#Local_News
Published_ 20 April 2023

 

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

အဆိုပါ အခမ်းအနားကို လာမည့်ကဆုန်လဆန်း(၁၄) ရက်မေလ( ၂ )ရက်တွင် ကျင်းပသွားမည်ဟု အခမ်းအနားကျင်းပရေးဦးစီးကော်မတီမှ ထုတ်ပြန်ထားသည်၊၊

 

ယင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံ စေတီတော် အထက်ပစ္စယံနှင့်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်သည်၊၊

 

အခမ်းအနားကို နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိပိဠကကောဝိဒဆရာတော်ကြီးများ တိုင်းဒေသကြီး သံဃာမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ မြို့နယ်သံဃာမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းအားလုံး၏ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်၊ ဆရာတော်များကို ပင့်ဆောင်ပြီး စုပေါင်းလှူဒါန်းပူဇော်သွားမည်ဖြစ်သည်ဟု သိရသည်၊၊

 

အလှူရှင်များအနေဖြင့်လည်း မိမိတို့တတ်စွမ်းသမျှ လှူဖွယ်ဝတ္ထုငွေများနှင့်လှူဖွယ်ပစ္စည်းများကို လာရောက်လှူဒါန်းနိုင်သည်ဟု အခမ်းအနားကျင်းပရေး ဦးစီးကော်မတီမှတိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #ရွှေတိဂုံ #အနေကဇာတင် #YMG
#Yangon_Media_Group