#LocalNews
Published _ 10 June 2022

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက်ရှိပြီး မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာအနုပညာရပ်များကိုပါ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြောသည်။

 

"ပညာထူးချွန်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ နိုင်ငံ့သားကောင်းများသည် နိုင်ငံတော်အတွက် အားထားရမည့်သူများဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွေမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်တဲ့ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်ချက်နဲ့သင်ကြားပေးလျက် ရှိပါတယ်။ မြန်မာတိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာအနုပညာရပ်တွေပါ သင်ကြားပေးသွားမှာဖြစ်တဲ့အပြင် ယဉ်ကျေးမှုအမွေအနှစ်တွေကိုပါ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖိုလိုပါတယ်" ဟုဒုတိယဝန်ကြီးကပြောသည်။

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ ဇွန်လ ၉ ရက်တွင်ကျင်းပခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

လာမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင်
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပါဝင်အစွမ်းပြခွင့် ရရှိမည်ဖြစ်ပြီး တက္ကသိုလ်အဆင့် အနုသုခုမပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ယူ၍ ကိုယ်ကျင့်တရားကောင်းမွန်သောထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင်ကောင်းများ ဖြစ်ကြပါစေဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြောကြားခဲ့သည်။

 

ymg/NN
#Yangon_Media_Group