#WorldWildlife
Published 05 April 2022
အီရတ်နိုင်ငံတောင်ပိုင်းရှိစိမ့်မြေတွေမှာ တိရိစ္ဆာန်ဆေးကုဆရာဝန်များက လယ်သမားများမွေးမြူထားတဲ့ကျွဲများကို အရေးပေါ်သွားရောက်ကုသဖို့အတွက် မော်တော်ဘုတ်ငယ်ဖြင့် သွားလာလေ့ရှိပါတယ်။
#Yangon_Media_Group
#LocalNews
Published 5 Apr
၂၀၂၂ က ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၁၁,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_5 April 2022
ဂလိုဘယ်ဓမ္မဖောင်ဒေးရှင်းတက္ကသိုလ် (Global Dhamma Foundation University) က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင် အခမဲ့ Diploma in Buddhist English တစ်နှစ်သင်တန်းနဲ့ B.A in Buddhist English သုံးနှစ်သင်တန်းတွေကို ခေါ်ယူနေပါပြီ။
#Yangon_Media_Group
Published 5 April 2022
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော်ရဲ့ ဆင်ခြေဖုံးမှာ မကြာမီက ဖွင့်လှစ်ခဲ့တဲ့ ယူဆီယမ် "Youseum" လို့အမည်ပေးထားတဲ့ ပြတိုက်ဟာ လာရောက်ကြည့်ရှုတဲ့ ဧည့်သည်တွေအတွက် ဆဲလ်ဖီးဆွဲဖို့နှင့် ဗွီဒီယိုရိုက်ကူးဖို့ ပျော်စရာကောင်းတဲ့ နောက်ခံအပြင်အဆင်တွေ ဖန်တီးပေးထားပါတယ်။အဲဒီဆဲလ်ဖီးပြတိုက်ကို ကြိုက်နှစ်သက်သူတွေ အတော့်ကိုများနေပါတယ်။
ဒီစိတ်ကူးကို ၂၀၁၉ ခုနှစ်တုန်းက အမ်စတာဒမ်မှာစတင်ခဲ့ပြီး ယခုဆိုရင် ဂျာမနီနှင့် အရှေ့အလယ်ပိုင်းအပါအဝင် ကမ္ဘာအနှံ့ပျံ့နှံသွားပါပြီ။
Source AFP
#LocalNews
Published - 5 April 2022
ပုဂံဒေသသို့ ခရီးသွားများ ဝင်ရောက်လာသည့်အတွက် ဒေသခရီးသွားလုပ်ငန်းများကိုလည်း ပြန်လည်စတင်လည်ပတ်နေကြပြီဖြစ်တယ်လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။
"အရင်နှစ်တွေကနဲ့ မတူပါဘူး။ အရင်( ၂) နှစ်လောက်က ဒီလုပ်ငန်းတွေက ရပ်နားထားရတာ ပေါ့။အခုနှစ်ရယ် ပြီးခဲ့တဲ့နှစ်ကစပြီး ဒေသလုပ်ငန်းတွေ ပြန်လည်ပတ်လို့ရခဲ့ပါတယ်။
ဒေသခံတွေအတွက်လည်း အဆင်ပြေသွားတာ ပေါ့။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်ပြီးတော့ ဖွံ့ဖြိုးလာတယ်။ အရင်ကဆို ခရီးသွားတွေမရှိတဲ့အတွက် ဒေသလုပ်ငန်းတွေမိရိုးဖလာလုပ်ငန်းတွေကို (၂)နှစ်လုံးလုံး ရပ်ထားရတာပေါ့။
ဘာပဲပြောပြော အဲ့တုန်းကဆိုရင် မြို့ခံတွေက အဆင်မပြေဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဈေးရောင်းကြ ပြန်ဝယ်ကြနဲ့ပဲ နေလာရတာ အခုက ခရီးသွားလုပ်ငန်းတွေကို ပြန်လုပ်လို့ရပြီဆိုတော့ ဘယ်လိုပြောမလဲ ပိုက်ဆံလေးလည်း ရွှင်ရွှင်ပြပြရှိလာတာပေါ့ ။"လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက အခုလို ပြောပြခဲ့ပါတယ်။
လက်ရှိကာလမှာ ပုဂံဒေသသို့ ပြည်တွင်းခရီးသွားဝင်ရောက်မှုတွေ များပြားနေတာဖြစ်ပြီး ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းခန့်အထိ ပုဂံဒေသသို့ ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် ခရီးသွားများအတွက် ပုဂံဒေသရှိ ဘုရားစေတီပုထိုးများကို ပုံမှန်တိုင်းဖွင့်လှစ်ပေးထားပြီး ဘုရားဖူးများတည်းခိုနားနေနိုင်ရန်အတွက် ဟိုတယ်၊ မိုတယ်များကိုလည်း ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
"ခရီးသွားတွေက ပြန်ဝင်လာတယ်။ မနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီးတော့ ပြန်ဝင်လာကြတာပေါ့။ ၁၀၀ မှာ ၅၀ တောင်မဟုတ်ဘူး။ ၇၀ ၊ ၈၀ လောက်ကို ပြန်ဝင်လာကြပါတယ်။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ထို့အပြင် ယခုသင်္ကြန်ရုံးပိတ်ရက်ကာလများမှာလည်း ပုဂံဒေသသို့ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုများပြားနိုင်မယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ခန့်မှန်းထားကြတာပါ။
ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုတွေလျော့ကျလာခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစလို့ ကမ်းခြေဒေသနှင့် ပုဂံဒေသသို့ ပြည်တွင်းခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 5 April 2022
မတ်ပဲတစ်တင်းကို ကျပ် ၅၀,၀၀၀ နီးပါးထိ ရှိခဲ့ရာကနေ အခုရက်ပိုင်းအတွင်း မတ်ပဲ တစ်တင်း ကျပ် ၅၀၀ ကနေ ၁,၀၀၀ ကြား ဈေးနှုန်းကျဆင်းနေတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံအစိုးရက မတ်ပဲတင်သွင်းမှုကာလကို တစ်နှစ်တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီးနောက် မြန်မာမတ်ပဲဈေးနှုန်းများ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။
ယခုအခါ မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန်လိုက်တဲ့ ငွေကြေးပေါ်လစီအပြောင်းအလဲဟာ exporter တွေအပေါ် များစွာအကျိုးသက်ရောက်မှုရှိနေပြီး၊ ကုန်စည်များ အရောင်းအဝယ်ဖြစ်မှု နှေးကွေးသွားတယ်လို့ ဖော်ပြထားပါတယ်။
ငွေကြေးပေါ်လစီပြောင်းလဲသွားစေကာမူ FOB / CFR ဈေးနှုန်းများ မပြောင်းလဲသဖြင့် exporter များအနေနဲ့ တင်ပို့မယ့်ကုန်ပစ္စည်းကို ဈေးကိုက်ညီအောင်ဝယ်ယူရမှာဖြစ်တဲ့အတွက် ပို့ကုန်ပစ္စည်းဈေးနှုန်းများ ဆက်လက်ကျဆင်းမှာဖြစ်ပြီး၊ မတ်ပဲနဲ့ ပဲမျိုးစုံဈေးကွက်ကို ပိုမိုထိခိုက်လာနိုင်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ထားတယ်လို့ သိရပါတယ်။
နေ့စဉ် ဈေးနှုန်းထပ်မံကျဆင်းလာရာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မတ်ပဲဈေးနှုန်းများမှာ မတ်လ ၂၇ ရက်နေ့တွင် မတ်ပဲတစ်တင်းဈေးနှုန်း ကျပ် ၄၉,၀၀၀၊ ၂၈ ရက်နေ့တွင် ကျပ် ၄၉,၇၀၀၊ ၂၉ ရက်နေ့တွင် ကျပ် ၄၉,၀၀၀၊ ၃၀ ရက်နေ့တွင် ကျပ် ၄၈,၅၀၀၊ ၃၁ ရက်နေ့တွင်ကျပ် ၄၆,၄၀၀၊ ဧပြီ ၁ ရက်နေ့တွင်ကျပ် ၄၈,၀၀၀၊ ၂ ရက်နေ့တွင်ကျပ် ၄၇,၆၀၀၊ ၃ ရက်နေ့တွင်ကျပ် ၄၆,၇၀၀၊ ၄ ရက်နေ့တွင်ကျပ် ၄၄,၀၀၀၊ ၅ ရက်နေ့တွင်ကျပ် ၄၆,၅၀၀ အသီးသီးဖြစ်တယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#Local_News
Published_ 5 April 2022
ပုဂံ ရွှေစည်းခုံဘုရားအနီးရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း တည်ဆောက်ပြီးစီးခြင်းအခမ်းအနားကို ဧပြီ ၄ ရက်က ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiao Yan ၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဒုတိယကောင်စစ်ဝန်ချုပ် Mr. Zhang Wei ၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ နာယကဒေါ်နီနီနှင့် ဒေသခံများ တက်ရောက်ခဲ့ကြပါတယ်။


သံမှူးကြီး Ms. Li Xiao Yan က ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်စဉ်အတွင်း ပုဂံသို့ လာရောက်ခဲ့ပြီး မြန်မာကျပ်ငွေငါးထောင် လှူဒါန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံက ထိုမတည်အလှူတော်ငွေနှင့် အများပြည်သူတို့ စုပေါင်းလှူဒါန်းငွေဖြင့် ပြည်သူများ နားနေနိုင်ရန် ဤတန်ဆောင်းကို ဆောက်လုပ်ခဲ့ကြောင်း၊ ဝန်ကြီးချုပ်ချူအင်လိုင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို ဆောင်ကြဉ်းပေးသူ ဖြစ်ကြောင်း၊ ဤတန်ဆောင်းကို ကောင်းမွန်စွာ ထိန်းသိမ်းစီမံခန့်ခွဲခြင်းသည် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်၏ ဘုံဆန္ဒဖြစ်ရုံသာမက ဘုံတာဝန်နှင့် သမိုင်းပေးတာဝန်လည်း ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏ အတူတကွကြိုးပမ်းမှုအောက်တွင် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားသောတန်ဆောင်းက ဒေသခံပြည်သူများအား ဝန်ဆောင်မှုပေးရန်နဲ့ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေး လက်ဆင့်ကမ်းရန်အတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ဂေါပကအဖွဲ့ဥက္ကဌ ဦးကျော်မြင့်က ရွှေစည်းခုံစေတီတော်ကြီးသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များ မကြာခဏလာရောက်ပြီး အလှူငွေများ လှူဒါန်းလေ့ရှိကြကြောင်း၊ ထိုကဲ့သို့ လှူဒါန်းကြသည့် အလှူရှင်များစွာထဲမှ ဝန်ကြီးချုပ်ချူအင်လိုင်း လှူဒါန်းငွေကို အထူးဝိသေသပြုရွေးချယ်ပြီး ဘုရားဖူးဧည့်သည်များ နားနေတည်းခိုနိုင်ရန် အဆောက်အဦး ဆောက်လုပ်ကမ္ဗည်းရေးထိုးထားခဲ့ခြင်းသည် မြန်မာ-တရုတ်ချစ်ကြည်ရေးကို အလေးထားမှုကို ပေါ်လွင်ထင်ရှားစေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းပြီး ချူအင်လိုင်း တန်ဆောင်းကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့တို့နှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် တန်ဆောင်းကို ပြုပြင်မွမ်းမံပြီး ပြည်သူများအသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 5 April 2022
နယ်လိုင်စင်ကားတွေ အဝယ်လိုက်နေပြီး ဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့်သာ
အရောင်းအဝယ်တွေဖြစ်နေတယ်လို့ ပြည်တွင်းကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 5 April 2022
ငွေသားတွေကို ဖုန်းနဲ့ တိုကင်ယူစရာမလိုဘဲ တစ်ပတ်အတွင်း ကျပ် ၅ သိန်းနဲ့ တစ်လအတွင်း အများဆုံး ကျပ် သိန်း ၂၀ အထိ ငွေသားထုတ်ယူနိုင်လို uab bank က ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
တစ်ဦးချင်း အကောင့် (individual old account) ဖွင့်ထားတဲ့ သူတွေအနေနဲ့ မိမိဖွင့်ထားတဲ့ ဘဏ်ခွဲမှာပဲ ငွေသားထုတ်ယူနိုင်တာ ဖြစ်ပါတယ်။
CB Bank အနေနဲ့လည်း တိုကင်မလိုဘဲ ငွေသားထုတ်ယူနိုင်မယ့်ဘဏ်ခွဲတွေကို အပတ်စဉ် တိုးချဲ့ထုတ်ပြန်နေပြီး အခုလက်ရှိ တိုင်းနယ်/ ပြည်နယ်မှာရှိတဲ့ ဘဏ်ခွဲ ၅၄ ဘဏ်မှာ ထုတ်ယူနိုင်ပြီလို ကြေညာထားပါတယ်။
ဒါ့အပြင် ရိုးမဘဏ်ကလည်း ဧပြီလ ၄ ရက်နေ့က စတင်ပြီး မိမိအကောင့်ကနေ ဖုန်းဆက်တိုကင်ယူဖို့မလိုဘဲ တစ်ပတ် ကျပ် ၅ သိန်းအထိ ငွေသားထုတ်ယူနိုင်ပြီလိုလည်း ကြေညာထားပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published-5 April 2022
မဟာသင်္ကြန်ပွဲတော်ကာလအတွင်းမှာ လျှပ်စစ်မီးပေးချိန်ကို ထပ်တိုးပေးနိုင်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း စီစဉ်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published -4 April 2022
၁။ သင်္ကြန်ရက်များအတွင်း လျှပ်စစ်မီးပေးချိန်ထပ်တိုးနိုင်ရန် YESC စီစဉ်
၂။ နယ်လိုင်စင်ကားတွေ အဝယ်လိုက်နေပြီး ဈေးကွက်တွင် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့်အရောင်းအဝယ်တွေဖြစ်နေ
၃။ မိုးလေဝသ သတင်း
၄။ ကမ္ဘာ့အကြီးဆုံးမြစ်ဝကျွန်းပေါ်တွေထဲက တစ်ခုဖြစ်သော အီရတ်တောင်ပိုင်းစိမ့်မြေများရှိ ကျွဲနွားများကို ဆရာဝန်များက မော်တော်ဘုတ်ငယ်များအသုံးပြု ဆေးဝါးကုသပေးနေ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 5 Apr 2022
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFF Futsal Championship 2022 ပြိုင်ပွဲမှာ မြန်မာ့လက်ရွှေးသင်ဖူဆယ်အသင်းဟာ ဒုတိယပွဲစဥ်အဖြစ် သြစတေးလျအသင်းနဲ့ယှဥ်ပြိုင်ရာမှာ ၆ ဂိုး ၁ ဂိုးဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မနေ့ကယှဥ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ဗီယက်နမ်အသင်းကို ၁-၁ ဂိုးသရေ စွမ်ဆောင်နိုင်ခဲ့ပြီး
ကမ္ဘာ့အဆင့် ကွာခြားချက်မြင့်မားတဲ့ အင်အားကြီးဗီယက်နမ်အသင်းကို သရေကစားပြီး မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေနဲ့ ဖူဆယ်ကစားနည်းတိုးတက်လာမှုကို ပရိသတ်အနေနဲ့တွေ့မြင်ခဲ့ရပါတယ်။
ထိုင်းနည်းပြနဲ့အတူပွဲထွက်လာတဲ့ မြန်မာလက်ရွေးစင်အသင်းဟာ ကမ္ဘာ့အဆင့် ၃၈ မှာရပ်တည်နေတဲ့ ဗီယက်နမ်အသင်းကို သရေကစားနိုင်ခဲ့တာကြောင့် ရမှတ် ၁ မှတ် ယနေ့ပွဲစဥ်မှာ အနိုင် ၃ မှတ်ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲစဥ်ကို တီမောလက်စတေအသင်းနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
Page 1895 of 1996