Published 9 April 2022
မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေအတွက် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေအပါအဝင် အကြီးစားလက်နက်တွေ ဝယ်ယူပြီး ဘိန်းဖြူနှင့် မီသမ်ဖက်တမင်းတို့ကို တရားမဝင်ရောင်းဖို့ကြံစည်ကြတဲ့ ဂျပန်ယာကူဇာလူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် ထိုင်းအမျိုးသား(၃)ဦးတို့ကို အမေရိကန်အာဏာပိုင်တွေက ကြာသပတေးနေ့က ဖမ်းဆီးရရှိလိုက်မိတယ်လို့ SCMP သတင်းစာက ဖော်ပြရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့နှင့် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ တာကီရှီ အီဘီဆာဝါ၊ ဆွမ်ပက် ရုကရာဆာရန်နီ၊ ဆွမ်ဖွတ်ဆင်ဟာဆီရီနှင့် ဆူကဆန်ဂျူလန်နန်တို့ကို မူးယစ်ဆေးဝါးနှင့် လက်နက် တရားမဝင်ကုန်သွယ်မှု၊ ငွေကြေးခဝါချမှုတွေနှင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
အနည်းဆုံး၂၀၁၉ခုနှစ်ကတည်းကစပြီး ထိုင်းမှာရှိတဲ့ အမေရိကန်မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနရဲ့ ထောက်လှမ်းရေးတွေရဲ့ စုံစမ်းဖော်ထုတ်မှုတွေအရ အဲဒီသူတွေဟာ မြန်မာနိုင်ငံက ညီညွတ်သော ဝပြည်သွေးစည်းညီညွတ်ရေးတပ် UWSA က ဘိန်းဖြူနှင့် မီသမ်ဖက်တမင်းအမြောက်အများကို လျို့ဝှက်ထောက်လှမ်းရေးတစ်ဦးထံ ရောင်းချဖို့ စီစဉ်ခဲ့တယ်လို့ သတင်းကရေးသားပါတယ်။
အဲဒီအချိန်မှာပဲ အီဘီဆာဝါဟာ အလိုအလျောက်လက်နက်တွေ၊ဒုံးပျံတွေ၊စက်သေနတ်တွေနှင့် မြေပြင်မှဝေဟင်ပစ် ဒုံကျည်တွေကို မြန်မာနိုင်ငံမှ UWSA၊ KNU ၊SSAနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အတွက် ဝယ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၃ရက်မှာ အီဘီဆာဝါနှင့် သူ့မိတ်ဆွေတို့ဟာ ကိုပင်ဟေဂင်ကို သွားခဲ့ပါတယ်။အဲဒီမှာ အမေရိကန်မူးယစ်ထိန်းချုပ်ရေးဌာန DEA လျှို့ဝှက်ထောက်လှမ်းရေးတစ်ဦးနှင့် ဒိန်းမတ်ရဲထောက်လှမ်းရေးအရာရှိနှစ်ဦးတို့က သူတို့ကို စက်သေနတ်တွေနှင့်တင့်ကားဖျက်ဒုံးပျံတွေအပါအဝင် အပြင်ပန်းအားဖြင့်ရောင်းရန်ရှိတဲ့ အမေရိကန်စစ်တပ်လက်နက်တွေပြသခဲ့ပါတယ်။
လေယာဉ်တွေကိုပစ်မှတ်ထားတဲ့ စတင်ဂါဒုံးကျည်တွေရဲ့ဓာတ်ပုံတွေနှင့် ဗွီဒီယိုတွေကိုလည်း သူတို့က အီဘီဆာဝါကို ပြသခဲ့ပါတယ်။
“မစ္စတာအီဘီဆာဝါနှင့် ပူးပေါင်းကြံစည်သူတွေဟာ အကြီးစားလက်နက်တွေကို ဝယ်ယူပြီး တရားမဝင်မူးယစ်ဆေးဝါး အမြောက်အများကို ရောင်းချဖို့ DEA လျို့ဝှက်ထောက်လှမ်းရေးတစ်ဦးနှင့် အရောင်းအဝယ်ပွဲစား လုပ်ခဲ့ကြကြောင်း သူတို့ကို ကျွန်တော်တို့က စွပ်စွဲထားပါတယ်” လို့ တရားရေးဝန်ကြီးဌာနကပြောပါတယ်။
မူးယစ်ဆေးဝါးတွေဟာ နယူးယောက်မြို့အထိပေးပို့ဖို့ဖြစ်ပြီး လက်နက်တွေကိုတော့ လက်နက်ကိုင် အဖွဲ့တွေဆီ ပို့ပေးရမှာဖြစ်ပါတယ် လို့ ဌာနကဆက်ပြောပါတယ်။
အီဘီဆာဝါဟာ ယာကူဇာနိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဂျူလန်နန်ဟာ ထိုင်း-အမေရိကန် နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူဖြစ်ပြီး ဆင်ဟာဆီရီနှင့် ရုကရာဆာရန်နီ တို့ဟာ ထိုင်းနိုင်ငံသားတွေဖြစ်ကြပါတယ်။
ဂျူလန်နန်ဟာ ထိုင်းလေတပ်က ဗိုလ်ချူပ်ကြီးဖြစ်ပြီး ရုကရာဆာရန်နီဟာ ထိုင်းစစ်တပ်အငြိမ်းစားအရာရှိကြီးဖြစ်တယ်လို့ စုံးစမ်းစစ်ဆေးမှုတွေပြုလုပ်စဉ်အတွင်း အီဘီဆာဝါက DEA ထောက်လှမ်းရေးကိုပြောခဲ့တယ်လို့ အမှုစွဲချက်အရသိရပါတယ်။
သူတို့သုံးဦးဟာ မြန်မာနိုင်ငံအပြင် သီရိလင်္ကာနိုင်ငံက သူပုန်တွေအတွက်ပါ လက်နက်ဝယ်ယူပေးဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
နယူးယောက်မှာ ဖမ်းဆီးခံရတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုထဲ အဲဒီလူ(၄)ဦး ဘယ်လိုရောက်လာသလဲဆိုတဲ့ အချက်ကိုတော့ တရားရေးဝန်ကြီးဌာနက ရှင်းပြမထားပါဘူး။
Source SCMP
#Local_News
Published_ 9 April 2022
တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေးစင်္ကြံနှင့် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ ပင်လယ်-ကုန်းကြောင်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းသစ်အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို ဧပြီလ ၇ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Li Guanyu နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်တို ဦးဆောင်တက်ရောက်ခဲ့ကြပါတယ်။
နှစ်နိုင်ငံ စီးပွားရေးစင်္ကြံကနဦး ပြီးစီးသည့်စီမံကိန်းစာရင်းများပါ ကားလမ်းမကြီး၊ ရထားလမ်း၊ ဆိပ်ကမ်းစီမံကိန်းနှင့် တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ ရေကြောင်းပညာရေးနှင့် လေ့ကျင့်ရေး စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
ယခင်အကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးပြီးနောက် ရရှိထားသော တိုးတက်မှုများကို အသိအမှတ်ပြုကာ နောက်တစ်ဆင့်လုပ်ငန်းအတွက် အခြေခံချမှတ်ပေးခဲ့သဖြင့် နှစ်နိုင်ငံပို့ဆောင်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ကြပါတယ်။
ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရလဒ်ကောင်းများရရှိရန် ဆက်လက်ဖော်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အား နှစ်နိုင်ငံဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldNews
Published 08 April 2022
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာမှာ ထောင်ပေါင်းများစွာသော ဆိုင်ကယ်မောင်းနှင်သူတွေ ဆန္ဒပြခဲ့ကြပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 April 2022
အိန္ဒိယ - မြန်မာနယ်စပ်မြို့ဖြစ်သည့် တမူးမြို့တွင် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ၃၀ နီးပါးခန့်ဟာလက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ တမူးမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 April 2022
နိုင်ငံခြားသား ပြည်ပဧည့်သည်အဝင်နည်းပါးမှုကြောင့် ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းများကို ယနေ့အချိန်အထိ ပြန်လည်လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ ပုဂံဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
Published 8 April 2022
ဆိုးရွားလာနေတဲ့ ငွေကြေးဖောင်းပွမှု၊ ငွေကြေးမူဝါဒများ လျော့တိလျော့လျဲဖြစ်မှုများနှင့် နိုင်ငံရေးသမားများက နိုင်ငံရေး အမြတ်ထုတ်နေကြမှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေ အထူးသဖြင့် ဆင်းရဲသားတွေရဲ့ အသားတင်ဝင်ငွေတွေ လျော့ကျနေရပါတယ်။
ငွေကြေးဖောင်းပွမှုဟာ ချမ်းသာသူတွေထက် ဝင်ငွေနည်းပါးတဲ့သူတွေကို ပိုပြီးထိခိုက်နစ်နာနေရတာဖြစ်ပါတယ်။
Source CMG
#LocalNews
Published - 8 April 2022
ဆီထွက်သီးနှံနေကြာကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဧက ၁၅ သိန်း တိုးချဲ့စိုက်ပျိုးဖို့ ဝန်ကြီးဌာနအနေနဲ့ စီစဉ်နေပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 April 2022
အများပြည်သူတွေ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် သင်္ကြန်ပွဲတော်ရက်များအတွင်း ရွှေတိဂုံ စေတီတော်ကြီးကို မနက် ၅ နာရီမှ ည ၈ နာရီ အထိ(ပိတ်ရက်မရှိ)ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။
" စေတီတော်ကြီးကို သင်္ကြန်တွင်းကာလမှာ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း နံနက် ၅ နာရီက နေ ည ၈ နာရီအထိ အများပြည်သူတွေ ဖူးမြော်ကြည်ညိုနိုင်ဖို့ ဖွင့်လှစ် ပေးထားမှာဖြစ်ပါတယ်။နှစ်ဆန်းတစ်ရက်နေ့ကျရင်တော့ စေတီတော်ကြီးရဲ့ သြဝါဒစရိယဆရာ တော်ကြီးများရဲ့ လမ်းညွှန်မှုတွေနဲ့အညီ ပုံမှန်လုပ်နေကျဖြစ်တဲ့ နှစ်ဦးတရားပွဲအလှူတွေရှိပါမယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ စတုဒီသာ လာရောက်လှူဒါန်းလိုတဲ့ အလှူရှင်တွေကိုလည်း စေတီတော်ကြီးရဲ့ ပုရဝုဏ်အတွင်းမှာ လှူဒါန်းနိုင်ဖို့ စီစဥ်ပေးထားပါတယ်။ မည်သူမဆိုလည်း စတုဒီသာတွေလာရောက်လှူဒါန်းလို့ရပါတယ်။"လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများ ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရေး နံနက် ၅ နာရီမှ ည ၈ နာရီအချိန်အထိ အချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - Shwedagon Pagoda(Page)
ymg/kg
#Yangon_Media_Group
#DailyNews
Published -8 April 2022
၁။ ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးဟုဆို။
၂။ တမူးမြို့တွင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ၃၀ နီးပါး လက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အကြမ်းဖက်မှုများကာကွယ်နိုင်ရန် ဆိုင်ကယ်စီးနင်းမှုစည်းကမ်းကန့်သတ်ချက်အသစ်များအပေါ် ကိုလံဘီယာတွင် ဆိုင်ကယ်သမားများ ယာဉ်ကြောပိတ်ဆို့ဆန္ဒပြ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_Nes
Published_ 8 April 2022
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လူဦးရေ ၂၃,၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ်များစွာမှာ အာဟာရချို့တဲ့မှုကို တွေ့ကြုံခံစားနေကြရပြီး အခုအခါ မိသားစုများအနေနဲ့ မိမိတို့သားသမီးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးနိုင်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။
ယူနီဆက်အနေဖြင့် အားနည်းထိခိုက်လွယ်တဲ့ ရပ်ရွာအသိုက်အဝန်းများအတွက် အာဟာရစီမံချက်များ တိုးချဲ့ပံ့ပိုးပေးနိုင်ဖို့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ငါးသန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပါတယ်။ ယူနီဆက်အနေနဲ့ လက်တွေ့လိုအပ်နေတဲ့နေရာတွေက အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်များနဲ့ မိသားစုများကို ထောက်ပံ့ကူညီပေးလျှက်ရှိပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားထိခိုက်လွယ်သူများအတွက် အရေးပေါ် အာဟာရ၊ ကျန်းမာရေး၊ ရေ ၊ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ်ကာကွယ်ရေးအကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_8 April 2022
ရခိုင်ပြည်နယ် ၊ အမ်းမြိုန့ယ်၊ကျောက်မြောင်းအုပ်စု၊ ကျောက်မြောင်းကျေးရွာတွင်တွေ့ရှိရသော ဗုဒ္ဓဆင်းတုတော်များနှင့် ငွေဒင်္ဂါးပြား စသည်တို့ကို ရှေးဟောင်းပစ္စည်း ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုရန် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနအဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်က အဆိုပါကျေးရွာတွင် ရှေးဟောင်းသမိုင်းဝင်စေတီ ၉ ဆူအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ရွာသူသားများမှဆောင်ရွက်ရာတွင် ကျောက်ဖြင့်တည်ထားသော စေတီတော် ၁ ဆူမှ အင်းကွက်ဟုယူဆရသော စာများရေးသားထားသည့် ကျောက်ပြား ၄ ခု၊ ဘုရားဆင်းတုတော် ၁၄ ဆူနှင့် ငွေဒင်္ဂါးပြား ၁၂ ပြားတို့အား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ယခုအခါ အဆိုပါပစ္စည်းများကို ကျောက်မြောင်းကျေးရွာ ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးတေဇနိယက ၎င်းကျောင်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 8 Apr 2022
ဧပြီလ ၅ ရက်နေ့က ထိုင်းနိုင်ငံအတွင်း ယာဥ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ မြန်မာရွေ့ပြောင်းလုပ်သားတွေကို အလုပ်သမားသံအရာရှိက သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၅ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများတင်ဆောင်လာသည့် Pickup အမျိုးအစား မော်တော်ယာဥ်သည် တာ့ခ်ပြည်နယ်၊ ဖိုးဖရခရိုင်၊ ကျောက်ခက်မြို့နယ်၊ ယွတ်ဒွိင်လမ်းမကြီးပေါ်တွင် ယာဥ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရန်တားဆီးစဥ် ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့၍ အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဥ်ပေါ်ပါသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကျား(၅)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း(၁၈)ဦးအနက် ကျား(၁)ဦး၊ မ(၄)ဦး၊ စုစု ပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့တာဖြစ်ပါတယ်။

မဲဆောက်မြို့ အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံအရာရှိအနေဖြင့် ဧပြီလ ၇ ရက်နေ့တွင် ဖိုးဖရရဲစခန်းသို့ရောက်ရှိ၍ ခရိုင်ရဲမှူးဖြင့်တွေ့ဆုံကာ အမှုအခြေအနေအားမေးမြန်းပြီး အမှုအမြန်ဆုံးပြီးပြတ်စေရေးနှင့် အလုပ်သမားများအား နေရပ်ပြန်နိုင်ရေးဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ကာ အလုပ်သမားများ ခေတ္တထားရှိသည့်နေရာသို့ သွားရောက်၍ အလုပ်သမားများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1890 of 1996