#Local_News
Published_ 6 May 2023


အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေဖိုရည်ရွယ်ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ UMFCCI MSME Fair 2023 Fashion Show ပွဲကို မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Lotte Hotel မှာကျင်းပသွားမှာဖြစ်ကြောင်း ကုန်သည်စက်မူအသင်းချုပ်မှသိရသည်။

 

ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ပြခန်းပေါင်း ၁၂၀ ကျော်ဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဈေးကွက်အခွင့်အလမ်းများရရှိစေဖို့ရည်ရွယ်ထားကြောင်း သိရသည်။

 

အဆိုပါပြပွဲတွင် စီးပွားရေးဆိုင်ရာ နည်းပညာ၊ အသိပညာဗဟုသုတများ ရရှိနိုင်မည့် စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်များ၊ အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည့်အပြင် MSMEs လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများအလိုက် ပစ္စည်းများ ခင်းကျင်းပြသပုံ၊ တီထွင်ဆန်းသစ်မှု၊ ထုတ်ပိုးမှုပုံစံ၊ ဝန်ဆောင်မှုအပေါ် မူတည်၍ MSME Outstanding Award ဆုချီးမြှင့်မည့် အစီအစဉ်များထည့်သွင်းထားမှာဖြစ်ပြီး အဆိုပါပြပွဲကို ၀င်ကြေးအခမဲ့ဖြစ်၀င်ရောက်ကြည့်ရူနိုင်ကြောင်း ကုန်သည်စက်မူအသင်းချုပ်ကထုတ်ပြန်ထားပါသည်။

 

#ymg/ynzw #Local_News #MSME #ရိုးရာဝတ်စုံ #Fashion Show
#Yangon-Media-Group