#LocalNews
Published - 10 June 2022

 

နယ်ကနေ ရန်ကုန်ကလေးဆေးရုံကြီးကို လာရောက်ကုသနေရသည့် ကလေးလူနာများအတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်၊၊

 

ဆေးရုံကြီးက လိုအပ်သည့်ဆေးနှင့်နေ့လည်စာ အခမဲ့ပေးသော်လည်း မျက်စိကင်ဆာဖြစ်နေသည့် ကလေးလူနာအတွက် ခွဲစိတ်ကုသရမယ့်စရိတ်၊ သွားလာစရိတ်၊ စားစရိတ်တွေလိုအပ်နေသည်ဟု ဆိုပါသည်၊၊

 

"နယ်ကနေဆေးရုံလာတက်တဲ့ ကလေးလူနာတွေအတွက်ကတော့ အလှူရှင်တွေလိုပါတယ်၊၊ ကလေးလူနာဖြစ်လို့ မသွားနိုင်မလာနိုင်တော့ တက်စီနဲ့ပဲနေ့စဥ်ဆေးရုံကို အသွားအပြန်ပြရတော့ တက်စီခတွေ ကုန်ကျပါတယ်၊၊ တစ်ရက်ကိုတက်စီခ ၅၀၀၀/ ၁၀၀၀၀ ကုန်ကျပါတယ်၊၊ စားစရိတ်က ဆေးရုံကနေ့ခင်းပိုင်း အခမဲ့ကျွေးတယ်၊၊ ညနေကျတော့ဝယ်စားရတယ်၊၊ အခုမျက်စိကင်ဆာက မျက်စိခွဲထုတ်ရမှာဆိုတော့ ခွဲစိတ်စရိတ်သုံးသိန်းလောက်တော့ ကုန်ဖို့ရှိပါတယ်၊၊မျက်စိခွဲထုတ်လိုက်ရင်တော့ အသက်အန္တရာယ်မရှိတော့ဘူးလို့ ပြောပါတယ်၊၊ ဖုန်း 09441460973 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်"လို့ မျက်စိကင်ဆာဖြစ်ပွားနေတဲ့ ကလေးငယ် ကောင်းခန့်ပိုင်ရဲ့မိခင်က YMG ကို ပြောပါတယ်၊၊

 

ကလေးလူနာတွေအတွက် ဝေဠုကျော်ဖောင်ဒေးရှင်း ကလည်းတတ်နိုင်သလောက်လှူဒါန်းနေပြီးနေ့စဥ် အကူအညီတောင်းခံထားသည့် ကလေးလူနာများရှိကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက ပြောပါသည်၊၊

 

လှူဒါန်းလိုသူများ ဝေဠုကျော်ဖောင်ဒေးရှင်းက တစ်ဆင့်လှူဒါန်းနိုင်သလို ကိုယ်တိုင်ကိုယ်ကျလည်း သွားရောက်လှူဒါန်းနိုင်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group