#Local_News
Published 17 May 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ထိုင်းဘတ်၁သန်းကျော်နှင့်ဒေါ်လာ၃သိန်းကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၆၀၆ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းအပြင် ငွေလဲနှုန်း ၁၃၁.၇၈ ကျပ်နှင့် ထိုင်းဘတ် ၁.၆၀၂ သန်းလည်း ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ ၎င်းနေ့တစ်ရက်တည်းတွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၁၈.၀၁၉ သန်း၊ တရုတ်ယွမ် ၁.၁၉၈ သန်းနှင့် ထိုင်းဘတ် ၄၁.၁၄၃ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေများကို အဆက်မပြတ် ထုတ်ရောင်းပေးလျှက်ရှိရာမေလ ၁၅ရက်ကလည်း ငွေလဲနှုန်း ၃၆၀၆ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၃၈,၅၀၀ ၊ ငွေလဲနှုန်း ၁၃၁.၇၈ ကျပ်ဖြင့် ထိုင်းဘတ် ၃.၀၅၅ သန်းများကိုလည်းရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times