#Local_News
Published 17 May 2025

▪️ မန္တလေးငလျင်ကြီး ကြောင့်ပြိုကျခဲ့ရသည့်မန္တလေးမြို့ Sky Villa အဆောက်အဦရှိ မီးခံသေတ္တာအတွင်းမှ ဘဏ်စာအုပ် ၃၁ အုပ်အပါအဝင် ရွှေတုံးနှင့်လက်ဝတ်ရတနာများအားပိုင်ရှင်ထံပြန်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ မေ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ရာတွင် B ဆောင် အခန်းအမှတ် (14)မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

▪️ အဆိုပါ  မီးခံသေတ္တာအတွင်းမှ ထွက်ရှိလာသည့် အရေးကြီးစာရွက်စာတမ်းဖိုင် (၂၃)ဖိုင်၊ ဘဏ်စာအုပ်(၃၁)အုပ်၊ ရွှေဆွဲကြိုး(၁၅)ကုံး၊ ရွှေလက်ကောက် (၁၂)ကွင်း၊ ရွှေဟန်းချိန်း(၁၁)ကုံး၊ ရွှေလက်စွပ်(၂၅)ကွင်း၊ ရွှေဆွဲသီး(၂၁)ခု၊ ရွှေနားကပ်(၁၅)ရံ၊ (၁)ကျပ်သားရွှေတုံး(၁၀)တုံး၊ 0.2g ရွှေပြား(၆)ပြား၊ ရွှေတွယ်ချိတ်(၃)ခု ထုတ်ယူရရှိမှုအား ပိုင်ရှင်ဖြစ်သူထံသို့ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

▪️ ယင်းနေ့တစ်ရက်တည်းမှာပင် ၁၆ ရက်နေ့တွင်  Sky Villa အဆောက်အဦ   C ဆောင် အခန်းအမှတ် M-10 မှ တွေ့ရှိသော US ဒေါ်လာ (၁၀၀)တန် (၈)ရွက်၊ ၁ဒေါ်လာ (၁)ရွက်၊ ယူပီ(၅၀၀)တန်(၁၈)ရွက်၊ ရွှေနားကပ်(၄)ရံ၊ ကျောက်ပါရွှေဆွဲသီး(၁)ခု၊ ရွှေဆွဲသီး(၂)ခု၊ ရွှေလက်စွပ်(၂)ကွင်း၊ ရွှေဆွဲကြိုး (၁)ကုံး၊ ဖန်စီလက်ဝတ်လက်စား (၁)အိတ်၊ Shashi Bushan အမည်ပါစာရွက်စာတမ်းများ၊ Shashi Bushan အမည်ပါ passport (၂)အုပ်၊ Cosmatic ပစ္စည်းများအား ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ  ပိုင်ရှင်ဖြစ်သူ၏ ကိုယ်စားလှယ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

▪️ ထို့အပြင် ယင်းနေ့ ညနေ ၅နာရီ၅၅မိနစ် အချိန်တွင် C ဆောင် အခန်းအမှတ် M2 မှ ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times