#Local_News
Published_ 6 May 2023

အခု ၂၀၂၃ ခုနှစ်အတွင်း မလေးရှားနိုင်ငံက မြန်မာလုပ်သားခေါ်ယူမှုဟာ မရှိသလောက်နည်းပါးနေတယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) သတင်းတွေအရ သိရသည်။

 

မလေးရှားဘက်က မြန်မာလုပ်သားခေါ်ယူမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ နည်းပါးလာခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ မရှိသလောက် နည်းပါးလာခဲ့ကာ အခုနောက်ပိုင်း မြန်မာလုပ်သားတွေထက် နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လုပ်သားခေါ်ယူမှုက ပိုများကြောင်း အသင်းကသိရသည် ။

 

၂၀၂၂ ခုနှစ်တုန်းကလည်း အေဂျင်စီတချို့ကနေ အလုပ်ခေါ်စာအသစ်နဲ့ မြန်မာလုပ်သားခေါ်ယူမှုတွေရှိခဲ့ပေမယ့် အလုပ်ခေါ်စာတစ်ခုကို လုပ်သား ၇၀ လောက်သာ ခေါ်ယူမှုရှိခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံက အလုပ်သမားအများစုဟာ ထိုင်းနိုင်ငံကို အများဆုံး သွားရောက်ကြပြီး မလေးရှားနိုင်ငံကတော့ ဒုတိယအများဆုံးသွားရောက်ကြခြင်းဖြစ်သည်။

 

မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်ရာမှာ ဝန်ဆောင်ခစရိတ် တစ်ဦးကို လေယာဉ်လက်မှတ်ခတွေအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၀ တရားဝင် သတ်မှတ်ထားကြောင်း သိရသည်။

 

#ymg/ppk #Local_News #မလေးရှား #မြန်မာလုပ်သား
#YMG #Yangon-Media-Group