TV Yangon Times Matters အစီအစဉ်
Published - 26 June 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဆရာဒေါက်ထွေး(ဆေးမန်း)နှင့် အတူ
- "ကျန်းမာရေးပညာပေးတာကို ဆရာဝန်မှမဟုတ်ဘဲ ကျန်းမာရေးဗဟုသုတရှိတဲ့ သူတိုင်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်း
- 'တင်မောင်တည်'ဆိုတဲ့နာမည်နဲ့ ဝတ္တုအနုပညာဆောင်းပါးတွေရေးဖြစ်ပြီး ကိုယ်တိုင်လည်းပန်းချီကားတွေ ရေးဆွဲဖြစ်တဲ့အကြောင်း
- စာပေတွေရေးမယ်ဆိုရင် IQ မြင့်ရုံတင်မဟုတ်ဘဲ စာပေမျိုးစုံကိုလည်း လေ့လာဖတ်ရှုဖို့လိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _26 June 2022
ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတွင် ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြသောကြောင့် ညနေ ၆ နာရီ မိနစ် ၂၀ ကျော်တွင် မီးငြိမ်းသွားကြောင်းသိရသည်။
မီးလောင်ရသည့်အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအကြောင်းတို့ကိုမူ မသိရသေးပေ။
Photo by CJ
ymg/mt
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 26 June 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဆရာဒေါက်ထွေး(ဆေးမန်း)နှင့် အတူ
- "ကျန်းမာရေးပညာပေးတာကို ဆရာဝန်မှမဟုတ်ဘဲ ကျန်းမာရေးဗဟုသုတရှိတဲ့ သူတိုင်းလုပ်လို့ရတယ်ဆိုတဲ့အကြောင်း
- 'တင်မောင်တည်'ဆိုတဲ့နာမည်နဲ့ ဝတ္တုအနုပညာဆောင်းပါးတွေရေးဖြစ်ပြီး ကိုယ်တိုင်လည်းပန်းချီကားတွေ ရေးဆွဲဖြစ်တဲ့အကြောင်း
- စာပေတွေရေးမယ်ဆိုရင် IQ မြင့်ရုံတင်မဟုတ်ဘဲ စာပေမျိုးစုံကိုလည်း လေ့လာဖတ်ရှုဖို့လိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 26 June 2022
မွန်ပြည်နယ်၊ မုဒုံမြို့ ဒိုးမားကျေးရွာရှိ ဒေသခံတောင်သူ ယာမြေတွင် ၂၀၂၂ ခုနှစ် ၊ မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် လက်တွေ့စိုက်ပျိုးနည်း သရုပ်ပြသခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မုဒုံမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေသခံတောင်သူများကို မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျွဲနွားတိရစ္ဆာန်များအတွက် အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသောအစားအစာအဖြစ် ကျွေးမွေးနိုင်ရန်၊ အာဟာရပြည့်ဝစေပြီး အထွက်နှုန်းတိုးတက်မြင့်မားလာစေရန်နှင့် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် ကျွဲနွားတိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲမွေးမြူကာ ကြီးထွားဖွံ့ဖြိုးသော ကျွဲနွားတိရစ္ဆာန်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်စေရန်၊ နေဗီယာမြက်ကို နွားစာအဖြစ်ကျွေးမွေးပါက လိုအပ်သော အာဟာရဓာတ်ပမာဏ ပြည့်ဝစွာရရှိနိုင်သည့်အတွက် ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
မုဒုံခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများသည် ယာမြေတစ်ဧကတွင် နေဗီယာမြက် လက်တွေ့သရုပ်ပြ စိုက်ပျိုးကြကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Published 26 June 202
ရှမ်းပြည်နယ်( အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ပုံပါကျင်မြို့နယ်၊နားကောင်းမွန်းဒေသ၊ဟွေအော အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ပါတယ်။
မိုင်းဆတ်ခရိုင်၊ ဝ အထူးဒေသ( ၂)စစ်ဒေသ (၁၇၁) တပ်ဖွဲ့မှ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွင် ဒု နိုင်ငံရေးမှူး ဦးညီကပ်မှမူးယစ်ဆေးဝါးနှိမ်နှင်းရေနှင့်စပ်လျဥ်း၍
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စများသည် တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍ မရနိုင်ကြောင်း၊၄င်းတို့အနေနှင့် မျိုးရိုးစဉ်ဆက် ဒုက္ခပေးသည့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်ရန် အတွက် သံန္ဓိဌာန်ချမှတ်ထားတယ်လို့ပြောပါတယ်။
၂၀၁၉ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ (၃၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး (၃)နှစ်အတွင်း စုစုပေါင်းစိတ်ကြွဆေးပြား(၁၁၃၆၆၁၄၂)ပြား၊ရေခဲ (၉၀) ထုတ်၊ဘိန်းမဲ (၅၅)ကီလိုဂရမ်၊ကဖင်းမှုန့် (၁)ပုလင်းနှင်း (၁)ဂရမ်၊ကဖင်းမှုန့် (၉၀)ထုတ်၊လိမ္မော်ရည် ဆေးရည် (၄၀)ပုလင်း၊မော်လိကျင်အရည် (၈၆)ပုလင်း၊ကော်မှုန့် (၅၆)ထုတ်၊ဖန်စီဒိုင်း (၆၀၃)ပုလင်း၊ပန်းရေညင် မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်း (၅)ထုတ်၊မူးယစ်ဆေးဝါး ရောင်းရသည့်ငွေ ၅၀၀၀၁၄ဘတ်၊ တရုတ် ယွမ်ငွေ ၃၀၉.၁ယွမ်၊ကျပ်ငွေ ၃၇၀၆၀၀ကျပ်၊ဖုန်း ၅၉)လုံး၊နာရီ (၅)လုံးAK 47 -(၃)လက်၊ကျည်ဆံ (၁၈၉)ခု၊တူမီး (၂)လက်၊၄၀M ဗုံးပစ် လောင်ချာ (၁)လုံး၊ဗုံးသီး (၁၅)လုံး၊equipments(၂)ခု၊၁၃ MM ပစ္စတို (၂)လက်၊ကျည်ဆန် (၁၀)လုံး၊၉MM -၂လက်၊ကျည်ဆန် (၅၄)လုံး၊M 16-၂လက်၊ကျည်ဆန် (၁၈၁)လုံး၊ကျည်ကတ် (၃)ခု၊AK 47 -၂လက်၊ကျည်ဆံ အလုံး (၁၀၀)၊ဓာတ်မီး (၄၂)လုံး၊ကားငယ် (၁၂)စီး၊ဆိုင်ကယ် (၁၁)စီးစကားပြောစက် (၉)လုံး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၁၉)ဦး၊ မူးယစ်ဆေးဝါးသုံးစွဲသူ (၅၃)ဦး ရှိကာ သက်ဆိုင်ရာသို့ (၈)ကြိမ်တိုင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ စစ်ဒေသ (၁၇၁)မှ ဒုစစ်ဒေသမှူး ဦးကျလောဘိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဟွေအော၊နာကောင်းမူ ကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စသည့် စုစုပေါင်း အင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
Ymg/ys-tcl
#LocalNews
Published_26 June 2022
မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ် (မက်အဖက်တမင်း)၊ ကတ်တမင်း စသည့် လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs)ပြဿနာများမှာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂၅/၂၀၂၂) ဖြင့် အဖွဲဝင် ၁၉ ဦးဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ကာ နည်းဥပဒေများကို မကြာမီပြင်ဆင်ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်းလည်း ယင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကိုလည်း တပ်ဖွဲ့ခွဲ ၁၀ ခွဲ၊ တပ်ဖွဲ့စု ၆၅ စု တို့ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ ခုနှစ် အတွင်း အမှတ်(၁၁) X–Ray စက် တပ်ဖွဲ့ခွဲနှင့် X–Ray စက် တပ်ဖွဲ့စု ၆ စုတို့ကို ထပ်မံတိုးချဲ့၍ ခေတ်မီရှာဖွေရေးကိရိယာများ၊ မူးယစ်ဆေးဝါးဓာတ်ခွဲကိရိယာများ၊ ခေတ်မီရွှေ့ပြောင်းသယ်ယူစမ်းသပ်သည့် ကိရိယာများ၊ လုပ်ငန်းသုံးအဆင့်မြင့်ကိရိယာများကို ဝယ်ယူတပ်ဆင်ကာ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုလည်း ခေတ်နှင့်လျော်ညီမှုရှိစေရန်အတွက် စိစစ်ပြင်ဆင်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ” ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ပြင်ဆင်သည့်ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူများအား အပြစ်ပေးအရေးယူခြင်းမရှိဘဲ ဆေးကုသပေးခြင်းနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးစွဲသူများ ဆေးကုသမှုခံယူနိုင်စေရေးနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချနိုင်ရေးအတွက် မူးယစ်ဆေးစွဲရောဂါကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၉ ခုနှင့် ဘိန်းအမျိုးအစား မူးယစ်ဆေးစွဲရောဂါလူနာများအတွက် မက်သာဒုံး ဆေးခန်း ၈၉ ခု ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးစွဲသူ ၂၆၃၁၈ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၂၅၈၁၆ ဦးကို မက်သာဒုံးဆေး တိုက်ကျွေးနိုင်ခဲ့ကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်မူးယစ်ဆေးဖြတ်ပြီးသူများ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးစခန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခု ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂကွန်ဗင်းရှင်း ၃ ခု၌ ပါဝင်လက်မှတ်ရေးထိုးထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့(AFP)၊ အမေရိကန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စီမံခန့်ခွဲမှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) စသည့် အဖွဲ့အစည်းများနှင့်လည်း မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မဲခေါင်(MoU) ၆ နိုင်ငံပါဝင်သော Operation 1511 ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို- ထိုင်း ၃ နိုင်ငံပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ Operation 1511/ 22 ကို လည်း ကောင်း ဆောင်ရွက်ခဲ့မှုကြောင့် ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးများ ပြင်ပဒေသသို့ ပျံ့နှံမှုမရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါ သဝဏ်လွှာက ဖော်ပြထားသည်။
၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၃၅) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံး ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှိဖျက်ဆီးပွဲ အစီအစဉ်များကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 26 June 2022
၂၀၂၂ ခုနှစ် ဘားအံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ရပ်ကွက်၊ ကျေးရွာအသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဘားအံမြို့ရှိ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
"ပြည်သူတွေ အားကစားကို ပိုမိုစိတ်ဝင်စားလာစေဖို့နဲ့ မျိုးဆက်သစ် အားကစားသမားတွေပေါ်ထွက်လာစေရေးအပြင် ထူးချွန်ထက်မြတ်တဲ့ လူငယ်ဘောလုံးသမားတွေ ပေါ် ထွက်လာစေဖို့နဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်မဲ့ အားကစားသမားတွေ ပေါ်ထွက်လာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခြင်းဖြစ်ပြီး အားကစားလှုပ်ရှားဆောင်ရွက်မှုကတစ်ဆင့် နိုင်ငံတော်က ချမှတ်ထားတဲ့ လူမှုရေး ဦးတည်ချက်ပါ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေးဆိုတဲ့ လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ အခုပြိုင်ပွဲကနေတစ်ဆင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်ဖလား မြို့ နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် မြို့နယ်ကိုယ်စားပြု ဘောလုံးသမားကောင်းတွေ ဖြစ်လာစေရေးကို ကြိုးပမ်းအားထုတ်ဖို့လိုပါတယ်" ဟု ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးထင်က ပြောကြားခဲ့သည်။
ပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာများမှပြိုင်ပွဲဝင်အသင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အမှတ် ၄ ရပ်ကွက် ဘောလုံးအသင်းနှင့် ထောင်ကလပ်ကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Published 25 June 2022
ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်က အမျိုးသား တိရိစ္ဆာန်ဥယျဉ်မှာ ဇွန်(၉)ရက်ကမွေးဖွားခဲ့တဲ့ အလီလို့အမည်ပေးထားတဲ့ ကြံ့ဖြူကလေးဟာ အခုဆိုသူ့မိခင်ကက်သရင်းအတူ အာဖရိက မြက်ခင်းပြင်ပေါ် စူးစမ်းချင်စိတ်ပြင်းပြစွာနှင့် လမ်းလျှောက်နေပြီဖြစ်ပါတယ်။ ကြံ့ဖြူမျိုးတွေဟာ အာဖရိကမှာ ခိုးယူဖမ်းဆီးမှုတွေကြောင့် ထိန်းသိမ်းစောင့်ရှောက်ရာမှာ အခက်အခဲရှိနေတဲ့မျိုးစိတ်ပါ။
ဒီကြံ့ဖြူကလေးမွေးဖွားလာတာဟာ တန်ဖိုးအလွန်ရှိပါတယ်။ အထူးသဖြင့် ကျူးဘားဟာ ခြိမ်းခြောက်မှုတွေခံနေရတဲ့ ဒီမျိုးစိတ် ကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အောင်မြင်မှုတွေရနေတာကို ကျွန်တော်တို့ကူညီပေးနေပါတယ်” လို့ ရှားပါးတိရိစ္ဆာန်ဆိုင်ရာကျွမ်းကျင်သူလည်းဖြစ် ကြံ့တွေကို ကြီးကြပ်ထိန်းသိမ်းသူလည်းဖြစ်တဲ့ အလက်ဇင်းဒါး အာရန်ဂိုက ပြောပါတယ်။
ဒီမျိုးစိတ်ရဲ့မျိုဗီဇဘဏ်ကိုတည်ထောင်ထားပြီးဖြစ်ကာ အဲဒီကမှ အာဖရိကမှာရှိတဲ့ နိုင်ငံတွေရဲ့ တိရိစ္ဆာန်ဥယျဉ်တွေကို ပံ့ပိုးပေးနိုင်မှာဖြစ်တယ်လို့လည်း သူကပြောပါတယ်၊ အာဖရိကမှာ ကြံ့တွေကို ဖမ်းဆီးသတ်ဖြတ်ကာ အာရှဈေးကွက်ဆီ ကြံ့ချို(ဂျို)တွေရောင်းချတဲ့လုပ်ငန်းဟာ စီးပွားဖြစ်နေပါတယ်။
အလီရဲ့ မိဘတွေဖြစ်တဲ့ကက်သရင်းနှင့် အလက်ဇင်းဒါးတို့ဟာ နမ်ဘီးယားက လှူဒါန်းတဲ့ ကြံ့၁၀ကောင်ထဲက ဖြစ်ပြီး ကျူးဘားကို ၂၀၁၃ခုနှစ်မှာရောက်ရှိခဲ့ကြပါတယ်။
အခုမွေးလာတဲ့ကြံ့ဖြူကလေးဟာ ဟာဗားနားဆင်ခြေဖုံးမှာရှိတဲ့ ဒီတိရိစ္ဆာန်ဥယျဉ်ထဲမှာ ၁၈နှစ်အတွင်း ဒုတိယမြောက်မွေးလာတာဖြစ်ပါတယ်။
အလီရဲ့အရင်မွေးတာက သူ့အစ် မဲလ်ဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ဒီတိရိစ္ဆာန်ရုံထဲမှာ မြင်းကျား၊ရေမြင်း၊သစ်ကုလားအုပ်နှင့် အခြားတိရိစ္ဆာန်မျိုစုံ ၁၅၀ခန့်ရှိပါတယ်။ အလီလေးမွေးတဲ့နေက ကက်သရင်းဟာ တစ်ကောင်တည်း တိရိစ္ဆာန်ဥယျဉ်က ကျွမ်းကျင်သူတွေ အကူအညီမလိုဘဲ မွေးခဲ့တာပါ။ တတ်နိုင်ရင် သဘာဝအတိုင်းဖြစ်လို့ ရသမျှဖြစ်စေချင်တယ်လို့ အာရန်ဂိုကပြောပါတယ်။ဒါပေမယ့် အစ်မဖြစ်တဲ့ မဲလ်နှင့် မတူတာက အလီကိုမွေးတာက ပိုမြန်တယ်လို့ သူကပြောပါတယ်။အလီ့ကိုမွေးတုန်းက အနားမှာ အလီ့အဖေ အလင်ဇင်းဒါးနှင့် သူ့ရဲ့ ကြံမအုပ်စုတွေပဲရှိနေခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် ကလေးမွေးပြီးပြီးချင်း အခြားတိရိစ္ဆာန်တွေကလည်း အကောင်ပေါက်ကလေးကို စိတ်ဝင်တစားလာကြည့်ခဲ့ကြပါတယ်။
မွေးဖွားစဉ်က ကီလို၃၀နှင့်၄၀အကြားသာရှိခဲ့တဲ့ အလီ ကလေးဟာ အခုဆိုရင် ကိုယ်အလေးချိန် ၈၀ကီလိုတောင်ရှိလာပြီး သူ့အမေနောက်ကနေ အပြေးလိုက်နေပါပြီ။ မိခင်ကြီးက အလီကို အခြားတိရိစ္ဆာန်တွေရှိရာကိုခေါ်ဆောင်ပြီး ကျွမ်းဝင်အောင် လုပ်ပေးနေပါတယ်။အဖေရဲ့နာမည်က အဲလက်ဇင်းဒါးဆိုတော့ သူ့နာမည်ကို အဖေ့အမည်ကိုအဖျားဆွတ်ပြီး အလီလို့ပေးခဲ့တာဖြစ်ပါတယ်ရှင်..။
Source AFP
#LocalNews
Published _ 26 June 2022
ယနေ့ ဇွန်လ ၂၆ ရက်တွင် ကျရောက်တဲ့ (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းကို မန္တလေးမြို့၊ ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းတွင် ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးရာတွင် ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်၊ ကတ်တမင်းအစရှိသည့် မူးယစ်ဆေးဝါးအမျိုးအစား (၂၅)မျိုး မီးရှို့ဖျက်ဆီးခဲ့ရာ တန်ဖိုး (၃၁၆.၇၇၈၈)ဘီလီယံရှိကြောင်း သိရသည်။
လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် အန္တ ရာယ်ရှိသည့် မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓါတုပစ္စည်းအမြောက်အများကို ထိထိရောက်ရောက်ကာကွယ်တားဆီးနေခြင်းအား မြန်မာတစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါ သိရှိအောင် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Published 26 June 2022
တရုတ်နိုင်ငံက Influencers တွေဟာ သူတို့အနေနှင့် ဥပဒေရေးရာ၊ကျန်းမာရေးနှင့် ဘဏ္ဍာငွေကြေးကိစ္စတွေလို အကြောင်း အရာတွေကို တိုက်ရိုက် ဆွေးနွေးထုတ်လွှင့် live-streaming တင်ဆက်လိုတယ်ဆိုရင် သူတို့အနေနှင့် အရည်အချင်း သတ်မှတ်ချက်တွေ လိုအပ်တော့မှာ ဖြစ်ပါတယ်။
တရုတ်ရေဒီယိုနှင့်ရုပ်မြင်သံကြားအုပ်ချုပ်ရေးအဖွဲ့က တိုက်ရိုက်ဆွေးနွေးထုတ်လွှင့်မယ့်သူတွေနှင့်ပတ်သက်လို့ လမ်းညွှန်ချက် အသစ်တွေကို ဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်ပါတယ်။အဲဒီလမ်းညွှန်ချက်ထဲမှာ အဆင့်မြင့် ပညာရပ်တွေဖြစ်တဲ့ အချို့သော ခေါင်းစဉ်တွေကို ပြောဆို ဆွေးနွေးမယ်ဆိုရင် ထုတ်လွှင့်တင်ဆက်သူဆီမှာ သင့်လျော်တဲ့ အရည်အချင်းသတ်မှတ်ချက် တွေရှိဖို့လိုတယ်လို့ ပါဝင်ပါတယ်။
အဲဒီခေါင်းစဉ်တွေက ကျန်းမာရေးစောင့်ရှောက်မှု၊ဥပဒေ၊ဘဏ္ဍာငွေကြေးနှင့်ကျန်းမာရေးစသည်တို့ဖြစ်ကြောင်းဖော်ပြထား ပေမယ့် ဘယ်လိုအရည်အချင်းတွေလိုတယ်လိုတော့ အတိအကျဖော်ပြမထားပါဘူး။
“ တိုက်ရိုက် streaming တင်ဆက်သူတွေဟာ အရေးကြီးတဲ့ တာဝန်တွေထမ်းဆောင်ရတာဖြစ်တယ်။ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိအမြင်ဗဟုသုတတွေဖြန့်ဝေရာမှာ၊စိတ်ပိုင်းနှင့်ယဉ်ကျေးမှုဘဝတွေကိုစိုပြည်စေရာမှာ၊ပြီးတော့ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရာမှာအရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေကြတယ်” လို့ အသိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။
စည်းမျည်းအသစ်တွေဟာ “ အပြုသဘောဆောင်ပြီးကျန်းမာသန်စွမ်း စနစ်ကျကာ သဟဇာတဖြစ်တဲ့ အင်တာနက် ဟင်းလင်း ပြင်ကို မြှင့်တင်ပေးလိမ့်မယ်လို့လည်း ဖြည့်စွက်ရေးသားထားပါတယ်။
အဲဒီအပြင် live-streaming တင်ဆက်လို့မရတဲ့ အကြောင်းအရာ ၃၁မျိုးကိုလည်း ထည့်သွင်းထားပါတယ်။ အဲဒီအထဲမှာ လောင်းကစား၊အကြမ်းဖက်မှု နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကို အားပေးရာရောက်တဲ့အကြောင်းအရာတွေ စတာတွေ ပါဝင်နေ ပါတယ်။
အဲဒီအပြင် တင်ဆက်သူတွေဟာ တရုတ်ကွန်မြူနစ်ပါတီဦးဆောင်မှုနှင့်ဆိုရှယ်လစ်စနစ်ကို အားနည်းစေမယ့်၊ ပုံပျက်ယွင်း စေမယ့်၊ ငြင်းပယ်တဲ့ အကြောင်းအရာတွေ ထုတ်လွှင့်ခြင်းမပြုဖို့လည်း တားမြစ်ထားပါတယ်။
အစားအစာကို အလဟသဖြစ်စေတာမျိုးနှင့် အလွန်အကျွံစားပြတဲ့ mukbang ပုံစံမျိုးကိုလည်း ခွင့်ပြမှာမဟုတ်ဘူးလို့လည်း ဖြည့်စွက်ဖော်ပြထားပါတယ်။
ဒီလမ်းညွှန်ချက်တွေဟာ တရုတ်နိုင်ငံမှာ ကြီးထွားလာနေတဲ့ live-streaming လုပ်ငန်းတွေကို ဆက်လက်နှိမ်နှင်းနေတဲ့ အချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၂၀ပြည့်နှစ်တစ်နှစ်တည်းတင် အဲဒီလုပ်ငန်းဈေးကွက်ဟာ (၁) ထရီလီယံ ယွမ်ငွေ(ဒေါ်လာ ၁၅၆ ဘီလျံ)အထိရှိနေတယ်လို့ အကြံပေးကုမ္ပဏီ KPMG ကခန့်မှန်းထားပါတယ်။
တင်ဆက်သူတော်တော်များများဟာလည်း အံအားသင့်ရလောက်အောင် လူသိများကြပါတယ်။ သစ္စာရှိတဲ့ နောက်လိုက် ဖော်လိုဝါတွေ သန်းနှင့်ချီရှိနေကြတာဖြစ်ပါတယ်။
Ref: Insider
#WorldHealth
Published 26 June 2022
ကိုဗစ်နောက်ဆက်တွဲလက္ခဏာဖြစ်ပွားရခြင်းဟာ ခန္ဓာကိုယ်တစ်နေရာရာမှာကျန်နေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်မှုကို ကိုယ်ခံအားစနစ်က တုန့်ပြန်နေတာကြောင့် ဖြစ်နိုင်ကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာပေါ်ပေါက်သူ ၃၇ ဦး အပါအဝင် ကိုဗစ်ရောဂါဖြစ်ပွားသူ ၆၃ ဦးထံမှ သွေးရည်ကြည်နမူနာများကို သုတေသီများက အချိန်ကာလအလိုက်ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
နောက်ဆက်တွဲ လက္ခဏာဖြစ်ပေါ်သူအများစုမှာ ဗိုင်းရပ်စ်မျက်နှာပြင်ပေါ်က စပိုက်ခ်ပရိုတိန်းကို ၁၂ လကြာတဲ့အထိတိုင်အောင် စစ်ဆေးတွေ့ရှိရပြီး နောက်ဆက်တွဲ လက္ခဏာမပေါ်ဘဲ ပြန်လည်သက်သာလာသူတွေရဲ့သွေးရည်ကြည်ထဲမှာတော့ စပိုက်ခ်ပရိုတိန်းမတွေ့ရပါဘူး။
သွေးထဲမှာ စပိုက်ခ်ပရိုတိန်းရှိနေခြင်းဟာ သက်ရှိဗိုင်းရပ်စ်အကြွင်းအကျန်က ခန္ဓာကိုယ်ထဲမှာကျန်နေသေးတာဖြစ်တယ်လို့ သုတေသီများက medRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ကြပါတယ်။
ဗိုင်းရပ်စ်အကြွင်းအကျန်ရှိနေတဲ့နေရာကိုတော့ သေချာမသိရသေးပါဘူး။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကလေးတွေရဲ့အစာအိမ်အူလမ်းကြောင်းထဲမှာ ရှင်သန်ခဲ့တဲ့ဗိုင်းရပ်စ်တွေတွေ့ရတယ်လို့ သုတေသီများက ဆိုခဲ့ကြပါတယ်။
ရောဂါလက္ခဏာပေါ်ပြီး ၇ လလောက်ကြာတဲ့အထိ ခန္ဓာကိုယ်နေရာအနှံမှာ ဗိုင်းရပ်စ်ကျန်ရှိကြောင်း အထောက်အထားတွေတွေ့ခဲ့ရတယ်လို့ အချို့သုတေသီများကလည်း ဖော်ပြခဲ့ကြပါတယ်။
စမ်းသပ်မှုကြီးများပြုလုပ်ပြီး အတည်ပြုနိုင်ခဲ့ရင်တော့ ရောဂါစတင်ကူးစက်ပြီးနောက် သွေးထဲမှာစပိုက်ခ်ပရိုတိန်းရှိနေခြင်းကို ကိုဗစ်နောက်ဆက်တွဲ ဝေဒနာရှာဖွေတဲ့နေရာမှာ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။
Source Reuters
#Yangon_Media_Group
#Local_News
Published_ 26 June 2022
ပေါင်းလောင်းမြစ်မှ စီးဆင်းလာသည့်ရေကို အကျိုးရှိစေရန် ထပ်မံ၍ Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာမှုများကို အချိန်တိုအတွင်း အမြန်ရရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့ပါတယ်။
ဇွန် (၂၅) ရက် မွန်းလွဲပိုင်းတွင် ပေါင်းလောင်းတမံ၊ ရေထိန်းဆည်(Wier)နှင့် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
ပေါင်းလောင်းမြစ်ကို အခြေခံ၍ ပေါင်းလောင်းမြစ်ပေါ်တွင် အထက်ပေါင်းလောင်း ဓာတ်အားပေးစက်ရုံ (၁၄၀) မဂ္ဂါဝပ်၊ နန်ချို ဓာတ်အားပေးစက်ရုံ (၄၀) မဂ္ဂါဝပ်နှင့် အောက်ပေါင်းလောင်း ဓာတ်အားပေး စက်ရုံ (၂၈၀) မဂ္ဂါဝပ် တို့ကို ထုတ်လုပ်လျက်ရှိပြီး အလယ်ပေါင်းလောင်း စက်ရုံကို (၁၆၆) မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။
ထိုသို့ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဝန်ကြီးကမှာကြားခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1398 of 1637