#LocalNews
Published _ 13 June 2022

 

အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

 

"အရည်အသွေးပြည့်ဝတဲ့ ပရိဘောဂကုန်ချောများ ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်ကိုလည်း တင်ပို့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်" ဟုပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

 

မဟာဗျူဟာမြောက် ဓာတ်သတ္တုတွင်းထွက်များ၊ အဆင့်မြင့် နည်းပညာသုံး ဓာတ်သတ္တုတွင်းထွက်များနှင့် ပတ်သက်၍ အလားအလာရှိသော သတ္တုဖြစ်ထွန်းမှုများကို ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေး၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးစတဲ့ လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နည်းပညာနှင့်စမ်းသပ်တိုင်းတာရေးပစ္စည်းများ ပိုမိုအဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Sima ပရိဘောဂထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်စဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

စိုက်ခင်းများမှ ထွက်ရှိလာသော ကျွန်းပင်ကျပ်တိုင်များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ တန်ဖိုးမြှင့် သစ်အချောထည်တံခါးနှင့် ကျည်းဘောင်များ ထုတ်လုပ်နေကြောင်းလည်း အဆိုပါဌာနမှ တဆင့် သိရသည်၊၊

 

ymg/NN
#Yangon_Media_Group