#LocalNews
Published - 10 June 2022

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)သည် ပြီးခဲ့သည့် ဧပြီလအစောပိုင်းတွင် ကယားပြည်နယ်သို အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို ပထမဦးဆုံး ကူညီထောက်ပံ့မှုပေးအပ်ရောက်ရှိခဲ့သော နိုင်ငံတကာအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ပြီး ယနေ့(ဇွန်၁၀ရက်)အထိ ကယားပြည်နယ်ရှိ လူဦးရေ စုစုပေါင်း ၅၄, ၂၀၀ ဦးကိုအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း UNHCR က ထုတ်ပြန်ခဲ့သည်၊၊

 

မေလ နှင့် ဇွန်လအစောပိုင်းတွင်ဆောင်ရွက်ခဲ့သည့် အဓိကအရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများကူညီထောက်ပံ့မှုများမှတဆင့် ခန့်မှန်းခြေအားဖြင့် လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်များအတွင်း နေထိုင်သူပေါင်း ၂၅,၂၀၀ ဦး အကျိုးခံစားခွင့်ရရှိခဲ့ကြသည်ဟု ဆိုသည်၊၊

 

UNHCR အနေဖြင့်စောင်များ၊ ဆိုလာမီးအိမ်များ၊ ခြင်ထောင်များ၊ ရေပုံးများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံး ပစ္စည်းများ၊ တာပေါ်လင်စများ၊ ဖျာများ စသည်တို့ကို ကူညီမှုလိုအပ်နေသော အမျိုးသမီးများ၊ အမျိုးသားများနှင့် ၎င်းတို့၏ မိသားစုများထံ ဖြန့်ဝေပေးခဲ့ပါသည်။

 

UNHCR ၏ ကူညီထောက်ပံ့မှု အစီအစဉ်များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် အထူးသဖြင့် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲသောဒေသများရှိ အကူအညီလိုအပ်နေသော လူမှုအသိုက်အဝန်းများထံ အရေးပေါ်ကယ်ဆယ်ရေး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းများကို လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group