#Local _News
Published _ 5 December 2022
ဗီယက်နမ်နိုင်ငံကို လာမယ့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းထွက်သကြားဖြူတန်ချိန်ပေါင်း ၅၀၀၀၀ နီးပါးလောက် တင်ပို့သွားဖို့ လျာထားတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_5 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်အထိ ရှစ်လတာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _5 december 2022
ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်ကနေစပြီး ဈေးကွက်ထဲ တောင်ကြီးစတော်ဘယ်ရီသီးတွေ ဝင်ရောက်မှုက များလာပြီး ဈေးကောင်းလဲရနေတယ်လို့ စတော်ဘယ်ရီစိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 5 December 2022
၁။ တောင်ကြီးစတော်ဘယ်ရီသီး ပေါ်ဦးပေါ်ဖျားရာသီတွင် ဈေးကောင်းရနေ
၂။ ၈ လတာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံရရှိထား
၃။ ဗီယက်နမ်နိုင်ငံသို့ သကြားဖြူတန်ချိန် ၅၀၀၀၀ ခန့် တင်ပို့သွားမည်
၄။ မျိုးသုဉ်းအန္တရာယ်ရင်ဆိုင်နေသည့် တရုတ်နိုင်ငံမှ ရှားပါးခေါင်းဖြူမျောက်မျိုးနွယ်များ နှစ်စဉ်အကောင်ရေပြန်လည်တိုးတက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_5 December 2022
ဒီဇင်ဘာလ လဆန်ပိုင်းမှာတင် ကမ္ဘာ့ရွှေဈေးဟာ စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 5 December 2022
တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်းမြို့နယ်များတွင်ပုံမှန်ထက်ပိုပြီး လျှပ်စစ်မီးပြတ်တောက်မည့်အကြောင်း သက်ဆိုင်ရာမြို့နယ်YESCများမှအသိပေးချက်ထုတ်ပြန်ချက်များအရသိရသည်၊၊
တာမွေမြို့နယ်တွင် ဒီဇင်ဘာ(၄)ရက်ကနိုင်ငံတော်ဓာတ်အားစနစ်ထိန်းချုပ်မှုအရ 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းယာယီဓာတ်အားပြတ်တောက်နေပါသဖြင့် နတ်ချောင်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊တာမွေကြီး(ခ)၊မလွှကုန်းဌေးကြွယ်၊ ကျားကွက်သစ်၊ဗျိုင်းကွက်သစ်၊နတ်မောက်၊ ပျားရည်ကုန်း၊ ဗျိုင်းရွာမ၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင်၊ စက်မှုလက်မှု၊ ကျောက်ရှေ့၊ကျောက်ကြီး၊အောင်မင်္ဂလာရပ်ကွက်၊ကျောက်ထပ်ရပ်ကွက်၊နတ်မောက်၊မအူကုန်း၊ ကျားကွက်သစ်၊ ပုသိမ်ညွန့်စံပြရပ်ကွက်များ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၅)ရက်တွင်အသိပေးထုတ်ပြန်ထားသည်၊၊
ဗဟန်းမြို့နယ်တွင်ဓာတ်အားစနစ်အတွင်း ဝန်းအားထိန်းညှိဆောင်ရွက်ရန်အတွက် ဗဟန်းမြို့နယ်အတွင်း ဒီဇင်ဘာလ၅ရက်မှစ၍ (09:00)နာရီမှ(13:00)နာရီ နှင့် (13:00)နာရီမှ(16:00)နာရီ အတွင်း အုပ်စုတစ်စုစီအား အလှည့်ကျ ဝန်အားလျှော့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဝန်အားနိုင်နင်းသည့်အချိန်တွင် ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပေးသွားမည်ဖြစ်ကြောင်းဒီဇင်ဘာလ (၅)ရက်တွင်မြို့နယ် YESC မှ အသိပေးထားသည်၊၊
သင်္ဃန်းကျွန်းမြို့နယ်နှင့်ပတ်သက်၍ဒီဇင်ဘာလ ၅ရက်တွင်66kVသာကေတ-သင်ဃန်းကျွန်း -သုဝဏ -ကျိုက်ကဆံလိုင်း ယာယီဓာတ်ပြတ်တောက်သွားသဖြင့် စစ်ဆေးဆောင်ရွက်နေပြီးဒီဇင်ဘာလ ၅ရက်တွင် 33kV သင်ဃန်းကျွန်းကြီးပွားရေးမြောက်ခွဲရုံအားLDCမှ ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရခြင်းကြောင့်ယာယီ2/3နာရီခန့် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၅)ရက်တွင်မြို့နယ် YESC မှ အသိပေးထားကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_5 December 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၈၀ ကျော်ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံသို့ ဒီဇင်ဘာ ၁၂ ရက်တွင် Regular(ကုန်ထုတ်လုပ်သား) ၁၂၈ ဦး၊ Regular(စိုက်ပျိုး/မွေးမြူရေးလုပ်သား) ၉ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၁၃ ဦးစေလွှတ်သွားမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၄ ရက်တွင် Re-entry ကုန်ထုတ်လုပ်သား ၃၇ ဦးစေလွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၇၂၉ ဦးကို ပ့ိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၁၆၉ ဦးစေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local _News
Published _ 5 December 2022
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်အဌားလိုင်းခန်း၏ အခန်းတွင်း၌ မနန်းအွန်ကျောက်(ခ)နန်းအွန်ပင်း အသက် (၁၇) နှစ်အား ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်မွန်းလွဲပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ရသည်ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ နေ့မွန်းလွဲ ၂ နာရီခန့်က ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းငှားတစ်ခု၏ အခန်းတွင်း၌ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။
သေဆုံးသူသည် မိုင်းယောင်းမြို့နေ မနန်းအွန်ကျောက်(ခ)နန်းအွန်ပင်းဟု အမည်ရပြီး အသက် (၁၇)နှစ်ဖြစ်ကာ တာဝန်ရှိသူများ၏ စစ်ဆေးမှုများပြုလုပ်ပြီးနောက် သေဆုံးရသည့်အကြောင်းရင်းအား ရင်ခွဲစစ်ဆေးနိုင်ရန် ရုပ်အလောင်းကို တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"ကလေးမလေးကို အခန်းထဲမှာ သေဆုံးလျှက်အနေအထားနဲ့တွေ့တယ်။ ရင်ခွဲ ဆရာဝန်တွေဆီပို့ပေးပြီးတဲ့နောက် ရလဒ်ထွက်တော့ သူက သမားရိုးကျသေဆုံးတာလို့ သိရပါတယ်" ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ဆိုသည်။
ဆရာဝန်များ၏ ရင်ခွဲစစ်ဆေးမှုပြီးနောက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ရုပ်အလောင်းအား သဂြိုလ်နိုင်ရန် တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးမှတဆင့် မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုန်းတော်ကြီးကျောင်း နာရေးဆောင်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်းလည်း သိရသည်။

#ymg/NN
#Yangon_Media_Group
#Local_News
Published_ 5 December 2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန မဟာနယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသီရိဓမ္မသည်ဒီဇင်ဘာ လ(၄)ရက်၊ ညနေပိုင်း၄ နာရီ ၃၅ မိနစ်အချိန်တွင်
ခန္ဓာဝန်ချတော်မူခဲ့ကြောင်း ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှသိရသည်၊၊
ခန္ဓာဝန်ချတော်မူချိန်တွင် သက်တော် (၈၁)၊ သိက္ခာတော် (၃၁)ရှိပြီဖြစ်ပြီး ရွှေတံခါးအပိုင်း (၂) ပြည်မြို့၊ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ၌ ခန္ဓာဝန်ချတော်မူခဲ့ခြင်း ဖြစ်သည်၊၊
ပြည်မြို့၊ ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန၊သဲအင်းဆရာတော်ဘုရားကြီးသည်online ပေါ်ကနေလည်းကောင်း ၊လူမှုကွန်ရက် ဖေ့စ်ဘွတ်ကနေလည်းကောင်း၊ ရုပ်သံလိုင်းများကလည်းကောင်း၊ Zoom ဖြင့်လည်းကောင်း တရားစာများ၊ တရားတော်များ ဟောကြားခဲ့ခြင်း တရားစခန်းများဖွင့်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သည့် သာသနာပြုဆရာတော်ကြီး ဖြစ်ကြောင်းသိရသည်၊၊
ဆရာတော်ကြီးသည်ကျန်းမာရေးချို့ယွင်းခဲ့၍ပြည်ပတွင် ဆေးကုသမှုခံယူခဲ့ရကြောင်းနှင့် ယခုခန္ဓာဝန်ချသွားသည့်အတွက် တပည့်၊ဒါယကာအပေါင်းမှ အထူးဝမ်းနည်းကြေကွဲရကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားဖော်ပြထားကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 5 December 2022
(၂၁)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကို ဒီဇင်ဘာလ(၈၊ ၉)ရက်တွင် နေပြည် တော်MICC2၌ကျင်းပသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ သိရသည်၊၊
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်၊၊
"(၂၁)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံက ဒီဇင်ဘာလ(၈)ရက်နေ့မှာကျင်းပမှာပါ၊၊ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကတော့ဒီဇင်ဘာလ(၉)ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်၊၊ ညီလာခံမှာရည်ရွယ်ချက်တွေ၊ အဆိုပြုချက်တွေရှိပါတယ်၊၊ ဒီနှစ်မှာတော့ ရိုးရာတိုင်းရင်းဆေးပညာတွေဖော်ထုတ်တဲ့အနေနဲ့စာတမ်းတွေဖတ်ကြားသွားဖို့ရှိပါတယ်"ဟု ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်၊၊
ဒီဇင်ဘာလ(၈)ရက်တွင် ကျင်းပမည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် အဆိုပြုချက်များတင်သွင်းပြီးထောက်ခံဆွေးနွေးချက်များ ဆောင်ရွက်သွားကြမည်ဖြစ်သည်၊၊
အဆိုပြုချက်များအနေဖြင့် (၁)မြန်မာ့တိုင်းရင်းဆေးပညာကုထုံးနည်းစနစ်များကို အမျိုးသားရေးအမွေ အနှစ်အဖြစ်ထိန်းသိမ်းစောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရန်၊(၂)တိုင်းရင်းဆေးသမားတော်များစောင့်ထိန်းအပ်သည့် ကတိသစ္စာနှင့်ကျင့်ဝတ်သိက္ခာများထိန်းသိမ်းဆောင်ရွက်ရန်၊(၃)ခေတ်မီ၍ အရည်အချင်းပြည့်သောမျိုးဆက်သစ်များမွေးထုတ်ရန်၊(၄)အရည်အသွေးပြည့်ဝအစွမ်းထက်သော တိုင်းရင်းဆေးများပေါ်ထွက်လာရေးအတွက် သုတေသနလုပ်ငန်းစဉ်များစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊(၅) ရိုးရာတိုင်းရင်းဆေးကုထုံးနည်းစနစ်များနှင့်ဆေးဝါး များကိုလက်တွေ့အသုံးချနိုင်ရေးအတွက် စနစ်တကျပြန်လည်ဖော်ထုတ်ရန်တို့ကိုအဆိုပြုတင်ပြဆွေးနွေး ထောက်ခံကြမည်ဟု နိုင်ငံပိုင်သတင်းစာ၏ရေးသား ဖော်ပြချက်အရသိရသည်၊၊
ဒီဇင်ဘာလ(၉)ရက်တွင်ကျင်းပမည့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲတွင် ရိုးရာတိုင်းရင်းဆေးကုထုံးနည်းစနစ်များနှင့်ဆေးဝါးများကိုလက်တွေ့အသုံးချနိုင်ရေးအတွက် စနစ်တကျပြန်လည်ဖော်ထုတ်ရန်အဆိုနှင့် နှီးနွယ်သော ရိုးရာတိုင်းရင်းဆေးကုထုံးနှင့်ဆေးဝါးစာတမ်းများကို ဖိတ်ခေါ်ပြီးစာတမ်းများ ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ထို့အပြင် ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကျင်းပသည့်ရက်များတွင် ကျန်းမာရေးဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာနမှပြခန်း ငယ်များကို စိတ်ဝင်စားဖွယ်ပြသထားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအသီးသီးက ဒေသထွက် တိုင်းရင်းဆေးအရင်းအမြစ်များဖြစ်သော အပင်များ၊ ရေထွက်၊ တိရစ္ဆာန်ထွက်၊ တွင်းထွက်ပစ္စည်းများကို ခင်းကျင်းပြသထားမည်ဖြစ်သည်၊၊
#ymg/tthl
#Yangon_Media_Group
#World_News
Published 5 December 2022
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအရှေ့ဘက်ရှိ အမြင့်ဆုံးမီးတောင်ဟာ တနင်္လာနေ့မှာ ပေါက်ကွဲခဲ့ကာ ထောင်ပေါင်းများစွာသောပြည်သူတွေကို အထူးသတိပေးချက် ထုတ်ပြန်လိုက်ရပါတယ်။
အာဏာပိုင်များအနေနဲ့ ၈ ကီလိုမီတာအတွင်း သွားလာခြင်းမပြုရနယ်မြေ ချမှတ်လိုက်ကာ ရွာလုံးကျွတ်တိမ်းရှောင်ခိုင်းခဲ့ရပါတယ်။
ပျက်စီးမှုကိုလေ့လာရန် ဆမယ်ရူတောင်အနီး အဆိုးဆုံးဖြစ်ခဲ့တဲ့နေရာတွေထံ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့ကြောင်း၊ မိုးအနည်းငယ်ကျခဲ့ကာ အနည်းငယ် သက်သာရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ 'သိုလစ်ဗာတီလီဟန်'က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
"မနေ့ကဆိုရင် မိုးရေမြင့်တက်ခဲ့ကာ တောင်အပေါ်ကအရာအားလုံး အောက်ကိုကျလာပါတယ်၊ ဒီနေ့တော့ မိုးမရွာသေးတာကြောင့် အတော်အသင့် ဘေးကင်းရပါပြီ" လို့ ဆိုပါတယ်။
ပျက်စီးဆုံးရှုံးမှုမရှိသလို လေကြောင်းသွားလာမှုတွေမှာ အနှောင့်အယှက် မဖြစ်သေးပါဘူး။
ဒေသစံတော်ချိန် ၂ နာရီ ၄၆ မိနစ်မှာ ၃,၆၇၆ ပေမြင့်တဲ့ မီးတောင်ပေါက်ကွဲခဲ့ပါတယ်။
ဒေသခံများရိုက်ကူးထားတဲ့ ဗီဒီယိုများအရ ဆမယ်ရူတောင်ကနေ မီးခိုးပြာများဖွာထွက်လာကာ တောင်တစ်ခုလုံးနဲ့ အနီးနားရှိ စပါးခင်းများ၊ လမ်းများ၊ တံတားများကို ဖုံးလွှမ်းသွားကာ ကောင်းကင်ကလည်း မည်းသွားခဲ့ပါတယ်။
မီးတောင်နံဘေးကနေ ချော်ရည်များ၊ ကျောက်တုံးများ၊ အပူငွေ့များ စီးဆင်းလာတာကိုလည်း ဗီဒီယိုမှာတွေ့ရှိရပါတယ်။
လူပေါင်း ၂,၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အာဏာပိုင်များက ဆိုပါတယ်။
အင်ဒိုနီးရှားမီးတောင်နဲ့ ဘူမိအန္တရာယ်အဖွဲ့က ဆမယ်ရူတောင်အတွက် အမြင့်ဆုံးသတိပေးချက်ကို တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်ပါတယ်။
တောင်ရဲ့ ၈ ကီလိုမီတာပတ်လည်နား မသွားလာဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ယမန်နှစ်ကလည်း ဆမယ်ရူတောင်ပေါက်ကွဲမှုကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့ကာ ထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရပါတယ်။
အင်ဒိုနီးရှားကျွန်းဆွယ်ဟာ မီးတောင်များတလျှောက်မှာ တည်ရှိနေပြီး လူဦးရေ သန်း ၂၇၀ ခန့်ရှိပါတယ်။
ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_5 December 2022
ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ၄၆၃၀ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့သည့် တစ်ပါတ်ထက် ၂၀၀ ကျော်မြင့်တက်လာကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိဈေးကွက်ထဲတွင် စားအုန်းဆီးဈေးနှုန်းမှာ တစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း၊ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1385 of 1913