#Local_News
Published 21 June 2025
▪️ မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးမှ အခြေခံထုတ်လုပ်သော အလှကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ ထိုသို့တင်ပို့လိုသူများအနေဖြင့် တရုတ်နိုင်ငံ အလှကုန်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းမျဉ်း (CSAR) မှ ထုတ်ပြန်ထားတဲ့ Special Cosmetics နဲ့ General Cosmetic လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည်။
▪️ ထို့အပြင် ထောပတ်သီး၊ ထောပတ်သီးနှင့် ဆက်စပ်သည့်တန်ဖိုးမြှင့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက်လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆက်သော သစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (PRA) ကို အဝေးရောက်စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန်လည်း နှစ်နိုင်ငံအကြား သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ထောပတ်သီးနှင့် ဆက်စပ်သည့်တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ဖျော်ရည်များ၊ အေးခဲသစ်သီးများကို GACC ၏ CIFER system မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times