Published 25 December 2022
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ အာဝါမီအဖွဲ့ချုပ် ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် စနေနေ့က သက်တမ်း (၁၀)ကြိမ် ဆက်တိုက် ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒါကြောင့် ဟာဆီနာဟာ အာဝါမီအဖွဲ့ချုပ်မှာ ၁၉၈၁ ခုနှစ်ကတည်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ သက်တမ်းအရှည်ဆုံး ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်စောစောပိုင်းမှာ အာဝါမီအဖွဲ့ချုပ်ဟာ အထွေထွေရွေးကောက်ပွဲကျင်းပပေးဖို့ ပြင်ဆင်နေတဲ့အလျောက် ပါတီဟာ အိုဘိုင်ဒူလ်ကေဒါကို ၂၂ကြိမ်မြောက်အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူးအဖြစ် တံခါးပိတ်အစည်းအဝေးကနေ ရွေးချယ်ပေးခဲ့ပါတယ်။
ဒါကာမြို့တော်အလယ်က ဇာတ်ရုံကြီးတစ်ခုမှာ ကျင်းပတဲ့ အမျိုးသားကောင်စီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်လွှားက ကောင်စီဝင် ခုနှစ်ထောင်ခန့် တက်ရောက်ခဲ့ကြတယ်လို့ ပြည်တွင်းသတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။ အစည်းအဝေးအပြီးမှာ ဇာတ်ရုံနှင့်ကပ်လျက် ဆာဟရာဝါဒီယူဒိုင်ယန်ကွင်းထဲမှာ လူထုချီတက်ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ ဆူဟရာဝါဒီယူဒိုင်ယန်ကွင်းထဲကို မနက်၁၀နာရီ၂၀မိနစ်မှာရောက်ရှိလာပြီး နိုင်ငံတော်အလံလွှင့် တင်ခြင်း၊ချိုးဖြူများနှင့်ဘောလုံးများလွှတ်တင်ခြင်းဖြင့် ကောင်စီကိုဖွင့်လှစ်ခဲ့ပါတယ်လို့ ဒေလီစတားသတင်းစာက ရေးသားပါတယ်။
အာဝါမီအဖွဲ့ချုပ်ရဲ့အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အာမီယာဟိုစိန်အာမူက ဟာဆီနာကို ပါတီဥက္ကဋ္ဌအဖြစ် အဆိုတင်သွင်းခဲ့တာဖြစ်ပြီး အစည်းအဝေးတက်သူအားလုံးက ကန့်ကွက်သူမရှိ အတည်ပြုပေးခဲ့တာလို့ ပီတီအိုင် သတင်းအေဂျင်စီကပြောပါတယ်။
အချို့ပါတီခေါင်းဆောင်းတွေက ဒီ ကွန်ဖရင့်ကြီးကနေအားကောင်းတဲ့ခေါင်းဆောင်မှုကို သူတို့မျှော်လင့်တယ်လို့ သတင်းဌာနကိုပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမတိုင်ခင် ပါတီကို အားကောင်းကောင်းနှင့် ဦးဆောင်နိုင်မယ့်သူတစ်ဦးလိုတယ်လို့လည်း သူတို့ကပြောပါတယ်။
ပါတီစည်းမျဉ်းအရ အသက် ၇၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဆီနာဟာ ပါတီဥက္ကဋ္ဌအဖြစ် နောက်ထပ် ၃နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။သူဟာ ၁၉၇၅ခုနှစ်ဩဂုတ်လကတည်းက အိန္ဒိယမှာ အဝေးရောက်ပြည်ပြေးတစ်ဦး အဖြစ်နေထိုင်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်ပြန်ရောက်ပြီး ၁၉၈၁ခုနှစ်ကတည်းက ပါတီကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်?
Source: WION
#Sheikh_Hasina
# Chief_of_Awami_League
#Bangladesh_Politics
#World_Health
Published 25 December 2022
အချိုမုန့်တွေ၊ အငန်မုန့်တွေ ကြိုက်တဲ့သူတွေအတွက်တော့ အာလူးကြော်တစ်ပြား၊ ဒိုးနတ်တစ်ခုလောက်နဲ့ မကျေနပ်နိုင်ပါဘူး။
ဒါဟာ စိတ်ကိုမချုပ်တည်းနိုင်ခြင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး၊ မျိုးဗီဇတစ်ခုနဲ့လည်း သက်ဆိုင်နေပါတယ်။
CRTC1 ဆိုတဲ့မျိုးဗီဇဟာ လူသားတွေမှာ အဝလွန်ခြင်းနဲ့ သက်ဆိုင်နေတယ်လို့ လတ်တလောတွေ့ရှိထားပါတယ်။
CRTC1 ကို ကြွက်တွေမှာ ဖျက်ဆီးလိုက်တဲ့အခါ အဝလွန်လာကြတာကြောင့် CRTC1 က အဝလွန်ခြင်းကို တားဆီးပေးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
CRTC1 က အဝလွန်ခြင်းကို တားဆီးပေးထားတယ်ဆိုတဲ့ ဖြစ်စဉ်ကို ရှင်းလင်းရန် အိုဆာကာမက်ထရိုပိုလီတန်တက္ကသိုလ်ရှိ တွဲဖက်ပရော်ဖက်ဆာ'ရှီဂျီနိုဘူမက်ဆုမူရာ'ဦးဆောင်တဲ့ သုတေသီအဖွဲ့က MC4R ကိုဖော်ပြတဲ့ အာရုံကြောတွေကို အာရုံစိုက်လေ့လာခဲ့ပါတယ်။
MC4R က ကြွက်တွေနဲ့ လူသားတွေမှာ အစာစားချင်စိတ်နဲ့ စွမ်းအင်သုံးစွဲခြင်းတို့ကို ထိန်းညှိရာမှာ အရေးပါပြီး MC4R ချို့တဲ့ပါက အစားစားချင်စိတ်ကို မထိန်းချုပ်နိုင်ခြင်း၊ စွမ်းအင်သုံးစွဲမှုနည်းပါးခြင်း၊ ဂလူးကို့စ်ဇီဝဖြိုခွဲမှုယိုယွင်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် CRTC1 နဲ့ MC4R ချို့တဲ့တဲ့အခါ စားချင်စိတ်မထိန်းချုပ်နိုင်ခြင်း၊ အဝလွန်ခြင်း၊ အင်ဆူလင်အလုပ်မလုပ်သဖြင့် ဂလူးကို့စ်မချေဖျက်နိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
ပိတ်ဆို့ထားတဲ့ MC4R ဆိုင်ရာ အာရုံကြောများမှလွဲပြီး ပုံမှန်အားဖြင့် CRTC1 ကိုဖော်ပြတဲ့ ကြွက်မျိုးကွဲတစ်မျိုးကိုဖန်တီးကာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါရှိ အာရုံကြောများမှာ CRTC1 ဆုံးရှုံးခြင်းရဲ့အကျိုးကို စစ်ဆေးခဲ့ကြပါတယ်။
ပုံမှန်အစာကျွေးတဲ့အခါ MC4R မှာ CRTC1 မရှိတဲ့ကြွက်တွေက သာမန်ထက်စာရင် ခန္ဓာကိုယ်အလေးချိန် မပြောင်းလဲသော်လည်း အဆီဓာတ်များတဲ့အစာတွေကျွေးတဲ့အခါ ပိုမိုဝလာခဲ့ပြီး ဆီးချိုဖြစ်လာပါတယ်။
ထိုလေ့လာမှုကြောင့် ဦးနှောက်ထဲက CRTC1 မျိုးဗီဇပါဝင်ပတ်သက်မှုက ကယ်လီရီများတဲ့အစာတွေ၊ အချိုဓာတ်များပြီး အဝလွန်စေတဲ့အစာတွေ အလွန်အကျွံမစားမိအောင် ကူညီပေးကြောင်း၊ ဒါဟာ လူတွေ အစားကျူးရတဲ့ အကြောင်းကို ပိုမိုနားလည်လာဖို့ မျှော်လင့်ရကြောင်း ဖော်ပြသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#LocalNews
Published _25 December 2022
ဒေသတွင်း အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများ ဆက်လက်တည်ဆောက်သွားရန် နစက ဥက္ကဌ က ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နေ့အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်း အခမ်းအနားတွင်ပြောကြားခဲ့သည်။
တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိ တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy)အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့်ဆက်စပ်ပင်လယ်ပြင်များသို့ အင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy)အဖြစ် တည်ဆောက်လျက်ရှိကြောင်းနှင့် ရေရှည်တွင် အကျိုးစီးပွားများဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့်ရေတပ် (Blue Water Navy Ambition) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ယင်းကဆိုသည်။
မြန်မာ့ပင်လယ်ပြင်အကျယ်အဝန်း စတုရန်းရေမိုင် ၁၄၀၀၀၀ ကျော် ရှိပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့်ရှိသည့်အတွက် ဆိပ်ကမ်းကြီးများနှင့် ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်း (Sea Line of Communication) များကို အပြည့်အဝအသုံးချပြီး သမုဒ္ဒရာဖြတ်ကျော် ရေကြောင်းကုန်သွယ်မှုလုပ်ငန်း (Seaborne Trade)များကို ထိထိရောက်ရောက်ဖော်ဆောင်ရန် အခွင့်အလမ်းများရှိ ကြောင်း၊ မျက်မှောက်ခေတ် ကြုံတွေ့နေရသည့် စစ်ဆင်ရေး သဘောသဘာဝအရ တပ်မတော်(ရေ)အနေနဲ့ သမားရိုးကျစစ်ဆင်ရေးများအတွက် ပင်လယ်ပြင်တိုက်ပွဲဝင် နိုင်ရေး (Open Sea Battle) ကို ပြင်ဆင်နေရသကဲ့သို့ လက်ရှိလုံခြုံရေးအခြေအနေ များအရ မြစ်တွင်းစစ်ဆင်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လာရ ကြောင်း၊ တပ်တော်ဝင်သည့် ၂၃ မီတာ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်များကို မြန်မာ့ရေမြေ လိုအပ်ချက်အတိုင်း ဆန်းသစ်တီထွင်ကာ ပိုမိုတောင့်တင်းခိုင်မာသည့် Armor Plate များနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြစ်တွင်းစစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်ဖွဲ့တင် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်းဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
ယခုစစ်ရေယာဉ်များပေါ်တွင် ခြေလျင်တပ်ဖွဲ့များတင်ဆောင်ပြီး ရေကြောင်း ပစ်ကူပေးနိုင်ရန်နှင့် ကမ်းထိုးကမ်းတက် စစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ပေးခဲ့သည့်အပြင် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ တင်ဆောင်ကာ ဘက်စုံသုံးတပ်ဖွဲ့တင် ကမ်းထိုးရေယာဉ်တာဝန်များကိုပါ ထမ်းဆောင် သွားနိုင်မည် ဖြစ်ကြောင်း၊ ဧရာဝတီ၊ ချင်းတွင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မြစ်ကြီးများအတွင်း ရေကြောင်းလုံခြုံရေးများ၊ စစ်ဆင်ရေးများ ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များကိုလည်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း လည်း နစက ဥက္ကဌက ပြောသည်။
ဒီဇင်ဘာလ ၂၄ ရက်က တပ်တော်ဝင်ခဲ့သည့် Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်များ ကို ပြည်ပမှနည်းပညာလွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ) အင်ဂျင်နီယာပညာရှင်များ ကိုယ်တိုင် နည်းပညာမြင့်တည်ဆောက်နိုင်ခဲ့သည့် ရေယာဉ်များဖြစ်ကာ ရေမိုင် ၄၀ ကျော် မြန်နှုန်းမြင့်ခုတ်မောင်းနိုင်ကာ ရန်သူ့ရေတပ်ဖွဲ့ကို Swarming Tactics နှင့် ကြားဖြတ်တိုက်ခိုက်ရေး တာဝန်များကိုပါ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် ကမ်းရိုးတန်းရေပြင်တွင် မည်သည့် ကျူးကျော်မှုမျိုးကိုမဆို ကျွန်းကြိုကျွန်းကြားမှ စစ်နည်းဗျူဟာမြောက် မြန်နှုန်းမြင့် မောင်းနှင်ပြီး တားဆီးချေမှုန်းတိုက်ခိုက်နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး Super Dvora တည်ဆောက်ခဲ့သည့် အတွေ့အကြုံ များစွာ ရှိပြီးဖြစ် သဖြင့် ယခုထက် အရွယ်ပမာဏပိုမိုကြီးမားပြီး စွမ်းဆောင်ရည်မြင့်သည့် သင်္ဘောမျိုး တည်ဆောက်နိုင်ရန်အတွက်လည်း ကြိုးပမ်းသွားရန်လိုကြောင်း၎င်းက ဆိုသည်။
တိုက်ပွဲဝင်စစ်ရေယာဉ်များတွင် တာဝန်ထမ်း ဆောင်မည့် စစ်သည်တော်များအား တစ်ဦးချင်းအရည်အချင်း တိုးတက်စေရန် ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားသို့ စေလွှတ်တက်ရောက်စေခဲ့ပြီးဖြစ်သည့်အပြင်
၂၀၁၅ ခုနှစ်မှစတင်ပြီး ပြည်တွင်း၌လည်း Mobile Training Team နည်းပြများအား ခေါ်ယူလျက် အရာရှိ၊ စစ်သည်အများအပြားကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားအရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုပါ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကာ အမျိုးသမီး အရာရှိ၊ စစ်သည် များလည်း စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်စစ်ဆင်ရေးနှင့် လေ့ကျင့် ရေး များတွင် လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်(ရေ)ကို ယခင်ကစစ်ရေယာဉ်(မေယု)ဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှစ၍ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့ကာ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်များမှတစ်ဆင့် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီး ကိုယ်တိုင်တည်ဆောက်နိုင်သည့် စစ်ရေယာဉ်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
#Yangon_Media_Group









#World_Health
Published 25 December 2022
လိင်စိတ်ဆန္ဒနည်းပါးတဲ့ အမျိုးသားတွေဟာ စောစီးစွာအသက်ဆုံးရှုံးနိုင်ချေ ၂ ဆနီးပါးရှိနေကြောင်း PLOS One ဂျာနယ်မှာ ဖော်ပြထားပါတယ်။
လိင်စိတ်ဆန္ဒရှိခြင်းနဲ့ ရောဂါဘယအသက်ဆုံးရှုံးနိုင်ချေတို့ကြား ဆက်စပ်မှုကိုရှာဖွေရန်အတွက် ယာမာဂါတာတက္ကသိုလ်မှ သုတေသီများက အမျိုးသား ၈ ထောင်ကျော်နဲ့ အမျိုးသမီး ၁၂,၀၀၀ ကျော်တို့ကို လေ့လာခဲ့ပါတယ်။
သက်ကြီးရွယ်အိုတွေမှာ လိင်ပိုင်းလှုပ်ရှားမှုနဲ့ ကျေနပ်မှုရခြင်းတို့က စိတ်ကျန်းမာရေးသုခအတွက် အကျိုးရှိစေတယ်လို့ ယူဆထားကြပေမယ့် လိင်စိတ်ဆန္ဒနဲ့ အသက်ရှည်ခြင်းတို့ကြား ပတ်သက်မှုကိုတော့ မလေ့လာမိခဲ့ကြပါဘူး။
စစ်ဆေးမေးမြန်းရာမှာ လိင်မှုစိတ်ဝင်စားခြင်းနဲ့ ပတ်သက်ပြီး အလုံးစုံမေးမြန်းခဲ့ကြပါတယ်။
လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုနည်းသူတွေဟာ အသက်ပိုမိုကြီးရင့်ခြင်း၊ သောက်စားခြင်း၊ ဆီးချိုရှိခြင်း၊ အရယ်အမောနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပညာရေးနိမ့်ပါးခြင်းတို့တွေ့ရကြောင်း ဖော်ပြခဲ့ပါတယ်။
ရလဒ်များအရ လိင်စိတ်ဆန္ဒနည်းပါးတဲ့ အသက် ၄၀ ကျော်အမျိုးသားတွေဟာ ကင်ဆာကြောင့်သေဆုံးနိုင်ချေ ၁.၉၄ ဆပိုများပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေ ၁.၃၆ ဆပိုများပါတယ်။
အမျိုးသားများ လိင်စိတ်ဆန္ဒနည်းပါးရခြင်းဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်နေထိုင်မှုစရိုက်တွေကြောင့် ဖြစ်ပါတယ်။
အမျိုးသမီးတွေလည်း အမျိုးသားတွေထက် စိတ်ဆန္ဒနည်းပါးခြင်း ၂ ဆ ကျော်ပိုများပေမယ့် အသက်အန္တရာယ်ကြားဆက်စပ်မှုတော့ ရှိမနေပါဘူး။
လိင်စိတ်ဆန္ဒနဲ့ အသက်ရှည်ခြင်းတို့ကြား ဆက်စပ်မှုကို မရှင်းပြနိုင်ပေမယ့် ဒါဟာ နာတာရှည်ရောဂါဖြစ်စေတဲ့ မကောင်းတဲ့နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် လိင်မှုပိုင်းဆိုင်ရာမှာလည်း ကျန်းမာနေဖို့လိုအပ်တာကိုတော့ ထောက်ခံရမှာဖြစ်ပါတယ်။
ဒီလေ့လာချက်က ဂျပန်တစ်နေရာမှာသာ လူအနည်းစုကိုလေ့လာခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးတော့ မဟုတ်သေးပါဘူး။
Source: NY Post
#Yangon_Media_Group
#Local_News
Published_ 24 December 2022
မွန်ပြည်နယ်မှာ လာမယ့်၂၀၂၃ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ဘက်ဂျက်နဲ့တစ်ပတ်ကို မျက်စိအတွင်းတိမ်လူနာ(၁၅)ဦး အခမဲ့ခွဲစိတ်ကုသပေးနိုင်တော့မယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_24 December 2022
မြန်မာဘက်ကနေ တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ပို့ကုန်ကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံကျော်ရရှိထား စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Pet
Published 24 December 2022
ပြင်သစ်မြောက်ပိုင်းရွာအပြင်က စပျစ်ခြံခြေရင်းမှာ 'ဆယ်ဘင်းရူအာစ်'နဲ့ အလေးချိန်ပေါင် ၃ ထောင်ခန့်ရှိ သူမရဲ့နွားထီးကြီး 'အက်စ်တန်'တိုဟာ နာမည်ကြီးနေပါတယ်။
#Yangon_Media_Group
Published 24 December 2022
ရက်စက်လှတဲ့ သမိုင်းဝင်ဆောင်းမုန်တိုင်းကြောင့် သောကြာနေ့က အမေရိကန်တစ်နိုင်ငံလုံးရဲ့ ၇၁ ရာခိုင်နှုန်းခန့်ရှိတဲ့ လူပေါင်း သန်း၂၄၀ခန့်ဟာ အင်မတန်ပြင်းထန်တဲ့ ရာသီဥတုသတိပေးချက်တွေရဲ့အောက်မှာ နေထိုင်နေကြရပါတယ်။
အလုပ်ပိတ်ရက် ခရီးသွားကြတာတွေ ကသောင်းကနင်းဖြစ်ကုန်ကြပီး လေယာဉ်ခရီးစဉ်ထောင်ပေါင်းများစွာကိုဖျက်သိမ်းလိုက်ကြ ပါတယ်။ အဓိက အဝေးပြေးလမ်းမတွေကိုလည်းပိတ်လိုက်ကြရပါတယ်။
ထူထဲလှတဲ့နှင်းတွေနှင့် တဝေါဝေါတိုက်ခိုက်နေတဲ့လေတွေကြောင့် ခရစ္စမတ်ရောက်ဖို့ ရက်အနည်းငယ်လိုတော့တဲ့ အလုပ်အများဆုံးအချိန်တွေထဲက အချိန်ဖြစ်နေတဲ့ ဒီကာလမှာ သန်းပေါင်းမျာစွာသော ခရီးသွားအစီအစဉ်တွေ ရပ်တန့်ကုန်ကြပါတယ်။
အချို့နေရာတွေမှာ -၄၀ ဒီဂရီဆဲဆိယတ်စ်ရောက်အောင် အေးခဲနေပါတယ်။
“ ဆောင်းရာသီဘေးအန္တရာယ်ဟာ ကနေဒါနယ်စပ်မှသည် မက္ကဆီကိုနယ်ခြားမြစ်အထိ၊ပင်လယ်ကွေ့မှသည် အလယ်ဖလော်ရီဒ်ကျွန်းဆွယ်အထိ၊ ပစိဖိတ်အနောက်မြောက်မှသည် အရှေ့ဘက် ကမ်းခြေပိုင်းအထိ ကျရောက်နေတာ ဖြစ်ပါတယ်လို့ အမျိုးသား မိုးလေဝသဌာနက ကြေညာထားပါတယ်။ဒီကြေညာချက်ဟာ အမေရိကန်ဆောင်းတွင်း မိုးလေဝသသတိပေးချက်တွေထဲမှာ တစ်ခါမှမကြုံဘူးတဲ့ အကြီးမားဆုံးဖြစ်ပါတယ်။
အမေရိကန်တောင်ပိုင်းနှင့်အရှေ့ပိုင်းက လူဦးရေတစ်သန်းကျော်ဟာ သောကြာနေ့မနက်ပိုင်းအထိ လျှပ်စစ်မီးမရရှိဖြစ်နေကြရပါတယ်။ လူသန်း၁၀၀ခန့်က ကားလမ်းတွေကို အသုံးပြုဖို့ပြင်ဆင်နေကြတဲ့အချိန်မှာ လမ်းတွေဟာ စိတ်မချရသေးတဲ့ အခြေအနေမှာပဲရှိနေပါသေးတယ်လို့ အမေရိကန်ကားအသင်းကပြောပါတယ်။
မြောက်နှင့်တောင် ဒါကိုတာ၊အိုကလာဟိုမား၊အိုင်အိုဝါနှင့် နေရာအနှံ့မှာ မြင်နိုင်စွမ်းဟာ သုညအဆင့်ရောက်ရှိနေတယ်လို့ သယ်ယူပို့ဆောင်ရေးဌာနက ပြောပါတယ်။ ရေခဲတွေဟာ လမ်းတွေမှာဖုံးလွှမ်းနေလို့ အန္တရာယ်ရှိတဲ့အခြေအနေတွေမှာ ရှိနေတာဖြစ်ပါတယ်။
လေယာဉ်ခရီးစဉ်ပေါင်း ၃၅၂၀ခန့် ဖျက်သိမ်းလိုက်ရပြီး ခရီးစဉ်၁၉၀၀ခန့် နှောင့်နှေးကုန်ပြီး နိုင်ငံတကာလေကြောင်းအချက်အခြာလေဆိပ်တွေဖြစ်တဲ့ နယူးယောက်၊ဆီတဲလ်နှင့် ချီကာဂိုတို့မှာ လူတွေအများကြီး သောင်တင်နေပါတယ်။
အိုင်-၉၀ (အိုင်နိုင်တီး) အမြန်လမ်းမကြီးဟာ တောင်ဒါကိုတာမှာ ပိတ်ထားရပြီး သောကြာနေ့နှောင်ပိုင်းတိုင် ပြန်ဖွင့်ဖို့ မလွယ်သေးဘူးလို့အရာရှိတွေကပြောပါတယ်။
ခရီးသွားလို့ရဖို့အတွက် လမ်းတွေကိုသန့်ရှင်းဖို့ ဝန်ထမ်းတွေ ရနိုင်သမျှစုစည်းလုပ်ဆောင်နေတယ်” လို့ တောင်ဒါကိုတာ သယ်ယူပို့ဆောင်ရေးဌာနကပြောကြားထားပါတယ်။
Source AFP
#US_Historic_Winter_Storm
#70_percent_US_under_Storm
#Climate_change
#Health_Matters
Published - 24 Dec 2022
- ကမ္ဘာကြီးပူနွေးလာတာနှင့်အမျှ အပူပိုင်းဒေသရောဂါတွေဟာ အခြားဒေသတွေအပေါ် ပျံ့နှံမှုပိုများလာနိုင်ပါသလား??
#Yangon_Media_Group
#Local_News
Published_24 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိ ၈ လကျော်ကာလအတွင်းမှာ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၂၀ ဒသမ ၁၅ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 24 Dec 2022
- အပူပိုင်းဒေသရောဂါတွေဆိုတာ ဘာတွေပါလဲ။ မြန်မာနိုင်ငံလို အပူပိုင်းဇုံဘက်ကျနေတဲ့ နိုင်ငံတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိနေပါသလဲ??
#Yangon_Media_Group
Page 1359 of 1919