Published 14 Dec 2022
အမေရိကန်စစ်တပ်ဟာ တောင်ကိုးရီးယားမှာ အာကာသတပ်ဖွဲ့တစ်ဖွဲ့ကို ဗုဒ္ဓဟူးနေ့က တည်ထောင်လိုက်ပါတယ်။ အဲဒီအာကာသတပ်ဖွဲ့ဟာ မြောက်ကိုးရီးယားမှ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တာတွေကို ထောက်လှမ်းသိရှိဖို့ ပိုမိုထိရောက်စွာကူညီပေးနိုင်တော့မှာဖြစ်ပါတယ်။
မြောက်ကိုးရီးယားဟာ လေကြောင်းစစ်လက်နက်စမ်းသပ်မှုတွေကို ဒီနှစ်မှာ စံချိန်တင်ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစမ်းသပ် မှုတွေထဲမှာ ပြီးခဲ့တဲ့လကစမ်းသပ်ခဲ့တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်လွင်ဆုံးတွေလည်းပါဝင်ပါတယ်။
“ အကာသတပ်ဖွဲ့ဟာ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကို အချိန်နှင့်တပြေးညီနီးပါးမျှ ထောက်လှမ်းသိရှိ သတိပေးနိုင် ပါလိမ့်မယ်” လို့ အမေရိကန်တပ်-ကိုးရီးယားက သတင်းထုတ်ပြန်ပါတယ်။
ကျွန်တော်တိုနှင့် ၄၈မိုင်လောက်ပဲကွာတဲ့နေရာမှာ လက်ငင်းခြိမ်းခြောက်မှုတစ်ခု တည်ရှိနေတယ်။ အဲဒီခြိမ်းခြောက်မှုကို ကျွန်တော်တို့ဟန့်တားရမယ်၊ကာကွယ်တိုက်ဖျက်ရမယ်။ လိုအပ်လာရင် တိုက်ခိုက်ရလိမ့်မယ်” လို့ အဲဒီအကာသတပ်ဖွဲ့ ကို ဦးဆောင်မယ့် ဒုတိယဗိုလ်မှူးကြီး ဂျိုဆွား မက်ကူလီယွန်းက ပြောပါတယ်။
ဒီတပ်ဖွဲ့သစ်ဟာ အမေရိကန်-ကိုရီးယားမဟာမိတ်ဖြစ်မှုအပေါ် ခိုင်မာတောင့်တင်းတဲ့ကတိကဝတ်ကို တိုးမြှင့်လိုက်ပြီလို့ သူက ဆက်လက်ပြောဆိုပါတယ်။
နျူကလီးယားလက်နက်ပိုင်မြောက်ကိုးရီးယားရဲ့ အန္တရာယ်ကနေ ကာကွယ်ရာမှာကူညီဖို့ တောင်ကိုရီးယားမှာ အမေရိကန် စစ်သား ၂၈၅၀၀ ဦးခန့်ရှိနေကြပါတယ်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို စစ်ဆိုင်းသဘာတူညီမှုနှင့် အဆုံးသတ် ခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ်မဟုတ်တဲ့အတွက် နှစ်နိုင်ငံဟာ သဘောတရားအရ စစ်ပွဲဆက်ဖြစ်နေတုန်းပဲဖြစ်ပါတယ်။
၂၀၁၈ခုနှစ်မှာ သမ္မတဟောင်းဒေါ်နယ်ထရမ့်က အာကာသတပ်ဖွဲ့စည်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ပင်တဂွန်ဟာ အာကာသမှာ ပျော့ကွက်တွေရှိနေတာကို ကိုင်တွယ်ဖြေရှင်းပြီး ဂြိုဟ်ပတ်လမ်းမှာ အမေရိကန်အသေအချာကြီးစိုးအောင်လုပ်ရမယ် လို့ပြောခဲ့ပါတယ်။
တောင်ကိုးရီးယားမှာ ယခုဖွဲ့ပေးလိုက်တဲ့ အာကသာတပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံပြင်ပမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ အာကသာတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း အမေရိကန်စစ်တပ်ဟာ ဟာဝိုင်ယီမှာ အင်ဒိုပစိတ်ဖိတ်စစ်တိုင်းက အာကာသတပ်တိုက်ပွဲဝင် စစ်ဌာန ချုပ်တစ်ခုကို စတင်လည်ပတ်ခဲ့ပါတယ်။
တောင်ကိုးရီးယားလေတပ်ဟာ သူ့ရဲ့ကိယ်ပိုင်အာကာသ တပ်ဖွဲ့တစ်ခု ဒီလစောစောပိုင်းက ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့က အမေရိကန်စစ်တပ်နှင့် အကာသစစ်ရေးဆိုင်ရာကိစ္စတွေပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
ကုလလုံခြုံရေးကောင်စီက မြောက်ကိုးရီးယားရဲ့ ပဲ့ထိန်းဒုံကျည်စမ်းသပ်မှုတွေကို ကြိမ်ဖန်များစွာတားမြစ်ထား ပေမယ့် ဆိုးလ်နှင့်တိုကျိုမဟာမိတ်တွေကို အကာအကွယ်ပေးနေတဲ့ ဝါရှင်တန်ရဲ့ လှုပ်ရှားမှုတွေကို တုန့်ပြန်ဖို့အတွက် စမ်းသပ်မှုတွေဟာ တရားဝင်တယ်လို့ မြောက်ကိုးရီးယားက ပြန်ချေပခဲ့ပါတယ်။
Source AFP
#US_South_Korea_Military_Alliance
#US_space-force_in_South_Korea
#Korea_Peninisula_tensions
#Local_News
Published _ 14 December 2022
ကိုဗစ်ကြောင့် ပိတ်ထားတဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကို ဒီဇင်ဘာလအတွင်းမှာ ပြန်ဖွင့်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Species
Published 14 December 2022
ပန်းတွေဝတ်မှုန်ကူးရန် နေရာရှာဖွေနေတဲ့ ပျားမျိုးစိတ်တွေဟာ ကော်စတာရီကာရှိ ဟိုတယ်တစ်ခုကို ရောက်လာကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 December 2022
ပုဂ္ဂလိကကျောင်းတွေ ပြည်တွင်းနိုင်ငံတကာကျောင်း (International School)တွေကို ပညာရေးဝန်ကြီးဌာနက သေချာစစ်ဆေးပြီး မှတ်ပုံတင်ပြန်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 14 December 2022
လက်ရှိအိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်လှုပ်ရှားရှားဖြစ်နေချိန် အိမ်ခြံမြေတွေကို ဝယ်ယူရာမှာ ရောင်းမှား ဝယ်မှားမဖြစ်စေဖို့နဲ့ လိမ်လည်မှုမခံရစေဖို့ စာရွက်စာတမ်းတွေကို သေချာစိစစ်ပြီးမှ ဝယ်ယူဖို့လိုတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_14 December 2022
ပြည်ပသို့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းတွေကို ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပြောင်းတန်ချိန် ၅သိန်းကျော်တင်ပို့ထားတယ်လို့မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 December 2022
၁။ ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၅ သိန်းကျော်တင်ပို့ထား
၂။ လိမ်လည်မှုများရှိနေ၍ အိမ်ခြံမြေဝယ်ယူရာတွင် စီစစ်ဝယ်ယူသင့်
၃။ လာမည့်ဇန်နဝါရီလတွင် ပုဂ္ဂလိကကျောင်းများကို သေချာပြန်စစ်ဆေးတော့မည်
၄။ ပျားများဝတ်မှုန်ကူးမျိုးပွားစေနိုင်ရန် ကော်စတာရီကာတွင် ပျားဟိုတယ်ဆောက်လုပ်ပေးထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 December 2022
လာမယ့်ဇန်နဝါရီလဆန်းပိုင်းမှာ ဂီတလောကသား အားလုံးအတွက် စားနပ်ရိက္ခာဆန်၊ ဆီ၊ ဆားတွေပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_14 December 2022
၂၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းတင်ပို့မှုမြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများမှ သိရသည်။
၂၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) (၆) လတာကာလအတွင်း မြန်မာ့ရေချိုငါး ငါးမြစ်ချင်းတန်ချိန် ၅၁၈၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၁ သန်း ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ စက်တင်ဘာလအထိ) (၆) လတာကာလအတွင်း မြန်မာ့ရေချိုငါးငါးမြစ်ချင်းတန်ချိန် ၅၁၉၅ တန်၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉ သန်းတင်ပို့နိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ထက် ကာလထက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၈ သန်း တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ငါးမွေးမြူရေးကန်များကို စီးပွားဖြစ် တူးဖော်လုပ်ကိုင်လျက်ရှိကြောင်း၊ ယင်းအပြင် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင် ရေထွက်ပစ္စည်း တစ်မျိုးဖြစ်သည့် မြန်မာ့ရေချိုငါး ငါးမြစ်ချင်းကို မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တင်ပို့ခြင်းဖြစ်သည်။
ယင်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရှစ်လကျော်ကာလအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၄၉၁ ဒသမ ၂၄ သန်းတန်ဖိုးရှိသည့် ရေထွက်ကုန်ပစ္စည်းများကို တင်ပို့ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published-14 December 2022
ယနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ၉၂ တစ်လီတာ ၁၈၀၀ အထက်ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ၁၈၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၂၀၅ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၁၉၀၀ ကျပ်၊ ၉၅ တစ်လီတာ ၁၉၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၆၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးများကို စင်ကာပူ (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်ခြင်း ဖြစ်သောကြောင့် (MOPS) ဈေးကျဆင်းလျှင် ပြည်တွင်းစက်သုံးဆီ ဈေး ကျဆင်းပြီး (MOPS) ဈေးတက်လျှင် ပြည်တွင်းစက်သုံးဆီ ဈေးတက်ကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကိုရပ်နားထားရကြောင်းလည်း သိရသည်။
“စက်သုံးဆီဈေးနှုန်းတွေက တက်လိုက်၊ ကျလိုက်နဲ့ မမှန်ဘူး။ ဈေးတက်တာက များနေတယ်။ ဈေးကျတော့လည်း အရမ်းကြီးမကျသွားဘူး။ အဲဒီတော့ ကားမောင်းရတာ ဘယ်လိုမှအဆင်မပြေဘူး။ ခရီးသည်တွေကလည်း ကားခဈေးတက်တော့ မစီးကြတော့ဘူး။ ဒါကြောင့် တက္ကစီမောင်းတာကို ခဏရပ်ရပ်နားထားလိုက်ရတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 14 December 2022
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တစ်ဖက်သတ်အကောက်ခွန်သက်သာခွင့်အစီအစဉ်ဖြင့် ပို့ကုန်တင်ပို့မည့်သူများ ပို့ကုန်တင်ပို့ခွင့်များ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်၊၊
ပို့ကုန်တင်တင်ပို့လိုသူများအနေဖြင့် မှတ်ပုံတင်ပို့ကုန်တင်ပို့သူ (Registered Exporter)ခွင့်ပြုချက် လျှောက်ထားလိုပါက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ပို့ကုန်သွင်းရုံးခွဲတွင်စာရွက်စာတမ်းပြည့်စုံစွာဖြင့် သွားရောက်ဆောင်ရွက်နိုင်မည် ဖြစ်သည်၊၊
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာလ(၁၄)ရက်တွင် ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့သည်၊၊
ယင်းထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၁၈) အရ ဆောင်ရွက်လျက်ရှိသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ တူရကီ နိုင်ငံတို့တွင် တစ်ဖက်သတ်အကောက်ခွန်သက်သာခွင့်အစီအစဉ်အရ ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်( Registered Exporter System REX)
ကိုအသုံးပြု၍ ပို့ကုန်တင်ပို့သူများ မှတ်ပုံတင်ပို့ကုန်တင်ပို့သူ ခွင့်ပြုချက်လျှောက်ထားခြင်းအား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ပို့ကုန်သွင်းရုံးခွဲ တွင် စာရွက်စာတမ်း ပြည့်စုံစွာဖြင့် လာရောက်လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာ ထားသည်၊၊
ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်( Registered Exporter System REX)ဆိုသည်မှာ ဖော်ပြပါနိုင်ငံများသို့ တင်ပို့မည့်ကုန်စည်များသည် သတ်မှတ်စည်းကမ်းချက်များဖြင့်အညီ မြန်မာနိုင်ငံ၏ပင်ရင်း ကုန်စည်ဖြစ်ကြောင်း မှတ်ပုံတင်ပို့ကုန်တင်ပို့သူခွင့်ပြုချက် လက်မှတ်ရထားသော ပို့ကုန်တင်ပို့သူများက သက်ဆိုင်ရာစာရွက်စာတမ်းများပေါ်တွင်
ကြေညာသည့်စနစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Technology
Published 14 December 2022
ကမ္ဘာပေါ်မှ သမုဒ္ဒရာများ၊ ရေကန်များ၊ မြစ်များကို အကျယ်တဝင့်လေ့လာမယ့် ပထမဆုံးကမ္ဘာမြေသိပ္ပံစီမံကိန်းဆောင်ရွက်ရန် ကယ်လီဖိုးနီးယားတောင်ပိုင်းကနေ ကြာသပတေးနေ့အစောပိုင်းမှာ ဂြိုဟ်တုပစ်လွှတ်ဖို့အတွက် နာဆာ(NASA)က ဦးဆောင်ပြီး နိုင်ငံတကာဂြိုဟ်တုမစ်ရှင်ကို စီစဉ်လိုက်ကြပါတယ်။
SWOT လို့အတိုကောက်ခေါ်တဲ့ ရေမျက်နှာပြင်နဲ့ သမုဒ္ဒရာသွင်ပြင်အဆင့်မြင့်ရေဒါဂြိုဟ်တုဟာ ကမ္ဘာမြေကို ၇၀ ရာခိုင်နှုန်းလွှမ်းခြုံထားတဲ့ ရေများအကြောင်းကို မတွေ့ကြုံဖူးတဲ့ အနေအထားဖြင့် သိပ္ပံပညာရှင်များအနေနဲ့ သိစေနိုင်မှာဖြစ်ပြီး ရာသီဥတုဖောက်ပြန်ခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဖြစ်စဉ်များအကြောင်းကို ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။
သူဌေးကြီး'အီလွန်မက်စ်'ရဲ့ SpaceX ကုမ္ပဏီမှ လွှတ်တင်မယ့် Falcon 9 ဒုံးပျံဟာ လော့စ်အိန်ဂျလိစ် အနောက်မြောက် ၁၇၀ မိုင်ရှိ ဗန်ဒန်ဘာ့ဂ်စပေ့စ်ဖို့စ်စခန်းကနေ ကြာသပတေးနေ့အရုဏ်တက်ချိန်မှာ ပစ်လွှတ်မှာဖြစ်ပါတယ်။
စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာရင် ကားတစ်စီးအရွယ်ပမာရှိတဲ့ ဂြိုဟ်တုကနေ လပိုင်းအတွင်း သုတေသနအချက်အလက်တွေ ရရှိလာမှာဖြစ်ပါတယ်။
နှစ်ပေါင်း ၂၀ နီးပါးထုတ်လုပ်လာရာမှာ SWOT ရဲ့ အဆင့်မြင့်မိုက်ခရိုဝေ့ဗ်နည်းပညာဖြင့် ကမ္ဘာ့နေရာ ၉၀ ရာခိုင်နှုန်းလောက်က သမုဒ္ဒရာများ၊ ရေကန်များ၊ ရေလှောင်ကန်များ၊ မြစ်များရဲ့ အနက်အတိုင်းအတာကို ကြည်လင်ပြတ်သားစွာ တိုင်းတာနိုင်မှာဖြစ်ပါတယ်။
၂၁ ရက်ကြာတိုင်း ရေဒါကနေ အချက်အလက်တွေကို ရရှိမှာဖြစ်ကာ သမုဒ္ဒရာလည်ပတ်မှုပုံစံတွေ၊ ရာသီဥတုခန့်မှန်းချက်တွေ၊ ရေရှားဒေသတွေမှာ ရေချိုထောက်ပံ့ခြင်းတွေကို စီမံနိုင်မှာဖြစ်ပါတယ်။
ဒီဂြိုဟ်တုကို လော့စ်အိန်ဂျလိစ်အနီးရှိ နာဆာဓာတ်ခွဲခန်းမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။
ကမ္ဘာမျက်နှာပြင်ပေါ်က ရေအားလုံးနီးပါးကို လေ့လာနိုင်မယ့် ပထမဆုံးမစ်ရှင်ဖြစ်တယ်လို့ နာဆာပင်လယ်ရေမျက်နှာပြင်အဖွဲ့မှ သိပ္ပံပညာရှင်'ဘင်ဟမ်လင်တန်'က ပြောကြားလိုက်ပါတယ်။
မစ်ရှင်ရဲ့အဓိကရည်ရွယ်ချက်တစ်ခုက ကမ္ဘာ့အပူချိန်နဲ့ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိတဲ့ သဘာဝဖြစ်စဉ်မှာ သမုဒ္ဒရာတွေက လေထုအပူနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို ဘယ်လိုစုပ်ယူလဲဆိုတာကို လေ့လာရန်ဖြစ်ပါတယ်။
ဂြိုဟ်တုပတ်လမ်းကနေ ပင်လယ်ပြင်တွေကို ကြည့်တဲ့အခါမှာ အရင်နည်းပညာတွေထက် SWOT နည်းပညာက ၁၀ ဆ ပိုမိုပြတ်သားစွာ မြင်ရမှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1369 of 1913