#Local_News
Published 09 October 2025

▪️ ပဲခူးတိုင်းရှိ ဖြူးချောင်းရေလှောင်တမံ ရေအားလျှပ်စစ်စက်ရုံမှ မဟာဓာတ်အားလိုင်းသို့ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပို့လွှတ်နေကြောင်း ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

▪️ အဆိုပါ ဖြူးချောင်းရေလှောင်တမံသည် ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ပြီး အမြင့် ၂၄၅ ပေ၊ အရှည်ပေ ၁၀၂၀ ရှည်လျားကာ ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၆၃၂၅၃၀ သိုလှောင်နိုင်ပြီးလက်ရှိတွင် ရေလှောင်တမံသည် ကန်ရေပြည့်ရေလှောင်ပမာဏသို့ ရောက်ရှိနေကာ ရေကင်းအဖွဲ့များဖြင့် အချိန်ပြည့်‌စောင့်ကြည့်လျက်ရှိ၍ တူးမြောင်းမကြီးနှစ်ခုမှ ၂၀ မဂ္ဂါဝပ် စက်နှစ်လုံးဖြင့် တစ်ရက်လျှင် ၄၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိပြီး မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးနေကြောင်းသိရသည်။

▪️ ထို့အပြင် ဖြူးချောင်းရေလှောင်တမံအတွင်းသို့ ပဲခူးရိုးမအနောက်ခြမ်း တောင်တန်းများ၊ ပဲခူးရိုးမဘေးမဲ့ တောနှင့် စိမ့်စမ်းများမှ ရေစီးဝင်မှုကို ထိန်းသိမ်းသိုလှောင်ထားပြီး ရေလှောင်တမံမှ သိုလှောင်ရေကို ဖြူးမြို့နှင့် ဇေယျဝတီမြို့နယ်တို့မှ တောင်သူများ၏ စိုက်ခင်းများထံ ပေးဝေလျက်ရှိကြောင်းသိရသည်။

#YMG/NN #Yangon_Times