#LocalNews
Published_ 11 December 2022
နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၀၀)ဦးကိုBank of China(Hong Kong)၏ ပညာသင်ထောက်ပံ့ကြေးစီမံကိန်းအနေဖြင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်၊၊
Bank of China (Hong Kong) နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တို့အတူ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး စတင်ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ Bank of China (Hong Kong) ဒုတိယဥက္ကဌ Mr. Chen Wen ၊ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr. Chen Hongtao ၊ Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ ဥက္ကဌ Mr. Liu Ying နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာ၌ Bank of China က ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားသစ်များကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းသည် တရုတ်ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် လူမှုရေးတာဝန်များ တက်တက်ကြွကြွ ထမ်းဆောင်မှု၊ ပြည်သူများအား အကျိုးပြုမှုကို ထင်ဟပ်နေကြောင်း၊ ရန်ကုန်တက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းများနှင့် တရုတ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးတက်စေရေးအတွက် လူတော်လူချွန်များ ပိုမိုမွေးထုတ်ပေးရန် ထောက်ခံအားပေးကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယင်းစီမံကိန်းသည် အကျိုးခံစားခွင့်ရသော ကျောင်းသားကျောင်းသူများကို အကျိုးပြုကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အားဖြည့်ပေးသည့်အတွက် မြန်မာနိုင်ငံမှ များစွာချီးကျူးကြောင်း ပြောကြားသည်။
Bank of China (Hong Kong) ဒုတိယဥက္ကဌ Mr. Chen Wen နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်အထွေထွေအတွင်းရေးမှူး Mr. Chen Hongtao က ပညာသင်ထောက်ပံ့ကြေးရရှိသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group


#Local_News
Published 11 Dec 2022
မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသိပညာပေးမှုကို မြှင့်တင်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဗိုလ်ချူပ်မှူးကြီးက အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Òလူ့အခွင့်အရေးကို လက်ခံရယူကျင့်သုံးကြတဲ့အခါမှာလည်း လူ့အဖွဲ့အစည်းအတွက် တရားမျှတသည့် လိုအပ်ချက်တွေဖြစ်တဲ့ ကိုယ်ကျင့်တရားများ၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးရမည်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း၌ အထင်အရှားဖော်ပြပါရှိပြီးဖြစ်ပါတယ်။ အဲဒါကြောင့် လူ့အခွင့်အရေးကို ကျင့်သုံးကြ ရာမှာ မိမိတို့၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့ သူတစ်ပါး၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လစ်လျူမရှုကြရန်၊ မပျက်ကွက်ကြဖို့လိုပါတယ်Ó လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။
နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံစားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးကအဓိကကျတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ဖိတ်ခေါ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်းက ကုသလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Message ကို ဖတ်ကြားခဲ့ပါတယ်။
အခမ်းအနားသို့ နစကအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊တပ်မတော်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
#Yangon_Media_Group.



#LocalNews
Published_11 December 2022
ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်သို့ ဆက်သွယ်သည့် ဂွချောင်းတံတားကို ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
ယင်းတံတားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန၏ မှတ်တမ်းအရ သိရသည်။
ဂွချောင်းတံတားသည် ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်မကျေးငူရွာကို ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့အထိအကောင်အထည်ဖော် ဆောင်ရွက်နေသော ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးပင်-ကျောက်ချွန်-ဂွမြို့ ကမ်းခြေပတ် လမ်းတစ်လျှောက်တွင် အရေးပါသည့် တံတားတစ်စင်းလည်း ဖြစ်သည်။
တံတား အရှည်မှာ ၁၃၉၈ ပေ ၉ လက်မရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်း အကျယ်တစ်ဖက်လျှင် ၃ ပေ ၆ လက်မပါဝင်၍ ရေလမ်း ကင်းလွတ် အမြင့် ပေ ၂၀ နှင့် ရေလမ်းကင်းလွတ် အကျယ်သည် ၈၅ ပေရှိကြောင်း၊တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးလျှင် ၇၅ တန် ဖြစ်ပြီး P.C Grider , R.C Grider သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ အောက်ထည်မှာ သံကူကွန်ကရစ်ကြမ်းခင်းနှင့် တံတားအုတ်မြစ်သည် သံကူ ကွန်ကရစ်ဘိုးပိုင် အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တံတားတစ်စင်းလုံး ချဉ်းကပ်လမ်း အပါအဝင် ကုန်ကျငွေမှာ မြန်မာငွေကျပ်သန်းပေါင်း ၈၉၈၀ ဖြစ်ကြောင်း၊လတ်တလောတွင် တံတားပြီးစီးနေပြီ ဖြစ်၍ ဖွင့်ပွဲ မပြုလုပ်မီ အများပြည်သူသွားလာရေး အဆင်ပြေ ချောမွေ့စေရန်နှင့် အရေးပေါ်ကဏ္ဍတို့တွင် အသုံးပြုနိုင်ရန် အတွက် ၃ တန်အောက် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုထားကြောင်းလည်း သိရသည်။
Photo-MOC
ymg/mt
#Yangon_Media_Group
#World_Science
Published 11 December 2022
လူသားတွေမှာ ယောက်ျား၊မိန်းမဆိုပြီး မျိုးရိုးဗီဇအရကွဲပြားစေတာက X ခရိုမိုဆုန်းနဲ့ Y ခရိုမိုဆုန်းတို့ကြောင့် ဖြစ်ပါတယ်။
မိန်းမတွေမှာ X ခရိုမိုဆုန်း ၂ ခုနဲ့ မွေးဖွားလာပြီး ယောက်ျားဆိုရင်တော့ X နဲ့ Y ခရိုမိုဆုန်းတစ်ခုစီ ပါဝင်ပါတယ်။
အမျိုးမျိုးသော နို့တိုက်သတ္တဝါတွေမှာ နောင်တစ်ချိန်ကျရင် Y ခရိုမိုဆုန်း တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သုတေသီတွေလေ့လာတဲ့ ဩစတြေးလျဘဲတူဖျံတူသတ္တဝါဟာလည်း XY ခရိုမိုဆုန်းဆိုရင် အထီးဖြစ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ပေါင်း ၁၆၆ သန်းအတွင်း လှုပ်ရှားသက်ဝင်ေနတဲ့ မျိုးရိုးဗီဇ ၉၀၀ ကျော်မှာ Y ခရိုမိုဆုန်းတွေ ဆုံးရှုံးလာပါတယ်။
ထိုကာလအတွင်းမှာပဲ လူသားတွေလည်း ဆင့်ကဲပြောင်းလဲလာကြပါတယ်။
ဒီနှုန်းအတိုင်းဆိုရင် နှစ်ပေါင်း ၁၁ သန်းအတွင်း Y ခရိုမိုဆုန်းနဲ့ဆက်စပ်နေတဲ့ မျိုးရိုးဗီဇတွေ မျိုးသုဉ်းသွားနိုင်ပါတယ်။
လူသားတွေမှာ Y ခရိုမိုဆုန်းပျောက်ကွယ်နိုင်တာဟာ စိုးရိမ်စရာဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ လူသားတွေ Y ခရိုမိုဆုန်းပျောက်ကွယ်ရင်တောင် လိင်ပိုင်းကွဲပြားစေတဲ့ သတ္တဝါကို သိရှိထားပါတယ်။
အရှေ့ဥရောပက လယ်ကြွက်တွေနဲ့ ဂျပန်မှကြွက်တွေရဲ့ အထီးတွေမှာ ဆင့်ကဲပြောင်းလဲခြင်းကြောင့် Y ခရိုမိုဆုန်းလုံးဝပျောက်ကွယ်သွားပါပြီ။
"လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်ပေးတဲ့ ခရိုမိုဆုန်းတွေ ဆင့်ကဲပြောင်းလဲရင်း မျိုးရိုးဗီဇတွေပါ ပြောင်းလဲလာကြပါတယ်" လို့ တိုကျိုတက္ကသိုလ်မှ သုတေသီများက ဖော်ပြထားပါတယ်။
သီအိုရီအရ Y ခရိုမိုဆုန်းတွေ ပျောက်ကွယ်ကုန်တာဟာ လူသားတွေ မျိုးသုဉ်းလာနိုင်တဲ့သဘောဖြစ်ပေမယ့် လိင်ပိုင်းဆိုင်ရာမျိုးရိုးဗီဇအသစ်များ ပေါ်ပေါက်လာနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#LocalNews
Published_ 11 December 2022
တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ယာအနီး မီးလောင်မှု့ဖြစ်ပွားရာတွင်ကူညီပေးသည့် ပလုံကောက်သည့်လူငယ်တစ်ဦး တံခါးညှပ်၍လက်ခလယ်ပြတ်သွားသဖြင့်စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းမေတ္တာအလင်းလူမူကူညီရေးအသင်းမှသိရသည်၊၊
အဆောက်အဦး၏ အတွင်းမှ လူများပိတ်မိနေ၍ ပြည်သူအမျိုးသား လူငယ်လေးအား သွားရောက်၍ ကူညီရာတွင် တံခါးနှင့်လက်ညပ်၍ လက်ခလယ်ပျက်ထွက် လူနာအမျိုးသားလေးအား မေတ္တာအလင်းလူမူကူညီရေးအသင်း မှ စံပြဆေးရုံကြီးသို့ (အခမဲ့)သွားရောက်ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
မေတ္တာအလင်းလူမူကူညီရေးအသင်း မှပရဟိတသမားတစ်ဦးကလည်း အဲဒီဖြစ်စဥ်နှင့်ပတ်သက်၍
"လူသာဆင်းရဲရင်ဆင်းရဲမယ်...စိတ်ဓါတ်လေးကိုတော့မချီးကျူးပဲ မနေနိုင်ဘူး...တံတားအောက်မှာအိပ်..မနက်ဆိုပလုံကောက်.. ဘဝပေးအခြေအနေကြောင့်ဆင်းရဲပေမယ့် တာမွေ ဦးချစ်မောင်အိမ်ယာမီးလောင်မှု့ဖြစ်စဥ် မှာပြည်သူတစ်ယောက်အနေနဲ့... ဝိုင်းဝန်းချင်တဲ့စိတ်ကလေး..အထဲမှမီးခိုးမွှန်ပြီး မှန်ခွဲ၍ခုန်ဆင်းလာသောသူအား..တွေ့ပြီး..ကူညီချင်တဲ့စိတ်နဲ့ သွားရောက်ကူညီရာတွင် လက်ခလယ်လေးပျက် သွားသဖြင့် အပြုံးမပျက်ပဲ.."ရတယ်မကြီးသားမကြောက်တက်ဘူး..သားလက်ကလေးပျောက်ရင်ရပြီ"ဆိုပြီးတဖွဖွပြောနေရှာတဲ့ လူငယ်လေး....."ဟု သူ၏လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော်ပြထားပြီး အခြား လူမှုကွန်ရက်သုံးစွဲသူများကလည်း ချီးကျူးဖော်ပြထားကြသည်၊၊
ဒီဇင်ဘာလ၉ရက်၊နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်၊ ဦးချစ်မောင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group

#World_Science
Published 11 December 2022
အစည်းအဝေးတွေ ဆက်တိုက်တက်ရတဲ့အချိန် ခံစားရတဲ့စိတ်ဖိစီးမှုတွေဟာ ခေါင်းထဲကအရာတွေကြောင့်လို့ လေ့လာတွေ့ရှိထားပါတယ်။
စမ်းသပ်ခံတဲ့သူတွေကို အစည်းအဝေးတွေ တစ်ခုပြီးတစ်ခု ကြားထဲမှာမနားဘဲနဲ့ တက်ခိုင်းစေခဲ့ကာ ဦးနှောက်ထဲက လျှပ်စစ်ဓာတ်လှုပ်ရှားမှုကို လေ့လာခဲ့ပြီးနောက် ဘီတာလှိုင်းလှုပ်ရှားမှုမြင့်တက်တာကို တွေ့ခဲ့ရပါတယ်။
နောက်တစ်ဖွဲ့ကတော့ အစည်းအဝေးတစ်ခုနဲ့တစ်ခုကြား ၁၀ မိနစ်နားချိန်ပေးခဲ့ရာမှာ ဘီတာလှိုင်းလှုပ်ရှားမှုကျဆင်းပြီးတော့ နောက်ထပ်အလုပ်တစ်ခုကို ကောင်းစွာလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
မိုက်ခရိုဆော့ဖ်မှ သုတေသီများက ဒီအချက်အလက်များအရ နားချိန်ယူခြင်းဖြင့် အစည်းအဝေးများအတွင်း အာရုံစူးစိုက်မှုလျော့စေပြီး ရေခွက်ကိုင်ခြင်း၊ အကြောဆန့်ခြင်းတို့ဖြင့်ပင် ခေါင်းကိုရှင်းလင်းစေနိုင်တယ်လို့ ဆိုပါတယ်။
စမ်းသပ်ခံမယ့်သူ ၁၄ ဦးကို ဦးနှောက်လှုပ်ရှားမှုတိုင်းတာတဲ့ ကိရိယာများတပ်ဆင်ကာ အစည်းအဝေးများတက်စေခဲ့ပါတယ်။
ပထမနေ့မှာ နာရီဝက်ကြာတဲ့အစည်းအဝေး ၄ ခုကို နားချိန်မပေးဘဲ ဆက်တိုက်တက်စေခဲ့ပါတယ်။
နောက်နေ့မှာတော့ နာရီဝက်ကြာတဲ့အစည်းအဝေး ၄ ခုကို ၁၀ မိနစ်စီခြားပြီး တက်စေခဲ့ပါတယ်။
ဆက်တိုက်အစည်းအဝေးတက်ခဲ့ရာမှာ ဘီတာလှိုင်းများမြင့်တက်လာပြီး စိတ်ဖိစီးမှုလည်း မြင့်တက်လာပါတယ်လို့ မိုက်ခရိုဆော့ဖ်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အနားယူခိုင်းလိုက်ရင်တော့ ဘီတာလှိုင်းပြန်ကျသွားပြီး အစကိုပြန်ရောက်သွားပါတယ်။
ဦးနှောက်ရဲ့လှုပ်ရှားပုံတွေကလည်း အနားယူပြီး အစည်းအဝေးတက်တဲ့သူတွေမှာ ကောင်းကျိုးရရှိတယ်ဖြစ်ပြီး ဆက်တိုက်အစည်းအဝေးတက်တဲ့သူတွေမှာတော့ ဦးနှောက်မှာ ဖိစီးမှုများပြားလာပါတယ်။
ဒါ့အပြင် နောက်ထပ်အစည်းအဝေးတွေမှာ အာရုံစူးစိုက်မှုလျော့စေကြောင်းလည်း ဖော်ပြထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 11 December 2022
မြန်မာနိုင်ငံ၌ ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ကို လိုင်စင်ထုတ်ပေးထားပြီး ဆယ်နှစ်ကျော် ကာလ၌ ယာဥ်အစီးရေ သုံးဆကျော်တိုးလာခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြေားကြားထားပါတယ်။
ဒီဇင်ဘာ ၇ ရက်ကပြုလုပ်ခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနရဲ့ (၅၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဝန်ကြီးက ပြောဆိုခဲ့တာပါ။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မော်တော်ယာဥ်များ၊ ယာဥ်မောင်းလိုင်စင်များကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှစတင်ပြီး နိုင်ငံတော်က မော်တော်ယာဥ် တင်သွင်းမှုဆိုင်ရာမူဝါဒကို ဖြေလျှော့ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မော်တော်ယာဥ် တင်သွင်းမှုများနှင့် ကားအရောင်းပြခန်းများလည်း များပြားလာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်တွင် ယာဥ်စီးရေ ၂ ဒသမ ၃ သန်းကျော်သာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ယာဥ်အစီးရေ ၇ ဒသမ ၂ သန်းကျော်ထိ ဆယ်နှစ်ကျော်ကာလအတွင်း သုံးဆကျော် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
ကညနအနေဖြင့် အဓိကလုပ်ငန်းများတွင် IT နည်းပညာအသုံပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် QR Code ဖတ်ရှုနိုင်တဲ့ Smart Card ယာဥ်မောင်းလိုင်စင်များ၊ ယာဥ်နံပါတ်ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့တဲ့ အတွက် IT နည်းပညာသုံးဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်ရဲ့ မူဝါဒ၊ မျှော်မှန်းချက်နှင့်အညီ လိုက်နာအကေင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 10 December 2022
သင်္ဘောလိုက်နေတဲ့ မြန်မာသင်္ဘောသားတွေအတွက် အသက်အာမခံကြေးနဲ့ လူမှုဖူလုံရေးကြေးတွေ ပုံမှန်ပေးသွင်းရမယ့်ရက်တွေမှာ အချိန်မီပေးသွင်းနိုင်ဖို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)မှ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 10 december 2022
ပြီးခဲ့တဲ့ ဒီဇင်ဘာလပထမအပတ်မှစ၍ တရုတ်ပြည်မြို့နယ်အားလုံး လော့ဒေါင်းဖြေလျှော့ပေးပြီးနောက် ဖရဲသခွားနှင့် သီးနှံတင်ပို့မှု အခြေအနေတွေ ပြန်ကောင်းမွန်လာခဲ့တယ်လို့ ဖရဲစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Agriculture
Published 10 December 2022
ဂွာရီမာ ဗီချာဒါဒေသမှ ကိုလံဘီယာအမေဇုန်ဂိတ်တွေမှာ လမ်းပန်းဆက်သွယ်မှုမရှိတဲ့ နေရာတွေကနေ တရားမဝင်မူးယစ်ဆေးစိုက်ပျိုးမှုကို စွန့်ခွာလာတဲ့ တောင်သူများအတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ လမ်းကြောင်းဟောင်းတွေ ရှိနေပါတယ်။
#Yangon_Media_Group
Published 10 Dec 2022
ကမ္ဘာ့အကြီးဆုံးမီးတောင်တွေထဲက တစ်ခုဖြစ်တဲ့ ဟာဝိုင်ယီက မော်နာလွာ မီးတောင်ဟာ နိုဝင်ဘာ ၂၇ ရက်က ပေါက်ကွဲခဲ့ပါတယ်။
မော်နာလွာကဟာ အမေရိကန်ရဲ့ အကြီးဆုံးကျွန်းစုတွေပေါ်မှာတည်ရှိပါတယ်။
ယခုထက်ထိ အဲဒီမီးတောင်က ချော်ရည်ပူတွေဟာ ဆက်လက်ပန်းထွက်နေဆဲဖြစ်ပြီး မြောက်ပိုင်း တောင်စောင်းမှာ ချော်ရည်ပူမြစ်တွေအဖြစ်စီးဆင်းနေတာကို ရုပ်သံမှာမြင်တွေ့ကြရပါတယ်။
Source AFP
#Hawaii_volcano _Mauna _Loa
#Lava_flows_ volcano _Mauna _Loa
#World_Science
#Health_Matters
Published - 10 Dec 2022
- အာဆင်းနစ်အဆိပ်သင့်ခြင်းကို ဘယ်လိုကုသနိုင်မလဲ ဘယ်လိုကာကွယ်နိုင်မလဲ??
#Yangon_Media_Group
Page 1375 of 1913