#Myanmar_News
Published 27 January 2023
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၂၃ အဖြစ် ယနေ့ ဇန်နဝါရီ (၂၆)ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ ရိုသေသော၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းလိုက်တယ်ဖြစ်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။
ဥပဒေအပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။









-ymg/knl
#Myanmar
#Myanmar_Politics
#Local_News
Published_ 26 January 2023
ဗိုလ်တထောင်စေတီတော်ရဲ့ လိပ်ကန်အတွင်းမှ အသက်(၈၀)ကျော်ရှိတဲ့ရှားပါးလိပ်ဘွားဘွားနဲ့ အခြားလိပ်စုစုပေါင်း(၂၅၆)ကောင်ကို လိပ်ပညာရှင်တွေက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တယ်လို့ ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Fashion
Published 26 January 2023
စကြဝဠာတစ်ခုလုံးကို ခြုံငုံဒီဇိုင်းဖော်ထားတဲ့ အိန္ဒိယဒီဇိုင်နာ'ရာဟူမစ်ရှရာ'ရဲ့ နောက်ဆုံးပဲရစ်ဖက်ရှင်ရှိုးပွဲကို ပြင်သစ်မှာပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_26 January 2023
၂၀၂၂-၂၀၂၃ ခုနှစ်ရဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေသွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 January 2023
ရန်ကုန်မြို့မှာ ကိုယ်ဝယ်လိုက်တဲ့တိုက်ခန်းတွေ ငွေချေပြီးနောက် တကယ်ပိုင်ဆိုင်ခွင့်မရဘဲ အလိမ်ခံရတာတွေရှိနေတဲ့အတွက် သတိပြုစစ်ဆေးဝယ်ယူကြဖို့ လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်မိုးမထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 January 2023
YBS ယာဉ်လိုင်းတွေအနေနဲ့ ယာဉ်တစ်စီးနှင့်တစ်စီးအပြိုင် ခရီးသည်လုတင်ပါက ကျော်တက်တဲ့ယာဉ်ကို ဒဏ်ငွေတစ်သောင်း ပေးဆောင်ခိုင်းသွားမယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပခဲ့တယ်လို့ နစက ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါတယ်။

အဲဒီအပြင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။
အစီအစဉ်အရ ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဝင်များက ရတနာ ပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင် တော် အထောက်အကူပြု သံမဏိစင်၊ ဆင်းတုတော် ထည့်သွင်းထားသည့် သံမဏိ ပန်းတောင်း၊ ဆင်းတုတော်အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ (၄) ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာ ဆင်ယင်ကြပါတယ်။

အဲဒီနောက် မင်္ဂလာအချိန်တော်ရောက်ရှိတဲ့အခါ နစက ဥက္ကဋ္ဌ က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင် တော်ထက်သို့ စက်ခလုပ်နှိပ်၍ မင်္ဂလာစက်ယန္တရားများ ဖြင့် စတင်ပင့်ဆောင်ပူဇော် သည်။
ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော် ထက်သို့ ပင့်ဆောင်ခြင်း လုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်ရာ သံဃာ တော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယ မင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ခဲ့ကြပါတယ်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ ရှိကြောင်းသိရပါတယ်။
အဆိုပါ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင် ဝန်ချီစက် အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ စတင်ပင့်ဆောင်ခြင်းဖြစ်ပြီး ရတနာပလ္လင်တော် ပေါ်သို့ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့် ကြာမြင့်မယ်လို့ သတင်းရရှိပါတယ်။
-ymg/knl
#Myanmar
#Myanmar_Buddhism
#Myanmar_Senior_General





#DailyNews
Published_ 26 January 2023
၁။ YBS ယာဉ်လိုင်းများ ခရီးသည်လုတင်ပါက ဒဏ်ငွေတစ်သောင်းဒဏ်ရိုက်မည်
၂။ ငွေချေပြီး တိုက်ခန်းပိုင်ဆိုင်ခွင့်မရဘဲ အလိမ်ခံရခြင်းများရှိနေ၍ သတိပြုဝယ်ယူရန်လို
၃။ ယခုဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော် ပိုမိုရရှိထား
၄။ ပဲရစ်မြို့တွင် စကြဝဠာဖက်ရှင်ဒီဇိုင်းဖြင့် ပွဲဦးထွက်ကျင်းပခဲ့သည့် အိန္ဒိယဖက်ရှင်ဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_26 January 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်မောင်းတွေထဲက ဝန်ဆောင်မှုကောင်းပြီး ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်တဲ့ ယာဉ်မောင်းတွေကို စံပြအနေနဲ့ ဂုဏ်ပြုဆု ချီးမြှင့်သွားမယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_26 January 2023
ယနေ့ ဇန်နဝါရီလ (၂၆) ရက်တွင် Ron 92 နှင့် 95 ဈေးငြိမ်နေသော်လည်း ဒီဇယ်ဈေးပြန်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ရည်ညွန်းလက်ကားဈေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ ၉၂ တစ်လီတာလျှင် ၂၁၉၂ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၆၈ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၅၇ ကျပ်ဖြစ်ပြီး ယမန်နေ့ထက် အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
ယခုတွင် စက်သုံးဆီအရောင်းဆိုင်များ၏ လက်လီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂၃၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
စင်ကာပူစက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာပြီး ရန်ကုန်တိုင်းအတွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ ဇန်နဝါရီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ၉၂ တစ်လီတာလျှင် ၂၃၀၅ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 26 January 2023
ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၄၄၀ ကျပ်သတ်မှတ်ပေးထားချိန် ပြင်ပဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ၇၀၀၀ ကျပ်အထိမြင့်တက်လာကြောင်း ရောင်းချသူများထံမှ သိရသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်အထိ သတ်မှတ်ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရန်ကုန်မြို့ရှိ မြို့နယ်များတွင် တန်းစီစနစ်နှင့် ရောင်းချရာတွင် စားအုန်းဆီ ၁ ပိဿာလျှင် ၄၆၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
စားအုန်းဆီ ပြင်ပ ဈေးနှုန်းမှာ တစ်ပိဿာ ၅၈၀၀ ကျပ် မှ ၇၀၀၀ ကျပ် ကြား ပတ်ဝန်းကျင်တွင်ရှိနေကြောင်း သိရသည်။ ဇန်နဝါရီလဆန်းပိုင်းတွင် စားအုန်းဆီဈေးနှုန်းမှာ ကျဆင်းခဲ့ပြီး ယခုတွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။
ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 26 January 2023
ရှမ်းပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ်များမှ ဖြတ်သန်းမည့်သူများအတွက် BorderPass စာအုပ်များပြုလုပ်ပေးနေကြောင်း သိရသည်။
အဆိုပါ ဂိတ်များကို ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က ဖွင့်လှစ်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နန်းတော်နယ်စပ်ဂိတ်နှင့်၊ ဆင်ဖြူနယ်စပ်ဂိတ်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ဝင်ရောက်နိုင်ရန် ဇန်နဝါရီလ ၂၅ ရက်နံနက်ပိုင်းမှစတင်၍ BorderPass စာအုပ်များ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"နယ်စပ်သွားလာခွင့် လက်မှတ် Border Pass စာအုပ်တွေကို နန်းတော်နယ်စပ်ဂိတ်မှာ လုပ်ပေးနေတာပါ၊လောလာဆယ်ကတော့ မူဆယ်၊ နမ့်ခမ်းမြို့နယ်တွေက သန်းခေါင်စာရင်းရှိသူတွေကိုပဲ လုပ်ပေးနေပါသေးတယ်။ ကာယကံရှင် ကိုယ်တိုင် သွားလုပ်ရတာပါ"ဟု မူဆယ် ဒေသခံတစ်ဦးက ပြောသည်။
Border Pass စာအုပ်ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်၊ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်းတို့၏ မူရင်းနှင့်မိတ္တူတို့ကို ယူဆောင်လာရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်မည့်သူများအနေဖြင့် Border Pass စာအုပ်နှင့်အတူ မှတ်ပုံတင်ကိုလည်း ယူဆောင်သွားရန် လိုအပ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1390 of 2000