#LocalNews
Published - 10 June 2022

 

မြန်မာအမျိုးသားလေကြောင်းသည် ရန်ကုန်- ဘန်ကောက်- ရန်ကုန်ခရီးစဉ်များကို နေ့စဉ်ပျံသန်းပြေးဆွဲလျက် ရှိရာ ဇွန် ၁၅ ရက်မှစတင်၍ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ခရီးစဉ်နှစ်ကြိမ်နှုန်းဖြင့် တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းမှ သိရသည်။

 

ရန်ကုန်- ဘန်ကောက်- ရန်ကုန် ခရီးစဉ်ကို ရန်ကုန်မြို့မှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ဘန်ကောက်သို့ နံနက် ၈ နာရီခွဲတွင် ဆိုက်ရောက်ကာ ဘန်ကောက်မှ ရန်ကုန်သို့ နံနက် ၉ နာရီခွဲ ပြန်လည်ထွက်ခွာပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ကွာလာလမ်ပူ၊ ကိုရီးယား အင်ချွန်းခရီးစဉ်ကို တစ်ပတ် နှစ်ကြိမ် တိုးချဲ့ပျံသန်းသွားရန်ရှိပြီး ဗုဒ္ဓဂယာခရီးစဥ်ကိုလည်း ပျံသန်းပြေးဆွဲရန် စီမံဆောင်ရွက်လျက်ရှိကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကိုလည်း ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ပြီး လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ် ပြေးဆွဲလာသောကြောင့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် အခြားခရီးစဉ်များကိုလည်း ယင်းကဲ့သို တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ymg/NN
#Yangon_Media_Group