#World_Health
Published 17 May 2025

▪️ ငှက်ပျောသီးစားပေးသင့်တဲ့ အကြောင်းအရင်းများစွာရှိတဲ့ထဲမှာ သွေးပေါင်ချိန်ထိန်းပေးတဲ့ ပိုတက်ဆီယံ၊ အစာခြေခြင်းကို ကူညီပေးတဲ့ အမျှင်ဓာတ်တို့ပါဝင်ပြီး စွမ်းအင်အဖြစ်အသုံးပြုတဲ့ သဘာဝကာဗိုဟိုက်ဒရိတ်တို့ကို မြှင့်တင်ပေးပါတယ်။

▪️ ဒါပေမဲ့ ငှက်ပျောသီးဟာ ရင့်မှည့်မှုအနေအထား ၇ မျိုးပေါ်မူတည်ပြီး အာဟာရတန်ဖိုး ကွဲပြားပါတယ်။

▪️ (၁) လုံးဝအစိမ်းရောင် - ဒီအဆင့်မှာ ကစီဓာတ်မြင့်မားစွာ ပါဝင်ပြီး အစာကြေညက်ရန် အချိန်ကြာမြင့်ကာ သွေးတွင်းသကြားဓာတ် မြန်မြန်ဆန်ဆန် မတက်စေဘဲ ဆာလောင်စိတ်ကို ကြာရှည်ထိန်းချုပ်စေနိုင်ပါတယ်။

▪️ (၂) အဝါရောင်အနည်းငယ်ပါသည့်အစိမ်းသီး - ကစီဓာတ်တွေက သကြားအဖြစ်ပြောင်းလဲလာကာ ပိုချိုလာစေပြီး အမျှင်ဓာတ်ကြွယ်ဝနေသလို သကြားဓာတ်နည်းပါးသေးတာကြောင့် အမျှတဆုံးအဆင့်ဖြစ်ပါတယ်။

▪️ (၃) အဝါထက်အစိမ်းပိုများသည့်အဆင့် - မမှည့်သေးတဲ့အသီးတွေထက် အစာခြေရန်လွယ်ကူပြီး သကြားဓာတ်ကို ပိုမိုစုပ်ယူအသုံးချနိုင်ပါတယ်။

▪️ (၄) အစိမ်းထက်အဝါပိုများသည့်အဆင့် - ပိုတက်ဆီယံ၊ ဗိုက်တာမင်-ဘီ၆၊ ဗိုက်တာမင်-အေတို့ ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း တိုးများစေသဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ဆက်စပ်နေပါတယ်။

▪️ (၅) ထိပ်ပိုင်းစိမ်းနေသည့်အဝါအဆင့် - အသီးအနှံသယ်ယူပို့ဆောင်တဲ့ FruitGuys ကုမ္ပဏီက ဒီအဆင့် ၅ ငှက်ပျောသီးတွေဟာ ပို့ဆောင်လို့ အကောင်းဆုံးအဆင့်ဖြစ်ပြီး ၁ ရက် ၂ ရက်အတွင်း လုံးဝမှည့်တော့မှာ ဖြစ်တဲ့အပြင် ခွန်အားနဲ့ အမျှင်ဓာတ်မျှတစွာ ပေးစွမ်းပါတယ်။

▪️ (၆) လုံးဝအဝါရောင် - ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ် ပြည့်ဝနေသဖြင့် ကိုယ်ခံအားစနစ်နဲ့ အစာခြေခြင်းကို မြှင့်တင်ပေးတဲ့အပြင် သဘာဝအတိုင်း ချိုမြနေသလို မုန့်ပြုလုပ်ခြင်း၊ ဖျော်သောက်ခြင်းအတွက်လည်း သင့်လျော်ပါတယ်။

▪️ (၇) အညိုရောင်အစက်ပြောက်ပါသည့်အဝါ - အမှည့်လွန်ငှက်ပျောသီးက အချိုဆုံးနဲ့ အစာခြေရအလွယ်ကူဆုံးဖြစ်ကာ အာဟာရဓာတ် အနည်းငယ်လျော့နည်းသွားပေမယ့် ခွန်အားနဲ့ ပိုတက်ဆီယံကိုတော့ ပေးစွမ်းနိုင်ပါသေးတယ်။

#Source: New York Post