#World_News
Published 17 May 2025
▪️ အမေရိကန်ပြည်ထောင်စု တက္ကဆပ်အနောက်မှာဖြစ်ပွားနေတဲ့ ကမ္ဘာ့ အကူးအစက်အမြန်ဆုံး ရောဂါဟာ ယခုဆိုရင် အခြား အဓိကမြို့ကြိးတစ်မြို့ကိုပါ ထပ်မံကူးစက်သွားပြီဖြစ်ပါတယ်။
▪️ ဒဲလတ်စ်ရဲ့ ဖို့ဒ်ဝေါ့ဒေသမှာ ဝက်သက်ရောဂါကူးစက်သူနှစ်ဦးကို မေ၁၄ ရက်က တွေ့ရှိရတယ်လို့ ကျန်းမာရေးအရာရှိတွေကပြောပါတယ်။ အဲဒီအရပ်မှာ လူဦးရေး ၈သန်းခန့်နေထိုင်ကြပြီး လူရာပေါင်း များစွာကူးစက်ခံရပြီး ကလေးငယ်နှစ်ဦးသေဆုံးခဲ့တဲ့ တက္ကဆပ်အနောက်နှင့် ဆက်စပ်နေပါတယ်။
▪️ အဲဒီနှစ်ဦးထဲက တစ်ဦးကိုတော့ ကိုလင်းခရိုင်မှာ တွေ့ရတာဖြစ်ပြီး နောက်တစ်ဦးကိုတော့ ရော့ခ်ဝဲလ်ခရိုင်မှာတွေ့ရတာဖြစ်ပါတယ်။
▪️ အဲဒီကူးစက်ခံရသူတွေနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မထုတ်ပြန်ပါဘူး။ ဒါပေမယ့် ကူးစက်ခံရမှုတွေကတော့ သတိပေးသလိုဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမြို့ဟာ အမေရိကန်ရဲ့ လော့အင်ဂျလီ၊နယူးယောက်၊ဟောက်စ်တန်နှင့်ချီကာဂိုတို့အပါအဝင် အဓိကမြို့ကြီးတွေနှင့် နေ့စဉ် လေယာဉ်ပျံသန်းမှုရှိနေလို့ဖြစ်ပါတယ်။
▪️ အကယ်၍သာ မြို့ကြီးတွေကို ထိန်းမရသိမ်းမရကူးစက်သွားပြီဆိုရင် အမေရိကန်ရဲ့ “ ဝက်သက်ကင်းစင် နိုင်ငံÓ အဆင့် ဆုံးရှုံးရမှာလို့ အရာရှိတွေကပြောပါတယ်။
#Source Dailymail