Published 14 April 2023
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်ကို ဧပြီ၁၁ ရက်က သွားရောက်ခဲ့ပြီး တရုတ်စစ်တပ်ရဲ့ မျက်နှာစာအားလုံးမှာ ခေတ်မီအောင် အဆင့်မြှင့်တင်ကြဖို့ အလေးပေး ပြောဆိုသွားတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအပြင် ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ရှီ က မျက်နှာစာအားလုံးခေတ်မီအောင်အဆင့်မြှင့်ဖို့နှင့် လေ့ကျင့်ရေးနှင့် တိုက်ပွဲဝင်အသင့်အနေအထားဖြစ်အောင် တိုးမြှင့် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။
Source CCTV+
#တရုတ်သမ္မတရှီကျင့်ဖျင်
#တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်_တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်
#YangonMediaGroup
#World_Health
Published _14 April 2023
ကိုယ်အလေးချိန်လွန်ကဲခြင်းဟာ သက်တမ်းတိုစေနိုင်တယ်လို့ အရင်ကတည်းက တွေ့ရှိထားသလို အသက်အရွယ်ကြီးတဲ့အချိန်မှ ကိုယ်အလေးချိန်လျော့ကျတာကလည်း အလားတူအန္တရာယ်ရှိစေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အသက် ၆၅ နှစ်ကျော်မှ ကိုယ်အလေးချိန်ကျသူများဟာ ပျမ်းမျှ ၄ နှစ်တာကာလအတွင်း အသက်သေဆုံးနိုင်ချေ ၃ ပုံ ၁ ပုံခန့် များလာနိုင်ကြောင်း JAMA Network ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အသက်ကြီးသူတွေမှာ ကိုယ်အလေးချိန်ပြောင်းလဲသွားတဲ့ အခြေအနေတွေကို သိပ်ပြီးမဖော်ပြထားကြပါဘူး။
သူတို့ရဲ့လေ့လာချက်က ကိုယ်အလေးချိန်လျော့ကျခြင်းသာမက ဝိတ်ကျခြင်းကြောင့် သေဆုံးနိုင်ချေများတာကိုပါ ထည့်တွက်ထားကြပါတယ်။
လေ့လာမှုထဲမှာ နှလုံးသွေးကြောရောဂါ၊ ဒီမန်ရှာ၊ မသန်မစွမ်း၊ နာတာရှည်ရောဂါမရှိကြတဲ့ အသက် ၇၀ နှင့်အထက် ဩစတြေးလျလူမျိုး ၁၆,၀၀၀ ကျော်၊ အသက် ၆၅ နှစ်နှင့်အထက် အမေရိကန်လူမျိုး ၂,၄၀၀ ကျော်တို့ကို လေ့လာခဲ့ပါတယ်။
အဲဒီနောက် ၄ နှစ်ကြာတဲ့တိုင်အောင် နှစ်စဉ်ကိုယ်အလေးချိန်နဲ့ ခါးအတိုင်းအတာတို့ကို တိုင်းတာခဲ့ကာ ကိုယ်အလေးချိန်တက်လာခြင်းက စောစီးစွာအသက်ဆုံးရှုံးနိုင်ချေနဲ့ မသက်ဆိုင်ကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတဲ့အမျိုးသားတွေဟာ ကိုယ်အလေးချိန်တသမတ်တည်းရှိတဲ့ အမျိုးသားတွေထက် စောစီးစွာသေဆုံးနိုင်ချေ ၂၉၀ ရာခိုင်နှုန်းနီးပါးပိုများကြောင်း တွေ့ရှိရပါတယ်။
ကိုယ်အလေးချိန် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကျော်ကျသွားတဲ့ အမျိုးသမီးတွေကတော့ အသက်သေဆုံးနိုင်ချေ ၁၁၄ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ကျား/မမရွေး အဝလွန်ရာကနေ ကိုယ်အလေးချိန် ၅ ရာခိုင်နှုန်းကျော်ကျဆင်းလာသူတွေဟာ စောစီးစွာသေဆုံးနိုင်ချေ ပိုများနေပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းလျော့ကျလာသူတွေဟာ ကင်ဆာဖြစ်နိုင်ချေ ပိုများနေသလို အမျိုးသမီးတွေမှာ ကင်ဆာကြောင့်သေဆုံးနိုင်ချေ ၁.၇၈ ဆပိုများနေပါတယ်။
စမ်းသပ်ခံသူတွေရဲ့ အစားအသောက်ပုံစံနဲ့ လေ့ကျင့်လှုပ်ရှားမှုတွေကိုတော့ ထည့်သွင်းတွက်ချက်မခြင်းမရှိပါဘူး။
Source: The Jerusalem Post
#World_Health #ကိုယ်အလေးချိန်ကျဆင်းလာခြင်း #စောစီးစွာအသက်ဆုံးပါးနိုင်ချေမြင့်မား
#YMG #Yangon_Media_Group
#World_Health
Published_ 14 April 2023
အမေရိကန်လူမျိုးတွေဟာ သွေးပေါင်ချိန်တိုးခြင်းကို သေချာမထိန်းသိမ်းကြဘူးလို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က စိုးရိမ်းနေပါတယ်။
သွေးပေါင်ချိန်တိုးလာတာနဲ့အမျှ အခြားရောဂါများဖြစ်တဲ့ နှလုံးရောဂါ၊ နှလုံဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေပိုများကြောင်း သတိပေးလိုက်ပါတယ်။
လူတွေက သွေတိုးရောဂါကို သေချာထိန်းချုပ်ခြင်းမရှိတာကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ကနေ နှစ်စဉ်နှစ်တိုင်း အမေရိကန်လူမျိုးတစ်သန်းနီးပါး သေဆုံးနေကြရတယ်လို့ ဖော်ပြလိုက်ပါတယ်။
သွေးတိုးခြင်းကိုကာကွယ်ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေထဲမှာ ရေဓာတ်ထိန်းသိမ်းခြင်းကလည်း အရေးပါနေပါတယ်။
ရေသောက်လိုက်တာနဲ့ ချက်ချင်းသွေးပေါင်ချိန်ကျသွားတာမဟုတ်ပေမယ့် ကွဲပြားမှုတော့ ခံစားရပါလိမ့်မယ်။
လူသားနှလုံးရဲ့ ၇၃ ရာခိုင်နှုန်းကိုရေဖြင့်ဖွဲ့စည်းထားတာကြောင့် ရေဓာတ်ထိန်းသိမ်းခြင်းဖြင့် သွေးပေါင်ချိန်ထိန်းညှိရာမှာ အရေးပါပါတယ်။
ရေဓာတ်ခန်းခြောက်သွားရင် ရှိသင့်တဲ့ဆိုဒီယမ်ပမာဏထက် ပိုများလာကာ အငန်ဓာတ်က သွေးပေါင်ချိန်တက်စေပါတယ်။
သွေးပေါင်ချိန်ထိန်းသိမ်းတယ်ဆိုရာမှာ အရမ်းများမနေအောင်သာ ထိန်းသိမ်းရတာမျိုးမဟုတ်ပါဘူး။
ကိုယ်တွင်းအင်္ဂါအားလုံးက သွေးစီးဆင်းလည်ပတ်မှုကောင်းမွန်တဲ့အပေါ် မှီခိုနေရတာကြောင့် သွေးပေါင်ချိန် များလွန်းခြင်း၊ နည်းလွန်းခြင်းမဖြစ်စေဖို့ အရေးကြီးကြောင်း NYU လောင်ဂုန်ဆေးရုံမှ နှလုံးအထူးကု'ရှာလင်းရောင်'က ပြောပြခဲ့ပါတယ်။
သွေးပေါင်ချိန်ဆိုတာက သွေးပမာဏအပေါ် မူတည်နေကြောင်း၊ သွေးပမာဏကျဆင်းတဲ့အခါ သွေးပေါင်ချိန်ကျသွားပြီး သွေးပျံ့နှံ့ဖို့အတွက် နှလုံးကပိုအားစိုက်ရကြောင်း WebMD ဆေးဘက်ဆိုင်ရာအမှုဆောင်ချုပ်'ဂျွန်ဝှိုက်'က ပြောကြားခဲ့ပါတယ်။
အရည်ဓာတ်မလုံလောက်တဲ့အခါ သွေးပမာဏက ခန္ဓာကိုယ်အတွက် ကောင်းစွာမထောက်ပံ့နိုင်ဘဲ မူးဝေခြင်းလက္ခဏာမျိုး ခံစားရတတ်ပါတယ်။
သွေးပေါင်ချိန်နည်းတဲ့လူတွေက ရေသောက်လိုက်ခြင်းဖြင့် အလွယ်တကူထိန်းချုပ်နိုင်တယ်လို့ မာဆာချူဆက်အထွေထွေဆေးရုံမှ နှလုံးဌာနအကြီးအကဲ'မယ်လီဆာဝုဒ်'က ပြောကြားခဲ့ပါတယ်။
သွေးပေါင်ချိန်တက်တဲ့သူတွေအတွက်တော့ ရေကိုပိုမိုသောက်သုံးပေးဖို့ CDC က အကြံပြုထားပါတယ်။
ရေခွက် ဒါမှမဟုတ် ရေဗူးဆောင်ထားခြင်းကလည်း လက်တွေ့မှာအသုံးဝင်လာနိုင်ပါတယ်။
Source: USA Today
#World_Health #ရေဓာတ်ခန်းခြောက်ခြင်း #သွေးပေါင်ချိန်တက်စေနိုင်သလား
#YMG #Yangon_Media_Group
Published 12 April 2023
တူရကီနိုင်ငံက အပေါ့စားလေယာဉ်တွေနှင့် စစ်သုံးဒရုန်းယာဉ်တွေသယ်ဆောင်မယ့် ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေး ရေယာဉ်တစ်စီးကို ဧပြီ ၁၀ ရက် တနင်္လာနေ့က ပွဲထုတ်ပြသလိုက်ပါတယ်။
TCG Anadolu တီစီဂျီအန်နာဒိုလူ လို့အမည်ပေးထားတဲ့ အဆိုပါစစ်သင်္ဘောဟာ အလျား ၇၅၈ ပေရှိပြီး ဗျက် ၁၀၅ ပေရှိပါတယ်။ တင့်ကား ၁၃စီးအပါအဝင် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနှင့် စစ်သုံးဒရုန်းယာဉ်တွေ အစီး ၉၄ စီးအထိ တင်ဆောင်နိုင်ပါတယ်။
Source AFP
#YangonbMediaGroup
#တူရကီဒရုန်းတင်စစ်ရေယာဉ်
#တူရကီကာကွယ်ရေးလုပ်ငန်း
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးလှဝင်း (အနန္တစွမ်းအားသျှင်)နှင့် အတူ...
-သံချပ်ဆိုတာ ပြည်သူနဲ့တစ်ထပ်တည်းဖြစ်အောင် တင်ဆက်ရခြင်းဖြစ်ပြီး "အနန္တစွမ်းအားသျှင်" အဖွဲ့မှာ(၇)နှစ်လောက် လုပ်ခဲ့ဖူးတာဖြစ်ကြောင်း
-သံချပ်ထွက်ဖို့ ပိုက်ဆံမရှိလို့ အိမ်ဂရံသွားပေါင်ပြီး သံချပ်ထွက်ခဲ့ရတာရှိခဲ့ဖူးပြီး မဏ္ဍပ် (၂၅) ခုမှာ (၂၄)ခုက ရွေးချယ်ခံခဲ့ရလို့ အိမ်ဂရံပြန်ရွေးနိုင်ခဲ့တဲ့ အမှတ်တရတွေအကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိန်ဝင်း (ပြည်သူ့မော်ကွန်း)နှင့် အတူ...
တစ်ခေတ်တစ်ခါက ရန်ကုန်သင်္ကြန်မှာ နာမည်ကြီးခဲ့တဲ့ သံချပ်မင်းသားကြီးတွေဖြစ်တဲ့ ဦးစိန်ဝင်း (ပြည်သူ့မော်ကွန်း)တို့က သူတို့ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ် ရန်ကုန်သင်္ကြန်အကြောင်း ဗဟုသုတဖြစ်စရာ ပြန်ပြောင်းပြောဆိုထားကြပါတယ်။
-သံချပ်ကို ၁၉၈၈ခုနှစ်က စလုပ်ခဲ့တာဖြစ်ပြီး သံချပ်ရေးသူတွေက ပြည်သူတွေခံစားနေရတဲ့အကြောင်းအရာအမှန်ကို တင်ပြခြင်းမျှသာဖြစ်ပြီး သံချပ်ယဉ်ကျေးမှု မပပျောက်စေလိုကြောင်း
-၂၀၁၉ခုနှစ်မှာ "ပြည်သူ့မော်ကွန်း " သံချပ်အဖွဲ့ ဖွဲ့ပြီး အနှစ်သာရရှိတဲ့ သံချပ်ဆက်လက်ရှင်သန်ဖို့ လူငယ်တွေကို သင်ကြားပေးလျှက် ရှိကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးလှဝင်း (အနန္တစွမ်းအားသျှင်)နှင့် အတူ...
-သံချပ်ဆိုတာ ပြည်သူနဲ့တစ်ထပ်တည်းဖြစ်အောင် တင်ဆက်ရခြင်းဖြစ်ပြီး "အနန္တစွမ်းအားသျှင်" အဖွဲ့မှာ(၇)နှစ်လောက် လုပ်ခဲ့ဖူးတာဖြစ်ကြောင်း
-သံချပ်ထွက်ဖို့ ပိုက်ဆံမရှိလို့ အိမ်ဂရံသွားပေါင်ပြီး သံချပ်ထွက်ခဲ့ရတာရှိခဲ့ဖူးပြီး မဏ္ဍပ် (၂၅) ခုမှာ (၂၄)ခုက ရွေးချယ်ခံခဲ့ရလို့ အိမ်ဂရံပြန်ရွေးနိုင်ခဲ့တဲ့ အမှတ်တရတွေအကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
Published_ 13 April 2023
သင်္ကြန်အကြိုနေ့ဧပြီလ(၁၃)ရက်မှာရခိုင်တိုင်းရင်း သားတိုရဲ့ ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲကို ရန်ကုန်မြိုရှိရခိုင်ပြည်နယ်ဓမ္မာရုံမှာရိုးရာအစဥ်အလာမပျက်ကျင်းပခဲ့ပါတယ်၊၊
ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲဖွင့်ပွဲကိုနမောတဿသုံးကြိမ်ရွတ်ဆိုပြီးအခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်၊၊
ymg/ppk
Yangon-Media-Group
#ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲ
#မြန်မာသင်္ကြန်၂၀၂၃
Published_ 13 April 2023
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံကြီး (၇) နိုင်ငံ က ပဇီကြီးကျေးရွာ တိုက်ခိုက်ချေမှုန်းခံရမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကို လစ်လျူရှုကာ ကန့်ကွက်ရှုတ်ချမှုများပြုလုပ်နေတာဖြစ်တယ်လို့ နစက,က ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီ (၁၁)ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များအပါအဝင်အရပ်သားများ သေဆုံးရမှု အပေါ် ကုလသမဂ္ဂ၊အမေရိကန်၊ဗြိတိန်နှင့် အာဆီယံ ဥက္ကဋ္ဌအင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံအချို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုထားကြပါတယ်။
အဆိုပါ ရှုတ်ချပြောဆိုမှုများအပေါ် နစက,က ယခုလို ပြန်လည်တုန့်ပြန်ပြောဆိုလာခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပါအဝင် ဖြစ်ပွားနေ သော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပါအဝင် ဖြစ်ပွားနေ သော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ဒီမိုကရေစီနှင့် ပြည်သူ ဟု ကြွေးကြော်နေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ ပကတိအခြေအနေကို မှန်ကန်စွာမသုံးသပ်ဘဲ အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို သွယ်ဝိုက်၍သော် လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အားပေးအားမြှောက်ပြု၍ နိုင်ငံငယ်များ အပေါ် ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် နှိပ်ကွပ်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်ကဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးဆိုင်ရာ ဒေသအလိုက်ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းများ(Rules of Engagement-ROE)ကိုလည်း ထုတ်ပြန်ပေး ထားပြီး ယင်းအတိုင်းလိုက်နာဆောင်ရွက်ကာ အဆိုပါအကြမ်းဖက်ဌာနချုပ် ဖွင့်လှစ်ရန် လျာထား သည့် ပဇီကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ် ရှင်းလင်းရန် ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဝန်းကျင်သည် KIA သောင်းကျန်းသူနှင့် PDFအမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းမြောက်ခြမ်း အဓိက စစ်ရေးလှုပ်ရှားရာနှင့် စစ်ကိုင်းတိုင်းတောင်ခြမ်းသို့ လက်နက်/ခဲယမ်းများနှင့် လေ့ကျင့်ပြီးအကြမ်းဖက်သမားစေလွှတ်ရာ လမ်းကြောင်းပေါ်ရှိ အဓိက စခန်းထောက်နေရာ ဖြစ်ကြောင်း၊ ဆက်သွယ်ရေးမြောင်းများဖြင့် စစ်အခြေချစခန်းသဖွယ် တည်ဆောက်ထားပြီး မိုင်းများလည်း ပတ်လည်ထောင်ထားကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သောနေရာတွင် PDF အရေးကြီးခေါင်းဆောင်နှင့် KIA သောင်းကျန်းသူများ၊ PDFအမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်းတို့ကို သတင်းအတိအကျရရှိသဖြင့် ကျေးရွာအပြင်ဘက်တွင် သီးခြားတည်ရှိနေသော စစ်ဘက်ပစ်မှတ်တစ်ခုအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖြင့် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg/mt
Yangon_Media_Group

#Local_News
Published_ 13 April 2023
2023ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကိုရန်ကုန်မြိုတွင် စတင်ကျင်းပနေပါတယ်။
ဧပြီလ၁၃ရက်တေ့မဟာသင်္ကြန်အကြိုနေ့အဖြစ်ရန်ကုန်မြိုတော်ဝန်မဏ္ဏပ်ကိုမနက်၇နာရီအချိန်ကစတင်ဖွင့်လှစ်ခဲ့ပါတယ်။
#Local_News #မြိုတော်ဝန်မဏ္ဏပ် #ပြည့်သူရင်ပြင်လမ်းလျောက်သင်္ကြန်
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးဂိတ်အဝင် ရန်တိုင်းအောင်ဘုရားစတုဒီသာမဏ္ဍပ်ကို ယနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က အမည်မသိ တစ်ဖွဲ့က ဗုံးခွဲခဲ့၍ လူအသေအပျောက် ရှိကြောင်း ကနဦး သတင်းရရှိသည်။
"ဗုံးကွဲတာ ဟုတ်တယ်။လူတွေ အသေအပျောက် ရှိတယ်လို့ ပြောနေကြတယ်။ဒဏ်ရာတော့ရတယ်တဲ့။ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ မျက်မြင်မဟုတ်ပါဘူး။သေသူကို မမြင်မိဘူး။
ဗုံးပေါက်တာ ဟုတ်တယ်။ကယ်ဆယ်ရေး ကားတွေ သွားနေကြတယ်၊ဒဏ်ရာ ရတဲ့သူ ဘယ်လောက် ရှိလဲတော့ မသိရသေးဘူး"ဟု လာရှိုးမြို့ခံတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းနေကြဆဲ ဖြစ်သည်။
ymg/mt
#Local_News #လားရှိုးဂိတ် #ရန်တိုင်းအောင်ဘုရားစတုဒီသာမဏ္ဍပ် # ဗုံးခွဲခံရ
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးပူးပေါင်းဖလှယ်ရန် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ဧပြီလ ၁၂ ရက်က ဆွေးနွေးခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
မြန်မာနိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကျော်နိုင်စိုး ဦးဆောင်သောအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGB) ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် A K M Nazmul Hasan(BAM,ndc,psc) ဦးဆောင်သောအဖွဲ့တို့ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အနီးရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားတွင် ချစ်ကြည်ရေးအထိမ်းအမှတ် တွေ့ဆုံခဲ့ကြစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကိစ္စများကို ပူးပေါင်းဖလှယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကာ အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်၍ နှစ်ဖက်အဖွဲ့သည် ချစ်ကြည်ရေးတံတားမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ymg/mt
#YMG #Yangon_Media_Group


Page 1376 of 2093