#Local_News
Published_ 9 September 2022
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လုပ်ငန်းကော်မတီအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကိစ္စရပ်များကို ဆောင်ရွက်နေကြောင်း၊ တိုးတက်မှုရလဒ်များကို နိုင်ငံတကာသို့ ပြသနိုင်ရမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် အသိုက်အဝန်းများ၏ လူနေမှုဘဝ အမှန်တကယ် အဆင်ပြေချောမွေ့စေရေးအတွက် လက်တွေ့တွင် လုပ်ဆောင်ပေးရန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နေရပ်စွန့်ခွာသူများ စိစစ်လက်ခံပြီးနောက် ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအပါအဝင် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါတယ်။
ယင်းနောက် ကော်မတီအတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်မှ ကော်မတီ၏ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို လည်းကောင်း၊ တွဲဘက်အတွင်းရေးမှူးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က သတင်းမှန်ပြန်ကြားရေး၏ အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဝန်ကြီးက ရခိုင်ပြည်နယ်အတွက် အကူအညီများကို ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရယူရာတွင် မိမိတို့လိုအပ်ချက်နှင့်အညီ ရယူ၍ မြေပြင်တွင် လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
#Asean_News
Published_ 9 September 2022
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တိုတွင် ကျင်းပပြုလုပ်တဲ့ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်အောင် တက်ရောက် ခဲ့ပါတယ်။
အစည်းအဝေးတွင် ပူးတွဲသဘာပတိများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Chem Widhya နှင့် မလေးရှားနိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ် H.E. Dato’ Zainuddin Yahya တို့က ဆောင်ရွက်ခဲ့ကြပါတယ်။
အဆိုပါ အစည်းအဝေးသို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သည် မြန်မာနိုင်ငံ၏ Alternate Eminent Personနှင့် High-Level Representative အဖြစ်တက်ရောက်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ယခု တတိယအကြိမ်မြောက်အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ဒုတိယ အကြိမ်အစည်းအဝေး အစီရင်ခံစာအပေါ် လမ်းညွှန်မှုပေးခြင်း၊ အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးမည့် အစီအစဉ်၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ စီးပွားရေးအသိုက်အဝန်း မဏ္ဍိုင်နှင့် လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်တို့မှ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိကအချက်များ (Core Elements)နှင့် အာဆီယံအဖွဲ့အစည်း ခိုင်မာစေခြင်းနှင့် စွမ်းဆောင်ရည် အားကောင်းစေရေးအတွက် အကြံပြုချက်စာတမ်းတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
အစည်းအဝေးတက်ရောက်သူများက အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းရန် ပေးပိုထားပြီးဖြစ်သည့် အဆိုပြုချက်များသည် အာဆီယံ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများနှင့်အညီ လက်ရှိ အာဆီယံ အသိုက် အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုနှင့် ကာလလယ် သုံးသပ်ချက်ကို အခြေခံသင့် ပါကြောင်း၊ ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ပိုမိုစည်းလုံးသည့် အားလုံးပါဝင်သောတုံ့ပြန်နိုင်မှု အားကောင်းသည့် အဖွဲ့အစည်း အဖြစ်နှင့် အာဆီယံ၏ အချက်အချာကျမှုနှင့် ဦးဆောင်မှု မြှင့်တင်နိုင်မည့်အချက်များကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်းဖြင့် ဆွေးနွေးခဲ့ကြပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Health
Published 9 September 2022
ဦးနှောက်ကင်ဆာဆိုတာက ကြိုတင်စစ်ဆေးလို့ရတဲ့ ကင်ဆာမျိုးမဟုတ်ပါဘူး။
ဒါကြောင့် ရောဂါလက္ခဏာတွေကို သတိပြုမိဖို့ အလွန်အရေးကြီးပါတယ်။
ကလေးတွေနဲ့လူကြီးတွေမှာ ဦးနှောက်အကြိတ်စဖြစ်လာတဲ့ အစောပိုင်းလက္ခဏာများကို ယူကေဦးနှောက်အကြိတ်အဖွဲ့အစည်းက ပြီးခဲ့တဲ့လက သတိပေးဖော်ပြခဲ့ပါတယ်။
ဦးနှောက်အကြိတ်အမျိုးအစားပေါင်း ၁၀၀ ကျော်ဟာ ဇီဝပုံစံအရရော ကုသမှုနည်းလမ်းတွေမှာပါ ကွဲပြားကြပါတယ်။
အချို့အမျိုးအစားက လူငယ်တွေကိုသာသက်ရောက်စေပြီး အချို့ကတော့ လူကြီးတွေမှာသာ ဖြစ်ပေါ်တတ်ပါတယ်။
အကြိတ်ရှိတဲ့အပေါ်မူတည်ပြီး လက္ခဏာများ ကွဲပြားစွာခံစားရစေသလို လုံးဝမခံစားရတာမျိုးလည်း ရှိတတ်ပါတယ်။
ဦးနှောက်ကင်ဆာဖြစ်လာစေနိုင်တဲ့ လက္ခဏာတွေကတော့..
(၁) အကြောဆွဲခြင်း
တက်ခြင်း၊ အကြောဆွဲခြင်းတို့ဖြစ်ပေါ်တယ်ဆိုရင် အရေးပေါ်ဌာနသို့သွားရောက်ပြီး ဆရာဝန်က ဦးနှောက်ဓာတ်မှန်ရိုက်သင့်/ မရိုက်သင့် ဆုံးဖြတ်ပါလိမ့်မယ်။
(၂) ခန္ဓာကိုယ်တစ်ဖက်ခြမ်းတည်းမှ မျက်နှာ၊ လက်တံ၊ ခြေတံအားနည်းခြင်း
ထိုအစိတ်အပိုင်းတွေမှာ လေဖြတ်သလိုမျိုး အားနည်းလာတတ်ပြီး အချိန်ကြာတာနဲ့အမျှ ပိုသိသာလာတတ်ပါတယ်။
(၃) စကားပြောမပီသခြင်း
ကိုယ်ပြောချင်တဲ့ စကားကို မပြောပြနိုင်ဘဲ အမှားတွေပြောမိတာမျိုး၊ တစ်ခါတလေမှာ ပြောစရာစကားလုံး ရှာမရဖြစ်တတ်ပေမယ့် ခဏခဏဖြစ်လာပြီဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါပြီ။
(၄) လုပ်ကိုင်နိုင်စွမ်း ပြောင်းလဲလာခြင်း
အရင်ကလုပ်နေကျကိစ္စတွေကို လုပ်ရတာ ခက်ခဲရှုပ်ထွေးလာတာလည်း လက္ခဏာတစ်ခုပါ။
(၅) အမြင်အာရုံပြောင်းလဲခြင်း
ဦးနှောက်အကြိတ်ကြောင့် မျက်လုံးဘေးက မြင်ကွင်းကို မြင်ရခက်ခဲလာနိုင်ပါတယ်။
(၆) စာဖတ်ရခက်ခဲခြင်း အဓိပ္ပာယ်သဘောပေါက်ရန် ခက်ခဲခြင်း
စာရေးသားရတာ ခက်ခဲလာမယ်၊ စာဖတ်လို့ရပေမယ့် အဓိပ္ပာယ်ကို သဘောမပေါက်နိုင်ဘူးဆိုရင် ဆရာဝန်ပြသသင့်ပါတယ်။
(၇) ခေါင်းကိုက်ခဲခြင်း
ခေါင်းကိုက်ခြင်းဝေဒနာက ဦးနှောက်အကြိတ်နဲ့ ဆက်စပ်နေပါတယ်။
ဒါပေမဲ့ ဦးနှောက်အကြိတ်လို့ သတ်မှတ်ဖို့အတွက် ခေါင်းကိုက်လက္ခဏာတစ်ခုတည်းနဲ့တော့ မပြောနိုင်ပါဘူး။
#Source: The Jerusalem Post
#Yangon_Media_Group
Published 9 Sept 2022
ဗြိတိန်ရဲ့ သက်တမ်းအရှည်ဆုံးဧကရာဇ်ဖြစ်တဲ့ အသက် ၉၆နှစ်အရွယ် ဘုရင်မကြီး အဲလစ်ဇဘက်ဟာ စကော့တလန်က သူမရဲ့စံအိမ်မှာ ကြာသပတေးနေ့က ကွယ်လွန် သွားပြီဖြစ်ပါတယ်။
“ ကျွန်တော့်ရဲ့ချစ်လှစွာသော မိခင်ကြီး ဘုရင်မကြီး ကွယ်လွန်သွားခြင်းအတွက် ကျွန်တော်နှင့် ကျွန်တော့်မိသားစုအားလုံး အတွက် အကြီးမားဆုံး ကြေကွဲဝမ်းနည်းရပါတယ်” လို့ သူမရဲ့သား ဗြိတိန်ဘုရင်မင်းမြတ်အသစ် ချားလ်စ်က ပြောပါတယ်။
“ ချစ်ခင်မြတ်နိုးရတဲ့ အမြင့်မြတ်ဆုံးသော မိခင်ကြီး ကွယ်လွန်သွားတဲ့အတွက် ကျွန်တော်တို့ ပူဆွေးသောကဖြစ်ကြရပါတယ်။ သူမကိုဆုံးရှုံးရခြင်းကို တစ်နိုင်လုံး၊ နိုင်ငံတော်နယ်ပယ်နှင့် ဓနသဟာယ ပြီးတော့ တစ်ကမ္ဘာလုံးက ပြည်သူတွေ နက်နက်ရှိုင်းရှိုင်းခံစားကြရမှာလို့ ကျွန်တော်သိပါတယ်” လို့ အသက် ၇၃နှစ်အရွယ် ဘုရင်ချားလ်က သတင်းထုတ်ပြန်ပါတယ်။
ကြာသပတေးနေ့လယ်ကစပြီး ဘုရင်မကြီးရဲ့ဆရာဝန်တွေက သူမကို စောင့်ကြပ်ကြည့်ရှုနေရတယ်လို့ ပြောပြီး မိသားစုဝင်တွေ စကော့တလန်က သူမရဲ့အနီး အပြေးရောက်လာကာ သူမကျန်းမာရေး ယိုယွင်းလာတဲ့သတင်းတွေကြားခဲ့ရတာဖြစ်ပါတယ်။
လန်ဒန်မြို့လယ်က ဘတ်ကင်ဟမ်နန်းတော်အပြင်မှာ လူထောင်ပေါင်းများစွာစုရုံးနေကြပါတယ်။ အဲဒီနေရာမှာ အလံကို တိုင်တစ်ဝက်လျော့ချတဲ့အခါလူတွေကငြိမ်သက်ပေးကြပါတယ်။
ဘုရင်ချားလ်စ်နှင့် ကြင်ယာတော် မိဖုရား ကာမီလာတို့ဟာ သောကြာနေ့ လန်ဒန်ကိုမပြနခင် ဘုရင်မကြီးကွယ်လွန်ခဲ့တဲ့ ဘာမိုရယ်ရဲတိုက်ကြီးမှာ ဆက်လက်နေထိုင်ဦးမှာဖြစ်ပါတယ်။ လန်ဒန်မှာ ချားလစ်ဘုရင်ဟာ တိုင်းပြည်ကို မိန့်ခွန်းပြောရန်ရှိပြီး ဝန်ကြီးချုပ် လစ်ထရပ်စ်နှင့်လည်းတွေ့ဆုံမယ်လို့ တော်ဝင်အရာရှိတွေကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကမှ ခင်ပွန်းဖြစ်သူ ကြင်ယာတော်မင်းသားကြီး သေဆုံးခဲ့ပြီးနောက် အဲဒီနှစ်ကုန်ပိုင်းလောက်မှာ ဘုရင်မကြီးဟာ episodic mobility လို့ခေါ်တဲ့ သွားရလာရခက်တဲ့ ဝေဒနာတစ်မျိုးခံစားခဲ့ရပါတယ်။ အဲဒါကြောင့် သူမဟာ အများပြည်သူနှင့် ထိတွေ့ဆက်ဆံမှုတွေ ရုပ်သိမ်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဝန်ကြီးချုပ်သစ် ထရပ်စ်ကို ခန့်အပ်စဉ်တစ်ကြိမ် သူမဟာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
ဘုရင်မကြီးကွယ်လွန်ခြင်းဟာ နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ ကြီးမားစွာတုန်လှုပ်မှုဖြစ်စေပါတယ်လို့ ထရပ်စ်က ပြောပါတယ်။
ဘုရင်မကြီးဟာ ၁၉၅၂ခုနှစ် ဖေဖော်ဝါရီ(၆)ရက်မှာ ဖခင် ဂျော့-၆ ဘုရင် ကွယ်လွန်ပြီးနောက် အသက် ၂၅နှစ်အရွယ်မှာ ထီးနန်း အရိုက်အရာကိုဆက်ခံခဲ့ပါတယ်။
အဲဒီအချိန်မှာ ဗြိတိန်မှာ ဝန်ကြီးချုပ်က ဝင်စတန်ချာချီဖြစ်ပြီး ဆိုဗိယက်ခေါင်းဆောင်က ဂျိုးဆက်စတာလင်ဖြစ်ပါတယ်။ ကိုးရီးယားစစ်ပွဲလည်းပြင်းထန်နေချိန်ပါ။
သူမကွယ်လွန်ချိန်မှာ ဘုရင်မကြီးဟာ ယူနိုက်တက်ကင်းဒမ်းရဲ့ နိုင်ငံခေါင်းဆောင်သာမက ဩစတြေလျ၊ဘာဟာမား၊ ဘဲလစ်၊ကနေဒါ၊ဂရင်နာဒါ၊ဂျာမေကာ၊နယူးဇီလန်၊ပါပေါ နယူးဂီနီ၊ စိန့်လူစီယာ၊စိန့်ကစ်နှင့်နီဗစ်၊ တူဗာလူ၊ ဆော်လမွန်ကျွန်းမျာ၊ စိန့်ဗင်စင့်နှင့် ဂရင်နာဒိုင်း နှင့် အန်တီဂွာနှင့်ဘာဘူဒါတို့ရဲ့ နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်ပါတယ်၊
Source Reuters
#Queen_ Elizabeth_dies
#Britain_Monarch
#King_Charles





#Local_News
Published - 8 September 2022
နိုင်ငံခြားငွေနဲ့ ရရှိတဲ့ မြန်မာသင်္ဘောသား လစာငွေတွေကို တတ်နိုင်သမျှ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားတယ်လို ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
အိန္ဒိယနှင့် ဂျပန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများရဲ့ ၂+၂ ဆွေးနွေးပွဲကို စက်တင်ဘာ ၈ရက် က ဂျပန်နိုင်ငံတိုကျိုမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ဒေသတွင်းမှာ သံတမန်ရေးရာ တင်းမာမှုတွေရှိနေတဲ့ကြားထဲမှာ ကျင်းပခဲ့တဲ့ အဲဒီနှစ်နိုင်ငံ ဝန်ကြီးနှစ်ဦးစီရဲ့ အစည်းအဝေးဟာ နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအပြင် အငြင်းပွားမှုတွေဖြေရှင်းရာမှာ အင်အားသုံးတာ ဒါမှမဟုတ် တစ်နိုင်ငံချင်းစီရဲ့တည်ရှိမြဲ အနေအထားကို ပြောင်းလဲအောင်ကြိုးစားအားထုတ်တာတွေမလုပ်ဘဲ နိုင်ငံတကာ ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့လိုအပ်နေတာကိုလည်း အစည်းအဝေးမှာ အလေးပေးပြောကြားခဲ့ကြပါတယ်။
Source AFP
#Japan_India_Diplomacy
#Japan_India_2+2_meeting
#Japan_India_Defense_Ties
Published 8 Sept 2022
ရုရှားဖက်ဒရေးရှင်းနိင်ငံ၊ Primorskyဒေသရှိ ဗလာဒီဗော့စတော့ခ်မြို့မှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် စီးပွားရေးစင်တာ Business Center တို့ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေးဆောင်ရွက်မယ်လို့သိရပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့မှာ Primorskyဒေသ အစိုးရအဖွဲ့အကြီးအကဲ Mr. Oleg Nikolaevich Kozhemyako နှင့် တွေ့ဆုံရာမှာ ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ Primorskyဒေသ နှင့် မြန်မာနိုင်ငံတို့အကြား ကုန်စည်ပို့ဆောင်ရေး၊ပို့ကုန် သွင်းကုန်တိုးမြှင့်ရေး၊ မြန်မာ ကျောင်းသူကျောင်းသားတွေ ပညာတော်သင်များအဖြစ်လက်ခံရေး၊ လူငယ်များအတွေ့အကြံဖလှယ်သည့်အစီအစဉ်များတွင် မြန်မာလူငယ်တွေပါဝင်ရေးနှင့် မြန့်မာစိုက်ပျိုးရေးကဏ္ဍမှ တာဝန်ရှိသူတွေ လာရောက်လေ့လာစေလိုတာတွေကိုလည်း Primorskyဒေသ အစိုးရအဖွဲ့အကြီးအကဲက ကူညီဆောင်ရွက်ပေးမယ့်အခြေအနေတွေကို ပြန်လည်ပြောကြားဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ့အပြင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဟာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့်အဖွဲ့တို့နှင့် အဲဒီပြည်နယ်ပြခန်းဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံနှင့် အဲဒီ Buryatia ပြည်နယ်တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ထို့အပြင် နစက ဥက္ကဋ္ဌဟာ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU)အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ် ပါမောက္ခချုပ် Mr.Boris Nikolaevich Korobetsနှင့်လည်း အဲဒီတက္ကသိုလ်မှာ မြန်မာနိုင်ငံနှင့်ပညာရေးပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ အကြားမကြာမီ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့သိရပြီး မြန်မာနိုင်ငံမှ သင်တန်းသားတွေလာရောက်ပါက အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်မှ စီမံဆောင်ရွက်ပေးနိုင်မယ့်အခြေအနေတွေကိုလည်း ပါမောက္ခချုပ်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါတယ်။
သက်တမ်း ၁၂၃နှစ်ရှိပြီဖြစ်တဲ့ အဆိုပါတက္ကသိုလ်ကြီးတွင် ပညာရပ်ပေါင်းစုံ၊နယ်ပယ်စုံသင်ကြားပေးလျက်ရှိပြီး မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာပညာတော်သင်တွေစေလွှတ်ဖို့နှင့် တက္ကသိုလ်များအချင်းချင်း ဘာသာရပ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက် ပညာရေးမြှင့်တင်နိုင်မည့် ကိစ္စတွေကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊
Source: SAC’s information




#World_Development
Published 8 September 2022
ကမ္ဘောဒီးယားကျေးလက်ကျောင်းတစ်ခုထဲက သီးနှံဥယျာဉ်ထဲမှာ ကလေးတွေက အသီးအရွက်များကို ချိန်တွယ်ပြီး သူတို့ရဲ့သင်္ချာစွမ်းရည်ကို လေ့ကျင့်နေကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 8 September 2022
ပုံမှန်အလှူရှင်တွေ နည်းပါးလာပြီး အတက်အကျမငြိမ်တဲ့ စက်သုံးဆီဈေးနှုန်း ဂယက်တွေကြောင့် ပရဟိလူမှုကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့ အသင်းကို ဆက်သွယ်အကူညီတောင်းခံလာတဲ့အခါ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 8 September 2022
ရခိုင်ပြည်နယ်မှာ ဒေသတွင်း မတည်မငြိမ်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေး အနည်းငယ် တုံ့ဆိုင်းနေပါတယ်။
#Yangon_Media_Group
#Local_News
Published-8 Setember 2022
ကိုဗစ်-၁၉ ရောဂါကူးစက်သူနဲ့ သေဆုံးသူဦးရေတွေ တိုးလာပေမယ့် လတ်တလောမှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီးကန့်သတ်ချက်တွေကို ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 September 2022
၁။ ကိုဗစ်-၁၉ ကူးစက်သူနှင့် သေဆုံးသူဦးရေတိုးလာသော်လည်း ကန့်သတ်ချက်များထုတ်ပြန်ဖို့ မရှိသေးဟုဆို
၂။ ရခိုင်ပြည်နယ်အတွင်းမငြိမ်မသက်မှုများကြောင့် ကုန်သွယ်ရေးအနည်းငယ် တုံ့ဆိုင်း
၃။ လူမှုကူညီရေးအသင်းအချို့မှ အကူညီတောင်းခံလာသူများအား တတ်အားသလောက် ပြန်လှူဒါန်းပေးရန် မေတ္တာရပ်ခံထား
၄။ ကမ္ဘောဒီးယားကျောင်းများတွင် ကလေးများကို သီးနှံစိုက်ပျိုးရေးအတတ်ပညာများ သင်ကြားပေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1394 of 1771