Published 30 January 2023
မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံအကြား စီးပွားရေးဆိုင်ရာကိစ္စရပ် များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုပြောဆိုခဲ့တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး ယနေ့ဇန်နဝါရီ ၃၀ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ ဗိုလ်ချူပ်မှူးကြီးထံ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ် များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမိုတိုးတက်စေရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုး တက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါတယ်။
Ymg/knl
#Myanmar
#Myanmar_Russia
#Myanmar_SAC




Published 30 January 2023
ပါကစ္စတန်ရဲဌာနချုပ်တစ်ခုအတွင်းမှာရှိတဲ့ ဗလီတစ်ခုအတွင်း ဇန်နဝါရီ ၃၀ ရက် တနင်္လာနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲအရာရှိများအပါအဝင် ၃၃ ဦးသေဆုံးပြီး ၁၅၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက်မှုတွေမြင့်တက်နေတဲ့ အာဖဂန်နစ္စတန်နယ်စပ်အနီးက ပက်ရှ်ဝါပြည်နယ်မြို့တော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ဝတ်ပြုဆုတောင်းပွဲလုပ်နေစဉ်အတွင်း အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုပြင်းအား ကြောင့် နံရံတစ်ခုလုံးနှင့် အမိုးအချို့ လွင့်စင်ပွင့်ထွက်ခဲ့ရပါတယ်။
“ အပျက်အစီးပုံတွေကြားထဲမှာ ရဲသားတွေအများကြီးရှိနေတယ်”လို့ ပက်ရှ်ဝါရဲချုပ် မူဟာမက် အိုင်ဂျက်ဇ်ခန်က ပြောပါတယ်။ အဲဒီ ဗလီထဲမှာ ပုံမှန်အားဖြင့် ရဲအရာရှိ ၃၀၀နှင့် ၄၀၀အကြား ဝတ်ပြုလေ့ရှိကြတယ်လို့လည်းသူက ပြောပါတယ်။
Source AFP
#Pakistan_mosque_blast
#Pakistan_sucide_bomb_blast_at_a_mosque
#Pakistan
#Local_News
Published _30 January 2023
လျှပ်စစ်ကားတွေ၊ လျှပ်စစ်ကားတက်စီတွေဈေးကွက်ဖွံ့ဖြိုးဖို့အတွက် အချိန်တစ်ခုစောင့်ရဦးမှာဖြစ်တယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ဥက္ကဌဒေါက်တာစိုးထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#World_Sports
Published 30 January 2023
ပင်လယ်ကမ်းခြေမရှိတဲ့ ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ရှိ လူလတ်တန်းနဲ့ အထက်တန်းလူတန်းစားများကြား ကမ်းခြေသောင်ပြင်တင်းနစ်အားကစား ကျော်ကြားနေပါတယ်။
#Yangon_Media_Group
#Local_News
Published _30 January 2023
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ အခုရက် ပိုင်းအတွင်းမိုးရွာပြီး ညပိုင်းအချိန်တွေအေးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 January 2023
မြန်မာ-တရုတ်နယ်စပ်ဂိတ်များဖြစ်တဲ့ မူဆယ်မြို့ရှိ နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်ကနေ အခြားတိုင်းနှင့်ဒေသမှ သွားရောက်မယ့်သူတွေကို BorderPass စာအုပ်ပြုလုပ်ပေးဖို့အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ချင်းရွှေဟော်နယ်စပ်ကနေ တရုတ်နိုင်ငံကို ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားတဲ့ ကြံတန်ချိန် (၁) သိန်း (၆) သောင်းခန့်ကို တင်ပို့သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 30 January 2023
၁။ တရုတ်သို့ ဘိန်းအစားထိုး ကြံတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့မည်
၂။ တရုတ်နိုင်ငံဘက်သို့ အခြားတိုင်းနှင့်ဒေသမှ လာရောက်မည့်သူများအတွက် BorderPass စာအုပ်ပြုလုပ်ပေးရန် ညှိနှိုင်းနေ
၃။ မုန်တိုင်းငယ်အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးရွာပြီး ညပိုင်းအေးနိုင်
၄။ ကမ်းခြေမရှိသော ဘရာဇီးလ်ဆော်ပေါ်လိုမြို့တွင် ကမ်းခြေတုသောင်ပြင်ကစားနည်းများ ခေတ်စားနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 January 2023
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် ဂျီ ၇၇ နှင့် တရုတ်အုပ်စုအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မော်ရိုကို အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Azzeddine Farhane က ၎င်းအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Aftab Ahmad Khokher ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဗီယင်နာမြို့အခြေစိုက် United Nations အဖွဲ့ခွဲများမှတာဝန်ရှိသူများ၊ ဂျီ ၇၇ နှင့် တရုတ်အုပ်စု အဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များက ကြိုဆိုထောက်ခံသည့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။
ဂျီ ၇၇ နှင့် တရုတ်အုပ်စုကို ကုလသမဂ္ဂအဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၃၄ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး၊ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက် UNODC၊ UNIDO ၊ IAEA နှင့် CTBTO တို့က ကျင်းပတဲ့ အထွေထွေညီလာခံများ၊ အစည်းအဝေး များတွင် အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဆွေးနွေးပြောကြားလေ့ရှိကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_30 January 2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၉ နာရီခန့်က ကျောက်စိမ်းတွင်းဟောင်း၏ ကမ်းပါးပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေနေသည့် ရခိုင်တိုင်းရင်းသား၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတို့ ၄ ဦးက ကျင်းတစ်ခုတည်းတွင် လေးပေကျင်းတူးနေကြစဉ် ပေ ၁၀၀ ကျောခန့် အမြင့်ရှိသည့် တွင်းဟောင်းမြေစာပုံ ကမ်းပါးက ပြိုကျပိမိ၍ အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"မြေကြီးပိတာတွေကို ဖယ်ထုတ်ပြီး ဝှေခါ သုဿာန်ကို သယ်တယ်။ အဲဒီမှာ သဂြိုလ်လိုက်ကြတယ်"ဟု မြတ်ပါရမီ လူမှုကူညီရေး အသင်းသားတစ်ဦးကပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_30 January 2023
ဖုန်းဆင်းကတ်များ အချက်အလက်မှန်၊ မမှန် စစ်ဆေးပြီး ဆင်းကတ်မှတ်ပုံတင်သည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက ယခုလဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်သတ်မှတ်ရန် မိုဘိုင်းဖုန်းအော်ပရေတာများမှ ထပ်မံအသိပေးထားသည်။
ဆင်းကတ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ဆင်းကတ်များကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ပြန်လည်စစ်ဆေးကြရန် လိုအပ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပြီး လက်ကျန်ငွေကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဖုန်းဆင်းကတ်များ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ ၊ Application များနှင့် Website တွင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1384 of 2000