#Local_News
Published 17 October 2026

■ လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအသစ်များ ထုတ်ဝေသွားမည်ဆိုသည့် သတင်းများ ပျံ့နှံ့နေသော်လည်း အဆိုပါသတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားချက်အရသိရသည်။

■ ထို့ကြောင့် ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များမှတစ်ဆင့် စိစစ်အတည်ပြုရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။

■ အထူးသဖြင့် ငွေစက္ကူအသစ်များ ထုတ်ဝေမည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များကိုသာ အခြေခံစိစစ်ကြရန်နှင့် သတင်းအမှားများကြောင့် မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

#YMG/SW #Yangon_Times