#LocalNews
Published _ 13 June 2022

 

ပုဇွန်တောင်မြို့နယ်အတွင်း အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးများနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးအပါအဝင် ဗို့အားကောင်းမွန်ရေးအတွက် ဟောင်းနွမ်း Analog မီတာများကို Digital Smart မီတာများဖြင့် အစားထိုးလဲလှယ်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်၊၊

 

ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းခြင်းနှင့် AMl စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ ပြုလုပ်နေလျှက်ရှိပြီး မြို့နယ်အတွင်း အများပြည်သူ အသုံးပြုနေသည့် ဟောင်းနွမ်း Analog မီတာ အလုံး ၁၆၀၀၀ ကျော်ကို Digital Smart မီတာအသစ်များဖြင့် အစားထိုးလဲ လှယ်ပေးနေကြောင်း သိရသည်။

 

ထိုသို့လဲလှယ်ရာတွင် မီးသုံးစွဲသူ ပြည်သူများအနေဖြင့် မည်သည့်ငွေကြေးမှကျခံ ရန်မလိုဘဲ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းယင်းမှ သိရသည်။

 

လက်ရှိတွင် ပုစွန်တောင်မြို့နယ်အတွင်းရှိ အမှတ်၂၊ ၅၊ ၇ ၊ ၈ ရပ်ကွက်များကို ဆောင်ရွက်ပေးပြီး ကျန်ရှိသည့် ရပ်ကွက်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည့်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်၊၊

 

ymg/NN
#Yangon_Media_Group