#World_Industry
Published 5 January 2023
မော်ရိုကိုနိုင်ငံမှ အာဂန်ဆီကို အလှကုန်လုပ်ငန်းတွေမှာ အလွန်တန်ဖိုးထားပေမယ့် အခုဆိုရင် သက်ကြီးရွယ်အိုလုပ်သားအများစုကသာ ထုတ်လုပ်နေကြတာကြောင့် ဘယ်လောက်ကြာအောင် ဆက်လက်ထုတ်လုပ်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
#Yangon_Media_Group
Published 5 January 2023
အသက် ၁၀နှစ်အရွယ် ဗီယက်နမ်ယောကျ်ားလေးတစ်ဦးဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုထဲက မြေကြီးထဲ မြှပ်ထားတဲ့ ကွန်ကရစ် တိုင်လုံးအပေါက်ကြီးထဲ လေးရက်ကြာပိတ်မိနေခဲ့ပါတယ်။
မဲခေါင်ဒယ်လ်တာက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက တိုင်လုံးပေါက်ထဲ ပြုတ်ကျပြီးပိတ်မိနေတဲ့ ထိုင်းလီဟောင်နမ်ကို ကယ်ဆယ်ရေးသမားတွေက အနက် ၁၁၅ ပေရှိတဲ့ တိုင်လုံးကြီးကို မတင်ပြီးကယ်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့် ကံအကြောင်းမလှစွာပဲ အဲဒီကလေးကို ကယ်ထုတ်မှု မအောင်မြင်ဘဲ သေဆုံးခဲ့ရကြောင်း ဒေါင်သက် ပြည်နယ်ဒုအုပ်ချုပ်ရေးမှူးက ကြေညာခဲ့ပါတယ်။
Source:AFP
#Trapped_in_a_buried_hollow
#Vietnamese_boy_trapped
#Local_News
Published_5 January 2023
လက်ရှိပြည်တွင်းခရီးသွားလုပ်ငန်းလည်ပတ်မှုဟာ ရာခိုင်နှုန်းအားဖြင့်ကြည့်မယ်ဆိုရင် နည်းနေသေးတယ်လို့ ပြည်တွင်းခရီးသွားကုမ္ပဏီတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_5 January 2023
ကျောက်စိမ်း၊ ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၈၃ သန်းရရှိထားတယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 5 January 2023
ဆီးချိုသွေးချိုဝေဒနာရှင်တွေအနေနဲ့ ပုံမှန်သောက်နေကျဆေးဝါးတွေမပြတ်ရအောင် မွန်ပြည်နယ်အပါအဝင်တစ်နိုင်ငံလုံးမှာ ဆီးချိုသွေးချိုဆေးဝါးတွေအခမဲ့ပေးနိုင်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 5 January 2023
၁။ ယခုနှစ်တွင် ဆီးချိုဝေဒနာရှင်များ ဆေးဝါးများမပြတ်ရအောင် ဆီးချို ဆေးများကို အခမဲ့ပေးမည်
၂။ သတ္တုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၈၃ သန်းရရှိထား
၃။ ပြည်တွင်းခရီးသွားလာမှု ရာခိုင်နှုန်းအားဖြင့် နည်းနေသေးဟုဆို
၄။ မော်ရိုကိုမှ အလှကုန်သုံးဆီထုတ်လုပ်မှုပညာအား လူငယ်များစိတ်ဝင်စားမှုနည်းပါး၍ အနာဂတ်မရေရာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 5 January 2023
ပုဂံဒေသမှာ (၉၃၁)ကြိမ်မြောက် အာနန္ဒဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ(၅)ရက်၊ ပြာသိုလပြည့်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ဒေသခံဧည့်လမ်းညွှန်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-5 January 2023
ထိုင်းအခြေစိုက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း TrueMoney က ပြည်တွင်းငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုများကို AGD ဘဏ်နှင့် လက်တွဲဖြုတ်ပြီး MAB ဘဏ်နှင့်ပြောင်းလဲလုပ်ဆောင်နေကြောင်း ယင်းက တရားဝင်ထုတ်ပြန်ထားသည်။
အာရှစိမ်းလန်းဖွံ့ဖြိုးမှုဆိုင်ရာဘဏ် (AGD Bank) နှင့် (၈) နှစ်တာ အကျိူးတူပူးပေါင်း ဆောင်ရွက်ခဲ့မှုများအပေါ် CEO ကိုထက်တေဇနှင့်တကွ အဖွဲ့သားများ အား ကျေးဇူးတင်ရှိကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“TrueMoney Myanmar ၏ သက်တမ်း (၈) နှစ် ပြည့်သောနေ့တွင် လက်ခံရရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နှင့် အကျိုးတူ ပူးပေါင်းကာ မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းများအား မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ လက်တွဲဆောင်ရွက်သွားပါမည်” ဟု TrueMoney Myanmar ၏ Managing Director ဖြစ်သူ Mrs. Kyi Thar Romanet က ဆိုသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ပူးပေါင်းမှုသည် TrueMoney ၏ မြန်မာနိုင်ငံတွင် ရပ်တည်မှုကို FinTech (နည်းပညာပိုင်းဆိုင်ရာ ငွေရေးကြေးရေးကဏ္ဍ)တွင် ပိုမိုအားကောင်းစေပြီး ဆက်သွယ် ဆောင်ရွက်သူများ၊ ကိုယ်စားလှယ်များနှင့် ဖြန့်ဖြူးရောင်းချသူများအား ပိုမိုအရည်အသွေးပြည့်မီသော ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုအား ပေးဆောင်နိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် ဖော်ပြထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုမိန့်ဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် အကျိုးတူ ပူးပေါင်းကာ မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းများဖြစ်သော ပြည်တွင်း ငွေလွှဲ၊ငွေထုတ်ခြင်းနှင့် ဖုန်းဘေလ်များ၊ ဘေလ်ပေးဆောင်ခြင်းများကိုသာမက မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်အသုံးပြုသူများ အတွက်လည်း e-wallet လုပ်ငန်းဆောင်ရွက်သူများနှင့် ဆက်စပ်သော ငွေသွင်း၊ ငွေထုတ် လုပ်ငန်းများအား ဖြည့်တင်းကာ ဆောင်ရွက်နိုင်လာမည် ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
TrueMoney အနေဖြင့် ယခုအခါ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားတို့တွင် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုကို လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ပေါင်း ၂၃,၀၀၀ ကျော်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published-5 January 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စွန့်ပစ်ထားသောမွေးကင်းစဟုယူဆရသည့် ကလေးအလောင်းတစ်လောင်းကို ယနေ့ ဇန်နဝါရီလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။
"ငါးမျှားတဲ့သူကတွေ့တာ၊ ကလေးက ပုတ်ပွနေပြီ၊ မွေးကင်းစလို့ ယူဆရတာပါ၊ ဘယ်နေ့ကတည်းက လာပစ်ထားတယ်ဆိုတာ မသိရပါဘူး၊ကလေးအလောင်းကို ရေထဲက ဆယ်ယူရတာပါ"ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။
ယခုအခါ အဆိုပါကလေးငယ်အလောင်းကို မုံရွာမြို့ဆေးရုံကြီး OPD မှတစ်ဆင့် ရင်ခွဲရုံသို့ အသင်း လူနာတင်ယာဉ်တစ်စီးဖြင့် ပို့ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published-5 January 2023
ပတ်စ်ပို့သက်တမ်းကုန်ဆုံးသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လာမည့် ဇန်နဝါရီ ၇ ရက်မှစတင်ပြီး ရက်ချိန်းတိုကင်ယူစနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ရက်ချိန်းတိုကင်ယူစနစ်ကို အပတ်စဉ် စနေနေ့တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကိုယ်တိုင်လာရောက် ထုတ်ယူသည့်စနစ်ဖြင့် ထုတ်ပေးသွားမည်ဖြစ်ပြီး၊ ကိုယ်စားလှယ်များစေလွှတ်ခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိသူများကို ရက်ချိန်းတိုကင်များ ထုတ်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ရက်ချိန်းတိုကင်များထုတ်ပေးရာတွင် ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်များကိုသာ ပထမဦးစားပေး ထုတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါ သက်တမ်းကုန်ဆုံးသူများ ပြီးစီးမှသာ နှစ်အလိုက် လအလိုက် သက်တမ်းကုန်သူများကို အစဉ်လိုက် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သံရုံး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံကူးလက်မှတ်အမျိုးအစားများမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကိုင်ဆောင်သည့် PJ အမျိုးအစားနိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံသားကျောင်းသားများကိုင်ဆောင်သည့် PE အမျိုး အစားနိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာသံဃာတော်များကိုင်ဆောင်သည့် PR အမျိုးအစားနိုင်ငံကူး လက်မှတ်များ၊ထိုင်းနိုင်ငံတွင်မှီခိုဗီဇာဖြင့်နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများကိုင်ဆောင်သည့် PT အမျိုးအစားနိုင်ငံကူးလက်မှတ်များ၊ မြန်မာနိုင်ငံသားသင်္ဘောသားများကိုင်ဆောင်သည့် PS အမျိုးအစားနိုင်ငံကူးလက်မှတ်များစသည်တို့ကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သံရုံး၌ကြိုတင်ရက်ချိန်း ရယူပြီးပါက ဖော်ပြပါနိုင်ငံကူးလက်မှတ်များ၏ သက်တမ်းတိုးလုပ်ငန်းများကိုနေ့ချင်းပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published-5 January 2023
၂၀၂၃ ခုနှစ် ယနေ့ ဇန်နဝါရီလ (၅) ရက်တွင် ၉၂ တစ်လီတာ ၂၀၀၀ အောက်သို ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဇန်နဝါရီလ (၄) ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၆၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၄၄၀ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၁၉၇၅ ကျပ်၊ ၉၅ တစ်လီတာ ၂၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၂၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၀၅ ကျပ်အနည်းငယ်ကျဆင်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးနှုန်းကို စင်ကာပူ (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်ခြင်း ဖြစ်သောကြောင့် (MOPS) ဈေးကျဆင်းလျှင် ပြည်တွင်းစက်သုံးဆီ ဈေးကျဆင်းပြီး (MOPS) ဈေးတက်လျှင် ပြည်တွင်းစက်သုံးဆီ ဈေးတက်ကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_5 January 2023
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၄၈ ဦးကို ယနေ့(ဇန်နဝါရီလ ၅ ရက်)တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကထုတ်ပြန်ထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။ တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာလအလွန်နောက်ပိုင်းတွင် ပြည်ပသိုသွားရောက်လုပ်ကိုင်သူများပြားလာပြီး ထိုင်းနိုင်ငံသိုသွားရောက်သူဦးရေမှာ အများဆုံးဖြစ်ပြီး တရားမဝင်သွားရောက်သူမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1363 of 1942