#Local_News
Published_ 27 November 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၂၁ ရက်၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ မအီရှဲန်ကျွဲ့ ၏ နေအိမ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၂၈ ဘီလီယံကျော်တန်ဖိုးရှိ Ecstasy ဆေးပြား ၆၁၆၀၀၀ ပြား၊ စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသော အမှုန့်(Happy Water) ၁၁၃ ဒသမ ၀၄ ကီလို၊ Erimin-5 ဆေးပြား ၃၅၀၀၀ ပြားနှင့် Honda မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ အရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်ပါဝင်သူများ၏ ငွေကြေး ပစ္စည်းများ၊ ပိုင်ဆိုင်မှု များအား ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ထပ်မံအရေးယူ နိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းသတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group

#World_Health
Published 27 November 2022
ကိုဗစ်ရောဂါကို အာရုံစိုက်လာကြတဲ့အချိန်မှာ ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနဲ့ ရောဂါစောင့်ကြည့်မှုနှုန်း ကျဆင်းလာကာ ကမ္ဘာ့နေရာအနှံ့မှာ ဝက်သက်ရောဂါပျံ့နှံ့ခြိမ်းခြောက်လျက်ရှိကြောင်း WHO နဲ့ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့တို့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဝက်သက်က လူသားတွေမှာ ကူးစက်အမြန်ဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် ရာနှုန်းပြည့်နီးပါးကာကွယ်နိုင်ပါတယ်။
အများပြည်သူကြား ရောဂါပျံ့နှံ့မှုကာကွယ်ရန်အတွက်တော့ ၉၅ ရာခိုင်နှုန်းခန့် ထိုးထားဖို့တော့လိုပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်အတွင်း ကလေးပေါင်းသန်း ၄၀ နီးပါးဟာ ဝက်သက်ကာကွယ်ဆေး မထိုးခဲ့ရကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က တင်ပြထားပါတယ်။
အရင်နှစ်တွေထက်စာရင် ဝက်သက်ဖြစ်ပွားမှု သိပ်ပြီးမများပေမယ့် အခုတော့ ကာကွယ်ရမယ့်အချိန်ရောက်ပြီလို့ WHO မှ ဝက်သက်ရောဂါဆိုင်ရာ အကြီးအကဲ'ပက်ထရစ်အိုကွန်နာ'က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ခပ်ခွာခွာနေထိုင်ခြင်း၊ နှစ်စဉ်ရာသီအလိုက်ဖြစ်ပွားမှုတို့ကြောင့် လက်ရှိမှာ သိပ်ပြီးမကူးစက်သေးပေမယ့် အလျင်အမြန်ကူးစက်တတ်တဲ့ သဘာဝရှိတဲ့အပြင် ဝက်သက်ကာကွယ်ဆေးမထိုးနှံရတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေရောက်လာနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။
၂၀၂၂ အစပိုင်းကနေ ပျံ့ပွားမှုစတင်ခဲ့ကာ ၁၉ ယောက်ကနေ စက်တင်ဘာလအထိ ၃၀ နီးပါးဖြစ်လာပြီး ဆာဟာရအာဖရိကအောက်ပိုင်းတွေမှာ ပိုပြီးစိုးရိမ်ရပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 27 November 2022
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့တို့ ပူးပေါင်းလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များမှ အဆင့်မြင့် ပညာရေး ကိုယ်စားလှယ်များနှင့် စာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့် အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ သုတေသီနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်တို့က “Enhancing Myanmar-Russia Public Diplomacy: Challenges and Opportunities”၊ “The Way Forward for Collaboration between Myanmar and Russia in the Higher Education Sector”၊ “Changes on Public Services in Myanmar”၊ “Myanmar-Russia Higher Education Cooperation”၊ “The Roles of Think Tanks in Myanmar-Russia Relations” စသည့်ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ကြားခဲ့ကြပါတယ်။
ထို့နောက် ရုရှားအဆင့်မြင့်ပညာရေးကိုယ်စားလှယ်များက “Myanmar Studies in Russia: Education and Research”၊ “The Current Balance of Power on World Stage” စသည့် ခေါင်းစဉ်များအား ဖတ်ကြား၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံရှိ Moscow State Institute of International Relations၊ People’s Friendship University of Russia၊ The Pushkin State Russian Language Institute စသည့်တက္ကသိုလ်များမှ တာဝန်ရှိသူများ က ပညာသင်ကြားရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ygm_mnn
#Yangon_Media_Group
Published 26 Nov 2022
✅အစိုးရသက်တမ်းတစ်ဝက်စမ်းသပ်မှုလို့ မြင်နိုင်တဲ့ စနေနေ့ ဒေသဆိုင်ရာရွေးကောက်ပွဲမှာ အာဏာရပါတီဟာ အကြီးအကျယ်ရှုံးနိမ့် သွားပြီးနောက် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ဟာ ပါတီရဲ့ ဥက္ကဋ္ဌအဖြစ်က နှုတ်ထွက်
✅မြို့တော်တိုင်ေဤမှာ သူမရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(ဒီပီပီ)ဟာ မြို့တော်ဝန်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး ထင်ရှားလူကြိုက်များလာတဲ့ အတိုက်အခံကူမင်တန်(ကေအမ်တီ)ပါတီ မစ္စတာချန်ဝမ်အန်းက အနိုင်ရသွားခဲ့
✅တိုင်ပေမှာ မစ္စတာချန်က အောင်ပွဲခံပြီး တစ်နာရီအကြာမှာ မစ်ဆိုင်က သူမအနေနဲ့ ပါတီရဲ့ စွမ်းဆောင်မှုညံ့ခဲ့တာကို တာဝန်ယူတဲ့အနေနှင့် ပါတီဥက္ကဋ္ဌ အဖြစ်မှ နှုတ်ထွက်ခြင်းဖြစ်
✅ “ကျွန်မတို့ ရလာဒ်ကို ကျိုးနွံစွာလက်ခံပြီး ထိုင်ဝမ်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကိုလက်ခံပါတယ်ဂ လို့ သူမက သတင်းစာ ရှင်းလင်းပွဲမှာပြောခဲ့၊ ဝန်ကြီးချုပ် ဆူဆန်ချန်ကလည်း အလားတူနှုတ်ထွက်မယ်ပြောခဲ့ပေမယ့် ဆက်နေပေးဖို့ သူမကမေတ္တာရပ်ခံခဲ့တယ်လို့ ပြော
✅မစ္စတာချန်ဟာ ဒီပီပီကိုယ်စားလှယ်လောင်းဖြစ်တဲ့ ကျန်းမာရေးဝန်ကြီး ချင်ရှင်ချန်းနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း ဟွမ်ရှန်ရှန်တို့ကို အနိုင်ရခဲ့တာဖြစ်
Source: Straits Times
#Taiwan_President_resign_as_Party_Chairman
#Taiwan_Politics
#Taiwan_Local_Elections

#Local_News
Published_ 26 November 2022
၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့ ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပရာ အနုပညာရှင်များ ပါဝင်ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါအခမ်းအနားသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့တက်ရောက်အားပေးကြည့်ရှုခဲ့ကြပါတယ်။
ပဒေသာကပွဲတွင် ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင်ဆန်းမင်းဝင်းတို့က တာဝန်ယူတင်ဆက်သည့် “လွတ်လပ်ရေး နေ့ဂုဏ်ပြု အစီအစဉ်” ၊ သဘင်အစည်းအရုံးမှ အနုပညာရှင်များကပြသည့် “သုံးပန်ချီသုံးပန်လှ (အပျိုတော်ကြီး)”၊ တေးသံရှင်ကေတုဝင်းထွဋ်က “ဂီတဗိမာန်” သီချင်း၊ တေးသံရှင် သန်းမြတ်စိုးက “လုလင်ငယ်သွေး” သီချင်း၊ တေးသံရှင်ရွှေထိုက်က “ သီချင်းလေးအတိုင်း” သီချင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်များ စုပေါင်းသီဆိုဂုဏ်ပြုသည့် လွတ်လပ်ရေးနေ့ဂုဏ်ပြုပဏာမတေးတစ်ပုဒ်ဖြစ်သော “စိန်ရတုတိုင်ခဲ့ပြီ” သီချင်း၊ တေးသံရှင် ထူးအယ်လင်းက “နေပါစေချစ်လို့နှင့် မင်း” သီချင်းများ၊ တေးသံရှင် ဇင်သူဇာထွန်းနှင့် ဇင်သူသူထွန်းတို့က “ဗွေးတုတ်” သီချင်း၊ တေးသံရှင်မင်းသားလေးက “တက္ကသိုလ်ကျောင်းသူတစ်ဦး” သီချင်းတို့ဖြင့် ကပြသီဆိုဖျော်ဖြေတင်ဆက်ကြပါတယ်။
ထို့နောက် ဒါရိုက်တာကိုသက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက “ပြန်လည်ဆုံတွေ့ ကြရာဝယ်” နှစ်သံတစ်ကိုယ်တင်ဆက်မှု၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်း အရုံးက လူရွှင်တော် Talent ပြိုင်ပွဲ၊ တေးသံရှင်ပူစူးက “နင်စေရင်” သီချင်း၊ တေးသံရှင် ဝိုင်းလမင်းအောင်က “တောင်လှေကားမြို့တော်” သီချင်း၊ အမေများအဖွဲ့နှင့် မမများအဖွဲ့က ဖျော်ဖြေတင်ဆက်သည့် “ရွှေစွန်ညိုတေးသရုပ်ဖော်” ကပြဖျော်ဖြေမှု၊ တေးသံရှင်ထားက “ သုံးရောင်ခြယ်” သီချင်း၊ တေးသံရှင် Lဆိုင်းဇီက “လာချင်လျှင်အနီးလေးနှင့် ဂုဏ်ယူအလွမ်း” သီချင်းများ၊ တေးသံရှင် ရွှေယမင်းဦးက “ထိုးကွင်းလေးနဲ့ခြင်းခတ်သူ” သီချင်း၊ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး)က ဖျော်ဖြေ တင်ဆက်သည့် “ပျော်ရွှင်ခြင်းအိမ်” ပြဇာတ်၊ တေးသံရှင်မြန်မာပြည်သိန်းတန်နှင့် အဖွဲ့က ဖျော်ဖြေတင်ဆက်သည့် “ကောင်းသောည” တေးဂီတဖျော်ဖြေမှု၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ဖျော်ဖြေတင်ဆက်သည့် “မွန်ပြည်နယ်မှ စိုးသဘင် မင်းဗိုလ် ဇာတ်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု၊ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)က တာဝန်ယူတင်ဆက်သည့် “စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအနားသတ်အစီအစဉ်” တို့ဖြင့် ကပြသီဆိုဖျော်ဖြေတင်ဆက်ကြပါတယ်။
ပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဒေသာ ကပွဲတွင် ပါဝင်သီဆိုကပြဖျော်ဖြေခဲ့ကြတဲ့ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။
ပဒေသာကပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်-၁၉ကပ်ရောဂါကြောင့် မွန်းကြပ်နေတဲ့ပြည်သူများကို ဖျော်ဖြေမှုပေးနိုင်ရန် ပထမဆုံးအကြိမ်ကျင်းပတဲ့ ပဒေသာကပွဲကြီးလည်းဖြစ်ပါတယ်။ အဆိုပါ ပဒေသာကပွဲကြီးကို နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group


#Local_News
Published_ 26 November 2022
မွန်ပြည်နယ်အတွင်းရှိ ကာကွယ်ဆေးထိုးဖို့ကျန်ရှိနေတဲ့ အသက်(၅)နှစ်မှ(၁၁)နှစ်အတွင်းရှိကလေးတွေကို ကိုဗစ်မျိုးကွဲတွေကိုပါ ခုခံနိုင်တဲ့ကာကွယ်ဆေး Pfizer ကို စတင်ထိုးနှံပေးနေပြီဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_26 November 2022
ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်တဲ့ ကဏ္ဍတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ်စုအပေါ် ဝင်ငွေခွန်တိုးမြှင့်ကောက်ခံဖ့ို ဆုံးဖြတ်ထားပါတယ်။
#Yangon_Media_Group
#World_Agriculture
Published 26 November 2022
ကိုလံဘီယာသိပ္ပံပညာရှင် ၃ဦးက အာလူးများကို ဓာတ်ခွဲခန်းသို့ယူဆောင်ပြီး အထဲကအစေ့တွေကို အားဖြည့်သန်မာအောင် ပြုလုပ်လာကြပါတယ်။
#Yangon_Media_Group
Published 26 Nov 2022
တောင်ကိုးရီးယားက ပထမဆုံးသော အလိုအလျောက်မောင်း ဘတ်စ်ကားလမ်းကြောင်း တစ်ခုကို နိုဝင်ဘာ ၂၅ ရက် သောကြာနေ့က စမ်းသပ်ခဲ့ကြပါတယ်။ လမ်းတွေပေါ်မှာ မောင်းသူမဲ့ ယာဉ်တွေကို လူတွေအနေနှင့် ပိုပြီးစိတ်ချလက်ချ စီးနှင်းလိုက်ပါဖို့ ရည်ရွယ်တာလို့ အင်ဂျင်နီယာတွေက ပြောပါတယ်။
အလိုအလျောက်ဘတ်စ်ကားဟာ မြင်နေကြပုံမှန်ဘတ်စ်ကားပုံစံနှင့်တော့ မတူလှပါဘူး။ အနားတွေက လုံးဝိုင်းနေပြီး ပြတင်းတွေက အကြီးကြီးဖြစ်နေတဲ့အတွက် နည်းပညာသစ်တစ်ခုထိုးဖောက်နိုင်မှုထက် အရုပ်တစ်ခုနှင့်တူနေပါတယ်။
ဒီဇိုင်းဟာ တမင်ရည်ရွယ်တာဖြစ်တယ်လို့ ဟွန်ဒေးက ယခုပိုင်ဆိုင်လိုက်ပြီဖြစ်တဲ့ အလိုအလျောက်မောင်းနှင်နည်းပညာ မှာ တာဝန်ရှိတဲ့ 42 Dot ရဲ့ အကြီးအကဲဂျွန်ဆောင်ဂွမ်းက ပြောပါတယ်။ “ဒါဟာ အနာဂတ်ဖြစ်တယ်။ ဘတ်စ်ကားဟာ ဒီဇိုင်းပုံစံအသစ်လိုအပ်တယ်” လို့ သူကအေအက်ဖ်ပီကိုပြောပါတယ်။
ဘတ်စ်ကားဟာ လီဂိုတုံးတစ်ခုနှင့်တောင် တူနေပါသေးတယ်။ စရိတ်သက်သာပြီး လွယ်လွယ်ကူးကူး ပုံပွားလို့ရဖို့ ကွန်ပိုးစစ် အစိတ်အပိုင်းတွေနှင့် တည်ဆောက်ထားတာလို့လည်း သူကပြောပါတယ်။
ဘတ်စ်ကားဟာ ကင်မရာတွေနှင့် လမ်းတွေကို ညွှန်ပြနိုင်ဖို့ ဈေးကြီးတဲ့အာရုံခံကိရိယာတွေအစား ရေဒါစနစ်ကို အသုံးပြုထားပါတယ်။ နည်းပညာဟာ စရိတ်သက်သာ အန္တရာယ်ကင်းရှင်းပြီး အနာဂတ်မှာ ကုန်ပို့ထရပ်ကားတွေလို ယာဉ်အမျိုးအစား အများအပြားကို အလွယ်တကူလွှဲပြောင်းနိုင်တဲ့နည်းပညာဖြစ်ဖို့ ကုမ္ပဏီက ရည်မှန်းထားတယ်လို့လည်းသူကပြောပါတယ်။
စမ်းသပ်မှုမှာတော့ အန္တရာယ်ကင်းရှင်းရေးယာဉ်မောင်းတစ်ဦးက အနီးကပ်လိုက်ပါစောင့်ကြည့်ပြီး မောင်းသူမဲ့ ဘတ်စ်ကားကိုမောင်းနှင်ခဲ့ရာမှာ ဆိုးလ်မြို့လယ်မှာ ၂.၁ မိုင် အသွားအပြန်ခရီးကို မိနစ်(၂၀)လောက်ကြာခဲ့ပါတယ်။
ပြည်သူတွေဟာ အက်ပလီကေးရှင်းကနေ ထိုင်ခုံအလွတ်ကိုကြိုဝယ်ပြီးတာနှင့် သတ်မှတ်ထားတဲ့ မှတ်တိုင်နှစ်ခုကနေ ဆင်းနိုင်တက်နိုင်ပါတယ်။ “ ကျွန်မဟာ အနာဂတ်ကိုသွားမယ့် တိုင်းမက်ရှင်း time machine ထဲရောက်နေသလို ခံစားလိုက်ရတယ်” လို့ စမ်းသပ်မောင်းနှင်ရာမှာ လိုက်ပါစီးနင်းခဲ့တဲ့ အသက်၆၈နှစ်အရွယ် ကင်ယီဟေရန်က ပြောလိုက်ပါတယ်။
Source AFP
#Self-driving_bus_South_Korea
#Seoul_driverless_bus
#Self_driving_technology
#Health_Matters
Published - 26 Nov 2022
- တီဘီရောဂါကူးစက်မှုတွေ လျှော့ချပေးနိုင်ဖို တစ်ဦးချင်းစီနှင့် လူမှုအသိုက်အဝန်းက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ??
#Yangon_Media_Group
#Local_News
Published _ 26 November 2022
မြန်မာနိုင်ငံတွင် ဝဥကို ချင်းပြည်နယ်မှာ အဓိကစိုက်ပျိုးပြီး ဝဥပေါ်ချိန်မှာ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် ဈေးကွက်ပျက်နေတယ်လို့ ဝဥစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 26 Nov 2022
- မြန်မာနိုင်ငံမှာ တီဘီရောဂါဖြစ်ပွားကူးစက်သေဆုံးမှု အခြေအနေဘယ်လိုရှိပါသလဲ။ ကိုဗစ်ကြောင့် သေဆုံးမှုပိုများခဲ့ပါသလား??
#Yangon_Media_Group
Page 1399 of 1913