#LocalNews
Published_19 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊ အမှတ်(၅၀၀) မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် Ye Min Aung Money Changer ကို ဓားပြတိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်ကအဆိုပါMoney Changer သို့ အမျိုးသား ၃ ဦးဝင်ရောက်လာပြီး အမျိုးသား ၂ ဦးက သေနတ်ဖြင့်ချိန်ကာ ကျန်အမျိုးသားတစ်ဦးက ဓားမြှောင်တစ်လက်ကိုင်ဆောင်ခြိမ်းခြောက်၍ ဆိုင်ရှိ ငွေကျပ်သိန်း ၃၀၀ ခန့်နှင့် I phone တစ်လုံးကို ဓားပြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ယင်းဓားပြတိုက်မှုတွင် လူ ၄ ဦးက ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ၃ ဦးက ဆိုင်အတွင်း ဝင်ရောက်လုယက်ကာ တစ်ဦးမှာ ဆိုင်အပြင်ဘက်ရှိ မော်တော်ယာဉ်ပေါ်၌ အသင့်စောင့်ဆိုင်းနေခဲ့ကြောင်း၊ အခင်းဖြစ်နေရာ၌ လုယက်သူများကျန်ရှိခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်နှင့် ကျည်ခွံတစ်ခုတို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း၊အမှုကို တောင်ညွန့်မြို့မရဲစခန်းတွင် (ပ)၃၅၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။
ဓားပြတိုက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့ သည့် မော်တော်ယာဉ် မောင်းနှင်ပေးခဲ့သူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ ၁၀၃ လမ်း၊ တိုက်အမှတ်(၂၇)၊ ၆ လွှာ-အေနေ အသက် ၁၉ နှစ် အရွယ် အောင်ပိုင်ဦး(ခ)ပိုင်ပိုင် အား ငွေစက္ကူ ရောရာ ၄၅ သိန်း၊ Redmi K30 အမျိုးအစား အပြာရောင်ဖုန်းတစ်လုံး၊ ဓားပြတိုက်မှုကျူးလွန်စဉ် ဝတ်ဆင်အသုံးပြုခဲ့သည့် အနက်ရောင်တီရှပ်အင်္ကျီလက်တို တစ်ထည်၊ အဖြူရောင်ဘောင်းဘီရှည် တစ်ထည်တို့နှင့်အတူ နိုဝင်ဘာလ ၁၈ ရက်နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ မြယာကုန်းမီးပွိုင့်တွင် စတင်ဖမ်းဆီးရမိခဲ့ကြောင်း ယင်း၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သာကေတမြို့နယ်၊ (၇/အရှေ့)ရပ်ကွက်၊ သဇင်နီလမ်း၊ အမှတ်(၉)နေ အသက် ၂၄ နှစ်အရွယ် အောင်ရဲနိုင်(ခ) အရှည်ကြီး ကို Redmi K30 အမျိုးအစား ခရမ်းရောင်ဖုန်း တစ်လုံးနှင့်အတူ ယင်းနေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် မင်းရဲကျော်စွာလမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့ပြီး အလားတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သာကေတမြို့နယ်၊ (၆/အရှေ့)ရပ်ကွက်၊ အောင်သုခ(၂၂)လမ်း၊ အမှတ်(၁၁၅၄)နေ အသက် ၂၄ နှစ်အရွယ် မင်းဟိန်း(ခ)ဂွပု အား ယင်းနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် Oppo A16K အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဓားပြတိုက်မှုကို ဖမ်းဆီးရန်ကျန်နေသေးသည့် ဝေကြီး(ခ)ဝေဖြိုးအောင်က ဦးဆောင်၍ အဖွဲ့ဝင် ၄ ဦးဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီးဓားပြတိုက်မှုကျူးလွန်စဉ် ဝေကြီး(ခ)ဝေဖြိုးအောင်က ပစ္စတိုသေနတ်ကို ကိုင်ဆောင်ကာ အောင်ရဲနိုင်(ခ)အရှည်ကြီးနှင့်အတူ ဆိုင်အတွင်း ဝင်ရောက်လုယက်ဓားပြတိုက်ခဲ့ကာ မင်းဟိန်း(ခ)ဂွပုက ဆိုင်အပေါက်ဝတွင် အခြေအနေစောင့်ကြည့်ပေးပြီး အောင်ပိုင်ဦး(ခ)ပိုင်ပိုင်က ဆိုင်အပြင်၌ မော်တော်ယာဉ်ဖြင့် အသင့်စောင့်ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ္စတိုသေနတ်ကိုလည်း ဖမ်းဆီးရန်ကျန်သူ ဝေကြီး(ခ) ဝေဖြိုးအောင် က ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး ဓားပြတိုက်မှုကျူးလွန်ရာမှရရှိ ခဲ့သည့် ငွေ ၁၇၃ သိန်းကျပ် အနက်မှ အောင်ပိုင်ဦး(ခ)ပိုင်ပိုင်အား ၁၅ သိန်းကျပ်၊ မင်းဟိန်း(ခ)ဂွပုအား ၁၀ သိန်းကျပ်၊ အောင်ရဲနိုင်(ခ)အရှည်ကြီးအား ၁၅ သိန်းကျပ်စီ အသီးသီးခွဲတမ်းအဖြစ်ပေးအပ်ခဲ့ကာ ကျန်ငွေများကို ဝေကြီး(ခ)ဝေဖြိုးအောင်က ယူဆောင်ခဲ့ခြင်းကြောင်း ဖော်ထုတ်သိရှိရသည်။
#ymg/sth
#Yangon_Media_Group

#Local_News
Published _ 19 november 2022
လာမယ့် ဒီဇင်ဘာလဆန်းပိုင်းတွင် ကြံကြိတ်ခွဲရာသီစတင်တော့မှာဖြစ်တာကြောင့် ကြံတစ်တန်ကို အမြင့်ဆုံးဈေး ၉သောင်းကျပ်ကနေ အနိမ့်ဆုံးဈေး ၇သောင်းကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 19 Nov 2022
ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အက်ဒီဒက်စ် Adidas ရဲ့ တရားဝင် နည်းပညာဘောလုံးကို နည်းပညာအသစ်နှင့် ပေါင်းစပ်ပြီး ပြိုင်ပွဲတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။
SAOT လို့ အတိုကောက်ခေါ်ကြတဲ့ ဆီမီးအော်တိုမက်တစ် လူကျွံဘောနည်းပညာကို ၂၀၂၂ ကမ္ဘာ့ဖလားအတွက် အက်ဒီဒက်စ်ရဲ့ တရားဝင်နည်းပညာဘောလုံး Al Rihla နှင့် ချိတ်ဆက်အသုံးပြုမှာမို့ ဒိုင်လူကြီးတွေအတွက် ပိုမိုမြန်ဆန်တိကျမှုရှိပြီး တစ်သတ်မတ်တည်း ဖြစ်မယ့် ဆုံးဖြတ်ချက်တွေ ချရာမှာ အထောက်အကူပြုလိမ့်မှာဖြစ်ပါတယ်။
SAOT နည်းပညာအရ ဘောလုံးအားကစားရုံရဲ့ အမိုးအောက်မှာ ဘောလုံးကို ခြေရာခံလိုက်မယ့် ရွေ့လျားကင်မရာ ၁၂ လုံးကို တပ်ဆင်မှာဖြစ်ပါတယ်။ အဲဒီအပြင် ကင်မရာတွေက ကစားသမားတစ်ဦးချင်းစီရဲ့ အချက်အလက်အမှတ်အသား ၂၉ နေရာ အထိ တစက္ကန့်ကို အကြိမ်၅၀အထိ ခြေရာခံမှတ်တမ်းတင်ပေးပါလိမ့်မယ်။ အဲဒီနောက် ကွင်းထဲမှာရှိနေတဲ့ တစ်ဦးချင်းစီရဲ့ တည်နေရာအတိအကျကို တွက်ချက်ပေးမှာဖြစ်ပါတယ်။ အဲဒီ ၂၉နေရာထဲမှာ လူကျွံဘောဖမ်းဖို့ အရေးကြီးတဲ့ ကစားသမားတွေရဲ့ခြေလက်အစိတ်အပိုင်းနှင့် ခြေဖျား လက်ဖျားတွေလည်းပါဝင်ပါတယ်။
Source: AFP
#FIFA_Qatar_Worldcup
#SAOT_FIFA
#offside_tech_FIFA
#World_Internet
Published 19 November 2022
အိန္ဒိယမှ အချက်အလက်စစ်ဆေးရေးအဖွဲ့ဟာ သတင်းမှားများ၊ အွန်လိုင်းအလွဲသုံးစားမှုများ၊ ဥပဒေရေးရာခြိမ်းခြောက်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
#LocalNews
Published _19 November 2022
စင်ကာပူနိုင်ငံတွင် ယနေ့ညနေပိုင်းက ကျင်းပခဲ့သည့် One Championship ၏ One-163 ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်းပွဲစဉ်၌ မြန်မာMMA ဖိုက်တာ အောင်လအန်ဆန်းက ဂျပန်ကစားသမား အိုကာမီ ကို အနိုင်ရရှိခဲ့သည်။
ပွဲစဉ် ပထမပိုင်းတွင်ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ymg/mt
Yangon _Media_Group


#Health_Matters
Published - 19 Nov 2022
-ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးဟာ လက်ရှိ လိင်ကိစ္စလွတ်လပ်မှုလွန်ခေတ်အခြေအနေတွေကြောင့် အဟန့်အတားဖြစ်နေမလား??
#Yangon_Media_Group
#Local_News
Published_ 19 November 2022
လတ်တလောမှာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ဒေသအချို့မှာ အခုရက်ပိုင်းအတွင်းမိုးသည်းထန်ဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 19 Nov 2022
- မြန်မာနိုင်ငံရဲ့လက်ရှိ ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားမှုဘယ်လိုရှိနေပါသလဲ??
#Yangon_Media_Group
#DailyNews
Published _ 19 November 2022
၁။ ဆောင်းအဝင်တွင်မိုးသည်းမည်ဖြစ်၍ သီးနှံမပျက်စီးအောင်သတိပြုရန်လို၊လေပြင်းနှင့်မိုးကြိုးအန္တရာယ်ရှိနိုင်
၂။ တစ်တန်ကို ၉သောင်းအထိ ပေါက်စျေးရှိနေပြီး ယခင်နှစ်များထက် စျေးကောင်းပိုရနေ
၃။ ပို့ကုန်ဝင်ငွေကို ဒေါ်လာအပြင် ယွမ်/ဘတ်တို့ဖြင့် ပေးသွင်းခွင့်ပြုမည်
၄။ သတင်းမှားတိုက်ဖျက်ရေးအတွက်တာဝန်ရှိသည့် အိန္ဒိယမှအချက်အလက်စစ်ဆေးသူများ ထောင်ကျခြိမ်းခြောက်မှုနှင့်ပါရင်ဆိုင်နေရ ...အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_19 November 2022
တပ်မတော်(လေ)မှ လေ့ကျင့်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုဖြစ်၍ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ နံနက်ပိုင်းက ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း လေ့ကျင့်ပျံသန်းစဉ် တနင်္သာရီတိုင်းဒေသကြီး ၊ သရက်ချောင်းမြို့ တောင်ဘက် မီတာ ၉၀၀၀ ခန့်အကွာသို့အရောက် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ခြင်းကြောင်း အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် လေယာဉ်မှူးနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Health_Matters
Published - 19 Nov 2022
ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) ကျင်းပတာ ခုဆို ၃၅ နှစ်ရှိပါပြီ ။ ၃၅နှစ်အတွင်း ခုခံအားကျဆင်းမှုရောဂါကို ဘယ်လောက်အထိတိုက်ဖျက်နိုင်ကြပြီလဲ??
#Yangon_Media_Group
Published 19 Nov 2022
☑️ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တွစ်တာအကောင့်ပြန်ဖွင့်ပေးသင့်မသင့် တွစ်တာပေါ်ကနေ သူ့ရဲ့ ဖော်လိုဝါတွေကို သောကြာနေ့နှောင်းပိုင်းမှာ အီလွန်မတ်စ်က ဆန္ဒပြုခိုင်းခဲ့
☑️ ခပ်စောစောရလာဒ်များအရ ဆန္ဒပြုကြသူများရဲ့ ၆၀ ရာခိုင်နှုန်းက ထရမ့်အကောင့်ကိုပြန်ပေးဖို့ဆန္ဒပြုကြ
☑️ ပြည်သူတွေရဲ့အသံဟာ ဘုရားသခင်ရဲ့အသံ ဆိုပြီး မတ်ခ်က လက်တင်ဘာသာဖြင့် တွစ်တာမှာပို့စ်တင်ခဲ့
☑️ အဆိုပါ မဲပေးဖို့အတွက် ဆန္ဒပေးပွဲကို ၂၄ နာရီကြာအောင်ဖွင့်ပေးထားမှာဖြစ်
☑️ ပြီးခဲ့တဲ့မေလတုန်းကတော့ အီလွန်မတ်စ်က ထရမ့်အကောင့်ကို ပြန်ဖွင့်ပေးကောင်းပေးမယ်လို့ပြောဆိုခဲ့
☑️ ယမန်နှစ်က အမေရိကန်ကွန်ဂရက်အဆောက်အအုံ အတိုက်အခိုက်ခံရပြီးနောက် တွစ်တာက ထရမ့်ရဲ့ အကောင့်ကို ပိတ်ခဲ့တာဖြစ်
☑️ ထရမ့်အကောင့်ပြန်ပေးဖို့ကို သူမဆုံးဖြတ်ရသေးဘူးလို့ ဒီရက်စောစောပိုင်းမှာ မတ်ခ်ကပြောခဲ့
☑️ တွစ်တာဟာ ဘေဘွန်လုံဘီ သရော်စာအကောင့်နှင့် လူရွှင်တော်ကေသီဂရစ်ဖင်တို့ရဲ့ အကောင့်တွေကို ယခုရက်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့
Source Reuters
#Twitter_Elon_Musk
#Twitter_Polls_Trump_acccount
#Twitte_new_boss
Page 1363 of 1864