#World_News
Published 17 May 2025

▪️ လိင်စော်ကားမှုဖြင့် စွပ်စွဲခံနေရတဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) ရှေ့နေချုပ် ကာရင်ခန်းဟာ လုပ်ငန်းတာဝန်မှခေတ္တနားသည့် Administrative ခွင့်ပေးခံလိုက်ရကြောင်း ICC က သောကြောနေ့မှာ ကြေညာလိုက်ပါတယ်။

▪️ ကုလသမဂ္ဂလက စုံစမ်းစစ်ဆေးနေရာမှာ နောက်ဆုံးအဆင့်ရောက်နေပြီလို့ သိရပါတယ်။

▪️ အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိတစ်ဦးက ဒီအကြောင်းကို အတည်ပြုလိုက်ကာ ခန်းဟာ ပြီးခဲ့တဲ့နှစ် မေလတည်းက ဖိအားဒဏ်ခံနေရပြီး ICC ဆက်စပ်အဖွဲ့အစည်းတွေမှ ထိပ်သီးအရာရှိများက သူ့ကို ရာထူးမှဆင်းဖို့ တိုက်တွန်းခဲ့ကြတယ်လို့ ပြောပါတယ်။

▪️ "၂၀၂၅ မေလ ၁၆ ရက်နေ့မှာ ရှေ့နေချုပ်က Administrative ခွင့်ပေးမှုခံယူရန် ဆုံးဖြတ်လိုက်ကြောင်း အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့တယ်" လို့ ဖင်လန်သံအမတ် ပိုင်ပီကော်ကိုရန်တာက ဖော်ပြထားပါတယ်။

▪️ ရှေ့နေချုပ်မရှိတဲ့အချိန်မှာ လက်ထောက်ရှေ့နေချုပ်များက ရှေ့နေရုံးကို ထိန်းသိမ်းကိုင်တွယ်သွားမှာ ဖြစ်တယ်လို့လည်း အီးမေးလဲထဲမှာ ပြောထားပါတယ်။

▪️ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဖက်ဒရေးရှင်းက ခန်းရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ဒါဟာ တာဝန်ခံရမယ့် တစ်ခုတည်းသောဆုံးဖြတ်ချက်ဖြစ်ကာ တရားရုံးတော်ရဲ့ ဂုဏ်သိက္ခာကိုကာကွယ်ဖို့ အရေးကြီးကြောင်း ပြောထားပါတယ်။

▪️ ခန်းရဲ့အလုပ်လက်ထောက်ဖြစ်ခဲ့ဖူးတဲ့ မလေးရှားမှ အသက် ၃၀ ဝန်းကျင် အမျိုးသမီးရှေ့နေက ခန်းကို စွပ်စွဲတဲ့အကြောင်းတွေကို Wall Street ဂျာနယ်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖော်ပြခဲ့ပါတယ်။

▪️ ကုလအရာရှိများထံ သူမပေးအပ်ခဲ့တဲ့ သက်သေထွက်ဆိုချက်စာတမ်းအရဆိုရင် နယူးယော့ခ်၊ ကိုလံဘီယာ၊ ကွန်ဂို၊ ချက်ဒ်၊ ပဲရစ်တို့ကို အလုပ်ခရီးသွားစဉ်အချိန်တွေနဲ့ ဟိဂ်မြို့ရှိ ခန်းရဲ့ဇနီးဖြစ်သူပိုင်ဆိုင်တဲ့ နေအိမ်မှာရှိချိန်တို့မှာ အတင်းအဓမ္မ လိင်မှုပြုကျင့်ခိုင်းတယ်လို့ စွပ်စွဲထားပြီး ဒါကို ခန်းက ငြင်းဆန်ထားပါတယ်။

▪️ ခန်းရဲ့ရှေ့နေတွေကတော့ လိင်မှုစော်ကားတာမျိုး ပြုခဲ့တယ်ဆိုတာ မှန်ကန်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

▪️ စာတမ်းအရ ခန်းဟာ လပေါင်းများစွာတိုင်အောင် အလိုမတူ လိင်ပိုင်းဆိုင်ရာထိတွေ့မှုများ အစပြုခဲ့ပြီး နောက်ဆုံးမှာ အတင်းအကြပ် လိင်မှုပြုကျင့်စေကြောင်း၊ ဒီအလုပ်မှာ ဆက်နေရတဲ့အကြောင်းအရင်းက ကမ္ဘာပေါ်က အကြီးမားဆုံး လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုကနေ အလုပ်မထွက်လိုတာကြောင့်နဲ့ လစာမရရှိပါက မိခင်ဖြစ်သူ ကင်ဆာကုသနေရတဲ့ ဆေးရုံစရိတ်တွေ မပေးနိုင်မှာစိုးတဲ့အတွက်ကြောင့် ဖြစ်ကြောင်း မလေးရှားမှ တရားလိုရှေ့နေက ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများထံ ထွက်ဆိုထားပါတယ်။

▪️ အတွင်းရေးသုံးသပ်စစ်ဆေးမှု လုပ်ပြီးချိန်မှာ သောကြာနေ့က တရားရုံးကနေ အခုလို ထုတ်ပြန်ကြေညာလာတာ ဖြစ်ပါတယ်။

#Source: NPR