#Local_News
Published ၀9 October 2025

▪️ မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ် ၏ဒုတိယဥက္ကဌအားကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

▪️ ၂၀၂၅ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီ (FIFA Youth Boy's Competitions Committee ) အဖွဲ့ဝင် အဖြစ် ၂၀၂၅ မှ ၂၀၂၉ခုနှစ်အထိ သက်တမ်း ကာလ တာဝန်ယူဆောင်ရွက်ရန် ရွေးချယ်တာဝန်ပေးခြင်းခံရခြင်းဖြစ်‌ကြောင်း သိရသည်။

▪️ အဆိုပါ ကော်မတီတွင် ဖီဖာကောင်စီဝင်အဖြစ် ဆိုက်ပရပ်စ်မှ ဂျော်ဂျီယိုစ့် ခူးမက်စ် ၊ကော်မတီဥက္ကဌအဖြစ် ဘီနင်မှ မက်သရူး ဒီချားစ်ကပ်နှင့် နိုင်ငံတကာမှ အဖွဲ့ဝင် ၂၃ ဦး ပါဝင်ကြောင်းသိရသည်။

▪️ ထို့အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီ အဖွဲ့ဝင် ၊ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းဥက္ကဋ္ဌ ဒေါ်ကလျာဇော်ကိုလည်း ဖီဖာအမျိုးသမီး ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (FIFA Women's Football Development Committee) အဖွဲ့ဝင်အဖြစ် ၂၀၂၅ မှ ၂၀၂၉ ခုနှစ်အထိ သက်တမ်းကာလ အတွက် ရွေးချယ်ခန့်အပ်ခဲ့ပြီး ဖီဖာ၏ အမျိုးသမီးဘောလုံးတိုးတက်ရေးကော်မတီတွင် ဒေါ်ကလျာဇော် နှင့်နိုင်ငံတကာ အဖွဲ့ဝင် ၂၅ ဦးပါဝင်ပြီး ဖီဖာကောင်စီဝင် Johanna Wood (နယူးဇီလန်)၊ ဥက္ကဌ Laura Georges (ပြင်သစ်)၊ ဒုဥက္ကဌ Olive Dol-Somse (ဗဟိုအာဖရိက)တို့ ပါဝင်ကြ‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times