#Local_News
Published 09 October 2025
▪️ ထိုင်းသို့ပြောင်းအများဆုံးတင်ပို့နေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
▪️ ပြောင်းကို ပြည်တွင်းမှာ ၃၅ ရာခိုင်နှုန်းအသုံးပြုနေပြီး ပြည်ပနိုင်ငံများသို့ ၆၅ ရာခိုင်နှုန်း တင်ပို့နေကြောင်း သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ထိုင်းနိုင်ငံသို့ ၅၀ ရာခိုင်နှုန်းဖြင့်အများဆုံး၊အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် စသည့်နိုင်ငံများသို့ ၁၅ ရာခိုင်နှုန်းတင်ပို့နေကြောင်းလည်း သိရသည်။
▪️ နိုင်ငံခြားဝင်ငွေရရှိမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်၊၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ လက်ရှိအချိန်ထိလည်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိထားကြောင်းသိရသည်။
#YMG/NN #Yangon_Times