#Local_News
Published _ 12 September 2022
ယခုနှစ်ထောပတ်သီးရာသီအတွက် ဒူဘိုင်းကနေ တပတ်ကို ၁၅တန်ဖြင့် အပတ်စဉ်တင်ပို့ရန်နှင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၂၀ စမ်းသပ်တင်ပို့ရန်အတွက် အမှာစာတွေရရှိထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
"ပြည်ပကနေ အမှာစာတွေရရှိထားပြီးပါပြီ။ လက်ရှိကတော့ ဈေးနှုန်းရရှိမှုအပါအဝင် တင်ပို့ဖို့အတွက်ကိုဆွေးနွေးနေပါပြီ။ လာမယ့် နိုဝင်ဘာလလောက်ကို စတင်တင်ပို့နိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်" ဟု ၎င်းကဆိုသည်။
ပြည်ပသို့ Hass အမျိုးအစား ထောပတ်သီးတွေကို တင်ပို့မှာဖြစ်ပြီး အဓိကအားဖြင့် ထို Hass အမျိုးအစား ထောပတ်သီးတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ရှိကြောင်း သိရသည်။
လိုအပ်ချက်များရှိခဲ့လျင် ပြင်ဦးလွင်နှင့် အခြားဒေသများမှ ထွက်ရှိသည့် ထောပတ်သီးများပါ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အရေအတွက်ပေါ်မူတည်ပြီး များလျင်များသည့်အလျှောက် ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပိုသွားမည်ဟု ၎င်းကဆိုထားသည်။
Hass အမျိုးအစား ထောပတ်သီးတွေဟာ အောက်တိုဘာလအလည်လောက်တွင် စတင်ထွက်ရှိကာ ဇန်နဝါရီလကုန်ခန့်၌ ထောပတ်သီးရာသီကုန်ဆုံးလေ့ရှိသည့်အတွက် ပြည်ပသို့ နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း တင်ပို့မည်ဖြစ်ကြောင်း ယင်းမှသိရသည်။
ပြည်ပဈေးကွက်တွင် အလားအလာများစွာရှိနေသည့် အဆိုပါထောပတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရန် ပြုလုပ်နေလျှက်ရှိပြီး မန်းလေးနှင့် ပြင်ဦးလွင်တို့၌လည်း အများအပြားစိုက်ပျိုးလာနေပြီဖြစ်ကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 12 September 2022
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဂန္ဓမာအပါအဝင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းအပေါ် ရှမ်းအဖွဲ့ ၁၁ ဖွဲ့က စက်တင်ဘာလ ၉ ရက် နေ့စွဲဖြင့် သဘောထားတစ်စောင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
သဘောထားထုတ်ပြန်သော အဖွဲ့အစည်းများ မှာ Global Shan Network - GSN ၊ Tai Youth Organization - TYO ၊ Tai National Community - Thailand ၊ Tai Youth Yangon ၊ Tai Youth Htong Mao ၊ Tai Youth Laikha ၊ Tai Youths Network Japan - TYNJ ၊ Tai Youth Community - South Korea ၊ Tai Sangha Students Thailand ၊ Shan Community in Japan - SCJ ၊ Kyun Ta Htaung Myae Foundation တို့ ဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြိုနယ် အနောက်ပိုင်းဒေသ နောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဦးဆောင်ဆရာတော် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီသံဃာတော်များသမဂ္ဂ၏ ဘဏ္ဍာရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဂန္ဓမာအား ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်တွင် ပင်လည်ဘူးမြိုနယ်တွင်းသို ဝင်ရောက်နေသော KIA+PDF တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်သတ်ဖြတ်လိုက်သည်ဟု ကြားသိရမိ၍ များစွာအံ့သြထိတ်လန့်မိကြောင်း ရေးသားထားသည်။
ယင်းအပြင် ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်တွင် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအရေး လှုပ်ရှားနေသည့် ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာမှ ဆရာတော်၏ကားကို ဖမ်းဆီးမီးရှို့ဖျက်ဆီးခြင်း၊ ဇွန်လ (၁၉)ရက်တွင် ဗန်းမောက်မြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရေးတာဝန်ခံ စိုင်းကျန်အောင်အား ဖမ်းဆီးနှိပ်စက်ခြင်း၊ ဇွန်လ (၂၅)ရက်တွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီနာယကဖြစ်သူ ဦးသန်းဖေအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ဇူလိုင်လ (၃၀)ရက်တွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာနေ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဆရာစိုင်းရေကျော်အား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သြဂုတ်လ (၂၁)ရက်တွင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအရေး ဦးဆောင်လုပ်ရှားနေသည့် ဗန်းမောက်မြို့နယ် ကြောင်လည်ရွာမှ ဆရာတော် ဦးသူရိယအား ဖမ်းဆီးခြင်း စသည့်အကြမ်းဖက်မှုမြောက်သည့် ကိစ္စရပ်များကို ဆက်တိုက်ကျူးလွန်ခဲ့ကြကြောင်း ကြားသိခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။
၎င်းဖမ်းဆီးသတ်ဖြတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ(IHL)ကို လေးစားလိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်သည့်အပြင် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာကြေညာစာတမ်း (UNDRIP)ပါ အပိုဒ်(၃)၊ အပိုဒ်(၈)နှင့် အပိုဒ်(၁၁)ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်နက်မဲ့ အရပ်သားပြည်သူများအား ဖက်ဆစ်ဆန်ဆန် ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းအပေါ် မိမိတို့သျှမ်းအရပ်ဖက်အဖွဲ့အစည်းများမှ ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကြောင့် ရှမ်းနီတိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ NUG အပါအဝင် KIA+PDF တာဝန်ခံရမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့များအနေဖြင့် ယင်းကဲ့သို့ ရှမ်းနီတိုင်းရင်းသား လူမျိုးများအပေါ် ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ NUG အပါအဝင် KIA-PDF တပ်ဖွဲ့များအနေဖြင့် တာဝန်ခံရမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်ဟု ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 12 September 2022
လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတက်ဈေးဖြင့်ငြိမ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် 92 တစ်လီတာ ၂၃၆၅ ကျပ် ၊ 95 တစ်လီတာကို ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၀၇၅ ကျပ် ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလအစတွင် စက်သုံးဆီဈေးနှုန်းမှာအနည်းငယ်ကျဆင်းခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဈေးနှုန်းအတတ်အကျ မမှန်တော့ကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်းသည် နေ့စဉ်နှင့်အမျှအတက်အကျ အပြောင်းအလဲဖြစ်ပေါ်နေပြီး အမြင့်ဈေးမှာပဲရှိနေသည့်အတွက်ကြောင့် စက်သုံးဆီအသုံးပြုလုပ်ကိုင်ရသည့် လုပ်ငန်းများအနေဖြင့် ထိခိုက်မှုတွေရှိနေကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီပြတ်လပ်သည့် ဆီဆိုင်တွေကိုလည်း အရေးယူဆောင်ရွက်မည်ဟုလည်း အသိပေး ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန် ၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေး နေကြောင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_news
Published_ 12 September 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)၊ လိုမာဟော်တယ်လမ်း၊ အိမ်အား ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ နိုင်းခုန်ဆတ်လတ်စနာရိုတင်း (ခ) နိုင်းကိန် (ခ) ဖုန်ဆပ်(ခ) Mr. PHON SUB နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၃၇၂ သိန်း)၊ ပစ္စတိုသေနတ် ၁ လက် (မကောင်း) နှင့် ဆက်စပ်ပစ္စည်းများ၊ ၎င်းကျည် ၁၃ တောင့်၊ ကျည်အိမ် ၃ ခုနှင့် ခြောက်လုံးပြူးသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
နိုင်းခုန်ဆတ်လတ်စနာရိုတင်း(ခ)နိုင်းကိန်(ခ)ဖုန်ဆပ်(ခ)Mr. PHON SUB (၄၂) နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
#ygm_mnn
#Yangon_Media_Group
Published 12 Sept 2022
အီလွန်မတ်စ်ရဲ့ ကောလိပ်တုန်းက ရည်းစားဟောင်းက သူတို့နှစ်ယောက်ရဲ့ အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချရာ အဲဒါတွေဟာ ရေပန်းစားနေပါတယ်။
ဂျနီဖာဂွင်းဟာ ပဲင်စီလ်ဗေးနီးယား တက္ကသိုလ်တက်တုန်းက အခုကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတဲ့ တစ်ကျောင်းတည်းသား အီလွန်မတ်စ်နှင့် တွဲခဲ့ပါ တယ်။ အခုသူက အဲဒီတုန်းက သူတို့ရဲ့ ဓာတ်ပုံတွေနှင့် အခြားအမှတ်ရစရာပစ္စည်းအတိုအထွာတွေကို ဘော့စတွန်အခြေစိုက် PR လေလံမှာ လေလံတင်ရောင်းချနေပါတယ်။
အဲဒီအထဲမှာ အီလွန်မတ်စ်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ နုပျိုရွှင်လန်းနေတဲ့ လျှပ်တစ်ပြက် ဓာတ်ပုံ ၁၈ ပုံ၊ မွေးနေ့ဆုတောင်း လက်ရေးကတ်နှင့် မတ်စ်လက်ဆောင်ပေးခဲ့သော ရွှေလည်ဆွဲလေးတစ်ခုတို့ပါဝင်ပါတယ်။
တနင်္ဂနွေညကတော့ အချစ်များစွာဖြင့်-အီလွန်လို့ လက်မှတ်ရေးထိုးထားတဲ့ မွေးနေ့ကတ်ကလေးကို ဒေါ်လာ တစ်သောင်းနှင့် ၂၃ဦးလေလံအပြိုင်ဆွဲခဲ့ပါတယ်။
နောက်စိတ်ဝင်စားစရာတစ်ခုက လည်ဆွဲပါ။ မတ်စ် အဖေအာရိုးပိုင်တဲ့ ဇမ်ဘီယာ သတ္တုတွင်းကထွက်တဲ့ မြစိမ်းနှင့် လုပ်ထားတာပါ။ ဓာတ်ပုံတွေထဲမှာ မတ်စ်က သူငယ်ချင်းတွေနှင့် အပြင်ထွက်သွားလာတာ၊ အဆောင်အနားတစ်ဝိုက် လမ်းသလားတာ၊ ပြီးတော့ ဂွင်းကို ပွေ့ဖက်ထားတာ စသဖြင့်ပါဝင်ပါတယ်။
၁၉၉၄ ခုနှစ်ဝန်းကျင်မှာ မတ်စ်ကို တွဲခဲ့တဲ့ ဂွင်းဟာ သူ့ မွေးစားသား တက္ကသိုလ်တက်ဖို့ ကျောင်းလခရရှိဖို့ ဒီပစ္စည်းတွေကို လေလံတင်ရောင်းချတာဖြစ်ပါတယ်။
RR Auction မှာ နာမည်ကျော်လုပ်ငန်းရှင်ကြီးတွေနှင့်ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းတာ ဒါဟာ ပထမဦးဆုံး အကြိမ်တော့မဟုတ်ပါဘူး။ ကုမ္ပဏီဟာ ဩဂုတ်လတုန်းက စတိဗ်ဂျော့ဗ်ရဲ့ ပထမဆုံး Apple-1 prototype ကို ဒေါ်လာ ခြောက်သောင်းရှစ်ထောင်နီးပါးနှင့် လေလံတင်ရောင်းချပေးခဲ့ပါတယ်။
သူတို့နှစ်ယောက်တွဲခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ကတည်းက ယခု တယ်လ်ဆာရဲ့ ပိုင်ရှင်သူဋ္ဌေးဖြစ်နေတဲ့ မတ်စ်ဟာ လျှပ်စစ် ကားတွေကို အမြင်ရှိနေပြီလို့ Insiderရဲ့အင်တာဗျူးမှာ ဂွင်းက ပြောပါတယ်။
“ သူဟာ လျှပ်စစ်ကားတွေအကြောင်းပြောတယ်။ ပြီးတော့ သမားရိုးကျမဟုတ်တဲ့ စွမ်းအင်တွေအကြောင်းသူပြောတယ်” လို့ သူမက ဆက်ပြောပါတယ်။
Source: Insider
#Elon_Musk
#Jennifer_Gwynne
#RR_Auction
#Local_News
Published_ 12 September 2022
မယ်ဆိုင်မြစ်သည်ရှမ်းပြည်နယ်၊ တာချီလိတ်မြို့(လွယ်တော်ခမ်းရပ်ကွက်)တွင် စိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်နေပြီး နောက်ထပ်ဆက်တက်လာနိုင်သဖြင့် တာချီလိတ်နေပြည်သူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
မယ်ဆိုင်မြစ်ရေလျှံမှုကြောင့် တာလော့ရပ်ကွက်၊ ဆန်းဆိုင်းရပ်ကွက်ရှိ လမ်းမကြီးနှင့် နေအိမ်အချို့ကို ရေများဝင်ရောက်နေသဖြင့် သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးလျက်ရှိသည်၊၊
မယ်ဆိုင်မြစ်သည် နောက်တစ်ရက်အတွင်း (၂)ပေခန့်ဆက်လက်တက်နိုင်သည့်အတွက် တာချီလိတ်ဒေသနေပြည်သူများ၊ မြစ်ကမ်းအနီး မြေနိမ့်ပိုင်းနေထိုင်ကြသူများ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသ
နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ (၁၂)ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
မယ်ဆိုင်မြစ်ရေသည် သြဂုတ်လအတွင်းတွင်လည်း စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိခဲ့ပြီး တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Business
Published 12 September 2022
အမေရိကန်ပြည်ထောင်စုဟာ ငွေကြေးဖောင်းပွမှုကြောင့် တိုင်းပြည်စီးပွားရေးတိုးတက်ရေး နှောင့်နှေးနေရတဲ့အပြင် စီးပွားရေးဆုတ်ယုတ်မှုအန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပေမယ့် ဆိုးဆိုးရွားရွားကြီးဖြစ်မလာအောင်တော့ ရှောင်ရှားနိုင်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယဲလန်'က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန် ဗဟိုဘဏ်စနစ်က ငွေကြေးမူဝါဒပေါ်လစီကို တင်းကြပ်လိုက်တဲ့အခါ အမေရိကန်က ဆုတ်ယုတ်လာနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ သမ္မတ'ဂျိုးဘိုင်ဒန်'က ငွေကြေး၊ စီးပွားရေး၊ အခွန်မူဝါဒအကြောင်းများနဲ့ ပတ်သက်ပြီး CNN ကို ပြောကြားခဲ့ပါတယ်။
ဒီအန္တရာယ်က သေချာစောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်လို့ 'ယဲလန်'ကဆိုကာ အမေရိကန်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
နှစ် ၄၀ အတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံးအနေအထားဖြင့် ဇွန်လက ၉.၁ ရာခိုင်နှုန်းရောက်ရှိခဲ့ကာ ဗဟိုဘဏ်က ပြည်သူများအပေါ်ဖိအားသက်သာစေရန် ဘဏ်နှုန်းထားများတဖြည်းဖြည်း မြှင့်တင်ပေးခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံးအမေရိကန်ရဲ့ စီးပွားရေးအခြေအနေ မပျက်စီးသွားစေရန် မျှော်လင့်နေရပါတယ်။
ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကလည်း ဖောက်သည်တွေနဲ့ အဆင်ပြေစေရန် ဗဟိုဘဏ်အတိုးနှုန်းအတိုင်းသတ်မှတ်လိုက်ကာ အတိုးနှုန်းမြင့်မားမှ ဝယ်ယူသုံးစွဲမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ပေါ်လစီချမှတ်သူများက အန္တရာယ်ကြီးထွားမလာခင် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရမှာဖြစ်ပေမယ့် အမေရိကန်စီးပွားရေးဆုတ်ယုတ်မှုကြောင့် တစ်ကမ္ဘာလုံးကိုထိခိုက်မှာကိုလည်း မလိုလားပါဘူး။
'ယဲလန်'က ငွေကြေးဖောင်းပွမှု မြင့်မားလွန်းနေပြီး ပြန်လည်လျှော့ချဖို့လိုအပ်နေကြောင်း ဆိုပါတယ်။
စီးပွားရေးဆုတ်ယုတ်မှုဖြစ်ပေါ်မလာအောင် မူလရည်မှန်းထားတဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းဆီသို့ အကျမနာဘဲ ပြန်လည်ရောက်ရှိအောင် ဗဟိုဘဏ်က ကြိုးပမ်းနေပါတယ်။
"ဒီအတွက် နည်းလမ်းရှိမယ်လို့ ယုံကြည်ပါတယ်၊ ငွေကြေးဖောင်းပွမှုကို မထိန်းနိုင်ဘဲ အလုပ်သမားအင်အား မတောင့်တင်းနိုင်ပါဘူး"လို့ ဆိုပါတယ်။
၂၀၂၂ ပထမနှစ်ဝက်အတွင်း တိုင်းပြည်ရဲ့ဝင်ငွေတိုးတက်မှု လျော့နည်းတာကြောင့် စီးပွားရေးဆုတ်ယုတ်လာတယ်လို့ ဆိုနိုင်ပါတယ်။
"လုံးဝဆုတ်ယုတ်နေတာတော့ မဟုတ်ပါဘူး၊ အလုပ်အကိုင်အခွင့်အလမ်း တောင့်တင်းနေပြီး အလုပ်ရှာနေတဲ့သူတစ်ဦးချင်းစီအတွက် အလုပ်အကိုင် ၂ နေရာလောက်ရှိနေပါတယ်"လို့ ပြောပြခဲ့ပါတယ်။
တကယ်တမ်းတော့ အလုပ်အကိုင်ခက်ခဲနေပြီး အလုပ်သမားပြတ်လတ်မှုများဖြစ်ပေါ်နေပါတယ်။
ဩဂုတ်လတုန်းက အလုပ်မဲ့ဦးရေ ၃.၇ ရာခိုင်နှုန်းသို့ လျော့လာခဲ့ကာ ကိုဗစ်ကြောင့် အလုပ်နားရသူတွေ အလုပ်ခွင်ပြန်ဝင်လာရတာကြောင့်လည်း ပတ်သက်နေပါတယ်။
Source: CNA
#Yangon_Media_Group
#World_Astrology
Published 11 September 2022
ကမ္ဘာမြေပေါ်က သက်ရှိအရာတိုင်းအလိုအပ်ဆုံးအရာက ရေဖြစ်ပြီးတော့ အခြားဂြိုဟ်အများအပြားဟာလည်း ထင်ထားတာထက်ပိုပြီး ရေတွေရှိနေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ကြယ်စင်စုထဲမှာ အများဆုံးမြင်တွေ့နေကျဖြစ်တဲ့ M-dwarf ကြယ်စင်နားက ဂြိုဟ်အစုအဝေးကို ချီကာဂိုတက္ကသိုလ်မှ သုတေသီများက လေ့လာခဲ့ကြပါတယ်။
ဂြိုဟ်အများအပြားဟာ ရေတဝက် ကျောက်တုံးတဝက်ရှိမယ်လို့ ယူဆခဲ့ကြပေမယ့် ကမ္ဘာမြေမှာလို သမုဒ္ဒရာတွေ မြစ်တွေ စီးဆင်းနေတာမဟုတ်ဘဲနဲ့ ကျောက်တုံးတွေထဲမှာ နစ်မြုပ်နေတာဖြစ်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။
နေထိုင်လိုရနိုင်တဲ့ ဂြိုဟ်တွေကိုရှာဖွေနေခြင်းရဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ စာတမ်းပြုစုသူ'ရာဖေးလ်လုခ်'က ဆိုပါတယ်။
M-dwarf ကြယ်စင်နားမှာ ဂြိုဟ်သိမ်တွေလည်ပတ်နေပေမယ့် ကမ္ဘာမြေပေါ်က လေ့လာတဲ့အခါ အနီအလင်းထွက်ပေါ်နေတာကြောင့် ခက်ခဲနေပါတယ်။
အာကာသလေ့လာရေးဂြိုဟ်တု(TESS)ဖြင့် M-dwarf အနားက ဂြိုဟ်အသစ်တွေရဲ့ အကျယ်အဝန်းနဲ့ အလေးချိန်ကို တွက်ဆကြည့်ခဲ့ပါတယ်။
ဒီဂြိုဟ်တွေရဲ့ သိပ်သည်းဆအလေးချိန်က ကျောက်တုံးတွေနဲ့ဖွဲစည်းထားတဲ့ အရွယ်အစားတွေနဲ့ယှဉ်ရင် ပေါ့လွန်းနေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ဒါကြောင့် ဒီဂြိုဟ်တွေဟာ ကျောက်တဝက် ရေတဝက်ဖြစ်နိုင်တယ်လို့ ယူဆနေကြတာပါ။နေနဲ့နီးစပ်လွန်းတဲ့ မျက်နှာပြင်တွေက ရေတွေက အငွေ့ဖြစ်သွားကြတာ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ရေတွေက ကျောက်တုံးတွေနဲ့ ရောနှောတာမျိုး ဒါမှမဟုတ် မျက်နှာပြင်အောက် ချိုင့်လေးတွေမှာ ရှိနေတာဖြစ်နိုင်ပါတယ်။
ဒါတွေက ဂျူပီတာရဲ့ ၄ လုံးမြောက် အကြီးမားဆုံးဂြိုဟ်လိုမျိုး မြေအောက်မှာ ရေတွေရှိနေတဲ့သဘောပါ။
ရေတွေရှိနေတဲ့ ဂြိုဟ်တွေဟာ သက်ရှိတွေနေထိုင်နိုင်လောက်တဲ့ အနေအထားနဲ့ ပြည့်မီလားဆိုတာနဲ့ ဂြိုဟ်တွေရဲ့ဖွဲစည်းပုံတွေကို သိရှိဖို့ လေ့လာရဦးမှာပါ။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published _ 12 September 2022
မန္တလေးမြို့၏ အစည်ကားဆုံးဈေးကြီးများထဲတွင် တစ်ဈေးဖြစ်သည့် သီရိမာလာဈေးတွင် ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ဟုသိရသည်။
သီရိမာလာဈေးသည်က ညဈေးဖြစ်ခဲ့ပြီး ည 9နာရီကနေ မနက်9နာရီအထိ ရောင်းဝယ်ဖောက်ကားလေ့ရှိခဲ့ပြီး အခုနေ့အချိန်တွင် ဈေးရောင်းချချိန်ပြောင်းလဲသတ်မှတ်ထားပြီး ပုံမှန်ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ဟုသိရသည်။
သီရိမာလာဈေးမှ တခြားသော အမြို့မြို့အနယ်နယ်သို့ ကုန်စည်များတင်ပို့ရောင်းချနေရပြီး ကုန်စည်ဈေးနှုန်းအပြောင်းအလဲများရှိပေမယ့်လည်း ဖောက်သည်မပျက်ရောင်းချနေရတယ်လို့ သိရပါတယ်။
မနက်ဈေးအဖြစ်ပြောင်းလဲဖွင့်လှစ်ထာရှိခြင်းဖြစ်ပြီး ရောင်းဝယ် ဖောက်ကားမှုလျော့နည်းသွားခြင်းမရှိပဲ အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု သိရသည်။
မန္တလေးမြို့တွင် ဈေးရုံပေါင်း 40 ကျော်ရှိသည့်အထဲတွင် သီရိမာလာဈေးသည် လူသိများသည့် ဈေးတစ်ဈေးဖြစ်ပြီး ရေထွက်ကုန်၊ ကုန်စိမ်း၊ပန်းနှင့် ကားပစ္စည်းများ လက်လီလက်ကားရောင်းဝယ်ဖောက်ကားသော ဈေးကြီးတစ်ဈေးဖြစ်သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published 12 Sept 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့က စိုးရိမ်ရေမှတ် အထက်ကျော်လွန်မြင့်တက်ခဲ့ပြီးနောက် ရေများပြန်လည်ကျဆင်းသွားခဲ့ရာ ယနေ့နံနက် အစောပိုင်း ၅ နာရီအချိန်ခန့်မှစ၍ ရေများတဖြည်းဖြည်းပြန်လည် မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။
#Yangon_Media_Group
#World_Health
Published 12 September 2022
ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်ရဲ့စိတ်ဖိစီးမှုအခြေအနေဖြစ်ပေါ်ခြင်းက မွေးလာတဲ့ကလေးရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူပေါ်သက်ရောက်နေကြောင်း လေ့လာတွေ့ရှိထားတာကြာပါပြီ။
ကိုယ်ဝန်ဆောင်တွေရဲ့ စိတ်အခြေအနေ အတက်အကျက သန္ဓေသားဖွံ့ဖြိုးမှုကို သက်ရောက်စေသလားဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။
ကလေးနဲ့မိခင်ကြား ဆက်စပ်မှုတွေက မျိုးရိုးဗီဇအပြင် မမွေးခင်တွေ့ကြုံခံစားရခြင်းမှာပါ အခြေခံနေတယ်လို Infancy ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က စိတ်အတက်အကျဖြစ်လွန်းရင် မွေးလာတဲ့ကလေးမှာ စိတ်မတည်ငြိမ်မှုဖြစ်လာတတ်ပြီး စိတ်အခြေအနေဆိုးရွားတဲ့ဘက်ကို ဦးတည်သွားနိုင်ပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကို သုတေသီများကလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီထက်ပိုမိုကွဲပြားတဲ့ လေ့လာချက်တွေ လိုအပ်သေးတယ်လို့ သုတေသီများမှတ်ချက်ပြုထားပါတယ်။
မွေးကင်းစကလေးတွေမှာ ဆိုးရွားတဲ့သက်ရောက်မှုတွေက ပထမတစ်နှစ်အတွင်း ဘယ်လောက်အထိ တည်ရှိလဲဆိုတာကို လေ့လာခဲ့ကြပြီး မိခင်တွေကသာ သူတို့ကလေးတွေကို ထိန်းကျောင်းစောင့်ရှောက်နိုင်တာဖြစ်ပြီး ကလေးတွေကြီးလာတဲ့အခါ လမ်းညွှန်ဆုံးမပြသနိုင်ကြောင်း စာတမ်းပြုစု'လီဂါမက်နေးလ်း'က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကာလအတွင်း စိတ်ဖိစီးမှုအခြေအနေများကိုလည်း အခွင့်ကောင်းယူကာ မေးမြန်းခဲ့ကြပါတယ်။ မိခင်တွေရဲ့ စိတ်ဖိစီးမှုအခြေအနေက ကပ်ရောဂါနဲ့ မသက်ဆိုင်ကြောင်း၊ ကပ်ရောဂါမတိုင်ခင်နဲ့ ကပ်ရောဂါကာလအတွင်း စိတ်ဖိစီးမှုအခြေအနေက အတူတူပဲဖြစ်ကြောင်း 'မက်နေးလ်'ကဆိုပါတယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ဖိစီးမှုဖြစ်ပေါ်တတ်တဲ့ အခြေအနေကိုလေ့လာပြီး စိတ်ဖြေလျှော့နိုင်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ၊ စိတ်ဖိစီးမှုမဖြစ်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေနဲ့ အထောက်အကူရအောင် ဆောင်ရွက်ရမယ်လို့ 'မက်နေးလ်း'က ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#LocalNews
Published _11 September 2022
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၇၀ ကျော်အား ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၀ ရက်က ကွာလာလမ်ပူမြို့မှ တတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ ၊ Pekan Nanas ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား အမျိုးသား (၅၁)ဦး ၊ အမျိုးသမီး (၂၀)ဦး ကို သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1375 of 1758