#Sports_News
Published - 19 March 2023
မြန်မာ့လက်ရွေးစင် အသင်းသည် ရှမ်းယူနိုက်တက်အသင်းမှ မြတ်ကောင်းခန့်အား ထပ်မံအားဖြည့် ခေါ်ယူခဲ့ပြီး ပြည်တွင်းကစားသမားများဖြင့် မတ် ၁၈ ရက် ညပိုင်းတွင် လေ့ကျင့်မှု စတင်ခဲ့ပါတယ်။
အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့် ခြေစမ်းပွဲများအတွက် ပြည်တွင်းကစားသမားများပါဝင်သော လက်ရွေးစင်အသင်း ပထမအသုတ်သည် မနက်ဖြန် မတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ထိုင်းလိဂ်မှ မြန်မာ့လက်ရွေးစင် ကစားသမားများသည် ဒုတိယအသုတ်အနေဖြင့် မတ်လ ၂၀ ရက်တွင် ဘန်ကောက်မြို့မှ ထွက်ခွာလာမှာ ဖြစ်ပါတယ်။
လိဂ်ပွဲစဉ်များကြောင့် ထိုင်း၊ မလေးရှား တို့မှ လက်ရွေးစင် ကစားသမားများသည် ရန်ကုန်မြို့တွင် လာရောက်ပူးပေါင်း လေ့ကျင့်နိုင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံသို့ ရောက်ရှိမှသာ အသင်းနှင့်အတူတကွ လေ့ကျင့်မှုပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။
မတ်လ ၂၁ ရက်နေ့တွင် မြန်မာ့လက်ရွေးစင်အသင်း လူစုံလေ့ကျင့်မှုပြုလုပ်ပြီးနောက် မတ်လ ၂၂ ရက်တွင် အိန္ဒိယ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ စတင်ကစားမည်ဖြစ်သည်။ ယင်းနောက် ဒုတိယ ခြေစမ်းပွဲအဖြစ် ကာဂျစ္စတန်အသင်းနှင့် မတ်လ ၂၅ ရက်တွင် ဆက်လက်ခြေစမ်းမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Science
Published 19 March 2023
Amazon.com က ၂၀၂၄ ပထမနှစ်ဝက်မှာ သူတို့ရဲ့ပထမဆုံးအင်တာနက်ဂြိုဟ်တုများကို လွှတ်တင်ရန်စီစဉ်နေပြီး မကြာမီမှာ ကနဦးစမ်းသပ်မှုများပြုလုပ်ရန် တောင်းဆိုထားကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
Amazon က အီလွန်မက်စ်ရဲ့ SpaceX ၊ အခြားကုမ္ပဏီများနဲ့အတူ ကမ္ဘာတဝှမ်းမှာ မြန်နှုန်းမြင့်အင်တာနက်ပံ့ပိုးရန် ပြင်ဆင်နေပါတယ်။
Amazon ဂြိုဟ်တုအင်တာနက်အစီအစဉ် Kuiper စီမံကိန်းဟာ ယခုနှစ်နောက်ပိုင်းမှာ ဂြိုဟ်တုအမြောက်အများထုတ်လုပ်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။
ဒါတွေဟာ ကမ္ဘာပတ်လမ်းကြောင်းအနိမ့်မှာ ပထမဆုံးလွှတ်တင်မယ့် ဂြိုဟ်တု ၃ ထောင်ကျော်ဖြစ်လာမှာပါ။
၂၀၂၄ မှာ သုံးစွဲသူများနဲ့ သေချာပေါက်စမ်းသပ်သွားမယ်လို့ Amazon ကိရိယာများ ဒုက္ကဌ'ဒေ့ဗ်လမ့်'က ဝါရှင်တန်မှာ ပြောကြားခဲ့ပါတယ်။
Amazon က သန်းပေါင်းများစွာသော ကိရိယာတွေထုတ်လုပ်နေရာ အာကာသမှာ ဂြိုဟ်တု ၄ ထောင်ခန့်ရှိထားပြီးဖြစ်တဲ့ အီလွန်မက်စ်ရဲ့ SpaceX အပေါ် အနည်းငယ်အသာရနေတယ်လို့ ယူဆရပါတယ်။
ပတ်လမ်းကြောင်းရှိ Kuiper ဂြိုဟ်တုတွေကို သုံးစွဲသူတွေချိတ်ဆက်နိုင်စေရန် အန်တင်နာ ၃ မျိုးကိုလည်း ဖော်ပြခဲ့ပါတယ်။
သုံးစွဲသူတွေထံ တစ်စက္ကန့်ကို ၄၀၀ မဂ္ဂါဘစ်အင်တာနက်မြန်နှုန်းရရှိစေမယ့် ၄၀၀ ဒေါ်လာတန် ၁၁ လက်မစတုရန်းလက်မရှိတဲ့ အန်တင်နာကို Amazon က ဖော်ပြခဲ့ပါတယ်။
ဒီထက်ပိုသေးပြီး ၇ လက်မကျယ်တဲ့ အန်တင်နာကတော့ ပိုမိုတတ်နိုင်ဖွယ်ရှိနေကာ ဈေးနှုန်းကိုတော့ မဖော်ပြထားပါဘူး။
အစိုးရနဲ့ ဆက်သွယ်ရေးကွန်ရက်များအတွက် Amazon ရဲ့ အကြီးဆုံးအန်တင်နာကတော့ ၁၉ x ၃၀ လက်မရှိကာ တစ်စက္ကန့်ကို အင်တာနက်မြန်နှုန်း ၁ ဂစ်ဂါဘစ်အထိရနိုင်ပြီး ရုပ်သံအရည်အသွေးမြင့် ဇာတ်ကားတစ်ကားကို စက္ကန့်မျှဖြင့် ဒေါင်းလုပ်ဆွဲနိုင်မှာဖြစ်ပါတယ်။
#Source: India Today #World_Science #ဂြိုဟ်တုပေါင်း(၃)ထောင် #Amazon #YMG#Yangon_Media_Group
#Local_News
Published_ 18 March 2023
ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့ကစပြီး ပြည်တွင်းရွှေဈေးဆက်တိုက်ဆိုသလိုမြင့်တက်လာတာပါ။ အမေရိကန်နိုင်ငံမှာ silicon Valley Bank's holding ကုမ္ပဏီအပါအဝင် ဘဏ်တချို့ ဒေဝါလီခံလိုက်ရတဲ့ ဂယက်ကြောင့် တစ်ကမ္ဘာ့လုံးမှာ ရွှေအဝယ်များလာ ကမ္ဘာ့ရွှေဈေးဆက်တိုက်ဈေးမြင့်လာတာဖြစ်တယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News #အမေရိကန် #ဒေဝါလီခံ #ရွှေဈေးမြင့်တက်
#YMG #Yangon_Media_Group
#Local_News
Published_ 18 March 2023
သင်္ကြန်အပြီးနွေကာလမှာ မီးလောင်မှုတွေ ပိုများလာနိုင်တဲ့အတွက် ရပ်ကွက်တိုင်းမှာ ရပ်ကွက်နေပြည်သူတွေအနေနဲ့ အရန်မီးသတ်အဖွဲ့များ ဖွဲ့ထားဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်မှ သိရပါတယ်၊၊
#Local_News #မီးလောင်ကျွမ်းမှု #အရန်မီးသတ်အဖွဲ့
#YMG #Yangon_Media_Group
#World_Nostalgic
Published 17 March 2023
ဗီဂျေးဒါမာလာဟာ ယနေ့ခေတ်လူငယ်တွေလိုမျိုး သီချင်းတွေကို အွန်လိုင်းကနေ ရှာဖွေနားထောင်လေ့ရှိပေမယ့် တဖြည်းဖြည်းနဲ့ သီချင်းဓာတ်ပြားစုဆောင်းရတာကို နှစ်ခြိုက်လာပါတယ်။
#World_Nostalgic #သီချင်းဓာတ်ပြားဟောင်း #စုဆောင်းခြင်း
#YMG #Yangon_Media_Group
#Health_Matters
Published - 18 March 2023
- ကိုဗစ်-၁၉ ကပ်ရောဂါတုန့်ပြန်ဖြေရှင်းရာကနေ အနာဂတ်မှာ အလားတူ ကပ်ရောဂါမျိုးကို ဘယ်လိုကြံ့ကြံ့ခံကျော်လွှားနိုင်မယ်ဆိုတဲ့ အသိအမြင်တွေကော ရခဲ့ပါသလားဆရာ??
#Dr.KML #Health_Matters #ကိုဗစ်-၁၉ #သင်ခန်းစာများနှင့်မြန်မာ
#YMG #Yangon_Media_Group
#Local_News
Published_ 18 March 2023
မတ်လ ၁၃ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၂,၀၃၅ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်လီရောင်းချဈေးမှာ တစ်လီတာ ၁၉၃၁ အကျနှုန်းထားဖြင့် ဈေးကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ် ဈေးနှုန်းအ ပြောင်းအလဲများအရ သိရပါတယ်။
#Local_News #ဓာတ်ဆီဈေး #ပြန်လည်ကျဆင်း
#YMG #Yangon_Media_Group
#Health_Matters
Published - 18 March 2023
- မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတုန့်ပြန်ခဲ့ရာမှာ ဘယ်လိုသင်ခန်းစာတွေ ရရှိခဲ့ပါသလဲဆရာ??
#Dr.KML #Health_Matters #ကိုဗစ်-၁၉ #သင်ခန်းစာများနှင့်မြန်မာ
#YMG #Yangon_Media_Group
#DailyNews
Published_ 18 March 2023
၁။ ဓာတ်ဆီ ဈေးတစ်လီတာ ၂၀၃၅ ကျပ်အထိ ပြန်လည်ကျဆင်းလာ
၂။ သင်္ကြန်အပြီးတွင် မီးလောင်ကျွမ်းမှု ပိုများလာနိုင်၍ ရပ်ကွက်တိုင်းတွင် အရန်မီးသတ်အဖွဲ့များ ဖွဲ့ထားရမည်ဟုဆို
၃။ အမေရိကန်ဘဏ်အချို့ ဒေဝါလီခံလိုက်တာကြောင့် ဒေါ်လာအညွှန်းကိန်းမြင့်လာပြီး ရွှေဈေးများ မြင့်တက်နေဟုဆို
၄။ သီချင်းဓာတ်ပြားဟောင်း ဝယ်ယူစုဆောင်းခြင်းပြန်လည်ခေတ်စားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published - 18 March 2023
- မြန်မာနိုင်ငံရဲ့ကိုဗစ် -၁၉ ကပ်ရောဂါကို တုန့်ပြန်ရာမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရပါသလဲဆရာ??
#Dr.KML #Health_Matters #ကိုဗစ်-၁၉ #သင်ခန်းစာများနှင့်မြန်မာ
#YMG #Yangon_Media_Group
#Local_News
Published-18 March 2023
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံက ဂေါရခါးလူမျိုးတစ်ဦး ထိုင်းနိုင်ငံ၏ အမြင့်ဆုံးထီဆု ထိုင်းဘတ်ငွေ ၆သန်းကံထူးခဲ့ကြောင်း AAC-မဟာမိတ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ဂေါ်ရခါး လူမျိုးမှာ ထိုင်းနိုင်ငံအလယ်ပိုင်းတွင် အလုပ်လုပ်နေသူ ဖြစ်ပြီး မတ်လ ၁၆ ရက်တွင် ထွက်ရှိခဲ့သည့် ထိုင်းထီဂဏန်း (025873) ခြောက်လုံးတူသဖြင့် ထိုင်းနိုင်ငံ၏အမြင့်ဆုံးဆု ထိုင်းဘတ် ငွေ ၆သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါထီကံထူးရှင်က ဆုငွေကို ထုတ်ယူရန် AAC-မဟာမိတ်အဖွဲ့ကို ချိတ်ဆက် အကူညီတောင်းလာသည့်အတွက် မတ်လ ၁၇ ရက်တွင် AAC-အဖွဲ့သားများက ထိုင်းအစိုးရမှ တရားဝင်ငွေထုတ်ပေးသောနေရာသို့ ခေါ်ဆောင်၍ ငွေထုတ်ပေးခဲ့ကြောင်း သိရသည်။
#ymg/mt #Local_News #ထိုင်းထီအမြင့်ဆုံးဆုငွေကံထူး
#YMG #Yangon-Media-Group
#Local_News
Published-18 March 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်ဦးလျှင် ၅သိန်းကျပ်နှုန်းဖြင့် Naypyitaw State Academy ၏ ကျောင်းသား၊ ကျောင်းသူ ၁၁၁ ဦးကို မတ်လ ၁၇ ရက်က ပေါက်ဖော်ပညာသင်ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
Alibaba Philanthropy ၏ ငွေကြေးထည့်ဝင်မှုဖြင့် Naypyitaw State Academy၏ ဘာသာရပ် ၁၂ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၁၁ဦးကို တရုတ်နိုင်ငံဆိုင်ရာဆင်းရဲနွမ်းပါးမှုလျော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFPA Myanmar Office)မှ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် Naypyitaw State Academy မှကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၈၀၀ ဦးအား တစ်ဦးလျှင် ၅သိန်းကျပ်နှုန်းဖြင့် ပညာသင်နှစ်တစ်နှစ်စာအတွက် ပညာသင်ဆုများချီးမြှင့်ပေးအပ်သွားမည့်အစီအစဉ်မှာ အထက်ပါအတိုင်း ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFPA Myanmar Office) အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ခု နှစ် ဇူလိုင်လမှစတင်၍ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းကာ Paukphaw Scholarship Project ကို အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တက္ကသိုလ် ၁၄ ခုမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၄၈ဦးအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် Bank of China(BOC) Scholarship Program ၊ Paukphaw ပညာသင်ဆုစီမံကိန်း၊ တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆုစီမံကိန်း၊ Panda Pack စီမံကိန်း၊ Smiling Children စီမံကိန်း၊ WHSH စီမံကိန်း၊ Covid-19 အထောက်အကူပြု ပစ္စည်းများလှူဒါန်းခြင်းစီမံကိန်း၊ စက်ဘီးလှူဒါန်းခြင်းစီမံကိန်း၊ ဆိုလာမီးအိမ်များလှူဒါန်းခြင်းစီမံကိန်း စသဖြင့် ၁၄ခု ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နှင့်တိုင်း ၁၃ခု ရှိ မြို့နယ်ပေါင်း ၁၄၄မြို့နယ်တွင် အမေရိကန်ဒေါ်လာ (၁၁ ဒသမ ၈၂)သန်းထည့်ဝင်၍ လူဦးရေ ပေါင်း (၄၉၇၆၀၈)ဦးအား အကျိုးခံစားခွင့်ရရှိစေခဲ့ကြောင်း လည်း သိရသည်။
#ymg/mt #Local_News #ပေါက်ဖော်ပညာသင်ဆု #YMG
#Yangon-Media-Group
Page 1379 of 2053