#World_Health
Published 29 November 2022
ကျွန်ုပ်တို့အများစုဟာ စိတ်ညစ်မှုအနည်းနဲ့အများကြုံတွေ့ကြရပြီး အဲဒီအခါကျရင် ပုံမှန်ထက်ထိုင်းမှိုင်းလေးလံမှုများ ခံစားကြရမှာပါ။
ရင်ထဲမှာ ဟာတာတာနဲ့ အပြစ်ရှိသလို ခံစားရပြီး စိတ်ပျက်အားငယ်ကြရမှာပါ။
စိတ်အာရုံရှုပ်ထွေးခြင်းကို လျှော့ချနိုင်အောင် ကြိုးစားကြပေမယ့် ပြဿနာတွေသာ ပိုဆိုးလာကြပါတယ်။
ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေထဲမှာ တောက်ပစူးရှတဲ့အရာတစ်ခုကို အာရုံစိုက်ကြည့်လိုက်တဲ့အခါ အာရုံမပျံ့လွင့်တော့ပါဘူး။
နောက်နည်းလမ်းတစ်ခုကတော့ ခန္ဓာကိုယ်ထဲက အာရုံခံစားမှုတွေဖြစ်တဲ့ အကြောတင်းမာမှုများ၊ ဖိအားများ၊ အပူ၊ အအေး၊ ဗိုက်ထဲက မအီမသာဖြစ်မှုများကို ရှုမှတ်တာပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ ခံစားရတာတွေကို ရှုမှတ်ပြီး ဒုက္ခတွေသက်သာအောင် လေ့ကျင့်နိုင်ပါတယ်။
ဒီလိုမျိုးသတိရှုမှတ်ရာမှာ ဖယောင်းတိုင်ကိုသုံးပြီး တည်ငြိမ်လုပ်သင့်ပါတယ်။
ကိုယ့်ရဲ့စိတ်ကိုစုစည်းပြီး မီးတောက်ပေါ်မှာပဲ အာရုံထားသင့်ကာ အာရုံလွဲစရာတစ်ခုခုပေါ်လာရင် ပြန်ပြီးစုစည်းရမှာဖြစ်ပါတယ်။
ဖယောင်းတိုင်ဖြင့် တရားထိုင်ရှုမှတ်ရမယ့်နည်းလမ်း အဆင့်ဆင့်ကတော့ ..
(၁) အနှောင့်အယှက်မရှိတဲ့နေရာကိုရှာပြီး ခန္ဓာကိုယ်ဖြောင့်မတ်စွာ ထိုင်ပါ၊ ခန္ဓာကိုယ်ကို ဖယောင်းတိုင်နဲ့ အနည်းဆုံး ၁ ပေခွဲကျော်လောက်ခွာထိုင်ပြီး အသက်ရှူထုတ်ခြင်းကို စတင်သတိပြုလိုက်ပါ။
(၂) ဖယောင်းတိုင်ကိုစိုက်ကြည့်ပြီး စိတ်ရဲ့အဓိကအာရုံအဖြစ်ထားပါ။
(၃) မျက်လုံးကိုတည်ငြိမ်စွာထားပါ။
(၄) မီးတောက်ကိုအာရုံစိုက်ပြီး သူ့ရဲ့အရောင်၊ အရွယ်အစားအကြီးအသေးတို့ကို ကြည့်ရှုကာ ဒီလိုနည်းလမ်းနဲ့ ဖယောင်းတိုင်ကို ဘယ်လိုခံစားရလဲဆိုတာ မှတ်ရှုပါ။
(၅) အခြားအရာများသို့ အာရုံပျံ့လွင့်သွားရင် မီးတောက်ကိုပြန်ပြီးအာရုံစိုက်ပါ။
(၆) မျက်လုံးပင်ပန်းလာတဲ့အခါ မျက်လုံးကိုပိတ်ပြီး မျက်လုံးထဲမှာပဲ ဖယောင်းတိုင်ကိုပုံဖော်ကြည့်ပါ၊ အဆင်သင့်ဖြစ်ပြီဆိုမှ မျက်လုံးပြန်ဖွင့်ပြီး ဖယောင်းတိုင်ကိုထပ်မံအာရုံစိုက်ပါ။
(၇) အသက်ရှူထုတ်ခြင်းကို မထိန်းချုပ်ဘဲနဲ့ သဘာဝအတိုင်းလှုပ်ရှားပါစေ။
(၈) ဖယောင်းတိုင်ကိုအာရုံစိုက်လျက် မီးအလင်းရောင်က ကိုယ့်ကိုယ်ထဲ ဝင်ရောက်စီးဆင်းနေသလို အာရုံဖော်ကြည့်ပါ။
(၉) မီးတောက်ကိုပဲဆက်ပြီး ကြည့်နေပေးပါ။
(၁၀) စိတ်တွေက တခြားရောက်နေပြီဆိုရင် ဖယောင်းတိုင်ကို အာရုံပြန်စိုက်ပါ။
(၁၁) ဖယောင်းတိုင်ကို အာရုံပြန်စိုက်နိုင်အောင် အသက်မှန်မှန်ရှူပါ။
(၁၂) တဖြည်းဖြည်းနဲ့ မျက်လုံးကို အခန်းဆီသို့ အာရုံလွှဲလိုက်ပါ။
Source: The Jerusalem Post
#Yangon_Media_Group
Published 28 November 2022
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သော်လည်း သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပြည့်မီမှုမရှိတဲ့ အတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ နစက ဥက္ကဋ္ဌက မကွေးတိုင်းဒေသကြီးမှာရှိတဲ့ လုပ်ငန်းရှင်တွေကို မှာကြားခဲ့ပါတယ်။
နိုဝင်ဘာ ၂၈ ရက် ဒီကနေ့မနက်ပိုင်းက နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကွေးမြို့ မြို့တော်ခန်းမမှာ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွာရေးလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊နှမ်း၊နေကြာစိုက်ပျိုးမှုများမှာ အထွက်နှုန်းတိုးတက်အောင် ကြိုးပမ်းကြဖို့ကိုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့ပါတယ်။
တွေ့ဆုံပွဲတက်ရောက်လာတဲ့ ဆီစက်လုပ်ငန်းရှင်တွေကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပြီး ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ဖို့ ဆောင်ရွက်နေတာတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့်လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆီထွက်သီးနှံတွေထဲမှာ မြေပဲတစ်ခုတည်းသာ အထွက်နှုန်းကောင်းမွန်ခဲ့၍ ကျန်ဆီထွက်သီးနှံတွေဟာ ပန်းတိုင် အထွက်နှုန်းရည်မှန်းချက်မပြည့်မီခဲ့တာဖြစ်ပါတယ်။အဲဒီအပြင် ဆီအုန်းတွေကိုလည်း ပြည့်ဝစွားစိုက်ပျိုးမှုမရှိတဲ့ အတွက် ဆီထုတ်လုပ်မှုနည်းပါးနေကြောင်းလည်းသိရပါတယ်။
မကွေးတိုင်းဒေသကြီးဟာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မြေပဲ ၁၇၈၇၉၂ ဧက၊ နှမ်း ၁၄၅၈၈၈ ဧကနှင့်နေကြာ ၁၀၉၆၂ ဧကစိုက်ပျိုးခဲ့ပြီး စားသုံးဆီ ၁၅၉၇၀၃ မက်ထရစ်တန်ခန့်မှန်းထွက်ရှိခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကို ကိုးကား၍ စားသုံးသူရေးရာဦီးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးမှာ မြေပဲ၇၈၉၉၉၀ဧက၊၊ နှမ်း ၁၂၄၂၃၅၆ဧကနှင့် နေကြာ၄၆၆၃၈၀ ဧက စိုက်ပျိုးသွားဖို့လျာထားတယ်လို့လည်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
ပြည်တွင်းစားသုံးဆီလုံလောက်မှုမရှိတဲ့အတွက်နှစ်စဉ် ပြည်ပမှ တန်ချိန်ကိုးသိန်းကျော်တင်သွင်းနေရတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ပြည်တွင်းမှာ စားသုံးဆီစက်တွေက တစ်လကို တန်ချိန်၁၈၀၀၀ကျော် ကြိတ်ခွဲထုတ်လုပ်နိုင်ပေမယ့် အချို့စက်တွေကိုရပ်နားထားရပြီး အချို့မှာ ကုန်ကြမ်း အခက်အခဲကြောင့်စက်စွမ်းရည်အပြည့်မလည်ပတ်နိုင်ဖြစ်ခဲ့ရတယ်လို့လည်းသိရပါတယ်။
နစကဥက္ကဋ္ဌဟာ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အကောင်းဆုံးချည်ထည်များထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်စေရေးကို လည်း တွေ့ဆုံပွဲမှာ ထည့်သွင်းဆွေးနွေးအကြံပြုခဲ့ပါတယ်။ အဲဒီအပြင် လက်ရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက် ရေး ဆောင်ရွက်ပေးနေတာတွေကိုလည်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးဟာ မကွေးတိုင်းဒေသကြီးရဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေက ခင်းကျင်းပြ သထားတဲ့ ဒေသထုတ်ကုန်ပြခန်းတွေကို စိတ်ဝင်တစားလေ့လာခဲ့ပြီး သိလိုတာတွေမေးမြန်းဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
#Myanmar_SG





#Local_News
Published _ 28 November 2022
ရန်ကုန်ကသားငါးဈေးကွက်မှာ အခုရက်ပိုင်းထဲ ကုန်အဝင်များလာတဲ့ မြစ်ငါးတန်တွေ ဈေးကျဆင်းနေတယ်လို့ ငါးဈေးကွက်ကနေ တစ်ဆင့်သိရပါတယ်။
#Yangon_Media_Group
#World_Industry
Published 28 November 2022
အမေရိကန်မှာ ကျေးဇူးတော်နေ့ပြီး နောက်တစ်နေ့ဖြစ်တဲ့ Black Friday ဈေးဝယ်ရာသီရောက်လာပြီဖြစ်တာကြောင့် လူငယ်အများအပြားဟာ တစ်လက်သုံးပစ္စည်းများ အထူးသဖြင့် ဇိမ်ခံပစ္စည်းများကို ရွေးချယ်ဝယ်ယူဖို့ စီစဉ်လာကြပါတယ်။
#Yangon_Media_Group
Published 28 November 2022
ဆူကီယာကီနာဘေး လို့ သိကြတဲ့ ဂျပန်စတိုင် ဟော့ပေါ့ပွဲတော်ကို နိုဝင်ဘာ ၂၇ ရက်က တိုကျိုမှာ ကျင်းပခဲ့ရာမှာ အစား အသောက် သဘောကျသူတွေနှင့် ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
အဲဒီပွဲတော်ကို တိုကျိုမြို့လယ်ရှိ ပန်းခြံတစ်ခုအတွင်းမှာကျင်းပခဲ့တာဖြစ်ပြီး ဟော့ပေါ့စားသောက်ဆိုင်တွေဟာ သူတို့ရဲ့ အကောင်းဆုံး ဟင်းလျာတွေကို တည်ခင်းခဲ့ကြပါတယ်။
ဟော့ပေါ့ပွဲတော်မှာ ဟင်းတစ်ပွဲကို အမေရိကန်ဒေါ်လာ ၅.၅ မှ ၁၁ ဒေါ်လာအထိ ဈေးနှုန်းရှိပြီး နာမည်ကြီး စားသောက်ဆိုင်တွေဟာ တစ်ရက်ကို ပွဲပေါင်း နှစ်ထောင်ကျော်ရောင်းချကြရပါတယ်။
ဒါပေမယ့် လတ်တလောမှာ ပင်လယ်စာနှင့် အမဲသားတွေလိုမျိုး ဟော့ပေါ့ထဲထည့်ရတဲ့ အမယ်တွေရဲ ဈေးတွေက တက်နေလို့ ဟောပေါ့ရဲ့ဈေးနှုန်းတွေလည်း တက်သွားပါတယ်။
ဂျပန်ဒေသခံတွေဟာ အစားအသောက်ဈေးတွေတက်နေလို့ သောကတွေပွားနေကြပါတယ်။ ယခုအထိ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးစားသောက်ဆိုင်တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဈေးတွေတက်ကုန်ကြပါတယ်။အဲဒီထဲက ၂၀ရာခိုင်နှုန်းဆိုရင် နှစ်ခါ တောင်ဈေးတက်ခဲ့တာပါ။ ဂျပန်မိသားစုတွေဟာ တစ်နှစ်ကို ယန်းခုနှစ်သောင်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၅၀၀ခန့် ကို အစားအစာအတွက် ပိုသုံးနေကြရပါတယ်။
Source CCTV+
#Sukiyaki_nabe
#Japan_Hotpot_Festival
#Japan_Food_Prices_Rise
#Local_News
Published_ 28 November 2022
အငြိမ့်သဘင်လောကမှာ တစ်ချိန်တုန်းကနာမည်ကြီးခဲ့ပြီးတော့ အခုချိန်မှာနာမကျန်းဖြစ်ပြီး စားရေးနေရေး ခက်ခဲလို့အကူအညီတောင်းခံလာတဲ့အငြိမ့်မိခင်ကြီး (၄၀)နီးပါးအထိရှိလာတယ်လို့ 'နှလုံးသားကိုအလှဆင်မည့် အငြိမ့်မင်းသမီးများ ပရဟိတအဖွဲ့'ဥက္ကဌ ကျားလေးစိန်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_28 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၈ ရက်အထိ ရက်ပေါင်း ၂၃၀ အတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၆၀ သန်းနီးပါးရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_28 November 2022
အခြေခံစားသောက်ကုန် အမျိုးအစားထဲတွင် ပါဝင်တဲ့ အာလူးဈေးတွေ လက်ရှိမှာ မြင့်တက်နေလျှက်ရှိနေတယ်လို့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ကုန်စည်ဒိုင်တွေနဲ့ ဈေးကွက်ထဲကတစ်ဆင့် သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 28 November 2022
၁။ ဈေးကွက်ထဲ၌ တရုတ်အာလူးများ ဈေးကောင်းပိုရနေ
၂။ ၇ လကျော်ကာလအတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၆၀ သန်းနီးပါးရရှိ၊ ယမန်နှစ်ထက် ၈ သန်းကျော်လျော့ကျ
၃။ နာမကျန်းဖြစ်ပြီး စားရေးနေရေးခက်ခဲ၍ အကူအညီတောင်းခံလာသည့် အငြိမ့်မိခင်ကြီး(၄၀)နီးပါးရှိလာ
၄။ Black Friday ရာသီအထိမ်းအမှတ်အဖြစ် တစ်လက်သုံးပစ္စည်းများနှင့်ဇိမ်ခံပစ္စည်းများအား အမေရိကန်တွင်အထူးလျှော့ဈေးဖြင့်ရောင်းချလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 November 2022
ဝန်ကြီးဌာနကနေ ရောင်းချပေးနေတဲ့ ရွှေဒင်္ဂါးပြားဝယ်ယူသူတွေအပေါ် ၎င်းတိုရဲ့ ဝင်ငွေရလမ်းတွေကို စစ်ဆေးသွားမယ်လ့ိ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 28 November 2022
တပ်မတော်နှင့် AA တို့ အပစ်ရပ်ခြင်းမှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ကြားဝင်စေ့စပ်ပေးမှုကြောင့်ဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂျပန်က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်၊လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို သက်သာခွင့်ရစေဖို့အတွက်၊ ပြည်သူကို ရှေးရှူပြီးတော့ ဒီကိစ္စကို ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
မစ္စတာဆာဆာကာဝါအနေဖြင့် တပ်မတော်နှင့် AA တို့ အပစ်ရပ်စဲရန် ယခင် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ်တို့တွင်လည်း ကြားဝင်စေ့စပ်ညှိနှိုင်းခဲ့ပေးသေးသည်။
အပစ်ရပ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ ရခိုင်ပြည်နယ်အတွင်း ယခင် ပိတ်ထားခဲ့ရသော ရေလမ်းကြောင်းများကို ပြန်လည် ဖွင့်ပေးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 28 November 2022
လာမည့် ဒီဇင်ဘာလအတွင်း လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်၊ မုန်တိုင်းငယ်(၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏နိုဝင် ဘာလ(၂၈) ရက်ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းဖော်ပြထားသည်၊၊
ဒီဇင်ဘာလအတွင်းရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင် ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်၊၊
မိုးရွာသွန်းရက်အနေဖြင့်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် (၅)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်၊၊
ညအပူချိန်ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်း (အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်မည်၊၊
မြူကျဆင်းမှုနှင့်ပတ်သက်၍စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၅)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် (၆)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1396 of 1913