#World_Animal
Published 24 January 2023
ဟွန်ဒူးရပ်စ်ရှိ ရေအားလျှပ်စစ်ဆည်ပေါ်မှာ ပျံဝဲနေတဲ့ တင်ကျီးငှက်ထောင်ပေါင်းများစွာကို တံငါသည်'ရီဒွန်ဒို'က စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေရပါတယ်။
#Yangon_Media_Group
#Local_News
Published_24 January 2023
သာမန်နိုင်ငံကူးလက်မှတ် လုပ်ဆောင်ခြင်းတွေ အပါအဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို Green Channel ကနေတစ်ဆင့် MoU တွေအတွက် နိုင်ငံကူးလက်မှတ် (Passpost) လုပ်ဆောင်ခြင်းတွေကိုပါ အကန့်အသတ်မရှိ ရပ်ဆိုင်းထားခြင်းဟာ နယ်စပ်ဖြတ်ကျော် တရားမဝင်အလုပ်သမားတွေပိုများလာနိုင်တယ်လို့ အလုပ်သမားရေး အဖွဲ့အစည်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 24 Jan 2023
နစကဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ ဇန်နဝါရီ (၂၄)ရက်မနက်က နစက ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကူဝိတ်နိုင်ငံ၏ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေ အလက်ဝါနီ Mr. Mubarak M A Aladwani ရဲ့ သံအမတ်ခန့်အပ်လွှာကို လက်ခံခဲ့ပါတယ်။
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်တဲ့အခမ်းအနားကို ဗိုလ်ချူပ်မှူးကြီးနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတိုးမြှင့်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများနှင့် ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ နစက ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊
မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ ကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကူဝိတ်တက္ကသိုလ်မှ ပြည်သူ့စီမံခန့်ခွဲမှုရေးရာ အထူးပြုဘာသာရပ်ဖြင့် နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်တွင် ကူဝိတ်နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆီရီးယားနိုင်ငံရှိ ကူဝိတ် သံရုံးတွင် သံအရာရှိအဖြစ် လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အယ်ဂျီးရီးယားနိုင်ငံရှိ ကူဝိတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် လည်း ကောင်း၊ ၂၀၀၅ ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ ဘယ်လ်ဂျီယံ နိုင်ငံရှိ ကူဝိတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဥဇဘက်ကစ္စတန်နိုင်ငံရှိ ကူဝိတ်သံရုံးတွင် ပထမ အတွင်းဝန်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ စီးပွားရေးဌာန တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကနေဒါနိုင်ငံရှိ ကူဝိတ်သံရုံးတွင် သံမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှစ၍ မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီ သည် ပိုလန်နိုင်ငံရှိ ကူဝိတ် သံရုံးတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူဟာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ သားသမီး (၆) ဦးရှိတယ်လို့ သိရှိရပါတယ်။
-ymg/knl
#Myanmar_Kuwait
#Myanmar_Diplomacy
#Myanmar






#Local_News
Published_24 January 2023
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးဟာ ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 24 January 2023
ပြည်ပကနေ မျိုးပြောင်းကိုဗစ်ပိုးတွေ ထပ်မဝင်လာခင် မြန်မာနိုင်ငံမှာရှိတဲ့ အသက်(၆၀)အထက်ရှိသူတိုင်း ထပ်ဆောင်းကာကွယ်ဆေးတိုင်း Booster ထိုးထားရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 24 January 2023
၁။ ပြည်ပက မျိုးပြောင်းကိုဗစ်ပိုးမဝင်ခင် အသက်(၆၀) အထက်ရှိသူတိုင်း Booster ထိုးထားရမည်ဟုဆို
၂။ သွင်းကုန်တင်သွင်းမှု ကျဆင်းခြင်းကြောင့် ပြည်တွင်းအလုပ်အကိုင်ရှားပါးနေဟုဆို
၃။ ပတ်စ်ပို့လျှောက်ထားမှု အကန့်အသတ်မရှိ ရပ်ဆိုင်းထားခြင်းသည် တရားမဝင်အလုပ်သမားများ ပိုများလာနိုင်ဟုဆို
၄။ ဟွန်ဒူးရပ်စ်ရှိ အကြီးဆုံးဆည်ကန်မှ တံငါသည်များ၏ စားဝတ်နေရေးကိုခြိမ်းခြောက်လျက်ရှိသည့် တင်ကျီးငှက်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 24 January 2023
ပြည်ပနိုင်ငံတွေမှာ ကျွမ်းကျင်လုပ်သားအဖြစ်သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ အလုပ်လုပ်ခွင့်ပါမစ်၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်၊ စီးပွားရေးပါမစ်နေထိုင်ခွင့်ရသူများ အနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အဆိုပါနိုင်ငံတွေကို ပြန်လည်ထွက်ခွာမယ့်အချိန်တွင် OWIC ကတ်ကို မဖြစ်မနေကိုင်ဆောင်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_24 January 2023
မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားကို ယခုဇန်နဝါရီလအတွင်း ပြန်ဖွင့်နိုင်ရန် သဘောထားတောင်းခံထားကြောင်း နစက တာဝန်ရှိသူက ပြောသည်။
တံတားကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် ပြည်နယ်အစိုးရက သက်ဆိုင်ရာဌာနများကို သဘောထားတောင်းခံထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
"ထိုင်းဖက်ကတော့ အဆင်သင့် ဖြစ်နေပြီပေါ့လေ။ ဒါကြောင့် ပြန်ဖွင့်ဖို့ သဘောထား မှတ်ချက်တောင်းတာ။ ကျွန်တော်တို့ကလည်း သဘောထားပေးထားတယ်။ ပြန်ဖွင့်ရင်တော့ အစစအရာရာ လွယ်ကူချောမွေ့အဆင်ပြေမယ်ဆိုပြီးတော့ပေါ့။ စီးပွားရေး၊ ကျန်းမာရေး စသဖြင့်ပေါ့" ဟု အဆိုပါ တာဝန်ရှိသူက YMG ကို ပြောသည်။
ကိုဗစ် ကပ်ရောဂါကြောင့် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတား ပိတ်ထားရသည်မှာ ၃ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 24 January 2023
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၇) နှစ်ပြည့်ပွဲတော်ကိုဇန်နဝါရီလ(၂၇)ရက်မှ(၂၉) ရက်အထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ရန်ကုန်မြို့ရှိ သမိုင်းဝင် အထင်ကရနေရာ တစ်ခုဖြစ်သည့်တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ဖွင့်လှစ်ခဲ့သည်မှာ ဇန်နဝါရီလ(၂၅)ရက်တွင်(၁၁၇) နှစ်ပြည့်ပြီဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၇)နှစ်ပြည့်ပွဲတော်ရက်ကို ဇန်နဝါရီလ(၂၇)ရက်မှ(၂၉)ရက် အထိ ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်၊၊
ပွဲတော်အစီအစဉ်များအဖြစ် Animal Show ၊ Magic Show၊ တိရစ္ဆာန်လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်မည့်အစီအစဉ်၊ Music & Performance ၊ သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဉ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေကဏ္ဍများအပြင် ဈေးရောင်းပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 24 January 2023
အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၏ အဓိက ထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝ သယံဇာတ ကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိသည့်အနက် အလုပ်ရုံခွဲ ၁၉ ရုံကို ဝန်မပါစမ်းသပ်လည်ပတ်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။
ယင်းနောက် ကျန်ရှိသည့် အလုပ်ရုံခွဲသုံးရုံကို ရုရှားနိုင်ငံမှ ပညာရှင်များ၊ မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများ ပူးပေါင်း၍ စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်ကာ ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် သံရည်ကျိုလုပ်ငန်းတွင် အသုံးပြုမည့်စက်မှုလုပ်ငန်းသုံး ရေစစ်ကန်မှာ စက်နှင့်စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်း ၊အဝင်ဓာတ်အားလိုင်း လက်ခံဖြန့်ဖြူးခွဲရုံ တည်ဆောက်မှု၊ကျောက်မီးသွေးကြိတ်ခွဲ ပြုပြင်ရေးအလုပ်ရုံ၊ သံသတ္တုရိုင်းအခြောက်ခံအလုပ်ရုံ၊ သံသတ္တုရိုင်း ပြုပြင်ရေးအလုပ်ရုံ၊ အလိုအလျောက် မီးငြှိမ်းသတ်ရေးအလုပ်ရုံ၊ အမှတ်(၂) ပန့်အလုပ်ရုံ၊ ရေပြန်လည် အအေးခံပေးပို့သည့် အလုပ်ရုံ၊ သန့်စင်ပြီးကုန်ကြမ်းများ သိုလှောင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ဓာတုပစ္စည်းဖြင့် ရေပြုပြင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ စက်မှုလုပ်ငန်းသုံးရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်အလုပ်ရုံ၊ သံစိမ်းတုံးပုံလောင်းအလုပ်ရုံ၊ ဖိအားမြင့်လေထုတ်အလုပ်ရုံ၊ ဒုတိယအဆင့် ရေတွန်းအလုပ်ရုံ၊ သောက်သုံးရေသန့်စင် အလုပ်ရုံ၊ တန် ၁၀၀အထိ ခြင်တွယ်နိုင်သည့် ကတ္တား၊ သံသတ္တုရိုင်း ပထမအဆင့်ကြိတ်ခွဲ အလုပ်ရုံနှင့် တောင်ဆင်းဝန်ခါးပတ်တို့ရှိ စက်ပစ္စည်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ဝန်မဲ့စမ်းသပ်လည်ပတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ အလုပ်ရုံများမှာ၂၀၁၆ ခုနှစ် အောက်တိုဘာလက ရုရှားပညာရှင်များ အကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ် မပါဝင်ဘဲ ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ခဲ့ပြီး စက်ရုံယာယီရပ်ဆိုင်းစဉ် (၄)နှစ်ကျော် ရပ်နားထားခဲ့သည့် အလုပ်ရုံများ ဖြစ်ကြောင်း၊ ယခင်စမ်းသပ်ခဲ့စဉ်က စက်များ၏ ကြံ့ခိုင်ရေးကိုသာ ဦးစားပေးစမ်းသပ်နိုင်ခဲ့ပြီး အလိုအလျောက် ထိန်းချုပ်လည်ပတ်မှု ဆက်လက် ဆောင်ရွက်စဉ် စက်ရုံရပ်ဆိုင်းခဲ့သည့်အတွက် အလုပ်ရုံများ အချင်းချင်းချိတ်ဆက်မှုများ အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုအခါ မြန်မာပညာရှင်များ၏ စွမ်းဆောင်ချက်ဖြင့် ကွန်ပျူတာထိန်းချုပ်မှုများ၊ စက်ပြင်ဆင်မွမ်းမံမှုများ၊ ချိတ်ဆက်ဆောင်ရွက်မှုများကို ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_News
Published 24 January 2023
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ နောက်ထပ် အစုလိုက်ပစ်သတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး လူ(၇)ဦး သေဆုံးခဲ့ရပါတယ်။
တနင်္လာနေ့က ကာလီဖိုနီးယား မြောက်ပိုင်းက ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဟာ့ဖ်မွန်းဘေမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သံသယတရားခံကို ရဲတပ်ဖွဲ့က ကားရပ်နားနေရာတစ်ခုမှာ ဖမ်းဆီးမိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဆန်ဖရန်စစ္စကိုတောင်ပိုင်း မိုင်၃၀ခန့်အကွာမှာရှိတဲ့ဟာ့ဖ်မွန်းဘေမြို့ သေနတ်ပစ်ခတ်မှုဟာ စနေနေ့က လူ(၁၁)ဦးသေဆုံးခဲ့တဲ့ ကာလီဖိုနီးယား မွန်ထရေးပတ်ခ်မြို့ သေနတ်ပစ်ခတ်မှုအပြီး ဒုတိယမြောက် အစုလိုက်ပစ်သတ်မှု ဖြစ်ပါတယ်။
ဟာ့ဖ်မွန်းဘေမြို့ပစ်ခတ်မှုသတင်းကို အစီရင်ခံတဲ့အခါ ကာလီဖိုနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂေဗင်နယူးစ်ဆွမ်ဟာ မွန်ထရေပတ်ခ်မြို့ ပစ်ခတ်မှုကြောင့်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံမှာ သွားရောက်ကြည့်ရှုနေပါတယ်။ ''ကြေကွဲစရာတွေက တစ်ခုပြီးတစ်ခုလို့'' သူကတွစ်တာပေါ်မှာ ရေးပါတယ်။
သံသယတရာခံမှာ အသက်၆၇နှစ်အရွယ် ချွန်လီကျောင်း ဆိုသူဖြစ်ပြီး သူဟာ အဲဒီသေနတ်ပစ်တဲ့ အရပ်မှာ အလုပ်လုပ်သူဖြစ်တယ်လို့ ဆန်မက်တိုစီရင်စုရဲမှူးခရစ်စတီနာ ကောပတ်စ်ကပြောပါတယ်။
''ယနေ့ညဖြစ်ရပ်မှာ ထိခိုက်ခဲ့ရသူတွေဟာ ယာခင်းအလုပ်သမားတွေဖြစ်တယ်။ အခင်းဖြစ်တဲ့နေရာမှာ ကလေးသုံးဦးလည်း ရှိနေတယ်။ ကျွန်တော်တို့ အရပ်အတွက် တကယ့်နှလုံးကြေကွဲစရာပါ'' လို့ ဆန်မက်တို ကြီးကြပ်ရေးမှူး ရေးမူလာက သတင်းထောက်တွေကိုပြောပါတယ်။
သံသယတရားခံတွေဟာ ရဲတွေနှင့်ပူးပေါင်းဆောင်ရွက်ပေးပေမယ့် ဘာကြောင့်ပစ်တယ်ဆိုတဲ့ရည်ရွယ်ချက်ကိုတော့ မသိရသေးပါဘူး။
သူ့ရဲ့ကားထဲမှာ ဆီမီးအော်တိုမက်တစ်သေနတ်တစ်လက်ကိုတွေ့ရပါတယ်။
သေနတ်ပစ်မှုက (၂)နေရာမှာဖြစ်ခဲ့ပြီး ပထမနေရာဖြစ်တဲ့ ဟာ့ဖ်မွန်းဘေမှာ လူလေးဦးသေဆုံးပြီး တစ်ဦးဟာစိုးရိမ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အနီးနားက အခြားတစ်နေရာမှာတေ့ နောက်ထပ်(၃)ဦး သေဆုံးတာရှာတွေ့ရတယ်လို့ ကောပတ်စ်က ပြောပါတယ်။
သံသယတရားခံဟာ ရဲကားတွေရပ်နားရာကို ကားမောင်းဝင်လာပြီး သူ့ကိုယ်သူရဲလက်အပ်ပုံရတယ်လို့ စုံစမ်းစစ်ဆေရေးမှူးတွေကထင်မြင်ချက်ပေးတယ်လို့ ကောပတ်စ်က ပြောပါတယ်။
ဒီနှစ် နှစ်ဆန်းရက်ပေါင်း ၂၁ရက်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အစုလိုက်သေနတ်ပစ်ခံရမှူပေါင်း ၃၈မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။




Source: Reuters
#Yangon_Media_Group
#Mass_shooting
#Half_Moon_Bay_California
#US_mass_shooting
#World_Agriculture
Published 24 January 2023
သဘာဝပတ်ဝန်းကျင်သိပ္ပံဆိုင်ရာဂျာနယ် Frontiers မှာ ဖော်ပြထားချက်အရ လူတွေရဲ့စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဆီးနဲ့မစင်တို့ကနေ မရှိမဖြစ်အဟာရဓာတ်တွေဖြစ်တဲ့ နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်၊ ဘိုရွန်၊ ဇင့်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ မက်ဂ်နီဆီယမ်တို့ပါဝင်တာကြောင့် စိုက်ပျိုးရေးမြေဩဇာများအဖြစ် ဘေးကင်းစွာအသုံးပြုနိုင်မယ့်ပစ္စည်းများ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
လူတွေရဲ့ဆီးနဲ့မစင်ကို ပြန်လည်အသုံးချခြင်းကနေပြုလုပ်တဲ့ ပစ္စည်းတွေဟာ ထိရောက်မှုရှိပြီး ဂေါ်ဖီထုပ်စိုက်ပျိုးဖို့ လိုအပ်တဲ့နိုက်ထရိုဂျင်မြေဩဇာတွေ ရရှိစေမှာဖြစ်ပါတယ်။
ဂေါ်ဖီထုပ်စိုက်ပျိုးတဲ့အခါ လူတွေရဲ့နိုက်ထရိုဂျင်ပါတဲ့ဆီးကနေ ထုတ်လုပ်တဲ့မြေဩဇာက သမားရိုးကျဓာတ်မြေဩဇာထုတ်ကုန်များကဲ့သို့ ထွက်စေပြီး ရောဂါပိုးကူးစက်မှုအန္တရာယ်မရှိကြောင်း ဟိုဟန်ဟိုင်းတက္ကသိုလ်မှ စိုက်ပျိုးသိပ္ပံပညာရှင် 'ဖရန်ဇစ္စကာဟက်ဖ်နာ'က ပြောပြသွားပါတယ်။
ရာသီဥတုဖောက်ပြန်မှုနဲ့ ယူကရိန်းစစ်ပွဲတို့ကြောင့် မြေဩဇာဈေးနှုန်းမြင့်တက်ကာ စိုက်ပျိုးရေးသမားများ အခက်တွေ့ကြရပါတယ်။
ဒီပြဿနာတွေကိုဖြေရှင်းရန်အတွက် အဓိကအရင်းအမြစ်တွေကို ပြန်လည်အသုံးချတဲ့ ဂေဟစက်ဝန်းပုံစံကို ပြောင်းလဲအသုံးချဖို့ လိုအပ်လာပါတယ်။
နိုက်ထရိတ်ပြောင်းလဲထားတဲ့ ကျင်ငယ်မြေဩဇာနဲ့ မစင်မြေဆွေးတို့ကို ပေါင်းစပ်အသုံးပြုပါက ရေရှည်မှာ ထွက်နှုန်းလျော့ကျနိုင်ပေမယ့် မြေကြီးထဲက ကာဗွန်ပါဝင်မှုများပြားလာနိုင်တာကြောင့် ရာသီဥတုဖောက်ပြန်မှုကို ထိန်းသိမ်းနိုင်ဖွယ်ရှိနေပါတယ်။
သိပ္ပံပညာရှင်များက မစင်မြေဆွေးများကို ဓာတုပစ္စည်းများ၊ ဆေးဝါးများ၊ ပေါင်းသတ်ဆေးများဖြင့် စမ်းသပ်ခဲ့ကြရာ ၆.၅ ရာခိုင်နှုန်းကသာ တွေ့ရှိမှုနှုန်းကိုကျော်လွန်ကာ ရောဂါကူးစက်နိုင်တဲ့အခြေအနေကို တွေ့ခဲ့ကြပါတယ်။
ယေဘုယျအားဖြင့် မစင်မြေဆွေးကြောင့် အစားအစာစနစ်ထဲ လူကိုအန္တရာယ်ဖြစ်စေနိုင်ချေဟာ နည်းပါးကြောင်း တွေ့ရှိခဲ့ကြပါတယ်လို့ စာတမ်းပြုစုသူများက ဖော်ပြခဲ့ကြပါတယ်။
Source: WION
#Yangon_Media_Group
Page 1393 of 2000