#Local_News
Published_ 3 April 2023
မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘော တူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅ ခုကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
အဆိုပါသဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅ ခုမှာ ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေဩဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှစိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တာပိန် (၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တို့ ဖြစ်ပါတယ်။
ဧပြီ ၂ ရက် ညနေပိုင်းတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးတို၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ygm_mnn
#ယူနန်ပြည်နယ် #နားလည်မှုစာချွန်လွှာ #လက်မှတ်ရေးထိုး
#Yangon_Media_Group
Published 3 April 2023
ဆိုရှယ်မီဒီယာ TikTok တစ်တော့ခ်ကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အစိုးရဝန်ထမ်းတွေကိုပေးထားတဲ့ ဖုန်းတွေမှာ အသုံးပြု ခွင့် တရားဝင်ပိတ်ပင်လိုက်တယ်လို့ နေတိုးအရာရှိနှစ်ဦးကပြောကြားပါတယ်။
အခုလိုတစ်တော့ခ်တားဆီးလိုက်တာကို အကြောင်းကြားတဲ့ ရုံးတွင်းလှည့်လည်စာကို ဝန်ထမ်းတွေဆီပေးပို့ခဲ့တယ်လို့ အရာရှိတွေက အတည်ပြုပြောကြားခဲ့ကြပါတယ်။ ဒီလိုပိတ်ပင်လိုက်ပေမယ့်လည်း နေတိုးကထုတ်ပေးထားတဲ့ ဖုန်းတွေမှာ ယခင်ကတည်းက နည်းပညာအရအကန့်အသတ်လုပ်ထားလို့ သိပ်ပြီးသုံးလေ့မရှိဘူးလို့အရာရှိတွေက ပြောပါတယ်။
တစ်တော့ခ်ကို ယူကေ၊အမေရိကန်၊ဥရောပပါလီမာန်နှင့် နော်ဝေးတို့မှာ အစိုးရ ဖုန်းတွေမှာ အသုံးပြုခွင့် ပိတ်ထားပြီး ဖြစ်ပါတယ်။
တစ်တော့ရဲ့စီအီးအို ရှောင်ချူးက သူတို့ဟာ တရုတ်အစိုးရနှင့်မသက်ဆိုင်ဘဲ လုံးဝလွတ်လပ်ကြောင်းနှင့် တရုတ်အစိုးရဟာ အချက်အလက်တွေဝင်ကြည့်တယ်ဆိုတာလည်း ဘာသက်သေအထောက်အထားမှမရှိကြောင်း၊ တစ်ကြိမ်တစ်ခါမှလည်း အစိုးရက အချက်အလက်တောင်းမကြည့်ဘူးသလို တစ်ခါမှလည်းမပေးဖူးကြောင်း အမေရိကန်လွှတ်တော်အမတ်တွေကို ဒီလစောစောပိုင်းက ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။
ဒါပေမယ့် အနောက်အစိုးရတွေက သံသယရှိနေကြတုန်းဖြစ်ပြီး တစ်တော့ခ်ဟာ နစ်တည်းမဟုတ်တစ်နည်း အဆုံးသတ် သင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီဘလင်ကန်က ဒီလစောစောပိုင်း တစ်တော့စီအီးအိုကြားနာတဲ့ ရက်နှင့်တစ်ရက်တည်းမှာ ကွန်ဂရက်ကို ပြောခဲ့ပါတယ်။
Source WION
#နေတိုးနိုင်ငံအစိုးရဝန်ထမ်းဖုံးများတွင်တစ်တော့ခ်ပိတ်
#တစ်တော့_TikTok
#YangonMediaGroup
#LocalNews
Published_ 3 April 2023
လတ်တလောတွင် City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေပြီး ယင်းအစီအစဉ်သည် City Mart Supermarket မှပြုလုပ်သည့် အစီအစဉ်မဟုတ်ကြောင်း တရားဝင်အသိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် ယခုလတ်တလော City Mart Supermarket မှ ဆုမဲများပေးသောပရိုမိုးရှင်းနှင့် ကြော်ငြာများ (ပုံပါအတိုင်း) ပျံ့နှံ့နေမှုကို အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း၊
၎င်းကြော်ငြာများတွင် City Mart Supermarket အမှတ်တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားခြင်းဖြစ်ပြီး City Mart Supermarket မှ ပြုလုပ်သည့်အစီအစဉ်မဟုတ်ကြောင်း အသိပေးဖော်ပြထားသည်၊၊
ဈေးဝယ်သူများအနေဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေရန်နှင့်ထပ်မံပျံ့နှုံမှုမရှိစေရန် ၎င်းနှင့်သက်ဆိုင်သော လင့်များသို့ဝင်ရောက်ခြင်း၊ ဖြန့်ဝေခြင်းများမပြုရန်အလေးအနက်အကြုံပြုတောင်းဆိုထားသည်၊၊
City Mart Supermarket မှ ဦးဆောင်ပြုလုပ်သည့် Promotion နှင့် ကံစမ်းမဲအစီအစဉ်များသည် City Mart Supermarket Official Facebook Page (သို့မဟုတ်) ဆိုင်အတွင်းကြော်ငြာစာများမှ ကြေညာမှသာတရားဝင်ဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်၊၊
ymg/tthl
#CityMartSupermarket
#ဆုမဲများပေးသောပရိုမိုးရှင်း
#ကြော်ငြာစာများ
#Yangon_Media_Group
#Local_News
Published_ 3April 2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြည်မြို့တွင် သမီးရည်းစားချင်း စကားများကြရာမှ ဓားဖြင့်ထိုးသည့် ဖြစ်စဉ်တစ်ခု ဧပြီ (၂) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှသိရသည်။
ပြည်တက္ကသိုလ်အနီးရှိ အုန်းတောလမ်းမပေါ်တွင် အသက် (၂ဝ) ဝန်းကျင်အရွယ်ရှိ သမီးရည်းစားချင်းစကားများကြခြင်းဖြစ်ပြီး အမျိုးသားဖြစ်သူမှ ချစ်သူမိန်းကလေးအား ဓားထိုးခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသားတွင် လက်ချောင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတွင် တံတောင်အောက်ထိုးသွင်း သွေးထွက်ဒဏ်များ ရရှိခဲ့သည့်အတွက် အရေးပေါ်ဆေးကုသမှုခံယူရန် အတွက်ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီခဲ့ရသည်။
ymg/ynzw
#Local_News #သမီးရည်းစားချင်း စကားများ #ဓားထိုးမှုဖြစ်
#YMG #Yangon_Media_Group






#World_News
Published_ 3 April 2023
နယူးယော့ခ်ရဲတပ်ဖွဲ့က ထရမ့်တာဝါပတ်ပတ်လည်မှာ သတ္တုအကာအရံများဖြင့် တားဆီးထားပြီး မန်ဟက်တန်မှုခင်းတရားရုံးအနီးရှိ လမ်းတွေကို ပိတ်ဆို့ထားပါတယ်။
ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ အစိုးရရှေ့နေများထံ တရားခွင်ရုံးတက်ရမှာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေဖြစ်လာနိုင်တာကို ကြိုတင်ပြင်ဆင်တဲ့သဘောဖြစ်ပါတယ်။
ထရမ့်က အပြာကားမင်းသမီးတစ်ဦးကို နှုတ်ပိတ်ခပေးခြင်းအပေါ် ဂျူရီတရားသူကြီးတစ်ဦးက စွဲချက်တင်လိုက်ပြီးနောက် အင်္ဂါနေ့မွန်းလွဲပိုင်း၌ တရားရုံးမှာ စီရင်ခံရမှာဖြစ်ပါတယ်။
ဒါဟာ ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးအမေရိကန်သမ္မတဟောင်း ဖြစ်လာပါတယ်။
ထရမ့်က ထိုစုံစမ်းစစ်ဆေးမှုကို နိုင်ငံရေးပယောဂလိုက်စားမှုအဖြစ် ဖော်ပြထားပြီး ရီပတ်ဘလစ်ကန်အမတ်'မာဂျာရီတိုင်လာဂရင်းန်' အပါအဝင် အင်အားကြီးထောက်ခံသူများက အင်္ဂါနေ့မှာ နယူးယော့ခ်သို့လာပြီး ဆန္ဒပြမယ်လို့ဆိုနေကြပါတယ်။
ရာဇဝတ်မှုနဲ့ တရားရုံးချုပ်များတည်ရှိရာ မြို့လယ်တရားရုံးမှာ ထရမ့်အမှုကိစ္စမတိုင်ခင် အချို့တရားရုံးတွေကို ပိတ်ထားမယ်လို့ တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ထရမ့်ကိုကွပ်မျက်ပေးဖို့ ဆိုရှယ်မီဒီယာမှလူအချို့က သူ့ကိုစွဲချက်တင်ခဲ့တဲ့ ဂျူရီတရားသူကြီးနဲ့ မန်ဟက်တန်ခရိုင်ရှေ့နေ'အယ်ဗင်ဘရက်ဂ်'တို့ကို တောင်းဆိုနေကြကြောင်း ထောက်လှမ်းရေးအဖွဲ့တစ်ခုက ဆိုပါတယ်။
ထရမ့်က ဆန္ဒပြပွဲပြုလုပ်ဖို့ တောင်းဆိုထားပေမယ့် ထရမ့်ထောက်ခံသူအများအပြားက အဖမ်းဆီးခံရမှာကို စိုးရိမ်နေတာကြောင့် သတိထားနေကြရပါတယ်။
ရဲတပ်ဖွဲ့က လိုအပ်သလိုတုံ့ပြန်နိုင်ရန် အသင့်ရှိနေပြီး လူတိုင်းဟာလည်း သူတို့ရဲ့ရပိုင်ခွင့်အတိုင်း ငြိမ်းချမ်းစွာဖော်ထုတ်ခွင့်ရှိစေမှာဖြစ်ကြောင်း NYPD က ထုတ်ပြန်ထားပါတယ်။
ထရမ့်က တနင်္လာနေ့မှာ ဖလော်ရီဒါကနေ နယူးယော့ခ်သို့လာပြီး ညဘက် ထရမ့်တာဝါမှာရှိနေရန် စီစဉ်ထားပြီးနောက် အင်္ဂါနေ့မနက်ပိုင်းမှာ တရားရုံးသို့ရောက်ရှိမှာဖြစ်ကြောင်း ထရမ့်အကြံပေးတစ်ဦးကဆိုပါတယ်။
နယူးယော့ခ်ရီပတ်ဘလစ်ကန်လူငယ်အဖွဲ့က တရားရုံးလမ်းတစ်ဖက်မှ ပန်းခြံတစ်ခုမှာ ဆန္ဒပြပွဲပြုလုပ်ဖို့ စီစဉ်နေပြီး ထရမ့်အမာခံထောက်ခံသူတစ်ဦးဖြစ်တဲ့ ဂရင်းန်ကလည်း ပါဝင်မယ်လို့ဆိုထားပါတယ်။
"ဆန္ဒပြတယ်ဆိုတာ အခြေခံဥပဒေဆိုင်ရာအခွင့်အရေးတစ်ခုဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့တရားရေးစနစ်မျှတမှုမရှိခြင်းနဲ့ ရွေးကောက်ပွဲနှောင့်ယှက်ခြင်းတို့အတွက် ဆန္ဒပြသွားပါမယ်" လို့ တွစ်တာမှာဖော်ပြထားပါတယ်။
ထရမ့်အမှုမစတင်မီ နေ့လယ် ၁ နာရီမှာ တရားရုံးအထပ်မြင့်တွေမှာရှိတဲ့ တရားရုံးခန်းတွေကို ပိတ်သွားမှာဖြစ်ပါတယ်။
အခြားတရားရုံးအမှုတွေကို တရားရုံးချုပ်လမ်းတစ်ဖက်ရှိ အဆောက်အဦသို့ ရွှေ့ပြောင်းသွားမှာလည်း ဖြစ်ပါတယ်။
Source: Reuters
#World_News #ဒေါ်နယ်ထရမ့်#နယူးယော့ခ်တရားရုံး #ဆန္ဒပြပွဲများ
#YMG#Yangon_Media_Group
#Local_News
Published_3 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေပြည်သူများမှ ကြက်သွန်နှုတ်နေစဉ် Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့၍ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မတ်လ ၂၉ ရက်တွင် အဆိုပါ ကြက်သွန်စိုက်ခင်းပိုင်ရှင်မှာ နစက ဆန့်ကျင်အဖွဲ့၏ ဆက်ကြေးတောင်းခြင်းခံခဲ့ရကြောင်း၊၎င်း ပိုင်ရှင်က ဆက်ကြေးမပေးခဲ့သည့်အတွက် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နှုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း ၊ယင်းလုပ်ရပ်ကို ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#ကြက်သွန်စိုက်ခင်း #Drop Bombပစ်ချတိုက်ခိုက်ခဲ့၍ #အရပ်သားနှစ်ဦးဒဏ်ရာရ
#YMG #Yangon_Media_Group
#World_Health
Published 3 April 2023
ကလေးမိဘတွေအနေနဲ့ အသက် ၆ နှစ်အောက်ကလေးတွေကို ဖုန်း၊ ကွန်ပျူတာများ ပေးမသုံးသင့်ကြောင်း စိတ်ရောဂါပညာရှင်တစ်ဦးက ဆိုလိုက်ပါတယ်။
စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေ ကြည့်လေ့ရှိတဲ့ကလေးတွေဟာ မကြည့်တဲ့ကလေးတွေထက် စိတ်အလိုမကျ၊ အထိမခံနိုင်ခြင်း၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းရည်လျော့နည်းခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း အာရုံကြောစိတ်ရောဂါပညာရှင် ဒေါက်တာ'အယ်ဗာရိုဘီလ်ဘာအို'က ပြောကြားလိုက်ပါတယ်။
ခေတ်မီနည်းပညာကိရိယာတွေက သူတို့ရဲ့ဘဝမှာ တစ်စိတ်တစ်ပိုင်းပါဝင်လာပေမယ့် သူတို့လက်ထဲ တဖြည်းဖြည်းချင်းထည့်ပေးတာက ပိုပြီးသင့်တော်တယ်လို့ ဖော်ပြခဲ့ပါတယ်။
သူတို့ရဲ့ဦးနှောက် အနည်းငယ်ပိုဖွံ့ဖြိုးချိန်၊ စိတ်ခံစားချက်အရ စကားပြောနိုင်ချိန်၊ သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်စွမ်းရှိလာတဲ့ အချိန်ကျ တစ်နည်းအားဖြင့် အသက် ၆ နှစ်အရွယ်လောက်မှ ပေးသုံးသင့်ပါတယ်။
လေ့လာချက်များအရ ဖုန်း၊ ကွန်ပျူတာရှေ့မှာ အချိန်ဖြုန်းတဲ့သူတွေဟာ အပြုအမူပြဿနာများနဲ့ ကလေးဘဝစိတ်ဓာတ်ကျခြင်းတို့ ပိုမိုဖြစ်စေနိုင်ပါတယ်။
ဒါတွေဟာ သူတို့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အခြားလှုပ်ရှားမှုတွေမှာ စိတ်ဝင်စားမှုနည်းပါးသွားပြီး ဒီစက်ပစ္စည်းတွေအပေါ်မှာပဲ ကျန်းမာရေးနဲ့မညီညွတ်စွာ စိတ်ရောက်နေမှာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ မိုဘိုင်းဖုန်းတွေ တက်ဘလက်တွေထဲမှာ ကလေးတွေစိတ်ဝင်စားမယ့် App တွေ မထည့်ထားပါဘူးလို့ ဒေါက်တာ'ဘီလ်ဘာအို'က ဆိုပါတယ်။
သူ့ကလေးတွေက မိသားစုဓာတ်ပုံတွေ ပျော်ရွှင်စရာပုံတွေကို ကြည့်ချင်မှသာ ဖုန်းကိုအသုံးပြုကြပါတယ်လို့ ဆိုပါတယ်။
တစ်ခါတလေမှာ ကလေးတွေနဲ့အတူ သီချင်းတွေ ကကွက်တွေကိုကြည့်ရှုတတ်ပေမယ့် ဂိမ်းတော့ မဆော့ကြသလို တီဗီကိုလည်း အချိန်အကန့်အသတ်ဖြင့်သာ ကြည့်ရှုစေပါတယ်။
အသက် ၅ နှစ်အောက်ကလေးတွေအတွက် တစ်နေ့တာတီဗီကြည့်ရှုချိန် တစ်နာရီထက်ပိုမပေးသင့်သလို အသက် ၂ နှစ်အောက်အတွက်တော့ လုံးဝမကြည့်ရှုစေသင့်ပါဘူး။
Source: Daily Mail
#အသက်(၆)နှစ်အောက်ကလေးငယ်များ #စမတ်ဖုန်း၊ကွန်ပျူတာများ #စိတ်ရောဂါဆရာဝန်များသတိပေး
#YMG#Yangon_Media_Group
#Local_News
Published_ 3 April 2023
ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ပြေးဆွဲနေသော မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ပစ်ခတ်ခံရ၍ အသက် ၇ နှစ်အရွယ် ကလေး၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးကာ သံဃာတော် ၂ ပါးနှင့် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။
ဧပြီလ ၁ ရက် ည ၈ နာရီခန့်က ခရီးသည် ၁၆ ဦးတင်ဆောင်၍ ထွက်ခွာသည့် ယာဉ်မောင်းဦးကျော်စိုးလွင်မောင်းနှင်သော အဆိုပါ ခရီးသည်တင်ယာဉ် မှာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နှင့် ကမ္မလိုင်း ကျေးရွာအကြားရှိ မိုင်တိုင်အမှတ် (၈၄/၁) နှင့် (၈၄/၂) ကြား နေရာသို့အရောက်တွင် လမ်း၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရရသူများမှာ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#ခရီးသည်တင်ယာဉ်ပစ်ခတ်ခံရ #ကလေး၁ ဦးနှင့်အမျိုးသမီး ၁ ဦးသေဆုံး
# YMG #Yangon_Media_Group

#World_Health
Published 3 April 2023
မွေးကင်းစကလေးအရွယ်ကတည်းက အိမ်မွေးတိရိစ္ဆာန်များနဲ့ ထိတွေ့စေခြင်းဟာ အစားအစာဓာတ်မတည့်ခြင်းမျိုး ဖြစ်နိုင်ချေနည်းပါးစေကြောင်း ဂျပန်သုတေသနတစ်ခုမှာ တွေ့ရှိထားပါတယ်။
ဖူကူရှီမာဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ သုတေသီများက အသက် ၃ နှစ်အောက်ကလေး ၆၆,၀၀၀ ကျော်ရဲ့ အစားအစာဓာတ်မတည့်ခြင်းနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိတွေ့ခြင်းတို့ကို လေ့လာခဲ့ကြပါတယ်။
ခွေးတွေရှိတဲ့အိမ်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ခွေးမရှိတဲ့အိမ်ကကလေးတွေထက် ကြက်ဥ၊ နို့၊ မြေပဲစတဲ့ အစားအစာများနဲ့ဓာတ်မတည့်ခြင်းမျိုး ဖြစ်နိုင်ချေသိသိသာသာ ပိုနည်းခဲ့ပါတယ်။
ကြောင်တွေနဲ့ထိတွေ့ရတဲ့ ကလေးတွေဟာလည်း ကြက်ဥ၊ ဂျုံ၊ ပဲပိစပ်နဲ့ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ချေနည်းသွားပါတယ်။
အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ထိတွေ့ခြင်းဖြင့် ဓာတ်မတည့်ခြင်းဝေဒနာကို ထိရောက်စွာကာကွယ်နိုင်တယ်လို့ သုံးသပ်ရပေမယ့် အခြားတိရိစ္ဆာန်တွေနဲ့ ထိတွေ့ခြင်းမှာတော့ မသိရှိရသေးပါဘူး။
ဟမ်းစတားကြွက်တွေနဲ့ ထိတွေ့တဲ့ကလေးတွေကတော့ မြေပဲဓာတ်မတည့်ခြင်းအခြေအနေ ဖြစ်နိုင်ချေပိုများနေပါတယ်။
အိမ်မွေးတိရိစ္ဆာန်ထိတွေ့ခြင်းနဲ့ အစားအစာဓာတ်မတည့်ခြင်းတို့က တိရိစ္ဆာန်မျိုးနွယ်၊ အစားအစာတို့ပေါ် မူတည်နေပါတယ်။
မွေးကာစအရွယ်မှာ ခွေးတွေကြောင်တွေနဲ့ ထိတွေ့ခြင်းဖြင့် အစားအစာဓာတ်မတည့်ခြင်းမျိုး ဖြစ်နိုင်ချေနည်းပါးကြောင်း၊ ဒီလေ့လာချက်က နောက်ထပ်လေ့လာမှုတွေမှာ အကူအညီဖြစ်စေမှာဖြစ်ကြောင်း သုတေသီများဖော်ပြခဲ့ကြပါတယ်။
Source: India Today
#မွေးကင်းစကလေးငယ်များ #အိမ်မွေးတိရိစ္ဆာန်များ #အစားအစာဓာတ်မတည့်ခြင်း #လေ့လာတွေ့ရှိ #YMG#Yangon_Media_Group
Published 2 April 2023
တရုတ်နိုင်ငံတော်ဘဏ် The Bank of China (BOC) ဟာ ငွေလဲလှယ်နှုန်းအန္တရာယ်လျော့ပါးစေဖို့နှင့် ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုတွေတည်ငြိမ်မှုရှိစေရန်အထောက်အကူဖြစ်စေဖို့ တရုတ်ယွမ်ငွေကို နိုင်ငံတကာငွေကြေးတစ်ခုအဖြစ် တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဘဏ်ဥက္ကဋ္ဌ လျိုကျင်းကပြောပါတယ်။
ယွမ်ငွေကိုနိုင်ငံတကာသုံးငွေကြေးလုပ်တဲ့အတွက် ငွေကြေးလဲလှယ်နှုန်းအန္တရာယ်တွေကိုလည်း လျော့ပါးစေပါတယ်လို့ သူကပြောပါတယ်။
Source CCTV Plus
#တရုတ်နိုင်ငံတော်ဘဏ်ဥက္ကဋ္ဌ
#ယွမ်ငွေကိုနိုင်ငံတကာငွေကြေးအဖြစ်မြှင့်တင်
#Bank_of_China_President
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 2 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ဇင်ဝင်း(Founder and Chief Instructor) နှင့်အတူ...
- "ရှိုးကြီးသိုင်း၊ရှမ်းသိုင်းတက်ထားကြတာများတာဖြစ်ပြီး ရှိုင်းသိုင်းကို ကျောရိုးပင်မအခြေခံပြီးခြေကွက်လက်ကွက်ပြောင်းပြန်ဖြစ်လာတာဆိုတဲ"သိုင်းပြောင်းပြန်ပညာ"စတင်ဖြစ်ပေါ်လာတဲ့အကြောင်း
-နိုင်ငံတကာမှာလည်း သိုင်းပြောင်းပြန်ပညာကိုပျံ့နှံ့အောင် Physical သင်ရိုး၊သိုင်းပြောင်းပြန်သင်ရိုးရယ်တွဲပြီး နိုင်ငံတကာကျောင်းတွေမှာ သင်ကြားပေးလျှက်ရှိကြောင်း
-ကိုရီးယား၊ဂျပန်၊စင်ကာပူ၊တရုတ်၊ကိုရီးယားရောက်နေတဲ့ ညီအစ်ကိုတွေကလည်းသိုင်းပြောင်းပြန်သင်တန်းတွေသင်ကြားပေးလျှက်ရှိကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG #Yangon_Media_Group
Published 2 April 2023
ဂျပန်နိုင်ငံမှာ အစိုးရဝန်ထမ်းတစ်ဦးဟာ ပြီးခဲ့တဲ့ ၁၄နှစ်အတွင်း အလုပ်ချိန်မှာ အကြိမ်ပေါင်း ၄၅၀၀ ကျော် ဆေးလိပ် သောက်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့သတ်မှတ်ပြီး သူ့ရဲ့လစာထဲကနေ ဒဏ်ကြေး ယန်းငွေ ၁.၄၄သန်း(ဒေါ်လာ၁၁.၀၀၀) ပြန်ပေးဆောင်ခိုင်းခဲ့ရတယ်လို့ သတင်းများကဆိုပါတယ်။
ဂျပန်နိုင်ငံမှာ အိုဆာကာလိုမြို့ကြီးတွေမှာ အလုပ်ထဲဆေးလိပ်သောက်တာမိရင် မှတ်လောက်တဲ့ ဒဏ်ကြေးငွေကို လစာထဲက ဖြတ်တောက်ခြင်းခံကြရတဲ့ အန္တရာယ်ရှိနေကြပါတယ်။
အဲဒီလူဟာ ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အစိုးရဝန်ထမ်းဖြစ်ပြီး သူဟာ လုပ်သက် ၁၄နှစ်အတွင်း စီးကရက်ကို ထောင်ပေါင်းများစွာ သောက်ခဲ့တဲ့အတွက် ဒဏ်ကြေး ဒေါ်လာတစ်သောင်းတစ်ထောင်ခန့်ပေးခဲ့ရတာဖြစ်ပါတယ်။ သူဟာ အသက် ၆၃နှစ်ရှိပြီး ပြီးခဲ့တဲ့ ၁၄နှစ်ခွဲအတွင်း အလုပ်ထဲမှာ စီးကရက်သောက်တာ ၄၅၁၂ကြိမ်ရှိခဲ့ပါတယ်။ သူဟာ အလုပ်ချိန်အတွင်း သူ့အလုပ်သူမလုပ်ဘဲ ဆေး လိပ်သောက်ချိန်ပေါင်း ၃၃၅နာရီနှင့် ၁၉မိနစ်တိတိရှိခဲ့တယ်လို့ သတင်းတွေက ရေးပါတယ်။
အဲဒီအရာကြီးနှင့် လုပ်ဖော်ကိုင်ဖက် အခြားနှစ်ဦးတို့ဟာ အိုဆာကစီရင်စုအစိုးရရုံးမှာ အလုပ်လုပ်နေကြပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်စက်တင်ဘာလကစပြီး အလုပ်ချိန်ဆေးလိပ်သောက်မှုနှင့်ပတ်သက်လို့ စုံစမ်းစစ်ဆေးခြင်းခံခဲ့ကြရပါတယ်။ သူတို့နှင့် ပတ်သက်လို့ HR ဌာနဟာတိုင်တန်းမှုတွေအများကြီးရခဲ့ပြီးနောက် သူတို့ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ် ပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ကိုကြီးကြပ်သူတွေရဲ့ သတိပေးစကားတွေကို သတိမမူကြတဲ့အပြင် အင်တာဗျူးမှာ လည်း ဆေးလိပ်သောက်တာနှင့်ပတ်သက်လို့ လိမ်ညာဖြေကြားခဲ့ကြပါတယ်။
ဒေသဆိုင်ရာ အများပြည်သူဝန်ဆောင်မှုဥပဒေအရ အဆိုပါအစိုးရဝန်ထမ်းဟာ အလုပ်အပေါ်အလေးထားမှုပျက်ကွက် ချိုးဖောက်ခဲ့ကြောင်းတွေ့ရှိကြတယ်လို့ ဂျပန်သတင်းစာ မာအင်နီချီက ရေးသားပါတယ်။
အဲဒါကြောင့် သူတို့ကို လစာထဲကနေ ဒဏ်ငွေ ၁.၄၄သန်းယန်းငွေပြန်ပေးဖို့ အမိန့်ချခဲ့တဲ့အပြင် အပြစ်ပေးတဲ့အနေနှင့် ခြောက်လတာ ကာလအတွက် လစာကို ၁၀ရာခိုင်နှုန်းလျှော့ချခဲ့ပါတယ်။
အိုဆာကာဟာ ဆေးလိပ်ဥပဒေတွေနှင့်ပတ်သက်ရင် ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကတည်းက ရုံးတွေနှင့် ပြည်သူပိုင်ကျောင်းတွေလိုမျိုး အစိုးရပရဝဏ်ထဲမှာ ဆေးလိပ်သောက် ခြင်းကို တားမြစ်ခဲ့ပါတယ်။ ၂၀၁၉နှစ်ကစကာ အစိုးရဝန်ထမ်းတွေကို အလုပ်ချိန်အတွင်း ဆေးလိပ်သောက်ခွင့်တားမြစ် ထားပါတယ်။
ဆေးလိပ်သောက်လို့ ပြစ်ဒဏ်ပေးခံရတာနှင့်ပတ်သက်လို့ ပြည်သူတွေက ယေဘုယျအားဖြင့် စာနာသနားကြပါတယ်။ ရုံးပြင်ထွက်ပြီးဆေးလိပ်သောက်ရင် ပိုပြီးတောင် အချိန်ဖြုန်းသလိုဖြစ်ဦးမယ်လို့လည်း အချို့က စောဒကတက်ကြ ပါတယ်။အချို့ကလည်း အလုပ်ချိန်အတွင်း လက်ဖက်ရည်သောက်တာ၊သွားရေစာစားတာ၊စကားစမြည်ပြောကြတာတွေ လည်း အချိန်ဖြုန်းတာပဲလို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒါတွေက ဒဏ်ပေးမခံရတဲ့အတွက် ဆေးလိပ်သောက်တာလည်း ဒဏ်ပေးခံရဖို့မသင့်ဘူးလို့ဆိုကြပါတယ်။
၂၀၁၉ခုနှစ်တုန်းကလည်း အလားတူအဖြစ်မျိုးကြုံခဲ့ပါတယ်။ အလုပ်ချိန်အတွင်း ဆေးလိပ်ကို အကြိမ်ပေါင်း ၃၄၀၀ခန့် သောက်ခဲ့လို့ အဲဒီတုန်းက ကျောင်းဆရာတစ်ဦးကို ဒဏ်ငွေ ယန်းတစ်သန်းရိုက်ခဲ့ပါတယ်။
Source: Agencies
#YangonMediaGroup
#ဂျပန်#အိုဆာကာ#ဆေးလိပ်ဥပဒေတင်းကြပါ
#အလုပ်ချိန်အတွင်းဆေးလိပ်၄၅၁၂ကြိမ်သောက်ခဲ့၍ဒဏ်ငွေယန်းတစ်သန်းကျော်ရိုက်

Page 1365 of 2065