံတန်ဖိုးရှိအက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး အသုံး ပြုသူတွေဟာ ဓာတ်ပုံတွေ၊ ရုပ်သံဗွီဒီယိုတွေနှင့် စာတိုတွေရေးသားပို့စ်တင်နိုင်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်များအတွင်း ခရီးသွားလမ်းညွှန်၊ အိုမင်းမှုကိုကာကွယ်ပေးမယ့် ခရင်မ်နှင့် စားသောက်ဆိုင်တွေ အညွှန်းတွေအတွက် အသုံးပြုသူ သန်း၃၀၀ကျော်ဟာ ရက်ဒ်နုတ်ကို အသုံးပြုလာကြပါတယ်။
တစ်တော့ခ်ကို အမေရိကန်က ဇန်နဝါရီ ၁၉ရက်မှာ ပိတ်ပစ်ဖို့ နောက်ဆုံးရက်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Ref: Reuters
ရွှေဆိုင်တွေရောင်းတဲ့ဝယ်တဲ့အခါမှာ အလေးချိန်၊ အရည်အသွေးစံချိန်စံနှုန်းအပါအဝင် ကာလပေါက်ဈေးနှုန်းကွာဟပါက ဥပဒေ စိုးမိုးမှုပြုလုပ်လာမယ့် မကြာခင်ကာလများမှာ ဘောင်ချာနဲ့တကွ စားသုံးသူကာကွယ်ရေးအပါအဝင်သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ရွှေအသင်းတွေကို တိုင်ကြားနိုင်တော့မယ်
လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 15 January 2025
#အရည်အသွေးနှင့်စျေးနှုန်းကွာဟ #ဘောင်ချာနှင့်တကွတိုင်ကြားနိုင်
#YMG/NN #Yangon_Times
#Local_News
Published 15 January 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ကမ္ဘာအေးကုန်းမြေတွင် တည်ထားကိုးကွယ်သော ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိရာယခုနှစ်တွင် ဖေဖော်ဝါရီလ ၄ ရက် (၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း ၇ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းပွဲတော်တွင် ဖေဖော်ဝါရီလ ၄ ရက် (တပို့တွဲလဆန်း ၇ ရက်) မှ ၉ ရက် (တပို့တွဲလဆန်း ၁၂ ရက်) အထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက် (တပို့တွဲလဆန်း ၈ ရက်နှင့် ၉ ရက်) မနက် ၇ နာရီတွင်မူ ထမနဲထိုးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်ဖေဖော်ဝါရီလ ၉ ရက်၊ မနက်ပိုင်း၌ မြတ်စွာဘုရားကို ရည်မှန်းပြီး ဆွမ်းတော်ကြီးကပ်လှူပူဇော် ခြင်း၊ မနက် ၈ နာရီ၌ စေတီတော်အတွင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ နှင့် ဆရာတော်ကြီးများ ဦးဆောင်သော စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော် ၄၅ ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခြင်းများ ကျင်းပမှာဖြစ်ကြောင်း သိရသည်။
▪️ ထို့နောက် မနက် ၉ နာရီတွင် မြတ်စွာဘုရားရှင်နှင့် အဂ္ဂသာဝက အရှင်မြတ်ကြီးနှစ်ပါးတို့အား အမှူးထား၍ နိုင်ငံတော်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်သော ပင့်သံဃာတော် ၄၅ ပါး၊ စုစုပေါင်း သံဃာတော် ၄၈ ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 January 2025
▪️ ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းရန်အတွက် လေအားလျှပ်စစ်စီမံကိန်း ၈ ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ စီမံကိန်း၈ခုတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြိုနယ်တွင်တည်ရှိသည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ကာ လက်ရှိတွင်စီမံကိန်းဆောင်ရွက်ရန် လိုအပ်သည့်မြေနေရာအခြေအနေများ၊ လေအားလျှပ်စစ်စီမံကိန်းလည်ပတ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းလေ့လာခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ထိုစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပွဲကို ယခုလ၁၄ရက်က ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်ဆဲ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသည့် လေအားလျှပ်စစ်စီမံကိန်း ၈ ခုတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းတစ်ခုလည်း ပါဝင်ကြောင်း၊ ဝန်ကြီးက စီမံကိန်းအား အမြန်ဆုံး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်နေမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို နိုင်ငံတော်မူဝါဒများနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း ကို Zeya & Associates နှင့် Rosatom Renewable Energy မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ဖို့ ရာသီစတင်ချိန်နီးကပ်လာတာကြောင့် ဈေးကွက်ထဲမှာ စုဆောင်းဝယ်ယူသူ တွေရှိလာတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက နေသိရပါတယ်။
#Local_News
Published 15 January 2025
#ထိုင်းသို့ပြောင်းတင်ပို့ #မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း
#YMG/NN #Yangon_Times
မြန်မာလုပ်သားသစ် ၁၄၄ ဦးကို ကိုရီးယားသမ္မတနိုင်ငံသို့ ယမန်နေ့ကစေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။
#Local_News
Published 15 January 2025
#ကိုရီးယား #မြန်မာလုပ်သားသစ်များစေလွှတ်
#YMG/SW #Yangon_Times
ပြည်တွင်းက မသန်စွမ်းလုပ်သားတွေကို ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 15 January 2025
#မသန်စွမ်းလုပ်သား #ဂျပန်
#YMG/SW #Yangon_Times
#World_News
Published 15 January 2025
▪️ အမေရိကန်အစိုးရက ဒီဇင်ဘာလအတွက် ဒေါ်လာ ၈၇ ဘီလီယံလိုငွေပြခဲ့ကြောင်း ထုတ်ပြန်လိုက်ပြီး အကျိုးခံစားခွင့် ပေးချေမှုများကို နိုဝင်ဘာလသို့ ပြောင်းရွှေ့ကာ တစ်စိတ်တစ်ပိုင်း လျှော့ချနိုင်ခဲ့ပေမယ့် ၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမသုံးလအတွက် ဒေါ်လာ ၇၁၁ ဘီလီယံအထိ စံချိန်တင်လိုငွေပြနေကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
▪️ လာမယ့် သီတင်းပတ် ဒေါ်နယ်ထရမ့် သမ္မတတာဝန် စတင်မထမ်းဆောင်ခင်မှာပဲ ဘဏ္ဍာရေးက နောက်ဆုံးရ ဘတ်ဂျက်အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ သုံးစွဲငွေ သိသိသာသာ များပြားခဲ့ပြီး အခွန်ဝင်ငွေတွေ အနည်းငယ် ကျဆင်းခဲ့တာကြောင့် ယမန်နှစ် ထိုကာလက ဒေါ်လာ ၅၁၀ ဘီလီယံလိုငွေပြခဲ့ခြင်းထက် ယခုအောက်တိုဘာ-ဒီဇင်ဘာမှာ ဒေါ်လာ ၇၁၁ ဘီလီယံ လိုငွေပြခြင်းက ၃၉ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ဒေါ်လာ ၂၀၁ ဘီလီယံ ပိုများနေပါတယ်။
▪️ အကျိုးခံစားခွင့် ပြက္ခဒိန်နှစ်ပြောင်းရွှေ့လိုက်ခြင်းကြောင့် ၂၀၂၃ ဒီဇင်ဘာလက ၁၂၉ ဘီလီယံ လိုငွေပြခဲ့တာနဲ့ယှဉ်ရင် ၅၁ ဘီလီယံလျော့နည်းသွားပြီး ယခုဒီဇင်ဘာလအတွက် လိုငွေ ၈၇ ဘီလီယံ ဖြစ်သွားပါတယ်။
▪️ ထိုလအတွက် လက်ခံရရှိငွေက ၆ ရာခိုင်နှုန်းတက်လာကာ ဒေါ်လာ ၄၅၄ ဘီလီယံရှိလာပြီး သုံးစွဲငွေကတော့ ၃ ရာခိုင်နှုန်း လျော့ကျသွားကာ ၅၄၁ ဘီလီယံရှိခဲ့တယ်လို့ သိရပါတယ်။
#Source: Reuters
#Local_News
Published 15 January 2025
▪️ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရွှေကြိုမောင်မယ်များအဖြစ်ပါဝင်နိုင်ရန် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ဆက်လက်ရွေးချယ်ခြင်းမခံခဲ့ရသည့် မောင်မယ်များအနေဖြင့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင်ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဒုတိယအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ပြီး ရွေးချယ်ခြင်းမခံခဲ့ရသည့် ရွှေကြိုမောင်မယ်များအနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးကဏ္ဌတွင် ပါဝင်နိုင်ရန် ယခုလ ၁၆ ရက်နောက်ဆုံးထား စာရင်းပေးသွင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးထုတ်ပြန်ထားသည်။
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ရွှေကြိုပြိုင်ပွဲနောက်ဆုံးအဆင့်ထိတက်ရောက်ကာ ရွေးချယ်ခြင်းမခံခဲ့ရသူများအား မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၏ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်နိုင်ရန်လည်း ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 416 of 1936