#Local_News
Published_ 6 May 2023


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးကမ်းနားလမ်း ဘေးရှိ DENKO စက်သုံးဆီအရောင်းဆိုင်ကို အမည်မသိသူများက ဓားပြတိုက်ခဲ့ကြကြောင်း သိရသည်။

 

ယနေ့ မေလ ၆ ရက်နံနက်၂နာရီခွဲခန့်အချိန်တွင် DENKOစက်သုံးဆီအရောင်းဆိုင်၏ ပန့် ကိုင်ဝန်ထမ်းနှင့် လုံခြုံရေးဝန်ထမ်းအမျိုး သားနှစ်ဦး ရှိနေစဉ် အမည်မသိအမျိုးသားသုံးဦးက ဆိုင်ကယ်၂စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်ဆီပြတ်သွားသောကြောင့် ဆီထည့်လိုကြောင်း ပြော ကားခဲ့ပြီး အနီးသို့ အရောက်တွင် ဆီပန့်ကိုင်ဝန် ထမ်းအမျိုးသား၏ လည်ပင်းကို ညှစ်၍ဓါးဖြင့်ထောက်၍ လက်ယာဘက်နဖူးထိပ်ကို ဓါးနှောင့်ဖြင့် ထုကာလက်ပြန်ကြိုးတုတ်ထားခဲ့ကြောင်း သိရသည်။

 

အလားတူ လုံခြုံရေးဝန်ထမ်းအမျိုးသားကိုလည်း လက်ပြန်ကြိုးတုတ်ပြီး ယင်းတို့နှစ်ဦးကို ဆိုင်မန်နေဂျာရုံးခန်းပြခိုင်းကာ ဆိုင်မန်နေဂျာအား ဓားပြ၍ ခြိမ်းခြောက်ပြီး ကာ ရုံးခန်းအတွင်းရှိ မီးခံသေတ္တာ အတွင်း စက်သုံးဆီရောင်းရ ငွေ(၂၅၆)သိန်း ၊ CCTV အောက်စက်(၂)လုံး ၊ မန်နေဂျာ၏ Vivo V-9 အမျိုးအစား ဆင်းကတ်ပါ အမဲရောင် လက်ကိုင်ဖုန်း(၁)လုံးနှင့် ဆီဆိုင်ပိုင် REDMI 9A အမျိုးအစား ဆင်း ကတ်ပါ ခဲရောင် လက်ကိုင်ဖုန်း(၁)လုံးတို့ကို ယူဆောင်၍ ၎င်းတို့ စီးလာသည့် ဆိုင်ကယ်ဖြင့် စစ်ကိုင်း-မန္တလေးကမ်းနားလမ်းအတိုင်း ကန်တော် ကြီး ပတ်လမ်းဘက်ကို မောင်းနှင်ထွက် ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်အတွင်း ဆီပန့်ကိုင်သည့် အမျိုးသား ဝန်ထမ်းနှင့် မန်နေဂျာအမျိုးသားတို့တွင် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြကြောင်းလည်း သိရသည်။

 

#ymg/pl #Local_News #မန္တလေး #အမရပူရ #DENKO စက်သုံးဆီအရောင်းဆိုင်
#YMG #Yangon_Media_Group