#World_Technology
Published 16 December 2022
အမေရိကန်သိပ္ပံပညာရှင်များက ပေါင်းစပ်စွမ်းအင်ထုတ်လုပ်နိုင်ခဲ့ကာ လာမယ့်ဆယ်စုနှစ်များအတွင်း အဆိုပါနည်းပညာကို ကုမ္ပဏီတွေအနေနဲ့ ချဲ့ထွင်ထုတ်လုပ်နိုင်ပါက ရာသီဥတုဖောက်ပြန်မှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ အင်္ဂါနေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။
ကယ်လီဖိုးနီးယားရှိ လောရန့်စ်လစ်ဗာမိုးအမျိုးသားဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်များက လေဆာများကိုအသုံးပြုပြီး ပေါင်းစပ်စမ်းသပ်မှုပြုလုပ်ရာမှာ အသားတင်စွမ်းအင် ပထမဆုံးအဖြစ်ရရှိခဲ့ကြောင်း အမေရိကန်စွမ်းအင်ဌာနက ဆိုလိုက်ပါတယ်။
အလင်းအက်တမ် ၂ ခုကနေ ပိုမိုသိပ်သည်းတဲ့အက်တမ်ဖြစ်လာကာ စွမ်းအင်ထုတ်ပေးနိုင်မယ့် လေဆာပစ်မှတ်ကို အာရုံစူးစိုက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။
သိပ္ပံနဲ့နည်းပညာဆိုင်ရာ အတားအဆီးတွေရှိပေမယ့် ထုတ်လုပ်ချဲ့ထွင်ဖို့အတွက်ကတော့ ဆယ်စုနှစ် ၅ ခု ၆ ခုလောက်မဝေးတော့ကြောင်း လောရန့်စ်လစ်ဗာမိုးမှ ညွှန်ကြားရေးမှူး'ကင်ဘာလီဘူဒီလ်'က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ဆယ်စုနှစ်အနည်းငယ်လောက် ရင်းနှီးမြှုပ်နှံလေ့လာလိုက်မယ်ဆိုရင် ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်မယ့် အခြေအနေရှိကြောင်း 'ဘူဒီလ်'က ပြောကြားလိုက်ပါတယ်။
လေဆာကနေ ပစ်မှတ်ဆီကို ၂.၀၅ မက်ဂါဂျိုးလ်ပို့ဆောင်ပြီးနောက် ပေါင်းစပ်လောင်ကျွမ်းမှုကနေ စွမ်းအင် ၃.၁၅ မက်ဂါဂျိုးလ်ထွက်ခဲ့ကြောင်း စမ်းသပ်ရရှိခဲ့တယ်လို့ စွမ်းအင်ဌာနက ဆိုပါတယ်။
ပြင်ပမှ နျူကလီးယားသိပ္ပံပညာရှင်တွေကလည်း ဒီအောင်မြင်မှုဟာ တကယ်ကိုအရေးကြီးတဲ့ခြေလှမ်းဖြစ်ပေမယ့် ပေါင်းစပ်စွမ်းအင်ကို ထုတ်လုပ်အသုံးမချနိုင်ခင်အထိတော့ သိပ္ပံနည်းပညာများစွာ လိုအပ်သေးကြောင်း ဆိုလိုက်ပါတယ်။
စမ်းသပ်မှုကရရှိတဲ့ စွမ်းအင်ထွက်ရှိမှုဟာ လေဆာလောင်ကျွမ်းဖို့လိုအပ်တဲ့စွမ်းအင်ရဲ့ ၀.၅ ရာခိုင်နှုန်းသာရှိတယ်လို့ ခန့်မှန်းရကြောင်း ကိမ်းဘရစ်ဂျ်တက္ကသိုလ်မှ နျူကလီးယားစွမ်းအင်ပညာရှင်'တိုနီရူးလ်စတုန်း'က ပြောပြပါတယ်။
ဒီရလဒ်က သိပ္ပံပညာအောင်မြင်မှုဖြစ်ပေမယ့် အသုံးဝင်တဲ့သန့်ရှင်းစွမ်းအင်အများအပြားရရှိဖို့ကတော့ အလှမ်းဝေးနေသေးကာ စွမ်းအင်ထုတ်လုပ်ရေးစက်ရုံကနေ လေဆာကိုအားပေးဖို့ စွမ်းအင်အလုံအလောက်ထုတ်လုပ်နိုင်ဖို့လိုအပ်ကြောင်း 'ရူလ်စတုန်း'က ပြောကြားခဲ့ပါတယ်။
ဖြန့်ချိထုတ်လုပ်နိုင်ဖို့ဆိုရင် တစ်မိနစ်အတွင်း ပေါင်းစပ်လောင်ကျွမ်းခြင်းမျိုး အများအပြားထုတ်လုပ်နိုင်ဖို့ လိုပါတယ်။
စွမ်းအင်ကူးပြောင်းမှုကို အကောင်အထည်ဖော်ရန်အတွက် နေရောင်ခြည်၊ လေစွမ်းအင်၊ ဘက်ထရီသိုလှောင်မှု၊ နျူကလီးယားဓာတ်ခွဲမှုလိုမျိုး အခြားနည်းလမ်းများတည်ဆောက်ခြင်းတွေကို မနှောင့်နှေးစေသင့်ကြောင်း လျှပ်စစ်ဓာတ်အားလုပ်ငန်းက ဆိုပါတယ်။
ဓာတ်ခွဲခန်းရလဒ်များအရ လေဆာတွေကို ကုမ္ပဏီတွေအနေနဲ့ ပိုမိုထိရောက်အောင် ပြုလုပ်နိုင်မှာဖြစ်ပြီး အားလုံးကလည်း အနာဂတ်မှာရလာနိုင်တဲ့အောင်မြင်မှုအတွက် စိတ်လှုပ်ရှားနေကြတယ်လို့ ဖိုးကပ်စ်အင်နာဂျီမှ အကြီးတန်းသိပ္ပံပညာရှင်'ဒီဘရာကယ်လာဟန်'က ပြောကြားလိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group
Published 15 Dec 2022
တပ်မတော်(လေ)သည် မဟာဗျူဟာမြောက်အလှမ်းမီစစ်ဆင်နိုင်မှုအပြင် ရေငုပ်သင်္ဘော တန်ပြန်စစ်ဆင်နိုင်မှုတွေပါ ဆောင်ရွက်နိုင်မည်ဖြစ်တဲ့အတွက် ဝေဟင်၊မြေပြင်၊ရေပြင်နှင့် ရေအောက် Dimension လေးခုလုံးတွင် စွမ်းအားပြည့် စစ်ဆင်နိုင်တော့မှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။
ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှာ ကျင်းပပြုလုပ်တဲ့ တပ်တော်(လေ)ဖွဲ့စည်းတည်ထောင်မှု(၇၅)နှစ်မြောက်၊ စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့တာဖြစ်တယ်လို့ နစက, က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့အခမ်းအနားမှာ လေယာဉ်နှင့်ရဟတ်ယာဉ်အသစ်တွေရဲ့ တပ်တော်ဝင်အခမ်းအနားကိုပါ ပူးတွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ထိပ်တန်းအရာရှိကြီးတွေအပြင် အငြိမ်းစားယူသွားခဲ့ကြပြီးဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)များပါ တက်ရောက်လာကြတာတွေ့ရပါတယ်။
၁၉၄၇ခုနှစ် ဇူလိုင် ၁၃ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက လေတပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်းပြောကြားခဲ့တာကြောင့် အဲဒီပြောကြားချက်ဟာ လေတပ်ဖွဲ့စည်းရေးအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ပေါ်စေခဲ့တယ်လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
တပ်မတော်(လေ)သည် မျိုးဆက်သစ်လေသူရဲများဖြင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးတိုက်လေယာဉ်တွေ၊နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာ်တွေဖြင့် အဆင့်မြင့် တိုက်လေယာဉ်/ရဟတ်ယာဉ်တွေကို မောင်းနှင်ပျံသန်းနိုင်ကြပြီး နည်းပညာသုတေသနပြု စမ်းသပ်ထုတ်လုပ်မှု အပိုင်းတွင်လည်း MTX-!A လေယာဉ်နှင့် SR-1 UAVများကို ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီလို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခမ်းအနားအတွင်း လေယာဉ်၊ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြခြင်းတွေ ပြသခဲ့ကြရာမှာ စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် Su-30 SMEတိုက်လေယာဉ်(၁)စီးက အဆင့်မြင့် လှုပ်ရှားစစ်ကစားမှုတွေကို စွမ်းရည်ပြပျံသန်းခြင်းပြုလုပ်ခဲ့တာကို နိုင်ငံပိုင်ရုပ်သံတွေကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။
ဒီကနေ့ တပ်တော်ဝင်တဲ့လေယာဉ်တွေထဲမှာ Su-30 SMEအပြင် FTC 2000 G ဘက်စုံသုံး အပေါ့စားတိုက်ခိုက်ရေးလေယာဉ်၊ Ka-28 ရေငုတ်သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာဉ်၊ FT-7ကြားဖြတ်တိုက်လေယာဉ်နှင့် K-8W အမောင်းသင် ဂျက်တိုက်လေယာဉ်/အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တွေ ပါဝင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၉၄၇ ခုနှစ် ဒီဇင်ဘာ (၁၅)ရက်နေ့တွင် တပ်မတော်(လေ) အက်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့တဲ့အတွက် အဆိုပါနေ့ကို တပ်မတော်(လေ) တည်ထောင်ခြင်းနေ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
-ymg/knl
#Myanmar_Air_Force
#Myanmar_Defense
#Myanmar_politics








#Local_News
Published_15 December 2022
ရွှေလီ- ကျယ်ဂေါင် တံတားကူးသန်းသွားလာခွင့်ပြုလိုက်တာကြောင့် မူဆယ်နယ်စပ်မှာရှိတဲ့ သစ်သီးဝလံဈေးကွက်ဟာ ပိုမိုကောင်းမွန်လာတယ်လို မူဆယ်နယ်စပ်ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Archaeology
Published 15 December 2022
ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ သုတေသီတွေဟာ ယခုနှစ်အစောပိုင်းတုန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ရောမခေတ်အုတ်ဂူဒါဇင်ခန့်ကို တူးဖော်တွေ့ရှိခဲ့ကြောင်း ပါလက်စ်တိုင်းအစ္စလာမ်အုပ်ချုပ်ရေးအဖွဲ ဟားမတ်စ်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_15 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ ပြည်ပကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၁.၁၇ ဘီလီယံကျော် ရရှိထားပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 15 december 2022
လက်ရှိ ဈေးကွက်ထဲ ဝဥရောင်းချမှုက ဝယ်သူမှာယူမှ ရောင်းချနေရတဲ့ အနေအထားမျိုးပဲရှိနေပြီး ပြည်တွင်းစားသုံးမှုဖူလုံလျှက်ရှိနေကာ
ပို့ဆောင်ရေးလမ်းကြောင်းကလည်း လက်ရှိ လုံခြုံရေးအရ အသွားလာ ကန့်သတ်ချက်တွေကြောင့် ဝဥ ကုန်စည်စီးဆင်းမှုက နှေးနေတယ်လို့ ဝဥစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 December 2022
မန္တလေးတိုင်း၊ တံတားဦးကိုဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် မြသိန်းတန်ဘုရားနဲ့ မင်းကွန်းရှိရှေးဟောင်းအဆောက်အဦးတွေ၊ အင်းဝရှိရှေးဟောင်းအဆောက်အဦတွေ ထိခိုက်ပျက်ဆီးမှု အနည်းငယ်ရှိတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ)ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 15 December 2022
၁။ ငလျင်ကြောင့် မြသိန်းတန်ဘုရားနှင့်မင်းကွန်း၊ အင်းဝတို့တွင် ထိခိုက်ပျက်ဆီးမှုရှိ
၂။ ကုန်သွယ်ရေးလမ်းကြောင်းများဖြေလျော့ပေးမည်ဆိုလျှင် ပြည်တွင်းမှာတင် ဝဥဈေးကွက် အလားအလာကောင်းနိုင်ဟုဆို
၃။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၇ ဘီလီယံရရှိထား
၄။ ရောမခေတ်သင်္ချိုင်းအား ဂါဇာသုတေသီများတူးဖော်တွေ့ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published - 15 December 2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်တွင် နိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး၊ပြည်နယ် ကိုယ်စားပြုအလံများကို ပေါင်းယှက်၍ စတင် ချိတ်ဆွဲလွှင့်ထူထားသည်ကို ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းက မြင်တွေ့ရစဉ်
ymg/mt
Yangon_Media_Group






#Local_News
Published_ 15 December 2022
လတ်တလောမှာ ရန်ကုန်မှာညပိုင်းအချိန်တွေမှာ ယာဉ်တိုက်မှုတွေအဖြစ်များနေပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ပေးနေရတာတွေများနေတယ်လို့ ရန်ကုန်ရှိလူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local _News
Published _ 15 December 2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတ (ရှမ်းရွာ)တွင် ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းက ဆိုင်ကယ်နှင့်ကားမတော်တဆဖြစ်စဉ်အတွက် လျော်ကြေးတောင်းရာမှ စကားများကာ သားအမိနှစ်ဦးဓားဖြင့်ခုတ်ခံရပြီး မိခင်လက်ပြတ်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှ သိရသည်။
ယမန်နေ့ ညနေ ၄ နာရီကျော်ခန့်က လွိုင်ကော်မြို့နယ်၊လောပိတ(ရှမ်းရွာ)တွင် နိုဝင်ဘာလကဖြစ်ပွားခဲ့သည့် ဆိုင်ကယ်နှင့်ကားမတော်တဆဖြစ်စဉ်အတွက် မောင်စိုင်းထက်ကျော်(၁၉)နှစ်နှင့် ဒေါ်နန်းအောင်(၅၅) နှစ် သားအမိတို့မှ လျော်ကြေးလာတောင်းစဉ် စကားများရာ သားအမိနှစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။
ဓားဖြင့်ခုတ်ခံရမှုကြောင့် မိခင်ဖြစ်သူ ဒေါ်နန်းအောင်မှာ လက်ကောက်ဝတ် အထက်ပိုင်းမှပြတ်ထွက်ပြီး ဓားခုတ်ဒဏ်ရာများရရှိခဲ့ကာ သားဖြစ်သူ မောင်စိုင်းထက်ကျော်၏ နောက်စေ့နှင့်မျက်ခုံးတို့တွင်လည်း ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် အခင်းဖြစ်နေရာအနီးနေသူများမှ လောပိတတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"တိုက်နယ်ဆေးရုံမှာ ဓားခုတ်ခံထားရတဲ့ နှစ်ယောက်သွေးထွက်လွန်နေတယ် ဆေးရုံလွှဲပြောင်းပေးဖို့လိုတယ်ဆိုတာနဲ့ အသင်းက သွားသယ်ပေးခဲ့ပါတယ်။ ဒေါ်နန်းအောင်ရဲ့ပြတ်သွားတဲ့လက်တစ်ဖက်က အခင်းဖြစ်တဲ့နေရာမှာကျန်ခဲ့တယ်လို့သိရပါတယ်"ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ ဆိုထားသည်။
လက်ရှိမှာ ဓားဒဏ်ရာများရရှိခဲ့သည့် သားအမိနှစ်ဦးသည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကာ ဒေါ်နန်းအောင်ကိုလည်း ခွဲစိတ်ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

#Ymg/NN
#Yangon_Media_Group
#World_Technology
Published 15 December 2022
တွစ်တာပိုင်ရှင်'အီလွန်မက်စ်'ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို အချိန်နဲ့တပြေးညီခြေရာခံနေတဲ့ အကောင့်တစ်ခုကို တွစ်တာကုမ္ပဏီက ဆိုင်းငံ့လိုက်ပါတယ်။
ဘီလျံနာသူဌေးကြီးရဲ့ သားဖြစ်သူဟာလည်း မှားယွင်းစွာလိုက်လံနှောင့်ယှက်ခံနေရကြောင်း ပြောကြားပြီးနောက် 'မက်စ်'က ထိုသူရဲ့အကောင့်ကို ဥပဒေအရအရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
အောက်တိုဘာလက 'မက်စ်'ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူပြီးနောက် တစ်လအကြာမှာပဲ အခုလိုဆိုင်းငံ့ရတဲ့ကိစ္စပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
အကောင့်ပိတ်ပင်ခြင်းမပြုလုပ်ဘဲ လွတ်လပ်စွာပြောဆိုခွင့်ရဖို့ 'မက်စ်'က အရင်ကပြောကြားထားတာရှိပါတယ်။
အသက် ၂၀ အရွယ်တက္ကသိုလ်ကျောင်းသား 'ဂျက်ခ်ဆွီနေး'ထိန်းချုပ်နေတဲ့ 'ElonJet'ဆိုတဲ့အကောင့်ဟာ လူအများကိုချပြထားတဲ့ အချက်အလက်များကိုအသုံးပြုပြီး 'မက်စ်'ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ် လှုပ်ရှားသွားလာမှုများကို ခြေရာခံခဲ့ပါတယ်။
ယခုတိုင်ကြားမှုပြုလုပ်တဲ့အချိန်မှာပဲ 'ဆွီနေး'ရဲ့ အခြားအကောင့်တွေလည်း ဆိုင်းငံ့ထားပြီဖြစ်ပါတယ်။
အလိုအလျောက်စနစ်ဖြင့် လက်ရှိတည်နေရာအချက်အလက်တွေကို ဖော်ပြနေခြင်းဟာ တွစ်တာရဲ့မူဝါဒပေါ်လစီကို ချိုးဖောက်ရာကျတယ်လို့ တွစ်တာက ရှင်းလင်းပြောကြားလိုက်ပါတယ်။
'မက်စ်'က နိုဝင်ဘာလက တွစ်တာမှာပြောကြားထားရာမှာ လွတ်လပ်စွာပြောဆိုခွင့်ရှိခြင်းကို အသေအချာလုပ်ဆောင်မည်ဖြစ်ရာ လေယာဉ်ကိုလိုက်ပြီးခြေရာခံနေတာဟာ ကိုယ်ရေးအချက်အလက်ရေးရာကို တိုက်ရိုက်ထိခိုက်တာဖြစ်ပေမယ့် အဲဒီအကောင့်ကို ပိတ်ပင်ခြင်းမပြုဖို့ ပြောကြားခဲ့ပါသေးတယ်။
လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုရဲ့ ကိုယ်ရေးအချက် အလက်၊ လက်ရှိတည်နေရာတို့ကို လူသိရှင်ကြားထုတ်ဖော်နေတာဟာ လုံခြုံရေးချိုးဖောက်တာဖြစ်ပြီး အဲဒီအကောင့်တွေကို ဆိုင်းငံ့ပစ်ရလိမ့်မယ်လို့ 'မက်စ်'က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
တစ်ယောက်ယောက် သွားလာခဲ့တဲ့နေရာကို အနည်းငယ်နောက်ကျပြီးမှ တင်တာမျိုးက ကိစ္စမရှိပါဘူးလို့ ဆိုပါတယ်။
သူ့ရဲ့သားတစ်ယောက်ဖြစ်တဲ့ 'လီလ်အိတ်စ်'ဟာလည်း ခြေရာခံအကောင့်တွေနဲ့ ဆက်စပ်ပြီး နှောင့်ယှက်ခံရတာကြုံခဲ့ရတယ်လို့ တွစ်တာမှာဖော်ပြခဲ့ပါတယ်။
"ပြီးခဲ့တဲ့ညတုန်းက အယ်လ်အေမှာ 'လီလ်အိတ်စ်'စီးလာတဲ့ကားကို လိုက်လံနှောင့်ယှက်သူတစ်ယောက် လိုက်လာခဲ့ပြီး ကားကိုပိတ်ရပ်လိုက်ကာ ကားရှေ့ဖုံးပေါ်တက်လာခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော့်မိသားစုကို ခြိမ်းခြောက်ဖို့အားပေးထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေနဲ့ 'ဆွီနေး'ကို ဥပဒေအရ အရေးယူသွားမယ်" လို့ 'မက်စ်'ကဆိုပါတယ်။
ဖလော်ရီဒါအလယ်ပိုင်းတက္ကသိုလ်မှ ကျောင်းသားဖြစ်တဲ့'ဆွီနေး'ဟာ 'မက်စ်'ရဲ့ဂျက်လေယာဉ်ကို ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ တယ်လီဂရမ်တို့မှာလည်း အလားတူ အလိုအလျောက်စနစ်အကောင့်များဖြင့် ခြေရာခံနေတာဖြစ်ပြီး 'မက်စ်'က အကောင့်တွေကို မပိတ်ပင်ဘူးလို့ ပြောခဲ့ပြီးမှ အခုလိုပြုလုပ်တဲ့အတွက် အံ့အားသင့်စရာဖြစ်ရတယ်လို့ BuzzFeed ကို ပြောကြားခဲ့ပါတယ်။
"ဒါဟာ စည်းမျဉ်းတွေကို သူတို့သဘောအတိုင်း သူတို့ဖြစ်စေချင်တဲ့လူတွေအပေါ် ကြိုက်သလိုပြုလုပ်နေကြတာပါ" လို့ ဆိုပါတယ်။
တွစ်တာမှ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဒုဥက္ကဌဖြစ်သူ'အယ်လာအာဝင်'ကတော့ အကောင့်ကိုထိန်းညှိမှုများပြုလုပ်ပြီး မြင်တွေ့သူနည်းအောင်ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြောင်း 'ဆွီနေး'က ဖော်ပြခဲ့ပါတယ်။
'ဆွီနေး'ရဲ့အကောင့်ပိတ်ပစ်ဖို့ ၂၀၂၁ တုန်းက 'မက်စ်'က ဒေါ်လာ ၅ ထောင်ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ကြောင်း အရင်အင်တာဗျူးတွေမှာ ပြောကြားခဲ့ပါတယ်။
နည်းပညာစွန့်ဦးတီထွင်သူဘီလျံနာများဖြစ်ကြတဲ့ 'မာ့ခ်ဇူကာဘက်'၊ 'ဂျက်ဖ်ဘီဇော့စ်'၊ 'ဘီလ်ဂိတ်စ်'တို့ရဲ့ ဂျက်လေယာဉ်တွေကို ခြေရာခံလိုက်နေတဲ့ တွစ်တာအကောင့်တွေကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1367 of 1913