#Local_News
Published 17 October 2026
■ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် နှစ်လကျော်ကြာ ယာယီရပ်နားထားခဲ့ရသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း လူစီးအမြန်ရထားခရီးစဉ်များကို အောက်တိုဘာ ၁၆ ရက်မှစတင်ကာ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။
■ ၂၀၂၆ ခုနှစ် ဇူလိုင်လမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်တာပေါင် ကျိုးပေါက်မှုတို့ကြောင့် ပုသိမ်-ဟင်္သာတ ရထားလမ်းပိုင်းရှိ ဒိုက်ပျက်ဘူတာနှင့် ဇရပ်လှဘူတာကြား ရထားလမ်းအရှည် ပေ ၅,၀၆၀ ခန့် ရေဖုံးလွှမ်းခဲ့ပြီး အချို့နေရာများတွင် သံလမ်းအောက်ခြေအထိ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
■ ယင်းကြောင့် ဩဂုတ် ၄ ရက်မှစတင်ကာ ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်၊ အဆန် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းခဲ့ရသည်။
#YMG/SW #Yangon_Times