#LocalNews
Published - 10 June 2022

 

အဆောက်အဦများတည်ဆောက်ပြုပြင်သည့် ကုန်ကျစရိတ်များကို Estimate တွက်ချက်နိုင်အောင် ရှေးဟောင်းသုတေသနဝန်ထမ်းများကို သင်တန်းပေးနေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်၊၊

 

ရှေးဟောင်းသုတေသနဌာနအနေဖြင့် ရှေးဟောင်းအဆောက်အဦများကို ရှေးမူမပျက်ပြန်လည်ပြုပြင်ရသည့်လုပ်ငန်းများဆောင်ရွက်ရပြီး ယင်းအတွက်အဆောက်အဦတည်ဆောက်ပြုပြင်သည့် ကုန်ကျစရိတ် Estimate တွက်ချက်ခြင်း သင်တန်းကိုပေးခြင်းဖြစ်သည်၊၊

 

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် အဆောက်အဦအသစ် Drawing မှ Computer Excel ဖြင့် Estimate တွက်ချက်ခြင်းသင်တန်းများပေးခဲ့ခြင်းဖြစ်သည်၊၊

 

သင်တန်းဆင်းပွဲတွင် "အဆောက်အဦအသစ်အတွက် Estimate တွက်ချက်ခြင်း သင်ကြား တတ်မြောက်လျှင် အဆောက်အဦ အဟောင်းကို ပြုပြင်မွမ်းမံရာတွင်လည်း တွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ Civil ဘာသာရပ် မဟုတ်သည့် ဝန်ထမ်းများ တတ်မြောက်သွား၍ ဝမ်းသာရပါကြောင်း၊ အလားတူ အင်ဂျင်နီယာ မဟုတ်သည့် ဝန်ထမ်းများလည်း တက်ရောက်သင်ကြားနိုင်ပါကြောင်း၊ သင်တန်းသားများ အနေနှင့် စိတ်ပါဝင်စားစွာဖြင့် ကြိုးစား သင်ယူကြရန် လိုအပ်ပါကြောင်း"ဟုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းလွင်ကထည့်သွင်းပြောကြားခဲ့သည်၊၊

 

မေလ(၂၆)ရက်မှဇွန်လ(၈)ရက်အထိသင်တန်းသုံးကြိမ်ဖွင့်ခဲ့ပြီးသင်တန်းသား (၇)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group