#World_Health
Published 23 March 2023
သဘာဝဘယ်ရီသီးတစ်ခွက်နဲ့ ညီမျှတဲ့ အေးခဲခြောက်သွေ့တဲ့ ဘလူးဘယ်ရီးသီး ၂၅ ဂရမ်နေ့စဉ်စားသုံးခြင်းဖြင့် ကိုယ်ကာယလှုပ်ရှားမှုကို တိုးတက်စေကာ လေ့ကျင့်ခန်းပြုလုပ်စဉ်မှာလည်း ခန္ဓာကိုယ်အဆီကို ပိုမိုလောင်ကျွမ်းစေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ဘလူးဘယ်ရီသီးက စွမ်းအင်အတွက် ဖက်တီးအက်ဆစ်ဖြိုခွဲမှုဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယားပိုလီတက်ခ်နစ်ပြည်နယ်တက္ကသိုလ်နဲ့ ဂွန်ဇာဂါတက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက စမ်းသပ်ချင်ခဲ့ကြပါတယ်။
ဘလူးဘယ်ရီမှာ အန်သိုဆိုင်ယာနင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တာကြောင့် အဆီဖြိုခွဲမှုကို အားပေးတာဖြစ်နိုင်ပါတယ်။
ကျန်းမာသော အမျိုးသားစက်ဘီးစီး ၁၁ ဦးကို ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ကာ မိနစ် ၄၀ ကြာစက်ဘီးစီးခိုင်းခဲ့ပါတယ်။
စက်ဘီးစီးရင်း ၁၀ မိနစ်ကြာတိုင်း လက်ထိပ်သွေးဖောက်ကာ နမူနာယူခဲ့ပါတယ်။
သူတို့ဟာ အချိန်နှစ်ပတ်တိုင်အောင် နေ့စဉ် အန်သိုဆိုင်ယာနင် ၃၇၅ ဂရမ်ပါဝင်တဲ့ အေးခဲခြောက်သွေ့သော ဘလူးဘယ်ရီအမှုန့် ၂၅ ဂရမ်စားသုံးစေခဲ့ပါတယ်။
မိနစ် ၂၀ ကြာစက်ဘီးစီးပြီးနောက် အဆီဖြိုခွဲခြင်း ၁၉.၇ ရာခိုင်နှုန်းများပြားကာ မိနစ် ၃၀ ကြာပြီးနောက် ၄၃.၂ ရာခိုင်နှုန်း၊ မိနစ် ၄၀ အကြာမှာ ၃၁.၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်သွားပါတယ်။
နောက်ဆုံးကောက်ချက်အရ အားကစားသမားတွေဟာ ဘယ်ရီသီးစားပြီးနောက် အဆီပိုမိုလောင်ကျွမ်းသွားပါတယ်။
ဒါ့အပြင် ဘလူးဘယ်ရီဟာ ကြွက်သားကိုပြန်လည်ပြေလျော့စေပြီး ခန္ဓာကိုယ်ကနေ လေ့ကျင့်ခန်းကို ပိုမိုတာရှည်ပြုလုပ်နိုင်အောင် စွမ်းအင်ထုတ်လုပ်ပေးပါတယ်။
အဆီဖြိုခွဲရာမှရတဲ့စွမ်းအင် နည်းပါးသွားတဲ့အခါ ခန္ဓာကိုယ်က ကာဗိုဟိုက်ဒရိတ်ကရတဲ့ ဂလိုင်ကိုဂျင်ကိုအသုံးပြုပြီး ဂလိုင်ကိုဂျင်လျော့ကျလာတာနဲ့အမျှ ပိုမိုပင်ပန်းလာစေပါတယ်။
ဒါ့အပြင်ဘလူးဘယ်ရီစားပြီးတဲ့အခါ နွမ်းနယ်ခြင်းကိုဖြစ်စေတဲ့ လက်တိတ်ပမာဏလျော့ကျစေပြီး လေ့ကျင့်ခန်းကိုရေရှည်ပြုလုပ်နိုင်ပါတယ်။
Source: NY Post
#Yangon_Media_Group
#LocalNews
Published_ 23 March 2023
မတ်လ ၂၂ ရက် ည ၇ နာရီ ၃၀ အချိန်ခန့်တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် (၁) မြတ်လေးလမ်းတွင် Probox ယာဉ်တစ်စီးကို ငှားရမ်းလာသူ လူ ၅ ဦးမှ လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက YGM သို့ပြောသည်။
အင်းစိန် City Mart ရှေ့မှ ပုလဲအိမ်ရာသို့ လူ ၅ ဦးမှ ငှားစီးသဖြင့် ငွေကျပ် ၁၅၀၀၀ ဖြင့် လိုက်လံပို့ဆောင်ရာမှ ပုလဲမြို့သစ် မြတ်လေးလမ်းအရောက်တွင် ကားနောက်ခန်းထိုင်သူ ၄ ဦးမှ လည်ပင်းကို ကြိုးဖြင့် သိုင်းပြီး ဝိုင်းဝန်း ထိုးကြိတ်ကြသည်ဟု သိရသည်။
ထို့ကြောင့် ယာဉ်မောင်းဖြစ်သူမှ အသက်အန္တရာယ်မပေးဖို့တောင်းပန်ကာ ကားပေါ်မှ ဆင်းပြေးခဲ့ရသည်ဟု ပုလဲအရန်မီးသတ် တာဝန်ရှိသူမှ သူကြားသိရသည်ကို ပြန်လည်ပြောပြသည်။
" ယာဉ်မောင်းက တောင်းပန်တော့ ထိုးကြိတ်ရင်း ကားပေါ်ကနေဆွဲချတယ်ပေါ့။ သူပြန်ပြောပြတာတော့ တက္ကစီယာဉ်မောင်းက ရွှေပေါက်ကံ ၁၁ ရပ်ကွက်မှာနေတာ။ အပြန်ကားအသိမ်းပဲဆိုပြီး သူကလည်း လိုက်ပို့တာမှာ ဖြစ်တာ။ ဓားနဲ့ထိုးတာတွေ ဘာတွေတော့မရှိဘူး။ မျက်နှာ ဖူးယောင်ပေါက်ပြဲ သွေးထွက် ဝမ်းဗိုက်နဲ့ နံတွေ ခါးတွေ အောင့်နာတာ။ အသက်ရှူခက်တာမျိုး စတဲ့ဒဏ်ရာတွေ ရသွားတယ်။ ကျွန်တော်တို့အဖွဲ့ကို အနီးအနားရပ်ကွက်က လူတွေ ဆက်သွယ်ပေးလို့ သွားရောက်ကူညီပေးတာပါ"ဟု ပြောသည်။
လုယက်ခံရသူ တက္ကစီယာဉ်မောင်းမှာ ယခုအခါ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကုသမှုခံယူနေပြီး သက်ဆိုင် ရာ ရဲတပ်ဖွဲ့မှလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။
ymg/ppk
#Yangon-Media-Group

#LocalNews
Published_ 23 March 2023
မြန်မာကျောင်းသား၊ကျောင်းသူများ ပြည်ပတွင်ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် CROWN Education၏ ပဲ့ကိုင်ရှင် ဦးအောင်ကျော်ဆန်း အိန္ဒိယတွင်ကွယ်လွန်သွားကြောင်း CROWN EDUCATION & Royal Academic Institute မိသားစု၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် CROWN Education & Royal Academic Institute ၏ Managing Director ဦးအောင်ကျော်ဆန်းသည် ၂၀၂၃ ခု မတ်လ ၂၂ ရက် , India စံတော်ချိန် ညနေ ၈ နာရီ ၂၀ မိနစ်တွင် India နိုင်ငံ Hyderabad မြို့, AIG Hospital တွင် Amyloidosis ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကျောင်းသူ/ ကျောင်းသားများနှင့် မိဘများအား အသိပေးကြောင်း၊
ဆရာဦးအောင်ကျော်ဆန်း၏ ပညာရေးဆိုင်ရာ အကြံပေးကူညီမှုများတွင် အမှားအယွင်း တစုံတရာရှိခဲ့ပါကလည်း စေတနာအမှားအဖြစ် နားလည်ခွင့်လွှတ်ပေးကြပါရန် ဆရာ့ကိုယ်စား တောင်းပန်အပ်ကြောင်းလည်းဖော်ပြထားသည်၊၊
ymg/tthl
#Yangon_Media_Group
#World_Health
Published 23 March 2023
ကျန်းမာရေးကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆီထံမှ ဆေးယဉ်ပါးရောဂါပိုးမွှားများဟာ သူတို့ရဲ့ပိုင်ရှင်တွေဆီသို့ ကူးစက်နိုင်တဲ့အပြင် လူသားတွေထံမှ ဘေးအန္တရာယ်ရှိပိုးမွှားတွေကလည်း သူတို့မွေးထားတဲ့ ခွေးတွေကြောင်တွေထံသို့ ကူးစက်နိုင်ကြောင်း The Lancet ဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။
ပိုးသတ်ဆေးယဉ်ပါးရောဂါကူးစက်မှုကြောင့် ၂၀၁၉ ခုနှစ်က ကမ္ဘာတဝှမ်းမှာ သေဆုံးသူ ၁.၃ သန်းခန့်ရှိခဲ့ကာ သေဆုံးမှု ၅ သန်းနီးပါးနဲ့ ဆက်စပ်နေပါတယ်။
ရောဂါကူးစက်မှုဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို စတဲ့ ပိုးမွှားတွေက သူတို့ကိုရပ်တန့်နိုင်မယ့်ဆေးတွေကို ခံနိုင်ရည်ရှိလာတဲ့အထိ ဗီဇပြောင်းလဲလာကာ ဆေးယဉ်ပါးခြင်းအခြေအနေ ဖြစ်ပေါ်လာပါတယ်။
ဒီကိစ္စကိုသိရှိရန်အတွက် သုတေသီတွေက ဆေးရုံလူနာ ၂,၈၀၀ နဲ့ သူတို့ရဲ့အိမ်မွေးတွေကို လေ့လာခဲ့ကြပါတယ်။
ရရှိထားတဲ့နမူနာတွေထဲက ဘက်တီးရီးယားမျိုးစိတ်နဲ့ ဆေးယဉ်ပါးခြင်းမျိုးဗီဇများရှိနေခြင်းတို့ကို ခွဲခြားသိရှိဖို့ မျိုးရိုးဗီဇစီစစ်ခြင်းနည်းလမ်း အသုံးပြုခဲ့ကြပါတယ်။
ဒါ့အပြင် ဆေးယဉ်ပါးခြင်းဖြစ်စေနိုင်တဲ့ လတ်တလောရောဂါကူးစက်မှုများ၊ ပိုးသတ်ဆေးအသုံးပြုခြင်းများ၊ ဆေးရုံတက်ရခြင်းများ၊ သွေးကြောဆီးကြောပိုက်ထည့်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်အရေအတွက်၊ ထိစပ်ခြင်းအခြေအနေတို့ကိုလည်း မေးမြန်းခဲ့ကြပါတယ်။
ထိုထဲမှာမှ ဆေးယဉ်ပါးခြင်းပိုးမွှားကူးစက်လူနာ ၃၀ ရာခိုင်နှုန်းတွေ့ရပြီး ၁၁ ရာခိုင်နှုန်းက ခွေးတစ်ကောင်ပိုင်ဆိုင်ကာ ၉ ရာခိုင်နှုန်းကတော့ ကြောင်တစ်ကောင်ပိုင်ဆိုင်ထားပါတယ်။
သူတို့မွေးထားတဲ့တိရိစ္ဆာန်တွေရဲ့ လည်ချောင်းနဲ့ မစင်နမူနာများကို ရယူပေးဖို့ ပိုင်ရှင်များထံတောင်းဆိုခဲ့ပါတယ်။
အိမ်မွေးတိရိစ္ဆာန်ပေါင်း ၄၀၀ ထံမှ နမူနာများရရှိခဲ့ကာ ခွေး ၁၅ ရာခိုင်နှုန်းနဲ့ ကြောင် ၅ ရာခိုင်နှုန်းမှာ အနည်းဆုံး ဆေးယဉ်ပါးပိုးမွှားတစ်မျိုးတွေ့ခဲ့ပါတယ်။
ဒီစမ်းသပ်မှုတွေဟာ မြို့ပြလူနေများထံမှသာ ရယူခဲ့တာကြောင့် ကူးစက်နိုင်ချေများတဲ့ လယ်ယာမွေးမြူရေးတွေတော့ မပါဝင်ခဲ့ပါဘူး။
လူတွေနဲ့ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်တွေကြား ဆေးယဉ်ပါးရောဂါပိုးမွှား အပြန်အလှန်ကူးစက်နိုင်ချေရှိကြောင်း၊ အိမ်မွေးတိရိစ္ဆာန်နဲ့မဆိုင်တဲ့ ဆေးယဉ်ပါးရောဂါပိုးမွှားကူးစက်မှုကတော့ အနည်းငယ်သာရှိပါတယ်" လို့ ဂျာမနီဘာလင်ချယ်ရစ်ဆေးရုံမှ ကယ်ရိုလင်ဟက်ခ်မန်းက ပြောကြားခဲ့ပါတယ်။
လူနာတွေနဲ့ သူတို့ရဲ့အိမ်မွေးတွေကြား ကူးစက်မှုနည်းပါးပေမယ့် ပတ်ဝန်းကျင်သို့ ဘက်တီးရီးယားဖြန့်နိုင်ပြီး ရောဂါကူးစက်နိုင်ချေများတဲ့ လူတွေထံသို့ ကူးစက်သွားနိုင်ပါတယ်လို့ ပြောကြားသွားပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
#LocalNews
Published_ 22 March 2023
မတ်လ ၂၀ ရက်နေ့ ညနေ၄:၃၀အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များကပြည်ကြီးတံခွန်မြိုနယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၅)လမ်းတွင် မျိုးကျော်ဦး မောင်းနှင်ပြီး စိုင်းကိုကိုချစ်(ခ)မောင်ကို လိုက်ပါလာသည့် SUBARU SAMBAR အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
#YMG#Yangon_Media_Group
#World_Automobile
Published 21 March 2023
ယာဉ်မောင်းလိုင်စင်ရဖို ငယ်လွန်းသေးတဲ့ အသက် ၁၅ နှစ်အရွယ်'အဲဗယ်လီနာခရစ်ရှန်ဆန်'က ဆွီဒင်နိုင်ငံရှိ ပေါ့ပါးသွက်လက်တဲ့ BMW ကားတွေကို ပျော်ရွှင်စွာမောင်းနှင်နေပြီဖြစ်ပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
သင်္ကြန်ကာလမတိုင်ခင်အထိ ဆန်ဈေးအတက်အကျမရှိ တည်ငြိမ်နေနိုင်ကြောင်း ဆန်ကုန်သည်များတွေက ပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
ဝေါမြို့နယ် စစ်တောင်းတံတားအနီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ယာဉ်တန်းများပိတ်မိနေတာကြောင့် လူနာတင်ယာဉ်မျာနဲ့ ခရီးသည်များအခက်အခဲဖြစ်နေတယ်လို့ ပရဟိတအသင်းတွေက YMG ကိုပြောပါတယ်။အခုလို ယာဉ်တွေပိတ်နေတာဟာ တစ်ပတ်လောက်နီးပါးရှိနေပြီလို့ ခရီးသွားတွေကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
လင်းနို့တွေကြောင့် ပုဂံနံရံပန်းချီတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ဖူးတဲ့အတွက် ပုဂံပုထိုးသားများဘုရားမှာ လင်းနို့မဝင်အောင် ရောင်လင်းပေါက်တွေမှာ သံဇကာတွေတပ်ဆင်နေတယ်လို့ Hertige Trust Team Bagan အဖွဲ့ထံမှသိရပါတယ်၊
#YMG#Yangon_Media_Group
#DailyNews
Published_ 22 March 2023
၁။ ပုဂံပုထိုးသားများဘုရားတွင် လင်းနို့မဝင်အောင် ရောင်လင်းပေါက်၌ သံဇကာတပ်ဆင်
၂။ ညောင်ခါးရှည် X RAY စစ်ဆေးဂိတ်တွင် ယာဉ်တန်းများ နာရီနှင့်ချီပိတ်နေ၍ လူနာတင်ယာဉ်များ အခက်အခဲဖြစ်နေ
၃။ သင်္ကြန်မတိုင်ခင်အထိ ဆန်ဈေးတည်ငြိမ်နေနိုင်
၄။ဆွီဒင်တွင် အမြန်နှုန်းကန့်သတ်ထားသည့်ဇိမ်ခံကားများကို ယာဉ်မောင်းလိုင်စင်မလိုအပ်ဘဲ ဆယ်ကျော်သက်များမောင်းနှင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 22 March 2023
လျှပ်စစ်ကား (EV)များလမ်း/တံတား အသုံးပြုခွင့်အခမဲ့အစီအဉ်ကို လာမည့် ဧပြီ ၁ ရက်ကစပြီး ၂၀၂၅ ခုနှစ်အထိ ကင်းလွတ်ရရှိမယ်လို့ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOTစနစ်ဖြင့် ဆောင်ရွက်နေ သော လမ်းတံတားများအခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်း တံတားအားလုံးမှာ လျှပ်စစ်သုံးယာဉ်များလမ်းတံတား အသုံးပြုခကို၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီးအသုံးပြုခကောက်ခံခြင်းမပြုသည့်အစီအစဉ်အား ယခု လာမည့် ဧပြီ ၁ ရက်နေ့ကစပြီး ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ကင်းလွတ်ရရှိမည်ဖြစ်သည်။။
လက်ရှိတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့လည်း ပြည်ပမှ တင်သွင်း လာသည့်မော်တော်ယာဉ်များအပေါ်သတ်မှတ်ကောက်ခံသည့်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကိုလျှပ်စစ်စွမ်းအားသုံးမော်တော်ယာဉ်များ Battery Electric Vehicle (BEVs)အတွက်ကင်းလွတ်ခွင့်ပြုထားကြောင်းသိရသည် ။
အလားတူ လျှပ်စစ်သုံးမော်တော်ယာဉ်များအပေါ်၂၀၂၃-၂၀၂၅အထိ ကနဦးမှတ်ပုံတင် သည့်ယာဉ်များအတွက်၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ညအိပ်ခ၊ ပစ္စည်းခွန်စသည်တို့အပေါ်အခွန်အခကင်းလွတ်ခွင့်ပြုထားခြင်း ဖြစ်သည်။
ymg/ppk
#EV
#လျှပ်စစ်သုံးမော်တော်ယာဉ်
#Yangon-Media-Group




#LocalNews
Published_ 22 March 2023
သကြန်ကာလနီးလာတာနဲ့အမျှ အခြေခံစားသောက်ကုန် ကုန်စျေးနူန်းတွေစျေးအနည်းငယ်မြင့်တတ်နေတယ်လို့ စားသုံးသူတွေကိုမေးမြန်းချက်အရသိရပါတယ်။အရင်က ကြည်ဥတစ်လုံးကို ငွေကျပ် ၂၆၀ စျေးရှိနေပြီးလက်ရှိမှာ တစ်လုံးကိုငွေကျပ် ၂၈၀ နဲ့ ဝယ်ယူစားသောက်နေတယ်လို့ စားသုံးသူတွေကပြောပါတယ်။ ဘဲဥစျေးဟာလည်း တစ်လုံးကို ၃၂၀ ကျပ်ရှိနေတယ်လို့ စားသုံးသူတစ်ဦးကပြောပါတယ်။
#YMG#Yangon_Media_Group
Page 1372 of 2053