#World_News
Published 22 July, 2025

▪️ ရုရှားတို့က သမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား ဆွေးနွေးပြောဆိုမှုများ ပြုလုပ်သွားနိုင်ဖွယ်ရှိတဲ့အကြောင်း လမ်းဖွင့်ပေးထားတယ်လို့ ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က တနင်္လာနေ့မှာ ပြောပါတယ်။

▪️ တရုတ်မြို့တော်ပေကျင်းမှာ စက်တင်ဘာ ၃ ရက်နေ့ကျရင် ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားအဖြစ် စစ်ရေးပြပွဲပြုလုပ်မှာဖြစ်ကာ ပူတင်က တက်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံထားပါတယ်။

▪️ တရုတ်က ထရမ့်ကိုပါ ဖိတ်ကြားလာနိုင်တယ်လို့ ဂျပန် Kyodo News သတင်းဌာနက သုံးသပ်ထားသလို The Times ကလည်း တရုတ်ဟာ သုံးနိုင်ငံအစည်းအဝေး လက်ခံကျင်းပသွားဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်အရာရှိတွေကတော့ ဒါတွေနဲ့ပတ်သက်ပြီး အတည်ပြုပြောကြားခြင်း မရှိပါဘူး။

▪️ ပက်စ်ကော့ဗ်က သတင်းထောက်တွေကို ပြောကြားရာမှာ "ထရမ့်ရောက်လာရင် ဒီလိုမျိုးအစည်းအဝေး ပြုလုပ်နိုင်ဖွယ်ရှိတယ်ဆိုတာကို ဖယ်ထားလို့မရပါဘူး" လို့ ဆိုပါတယ်။

▪️ ဇွန်လက ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ကြား ဖုန်းပြောဆိုခဲ့ရာ တရုတ်သို့လာရောက်ရန် ဖိတ်ကြားခံခဲ့ရပေမယ့် ရက်အတိအကျတော့ မပြောထားပါဘူး။

▪️ ပူတင်နဲ့ ထရမ့်တို့ကတော့ ပြီးခဲ့တဲ့လတွေမှာ ဖုန်းပြောဆိုမှု အကြိမ်ကြိမ်လုပ်ခဲ့ပြီး အဓိကအားဖြင့် ယူကရိန်းပဋိပက္ခအကြောင်း ဖြစ်ပါတယ်။
တရုတ်က ယူကရိန်းအရေးမှာ ကြားနေအဖွဲ့အစည်းအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။

▪️ ပူတင်နဲ့ထရမ့်တို့ နောက်ဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့တာဟာ ၂၀၁၈ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်ဆင်ကီမှာကျင်းပတဲ့ ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးတုန်းက ဖြစ်ပါတယ်။

#Source: ANI News