#Local_News
Pubblished- 21 September 2022
ယနေ့စက်တင်ဘာလ (၂၁) ရက်တွင် ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် စွဲချက်တင်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို မဲဆောက်-မြဝတီပြန်လည်ပေါင်းစည်းရေးဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
ဝေယံထူးအေဂျင်စီအတုမှ လေကြောင်းလိုင်းဖြင့် တရားမဝင်ပို့ဆောင်ခြင်းခံရသူ မလင်းလင်းဝေ၊ မခင်ယုမေတို့အား ထောင်ဒဏ် ၂၅ နှစ်ကျခံရမည့်အခြေအနေမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် မိသားစုများ၊ ဆွေမျိုးများသည် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ သုဝဏ္ဏဘူမိလေဆိပ်မှ တစ်ဆင့် ဝင်/ထွက်သွားလာမှုများ ရှိနေပြီး ၎င်းတို့အနက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဝေယံထူးအေဂျင်စီအတုမှ လေကြောင်းလိုင်းဖြင့် ပို့ဆောင်ခြင်း ခံရသောမသန်းယုမေ၊ မဖြိုးဇာဝေ၊ မလင်းလင်းဝေ၊ မခင်ယုမေတို့သည် လေဆိပ်လူဝင်မှုကြီးကြပ်ရေးစစ်ဆေးသည့်ကောင်တာတွင် Show Money အဖြစ် ဒေါ်လာအတုပြသမှုဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စမုပရာကန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး အကျဉ်းကျကာ အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
မြန်မာပြည်ရှိ မိသားစုများနှင့် အဆက်အသွယ်မရရှိဘဲ ဧပြီလ ၈ ရက်နေ့တွင် အလုပ်သမားသံအရာရှိရုံးမှသိရှိပြီး ထိုင်းရှေ့နေများ၏ အကူအညီဖြင့် မသန်းယုမေ၊ မဖြိုးဇာဝေ ၂ ဦးအား ဒဏ်ငွေနှင့် အကျယ်ချုပ်/ပြည်နှင်ဒဏ်အဖြစ် ၂ နှစ် ၆ လ ချမှတ်ထားခြင်းမှ သတ်မှတ်ဒဏ်ကြေးပေးဆောင်၍ စမုပရာကန်အကျဉ်းထောင်-ဗန်ကောက်ဒုက္ခသည်စခန်းတို့မှ ကယ်ယူနိုင်ခဲ့ပြီး လိုအပ်သော ခရီးစရိတ်များ ထောက်ပံ့ကာ မေလ ၃၀ ရက်နေ့တွင် မဲဆောက်နယ်စပ်မှ တစ်ဆင့် မြဝတီသို့ ပို့ဆောင်နိုင်ခဲ့သည်။
ယင်းအပြင် ဖမ်းဆီးခြင်းခံရသည့် လေးဦးအနက် မလင်းလင်းဝေ၊ မခင်ယုမေတို့ ၂ ဦးအား ဒေါ်လာလက်ဝယ်ထားရှိမှုအပြင် ကိုယ်တိုင်ထုတ်လုပ်သူအဖြစ်ပါ စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး လေကြောင်းလိုင်းမှ လာရောက်သော မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် နေထိုင်မည့် လိပ်စာ၊ Show Money တစ်ဦးချင်း ဘတ် ၂ သောင်း၊ မိသားစု ဘတ် ၄ သောင်း(သိုမဟုတ်)၎င်းငွေပမာဏနှင့် ကိုက်ညီမည့် ဒေါ်လာတို့ လိုအပ်မည်ဖြစ်ပါကြောင်း အလုပ်သမားသံအရာရှိရုံးမှ အသိပေးထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _ 20 September 2022
အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများကို လာမည့် ပညာသင်နှစ်ကစ၍ တွဲဖက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
ယင်းကို ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက +12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာ သင်ယူနိုင်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ KG+9 အောင်မြင်ပြီးသူများ အနေဖြင့် Grade 10 ,Grade 11 , Grade 12 နှင့် အဆင့်မြင့် တက္ကသိုလ်ပညာများအထိ သင်ယူနိုင်ကြောင်း၊ Grade 10 , Grade 11 , Grade 12 အထိ မတက်ရောက်တော့ဘဲ စိုက်ပျိုးရေး အထက်တန်းကျောင်း၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် နည်းပညာ အထက်တန်းကျောင်းများသို့ တက်ရောက်လိုပါကလည်း တက်ရောက်နိုင်ကြောင်း ယင်းဆိုသည်။
ယင်းကြောင့် KG+12 အောင်မြင်ပြီး တက္ကသိုလ် ဆက်လက်တက်ရောက်ပညာ သင်ယူသူများအတွက် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်မှု၊ ဆက်စပ်မှုရှိရန်၊ တက္ကသိုလ်ပထမနှစ် သင်ရိုးညွှန်းတမ်းနှင့် ချိတ်ဆက်မှု ရှိမရှိ စိစစ်နိုင်ရေးအတွက် Grade 12 သင်ရိုးညွှန်းတမ်း သိုမဟုတ် Grade 12 Outlines များကို ချပြဆွေးနွေးရန်လည်း ၎င်းက ဆိုသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးတိုးတက်ကောင်းမွန်ရေးအတွက် ဘာသာရပ် သင်ကြားရေးအဖွဲ့ (Board of Studies)တွင် ခင်မင်ရင်းနှီးမှုကို အခြေခံသည့် ဖွဲ့စည်းခြင်းမျိုး မလုပ်ဘဲ အရည်အချင်းရှိသူများ၊ အငြိမ်းစား ဆရာကြီးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများ၊ ရာထူးငယ်သော်လည်း ဘာသာရပ်ကျွမ်းကျင်သူ ဆရာများကို ဖိတ်ကြား၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မဟာတန်းနှင့် ပါရဂူတန်းပြင်ပ ကျမ်းကြီးကြပ်သူများအဖြစ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများကို ထည့်သွင်း ဖွဲစည်းသွားကြရန်လည်း လုပ်ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 21 September 2022
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၃၈ ဦး ယနေ့ ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားရှိသည်။
ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၈ ဦးဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရောက်ရှိလာသည့် မြန်မာလုပ်သားတွေကို အလုပ်သမားသံအရာရှိမှ ကြိုဆိုပြီး အလုပ်သမားများ သိရှိလိုက် နာသင့်သည့် အချက်တွေကို မှာကြားခဲ့ပြီး လိုအပ်တာများအား ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။
တောင်ကိုရီးယားအစိုးရအနေနှင့် မြန်မာလုပ်သားများကို တရားဝင်ပြန်လက်ခံနေပြီးဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးကိုလည်း တရားဝင်ဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published-21 Setember 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ၆ ရက်အကြာတွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင်92 တစ်လီတာ ၂၁၇၀ ကျပ်၊ 95 တစ်လီတာ ၂၂၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၇၀ ကျပ်ဖြစ်ပြီး ယနေ့တွင် 92 တစ်လီတာ ၂၂၉၀ ကျပ်၊ 95 တစ်လီတာ ၂၃၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၇၄၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၈၃၀ ကျပ်အထိမြင့်တက်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ စက်တင်ဘာလ ၁၅ ရက်မှစတင်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ရှရှားနိုင်ငံမှ မှာယူထားသည့် စက်သုံးဆီသင်္ဘောများသည် မကြာမီရက်ပိုင်းအတွင်း ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်ခြင်းမရှိအောင် စီမံဆောင်ရွက်ပေးထားကြောင်းသိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုကို သက်သာစေရန် ဗဟိုဘဏ်မှ ဈေးကွက်ထဲတွင် ကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#Ymg/STH
#Yangon_Media_Group
#Health_Tips
Published 21 September 2022
ဗိုက်တာမင်-အေကို ဘီတာကယ်ရိုတင်း ဒါမှမဟုတ် ရက်တီနောလ်လို့လည်း ခေါ်ပါတယ်။
ဘီတာကယ်ရိုတင်းက ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်-အေအဖြစ်သို့ ပြောင်းလဲသွားတာဖြစ်ပြီး ရက်တီနောလ်ကတော့ ဗိုက်တာမင်-အေဖြစ်ပြီးသားပါ။
သူတို့က အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်းတွေဖြစ်တာကြောင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
သွေးကြောပိတ်၍ ပုပ်ပွခြင်းကို ကူညီနိုင်တဲ့အပြင် အဆုတ်၊ ရင်သား၊ ကျောက်ကပ်၊ ဆီးကျိတ်၊ အစာအိမ် စတဲ့ ကင်ဆာအမျိုးမျိုးကိုလည်း ကာကွယ်တဲ့နေရာမှာ ပါဝင်ပါတယ်။
ဗိုက်တာမင်-အေကို ထောပတ်၊ ချိစ်၊ ကြက်ဥအနှစ်၊ အချို့သောငါးတွေမှာ တွေ့ရတတ်ပြီး ဘီတာကယ်ရိုတင်းလို ပရိုဗိုက်တာမင်-အေကိုတော့ ပဲတောင့်၊ ဟင်းနုနွယ်၊ မုန်လာဥနီတို့မှာ တွေ့ရပါတယ်။
ဗိုက်တာမင်-အေများစွာ ပါဝင်တာကတော့ ဖရဲသီး၊ ဆီးသီး၊ သရက်သီးတို့ဖြစ်ပါတယ်။
ရောင်စုံပါတဲ့အသီးတွေဆိုရင် ဗိုက်တာမင်-အေ ပိုပြီးပါဝင်တတ်ပါတယ်။
လူ့ခန္ဓာကိုယ်က ဗိုက်တာမင်-အေ အများကြီးတော့ မလိုအပ်ပါဘူး။
အမျိုးသမီးတစ်ယောက်အတွက် ဝ.၈ မီလီဂရမ်နဲ့ အမျိုးသားအတွက် ၁ မီလီဂရမ်သာ နေ့စဉ်လိုအပ်ပါတယ်။
ဒါကြောင့် အစားအစာကိုမျှတအောင် စားခြင်းဖြင့် ဗိုက်တာမင်လိုအပ်ချက်ပြည့်မီစေပါတယ်။
ဗိုက်တာမင်ကြွယ်ဝတဲ့ အသီးဖျော်ရည်ပြုလုပ်ရန်..
- မုန်လာဥနီတခြမ်း
- သရက်သီးတစ်စိတ်
- ပန်းသီးတစ်စိတ်
- ရေ
- သံပရာအနည်းငယ်
အားလုံးကိုလှီးဖြတ်ပြီး ရောမွှေလိုက်ပါ။
အေးအေးလေးသောက်ချင်ရင် ရေခဲသေတ္တာထဲ တစ်နာရီလောက် ထည့်ထားလိုက်ပါ။
Source: Soo Healthy
#Yangon_Media_Group
#Local_News
Published_ 21 September 2022
အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ (၂၀) ရက်တွင် အိန္ဒိယ-မြန်မာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရပါတယ်။
ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်တဲ့ India- Myanmar Business Meet (Virtual Inaugural Session) သို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အဆိုပါ အစည်းအဝေးသို့ CII National Committee on ASEAN and Oceania region and President, Asia Pacific, Tata Consultancy Services ဥက္ကဋ္ဌ Mr. Girish Ramachandran ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ CII MSME Council and CMD ဥက္ကဋ္ဌ Mr. Pradeep Bangla ၊ ရန်ကုန်မြိုရှိ မြန်မာ နိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar ၊ အိန္ဒိယ-မြန်မာကုန်သည်လုပ်ငန်းရှင်များအသင်း (IMCC) ဥက္ကဋ္ဌ Mr. Sunil Seth နှင့် အိန္ဒိယ/မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Politics
Published 21 September 2022
အမေရိကန်တို့က ကမ္ဘာကြီးကို လွှမ်းမိုးထိန်းသိမ်းဖို့ ကြိုးပမ်းအားထုတ်နေခြင်းကို ရုရှားသမ္မတ'ဗလာဒီမာပူတင်'က အင်္ဂါနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ကာ ယူကရိန်းနဲ့တိုက်ပွဲအတွင်း မိမိတို့ရဲ့လက်နက်ထုတ်လုပ်မှုများ အရှိန်မြှင့်လုပ်ဆောင်သွားရန် တာဝန်ရှိသူများကို အမိန့်ပေးလိုက်ပါတယ်။
မော်စကိုရှိ နိုင်ငံခြားသံတမန်များထံမှ အချက်အလက်များရယူစဉ် 'ပူတင်'ပြောကြားခဲ့ရာမှာ ကမ္ဘာကြီးရဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်က ကမ္ဘာကြီးကို ခြယ်လှယ်ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့သူတွေကြောင့် ခက်ခဲနေတယ်လို့ ဆိုခဲ့ပါတယ်။
ယူကရိန်းအခြေအနေ မည်သို့ပင်ရှိစေကာမူ တစ်နိုင်ငံတည်းက တစ်ဦးတည်းခြယ်လှယ်နိုင်ခဲ့တာဟာ အချိန်အတော်ကြာပြီဖြစ်ပေမယ့် အမြဲတမ်းဒီလိုချည်း သွားနေလိုမဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အနောက်နိုင်ငံက ရုရှားလုံခြုံရေးအရေးကြီးကိစ္စတွေထံ ချဉ်းကပ်လာခဲ့တယ်လို့ အကြောင်းပြကာ တုံ့ပြန်လှုပ်ရှားတဲ့အနေနဲ့ 'ပူတင်'က ယူကရိန်းထံသို့ ရုရှားတပ်များ အကြိမ်ကြိမ်စေလွှတ်နေခဲ့ပါတယ်။
ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ ရုရှားကို အမေရိကန်နဲ့ မဟာမိတ်တွေက ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ကာ သူတို့ရဲ့အနေအထားကို တောင့်တင်းအောင်ပြုလုပ်ပေမယ့် တကယ်တမ်းမှာတော့ သူတို့အဖွဲ့တွေအချင်းချင်းသာ မကျေနပ်မှုဖြစ်လာခဲ့သလို ဆင်းရဲတဲ့နိုင်ငံတွေလည်း ထိခိုက်စေခဲ့တယ်လို့ 'ပူတင်'က ထောက်ပြလိုက်ပါတယ်။
ရုရှားကတော့ အချုပ်အခြာအာဏာလမ်းကြောင်းကနေ သွေဖီသွားမှာမဟုတ်ပါဘူးလို့လည်း ဆိုခဲ့ပါတယ်။
စစ်ရေးကဏ္ဍနဲ့ ပတ်သက်တဲ့ နောက်ထပ်ဆွေးနွေးပွဲမှာလည်း ရုရှားလက်နက်တွေက ယူကရိန်းတိုက်ပွဲအတွင်း ထိရောက်မှုမြင့်မားခဲ့သလို နောက်ထပ်ထုတ်လုပ်မှုများ အလျင်အမြန်ဆောင်ရွက်သွားဖို့ တာဝန်ရှိသူများကို မှာကြားခဲ့ပါတယ်။
"ကျုပ်တို့ရဲ့လက်နက်ပစ္စည်းတွေက အနောက်နိုင်ငံကလက်နက်တွေကို ရင်ဆိုင်နိုင်ခဲ့ပါတယ်၊ အဲဒီမှာ ယူကရိန်းကိုထောက်ပံ့လာတဲ့ နေတိုး(NATO)ရဲ့လက်နက်တွေလည်း ပါဝင်ပါတယ်"လို့ ဆိုပါတယ်။
မိမိတို့ရဲ့လက်နက်တွေကို အဆင့်မြှင့်တင်ဖို့ အနောက်နိုင်ငံရဲ့လက်နက်တွေကို လေ့လာသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။
"ကျုပ်တို့ကို အသုံးပြုသွားတဲ့ သူတို့ရဲ့လက်နက်တွေကို လေ့လာသင်ယူပြီးတော့ ကျုပ်တို့ရဲ့လက်နက်ပစ္စည်းတွေကို လိုအပ်သလို အဆင့်မြှင့်တင်သွားရပါမယ်၊ စစ်လက်နက်စက်မှုဇုန်တွေကနေလည်း လိုအပ်တဲ့ပစ္စည်းလက်နက်များကို အချိန်တိုအတွင်း အမြန်ဆုံးထုတ်လုပ်ပေးနိုင်ရပါမယ်၊ လက်နက်အသစ်တွေထုတ်လုပ်ဖို့၊ စစ်လက်နက်စက်မှုဇုန်တွေကို သုံးငွေချပေးဖို့နဲ့ လက်နက်အများအပြားရရှိဖို့ အလုပ်သမားများအတွက် ထပ်ဆောင်းအပိုငွေပေးဆောင်ရပါမယ်"လို့ အမိန့်ပေးခဲ့ပါတယ်
Source: AP News
#Yangon_Media_Group
#World_Health
Published 21 September 2022
ဗိုက်တာမင်-ဒီ၃ နဲ့ အိုမီဂါ၃ဖက်တီးအက်ဆစ်ဆေးတွေကို ပုံမှန်မှီဝဲခြင်းက သက်ကြီးရွယ်အိုတွေမှာ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်မှာမဟုတ်ဘူးလို့ လေ့လာတွေ့ရှိထားပါတယ်။
ဘရစ်ဂန်နဲ့ အမျိုးသမီးဆေးရုံမှ သိပ္ပံပညာရှင်များက ၅ နှစ်တိုင်လေ့လာခဲ့ပြီးနောက် အသက် ၅၀ အထက်လူကြီးတွေအနေနဲ့ မလိုလားအပ်တဲ့အားဆေးတွေ မမှီဝဲဖို့ တိုက်တွန်းလိုက်ကာ အဲဒီအစား လေ့ကျင့်ခန်းနဲ့ အစားအသောက်ကိုသာ ဂရုစိုက်ဖို့ ဒေါက်တာ'အရီလာအော်ကာဘီ'က အကြံပြုလိုက်ပါတယ်။
ဖြည့်စွက်အားဆေးတွေက ရောင်ရမ်းခြင်း၊ အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးလာခြင်း၊ အားနည်းချည့်နဲ့ခြင်းတို့ကို လျှော့ချပေးနိုင်တယ်လို့ ဆေးထုတ်လုပ်သူများက ပြောနေကြပေမယ့် သိပ္ပံနည်းကျလေ့လာမှုမှာတော့ ကောင်းကျိုးအနည်းငယ်သာရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
သုတေသနမှာပါဝင်တဲ့ ဒေါက်တာ'ယိုအန်မန်ဆန်'က ဖြည့်စွက်အားဆေးတွေဟာ ငယ်ရွယ်နုပျိုစေတဲ့ မှော်ဆေးလုံးလိုမျိုး မဟုတ်ပါဘူးလို့ ပြောပြခဲ့ပါတယ်။
အားဆေးတွေက နှလုံးရောဂါနဲ့ ကင်ဆာတို့မှာ အသုံးဝင်နိုင်လားဆိုတာကို သိပ္ပံပညာရှင်များလေ့လာရန်အတွက် အသက် ၅၀ အထက် အဝလွန်တယ်လို့ သတ်မှတ်လို့ရတဲ့ လူကြီးအယောက်ပေါင်း ၂၅,၀၀၀ ကို ခေါ်ယူခဲ့ပါတယ်။
စမ်းသပ်ခံမယ့်လူတွေကို အဖွဲ့ ၄ ဖွဲ့ခွဲကာ တစ်ဖွဲ့ကို ဗိုက်တာမင်-ဒီ၃ နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ၂ မျိုးစလုံး၊ တစ်ဖွဲကို ဗိုက်တာမင်-ဒီ၃ တစ်မျိုးတည်း၊ တစ်ဖွဲ့ကို အိုမီဂါ ၃ ဖက်တီးအက်ဆစ်တစ်မျိုးတည်း အသီးသီးပေးကာ တစ်ဖွဲ့ကိုတော့ ဘာမှမတိုက်ခဲ့ပါဘူး။
FDA က ချမှတ်ထားတဲ့ သတ်မှတ်ဆေးပမာဏအထက် ကျော်လွန်ကာ သုံးစွဲစေခဲ့တာ ဖြစ်ပါတယ်။
အားနည်းခြင်းအခြေအနေကို တိုင်းတာရန်အတွက် သူတို့ရဲ့ လှုပ်ရှားမှု၊ စိတ်အခြေအနေ၊ အခြားရောဂါအခံများအကြောင်း မေးမြန်းခဲ့ပါတယ်။
နောက်ထပ် ၆ လအကြာမှာ စစ်တမ်းထပ်မံကောက်ယူခဲ့ပြီး နောက်ထပ် ၄ နှစ်အထိ တစ်နှစ်တစ်ကြိမ်မေးမြန်းခဲ့ပါတယ်။
အဲဒီအထဲက ၁၂.၇ ရာခိုင်နှုန်းသောလူတွေဟာ အားနည်းခြင်းလက္ခဏာ တွေ့ရှိခဲ့ပါတယ်။
နောက်ထပ် ၅ နှစ်အကြာမှာ နောက်ထပ် ၁၁.၃ ရာခိုင်နှုန်းက အားနည်းခြင်းဖြစ်ပေါ်လာပါတယ်။
အားဆေးသောက်သုံးတဲ့သူတွေနဲ့ မသောက်တဲ့သူတွေကြား သိသိသာသာကွာခြားချက် မရှိခဲ့ပါဘူး။
ဒါပေမဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အစားအသောက်ထိန်းချုပ်နေထိုင်ခြင်းဖြင့် အားနည်းခြင်းကို ကာကွယ်နိုင်စွမ်းရှိနေပြီး သက်ကြီးရွယ်အိုတွေကို ဒီလိုနေထိုင်ဖို့ အကြံပေးသင့်ပါတယ်။
အားနည်းခြင်းဟာ ရောင်ရမ်းခြင်းနဲ့ အဟာရချို့တဲ့ခြင်းကြောင့်လို့ ထင်နေကြပြီး ဖြည့်စွက်စာတွေနဲ့ ကာကွယ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
ကျန်းမာရေးတကယ်ဆိုးရွားတဲ့ လူတွေမှာတော့ အားဆေးတွေက ကောင်းကျိုးရှိနေနိုင်သေးတယ်လို့ ဖြေရှင်းခဲ့ကြပါတယ်။
လုပ်ငန်းဈေးကွက်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ရဲ့ တန်ကြေးက ဒေါ်လာ ၀.၆၂ ဘီလီယံရှိပြီး ဗိုက်တာမင်-ဒီ၃ ကတော့ ဒေါ်လာ ၀.၄၃ ဘီလီယံရှိပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published _ 20 September 2022
ဒီဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၃၂ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Environment
Published 20 September 2022
စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချခြင်းအစီအစဉ် ရှားပါးတဲ့ဗင်နီဇွဲလားနိုင်ငံမှာ ပလတ်စတစ်ဗူးခွံတွေမှ အဖုံးများဖြင့် စီခြယ်ရေးဆွဲထားတဲ့ နံရံပန်းချီကားကြီးဟာ ၂၇၀ မီတာရှည်လျားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 September 2022
သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှုသုတေသနပြတိုက်ကြီးကို မွန်ပြည်နယ်၊ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်ပရဝုဏ်အတွင်းမှာ လာမယ့်(၃) (၄)လအတွင်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Published 20 Sept 2022
ထရပ်ဘီလူးကြီးတစ်စီးက ကားလေးတွေအပေါ် တက်နင်းကြိတ်ချေပြနေတဲ့မြင်ကွင်းကို ဒက်ထရွိုက် ကားပြပွဲမှာ ပရိဿတ်တွေက အကြိုက်တွေ့နေကြပါတယ်။ Bigfoot 20 လို့အမည်ပေးထားတဲ့ အဲဒီထရပ်ဘီလူးကြီးဟာ ကမ္ဘာ့ ပထမဆုံး လျှပ်စစ်နှင့်မောင်းနှင်တဲ့ ဧရာမ ထရပ်ကားဖြစ်ပါတယ်။ အဲဒီကားဘီလူးကြီးဟာ အလေးချိန်ပေါင်တစ်သောင်းတစ်ထောင် ရှိပြီး ယခုနှစ်မှာ ထုတ်လုပ်မှု ၁၀နှစ်ပြည့်ပြီဖြစ်ပါတယ်။ အဲဒီအပြင် ဘက်ထရီအားသုံး လျှပ်စစ်မော်တာနှင့်မောင်းနှင်တဲ့ တစ်ခုတည်းသော ထရပ်ဘီလူးကြီးပါ။
Source AFP
#Electric_monster_truck
#Bigfoot_20
#Detroit_Auto_Show
Page 1401 of 1800